Pages

Monday, September 2, 2013

လယ်ယာစိုက်ပျိုးရန် ပြင်ဆင်နေသူတစ်ဦးကို DKBA တပ်သားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခြင်းဖြစ်ပွား

ဓာတ်ပုံ-Hot News
 မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ် ကလိုင်းကနိုင်ရပ်ကွက် မှတောင်သူတစ်ဦးကို DKBA တပ်ဖွဲ့ဝင်တစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပါသည်။ ဖြစ်စဉ်မှာ သြဂုတ်၁၅ရက်နေ့ မနက်၈း၃၀အချိန်တွင် ကလိုင်း ကနိုင်အုပ်စုပိုင် ကတုံကြပ်ကွင်း အမှတ်၅၈၀ဦးပိုင်အမှတ် N1 ဦးသန်းမြင့်ပိုင် လယ်(၁)ဧက ပျိုးထောင်ကွက်တွင် ပျိုးထောင် ရန်ပြင်ဆင်နေသည့် ဦးမောင်စိုး၊ ဦးဆန်းဦး၊ ဦးအာစိုးဇိုလာတို့မှ ပျိုးထောင်ရန် ပြင်ဆင်နေပြီး ဦးမောင်စိုးမှ လယ်ထွန်စက်ထယ် သွားတပ်နေစဉ် DKBA တပ် ဗိုလ်ကြီးဝင်းဇော်လွင်ဦး ဦးစီး သောအဖွဲ့မှ တပ်သားမျိုးလင်းနှင့် ၀င်းကျော်တို့ရောက်ရှိလာပြီး DKBA ရုံးသို့လာရောက်ရန်ပြော ခဲ့သဖြင့် ဦးမောင်စိုးမှ ထယ်သွား တပ်ဆင်ပြီးလျှင် လိုက်ခဲ့မည်ဖြစ် ကြောင်းပြောဆိုခဲ့ဟု ဦးမောင်စိုး ကဆိုသည်။
ီုဗြတပ်ဖွဲ့မှ တပ်သား မျိုးလင်းမှချက်ချင်းမလိုက်ကောင်း လားပြောဆိုပြီး ဦးမောင်စိုးကို လက်သီးဖြင့် ထိုးကြိတ်သော ကြောင့် သူငယ်ချင်းဖြစ်သူ ဦးအာစိုးဇိုလာမှ ရှေ့မှကာပြီး မထိုးပါနဲ့ဟု ပြောဆိုတောင်းပန် ရာ ၀င်းကျော်ကိုင်ဆောင်ထား သည့် သေနတ်ကို မျိုးလင်းမှ လုယူပြီး ဦးကုလားလေးကို သေနတ်ဖြင့် ပစ်၍ ဦးမောင်စိုးကို DKBA စခန်းရှိရာ ကရင်တော အပေါ်ရွာသို့ ခေါ်ဆောင်သွားခဲ့ ပြီး တစ်နာရီခန့်အကြာတွင် ပြန် လွှတ်ပေးခဲ့သည်ဟု ဦးမောင်စိုးက ပြောသည်။ အဆိုပါ ပစ်ခတ်မှု ကြောင့် ဦးကုလားလေးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး မော်လမြိုင်ဆေးရုံကြီးမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်လူနာအဖြစ်ဆေးကုသ မှုခံယူနေရကြောင်း ဦးမောင်စိုး ၏ပြောကြားချက်အရသိရှိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဦးမောင်စိုး က ““ကျွန်တော်တို့ကို ဘာ အကြောင်းပြချက်မှ မရှိဘဲ စခန်း ကို လိုက်ခဲ့ဖို့ပြောတယ်။ ကျွန်တော်တို့လည်း သူတို့ကို ကြောက်လို့ ထယ်ထိုးစက်ပြင်ပြီး ရင်လိုက်ခဲ့မယ်လို့ ပြောလိုက်တာ ကို ဒေါသထွက်ပြီး ကျွန်တော် ကိုထိုးပါတယ်။ ဦးကုလားလေးက မထိုးပါနဲ့လို့ ပြောဆိုတောင်းပန် ခဲ့တယ် အဲဒီမှာ မျိုးလင်းက သေနတ်ကိုဆွဲယူပြီးဦးကုလားလေး ကိုပစ်လိုက်တယ်။ ကျွန်တော့်ကို လည်း နွားဆွဲသလို ဆွဲခေါ်ပြီး မျိုးလင်းကသူတို့ စခန်းထိပ်တုံး မှာ ခေတ်ထားတယ်။ သော့က တော့ သူ့မှာဘဲ။ အပြင်သွားပြီး ဖုန်းဆက်မယ်လို့ပြောပြီး ပြန်မ လာတော့ဘူး။ ဦးအောင်နိုင် (DKBA)ကဖွင့်ပေးပြီးတော့ပြန် လို့ရပြီပြောလို့ ပြန်လာခဲ့ပါတယ်။ လယ်လည်းသွားမလုပ်ရဲတော့ ပါဘူး”” ဟုပြောကြားခဲ့သည်။ လယ်သမားကိုယ်စားလှယ် ဦးသန်းမြင့်မှလည်း ““ကျွန်တော် တို့ဒေသမှာငြိမ်းချမ်းရေးမရခင် ကတည်းက ဒီလိုဖြစ်စဉ်မျိုးမရှိခဲ့ ပါဘူး။ ယခုဖြစ်စဉ်ဟာ မိသားစု တစ်ဖွဲ့ကောင်းစားရေးအတွက် ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ရပ်သာဖြစ်တယ်”” ဟုပြော ကြားခဲ့သည်။ ကော့ပေါ်ကုန်း စားကျက်မြေပေါ်တွင် DKBA ဗိုလ်ကြီးဝင်းဇော်လွင်ဦး မိသားစု မှ ရာဘာပင်များစိုက်ပျိုးခဲ့သည့် အတွက် လယ်သမား၄၀မှ တိုင်ကြားခဲ့ရာလယ်ယာမြေစီမံ ခန့်ခွဲရေးကော်မတီများ ရှေ့ မှောက်တွင် စိုက်ပျိုးထားသည့် ရာဘာပင်များကို ဖျက်သိမ်းပေး မည်ဟု ကတိပြုခဲ့သော်လည်း ဖျက်သိမ်းပေးခြင်းမရှိသေးကြောင်း အနီးနားတွင်လည်း ဆက်လက် စိုက်ပျိုးနေကြောင်း၊ ကျေးရွာပိုင် စားကျက်မြေကို မိမိတို့ဘိုးဘွား ပိုင်မြေဟု ပြောဆိုပြီး ရောင်းချမှု များလည်းရှိနေကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။သေနတ် ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ကျိုက်မရောရဲစခန်းတွင် ပ/၆၇ ၂၀၁၃/ပြစ်မှု၃၀၇ဖြင့် ဦးမောင်စိုး မှ တရားလိုပြုလုပ် အမှုဖွင့်ထား ကြောင်း သိရှိရသည်။
အခင်းဖြစ်ပွားသည့်နေ့တွင် ရဲတပ်ဖွဲ့က DKBA ရုံးသို့သွား ရောက်ရှာဖွေစဉ် Hot News သတင်းထောက်လည်း မေးမြန်း ရန်လိုက်ပါသွားခဲ့ရာ DKBA မှဗိုလ်ကြီးဝင်းဇော်လွင်ဦး အပါ အ၀င် တပ်သားမျိုးလင်း၊ ၀င်းကျော်တို့ကိုတစ်ဦးတစ်ယောက် မှမတွေ့ရှိရသဖြင့်မေးမြန်းခွင့်မရ ခဲ့ပေ

