Pages

Thursday, October 24, 2013

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်အိမ်ရှေ့စံမင်းသား ချားလ်စ်တို့ တွေ့ဆုံ

ဓာတ်ပုံ-dailymail.co.uk
 
တတိယမြောက် ဥရောပ ခရီးစဉ်အတွင်း မနေ့ကတော့ ဗြိတိန် အိမ့်ရှေ့စံ ချားလ်စ် မင်းသား မောင်နှံ နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ဟာ လန်ဒန်မြို့က Clarence House နေအိမ်မှာတွေ့ဆုံခဲ့ကြပါတယ်။ 
 

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန် အိမ်ရှေ့စံ ချားလ်စ် တို့ မောင်နှံကို တွေ့ဆုံနှုတ်ဆက်ပြီး မနှစ်က ဗြိတိန် ကို ရောက်ခဲ့စဉ်က ဥယျာဉ်အတွင်းမှာ စိုက်ပျိုးခဲ့တဲ့ သစ်ပင်ကို သွားကြည့်ဖြစ်ကြတယ်။ 

တော်ဝင်ဇနီးမောင်နှံနဲ့ တွေ့ဆုံပြီးနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်ဝန်ကြီးချုပ် ဒေဗစ် ကင်မရွန်းနဲ့  အမှတ် ၁၀ ဒေါင်းနင်းလမ်း ၀န်ကြီးချုပ် အိမ်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ 








အိမ့်သံစဉ် ~