Pages

Friday, September 27, 2013

ကော်ရှူသူများ ကလေးငယ်များ ပြစ်မှုကျူးလွန်ပါက ကလေးသူငယ်ဥပဒေဖြင့် အရေးယူမည်

 
ရန်ကုန် ၊ ၂၇-၉-၂၀၁၃

ကော်ရှူလူငယ် အများစုမှ စိတ် အခြေအနေ နှင့် အခြား ပြဿနာ များကြောင့် ခိုးမှုများ ကျူးလွန် လာနိုင်သဖြင့် ရာဇ၀တ်မှု ကျူးလွန်ကြောင်း စစ်ဆေး တွေ့ရှိပါက ကလေးသူငယ် ဥပဒေ အတိုင်း အရေးယူ သွားမည်ဟု လူမှုဝန်ထမ်း ဦးစီးဌာန မှ သိရသည်။

ကော်ဘူး တစ်ဘူးလျှင် ကျပ် ၃၀၀၀ မှ ၃၅၀၀ ကြားသာ ရှိသော်လည်း မတတ်နိုင်သည့် ကလေးများ အနေဖြင့် ခိုးယူမှုများ ပြုလုပ် လာနိုင်သည့် အတွက် ကော်ရှူ အလေ့အထ တားဆီးမှု ဥပဒေကို လွှတ်တော်တွင် တင်ပြ သွားရန် အစီအစဉ် ရှိကြောင်း မူးယစ် ဆေးစွဲသူများ ပြန်လည် ထူထောင်ရေး အသင်း မှ သိရသည်။

ကော်ရှူမှုသည် အသက် ၁၀ နှစ်မှ ၁၈ နှစ်အောက် လူငယ်များ အကြား တဖြည်းဖြည်း ရေပန်းစား လာကာ ကျောင်းသား လူငယ်ထု အကြားပါ ပျံ့နှံ့ လာသဖြင့် အခြေခံ လူတန်းစား များသော မြောက်ဥက္ကလာပ ကျောင်းသား များတွင် အောက်တိုဘာလ မှစတင်၍ အသိပညာပေး မှုများ ပြုလုပ် သွားမည် ဖြစ်ပြီး သက်ဆိုင်ရာ ကော်မတီ နှင့် ဌာနဆိုင်ရာ များသို့ ဖိတ်ကြား သွားမည် ဖြစ်ကြောင်း မူးယစ် ဆေးစွဲသူများ ပြန်လည် ထူထောင်ရေး အသင်းမှ သတင်း ထုတ်ပြန် ထားကြောင်း သိရှိရသည်။

The Myawady Daily s