Pages

Monday, September 2, 2013

နယ်စပ်တွင် ယာဘား ဆေးပြား ၁၈၉၇၀ ဖမ်းမိ

ဘင်္ဂလာဘက်မှ ပတ်စ်ပို့ ဖြင့် သွားလာနေသော အ၀င်အထွက်ဂိတ် (ဓါတ်ပုံ- နိရဉ္စရာ)
ဘင်္ဂလာဘက်မှ ပတ်စ်ပို့ ဖြင့် သွားလာနေသော အ၀င်အထွက်ဂိတ် (ဓါတ်ပုံ- နိရဉ္စရာ)
ဘင်္ဂလာဘက်မှ ပတ်စ်ပို့ ဖြင့် သွားလာနေသော အ၀င်အထွက်ဂိတ် (ဓါတ်ပုံ- နိရဉ္စရာ) - See more at: http://www.narinjara.com/burmese/?p=6791&utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+NarinjaraNewsBurmeseOnline24X7+%28Narinjara+News+Burmese+Online+24+X+7%29#sthash.mCxXFBqp.dpuf
မြန်မာနိုင်ငံ မောင်တောမြို့နှင့် မျက်နာချင်းဆိုင်တွင် တည်ရှိသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက်မြို့နယ်တွင် မူးယစ် ထုံထိုင်းစေတတ်သော ယာဘား ဆေးပြား ၁၈၉၇၀ ကို ဘင်္ဂလာဒေခ်ျ့က အာဏာပိုင်များက ဖမ်းဆီးရမိသည်။
ဘီဂျီဘီ နယ်ခြားစောင့်တပ်ဖွဲ့ တစ်ခုမှ သတင်းအရ လိုက်လံ ရှာဖွေစဉ် တက်ကနက်မြို့နယ် နာဇီယာ ကျေးရွာ အနီး တာတမံဘောင်ပေါ်မှ ၎င်းဆေးပြားများကို ယမန်နေ့ နံနက်က ဖမ်းဆီးမိသည်ဟု ဆိုသည်။
ဆေးပြားများ၏ တန်ဖိုးမှာ တာကာ ၅၇ သိန်းဖိုးခန့်ရှိပြီး မြန်မာ ကျပ်ငွေနှင့် ဆိုလျှင် သိန်းပေါင်း (၅၇၀) တန်ဖိုး ရှိသည်။
ယာဘားဆေးပြား သယ်ယူလာသူများသည် နယ်ခြားစောင့်တပ်ဖွဲ့များကို မြင်လျှင် မြင်ချင်း ထွက်ပြေးသွားကြသည်ဟု သိရသည်။
၎င်းဆေးပြားများမှာ မြန်မာနိုင်ငံက တင်သွင်းလာသော ဆေးပြားများ ဖြစ်ကြပြီး မကြာခဏ ယခုလို ဖမ်းဆီးမိနေကြောင်း သတင်း ရရှိသည်။
 နိရဉ္စရာ