Pages

Saturday, September 14, 2013

ဂျပန်သို့ ဝင်မည့် မုန်တိုင်း MAN-YI – 16W နှင့် မြန်မာ့မိုးလေဝသအခြေအနေ

    on September 13th, 2013





ပစိဖိတ်အနောက်မြောက်ပိုင်း၊ ဂျပန်နိုင်ငံ တောင်ပိုင်း ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် မုန်တိုင်း 16W(MAN-YI)သည် စက်တင်ဘာလ ၁၅ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆း၃ဝ နာရီနောက်ပိုင်းတွင်ဂျပန်နိုင်ငံ အလယ်ပိုင်း ဟွန်းရှုကျွန်းမကြီး၏ တောင်ပိုင်းကမ်းခြေအား ကပ်၍ ဖြတ်သန်းတိုက်ခတ်မည်ဟု ခန့်မှန်းထားပါသည်။

မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ ဗီယက်နန်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့အပေါ်မှ လေဖိအားနည်း Trough line သည် အောက်ဘက်ဆင်းလိုက်
အပေါ်ပြန်တက်လာလိုက်နှင့် ရွေ့လျားနေသည်ကို တွေ့ရပြီး မြန်မာနိုင်ငံ တောင်ပိုင်းဒေသများအတွက် မိုးပိုမိုလာနိုင်မည့် အခြေအနေဆက်လက် ရှိနေဆဲဖြစ်ကြောင်း တွေ့ရပါသည်။

ယနေ့ မြန်မာစံတော်ချိန် ည ၂ဝးဝဝ နာရီတွင် ရရှိသည့် ပုံအရ မြန်မာနိုင်ငံ အလယ်ပိုင်း၊ မကွေးတိုင်း မြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့
အပေါ်သို့ ထူထပ်သိပ်သည်းသော တိမ်ထု ရွေ့လျားဝင်ရောက်လာသည်ကို တွေ့ရပြီး စက်တင်ဘာလ ၁၆ ရက် မြန်မာစံတော်ချိန် ၁၅း၃ဝ နာရီအထိ ၇၂ နာရီ
 မိုးရွာသွန်းနိုင်ခြေခန့်မှန်းချက်(TRMM) တွင် မြန်မာနိုင်ငံတောင်ပိုင်းဒေသအချို့၌ မိုးရေချိန် ၂၅ဝ မီလီမီတာနှင့် အထက်ရွာသွန်းနိုင်ခြေရှိနေကြောင်း တွေ့ရပါသည်။
By mmweather.ygn,