Pages

Wednesday, October 16, 2013

သက်တမ်းကျော်နေသည့် ယာယီပတ်စပို့ ၁၂၆အုပ်အားထိုင်းလ၀ကမှအခမဲ့တိုးပေး

Photo - တာချီလိတ် Online News

ထိုင်းနိုင်ငံအတွင်း ယာယီ ပတ်စပို့ဖြင့် အလုပ် လုပ်ကိုင်နေထိုင်ကြသည့် မြန်မာနိုင်ငံသား အလုပ်သမားများ အနေဖြင့်
ရက်ပေါင်း ၉၀ ပြည့်ပါက မည်သည့်နေရာတွင် မဆို သက်ဆိုင်ရာ မြို့နယ်လ၀ကရုံးများတွင် အလုပ်သမားများ ကိုယ်တိုင်သော်လည်းကောင်း၊
 အလုပ်ရှင်၏ ကိုယ်စားလှယ်သော်လည်းကောင်း၊
 အေးဂျင့်သော်လည်းကောင်း ပတ်စပို့များအား ယူဆောင်၍ သတင်းပို့ရသည်ဖြစ်ရာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ Prove Garment ကုမ္ပဏီပိုင် အထည်ချုပ်စက်ရုံမှ အလုပ်သမားများ၏ ယာယီ ပတ်စပို့စာအုပ်များမှာ သတ်မှတ်ထားသည့် ရက်ထက် ကျော်လွန်နေသည့် အတွက် မြန်မာအလုပ်သမား ၁၈၀ကျော် အနက် ၁၂၆ ဦး၏ ယာယီ ပတ်စပို့ စာအုပ်များအား
 တစ်အုပ်လျှင် ဒဏ်ကြေးအဖြစ် ထိုင်းဘတ်ငွေ ၂၀၀၀ဘတ် စီ ကောက်ခံခြင်းမပြုပဲ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ချင်းရိုင်းခရိုင် လ၀ကမှူးရုံးမှ တာဝန်ရှိသူများက "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့်
စေ့စပ်ညှိနှိုင်းရေး ကော်မတီ"နှင့် ပထမဦးဆုံး လက်တွဲဆောင်ရွက်မှုသော်လည်းကောင်း၊
 မြန်မာ-ထိုင်း နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအား
 အလေးထားကာ အခမဲ့ သက်တမ်းတိုးပေးပြီး အောက်တိုဘာလ ၁၆ရပ် နေ့လည်ပိုင်းတွင်
တာချီလိတ် မကဖ(၈)သို့ ထိုင်းလ၀က တာဝန်ရှိသူများက အဆိုပါ စာအုပ်များအား လာရောက်အပ်နှံခဲ့ကြသည်။
သတင်းနှင့်ဓာတ်ပုံ -  Tachileik Online News