Pages

Saturday, September 28, 2013

Google တို့ စတင်ရာ ဂိုဒေါင်


ပြီးခဲ့တဲ့ သောကြာနေ့က Google တို့ ကုမ္မဏီ ၁၅ နှစ်ပြည့် အခမ်းအနား ငယ်လေးကို ဂိုဒေါင်လေးတစ်ခုမှာ ကျင်းပခဲ့ ပါတယ်။

နယ်နယ်ရရ ဂိုဒေါင်တော့ မဟုတ်ပါဘူး။ လက်ရှိ ကမ္ဘာ့ အကြီးဆုံး အိုင်တီ ကုမ္မဏီကြီး တစ်ခု ဖြစ်လာဖို့အတွက် လယ်ရီပေ့နဲ့ ဆာဂျီဘင်းတို့ အစပြုခဲ့တဲ့ ဂိုဒေါင်လေး ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် Menlo Park နားက သူငယ်ချင်း တစ်ယောက်ရဲ့  အိမ်မှာပါ။ Search Engine အတွက် Server ကိုလည်း အဲ့ဂိုဒေါင်မှာပဲ တစ်ခါတည်း တည်ထားခဲ့ခြင်း ဖြစ်ပါတယ်။

ယနေ့ချိန်မှာတော့ ဂိုဒေါင်မှာ ဘာမှမလုပ်ပါဘူး။ Google ကတော့ အမှတ် တရ လေး ဖြစ်အောင်၊ အိမ်ကိုရော၊ ဂိုဒေါင်ကိုရော ဝယ်သိမ်း ထားပါတယ်။ ၁၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲငယ်လေးကိုလည်း အဲ့ဒီ ဂိုဒေါင်မှာပဲ ကျင်းပခဲ့ ပါတယ်။ ပွဲမှာ Google ရဲ့  သမိုင်းကြောင်းများ ပြောဆိုပြီး ကိတ်မုန့်ခွဲခြင်း၊ စားသောက်ခြင်းတို့ ပြုလုပ် ခဲ့ကြောင်း သိရပါတယ်။

Ref: mashable
Aung Kham (TSJ Team)