 .
. www.MyanmarExpress.net

      လယ်သမားကို သေနတ်ဖြင့်ပစ်သော DKBA တပ်သားနှစ်ဦးကို ဖမ်းဆီးနိုင်ခြင်းမရှိ
 မော်လမြိုင်၊ စက်တင်ဘာ ၁

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကလိုင်းနိုင်း ကျေးရွာတွင် လယ်သမားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် DKBA တပ်သားနှစ်ဦးကို ၁၅ ရက်ကျော်ကြာ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ကျိုက်မရောမြို့နယ် ရဲစခန်းမှ တာဝန်ကျ တာဝန်မှူးတစ်ဦးက ပြောကြားသည်။

အဆိုပါ DKBA တပ်သားမျိုးလင်းနှင့် ဝင်းကျော်တို့ကို ကျိုက်မရောမြို့နယ် ရဲစခန်းတွင် ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၇ ဖြင့် အမှုဖွင့်ထားသော်လည်း ယင်းတပ်သား နှစ်ဦးမှာ ထွက်ပြေးနေသဖြင့် တပ်မတော်နှင့် ပူးပေါင်းရှာဖွေမှုများ ပြုလုပ်လျက် ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါသေနတ်ဖြင့် ပစ်ခံရသော ဦးကုလားလေးသည် DKBA တပ်ဖွဲ့က စိုက်ပျိုးထားသော ရော်ဘာ ပျိုးပင်စိုက်ခင်း နေရာတွင် စပါးစိုက်ရန် ထွန်ယက်ခြင်းကြောင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ကျိုက်မရော အခြေစိုက် DKBA တပ်ဖွဲ့မှ အရာရှိတစ်ဦးက ဆိုသည်။

သေနတ်ဖြင့် အပစ်ခံရသူ ဦးကုလားလေးသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရပြီး အသက်အန္တရယ် စိုးရိမ်ရသည့် အခြေအနေ ရှိကြောင်း ဦးကုလားလေး၏ ဖခင် ဦးဇီကီယာက ဆိုသည်။

အဆိုပါ DKBA တပ်သားနှစ်ဦးသည် သြဂုတ်လ ၁၅ ရက်နေ့တွင် ကလိုင်းနိုင်းကျေးရွာမှ လယ်သမား သုံးဦးကို လာရောက် ခေါ်ယူသွားပြီး စကားများကြရာမှ ဦးကုလားလေးကို သေနတ်ဖြင့် ပစ်ခဲ့ခြင်း ဖြစ်သည်။