Pages

Friday, October 4, 2013

အီတလီ လန်ပီဒူစာ ကျွန်းအနီး သင်္ဘောနစ်မြုပ်

 
အာဖရိကမြောက်ပိုင်း ဒေသကနေ အီတလီ နိုင်ငံကို
ပင်လယ် လမ်းကြောင်း ကနေ ဝင်ရောက် လာသူတွေရဲ့ သင်္ဘာဟာ အီတလီ လန်ပီဒူစာ ကျွန်းအနီး ကမ်းလွန် တနေရာမှာ မီးလောင် နစ်မြုပ်သွားတဲ့ အတွက်၊ သေဆုံးသွားခဲ့သူ လူပေါင်း ၉၀ ကျော်ရဲ့ အလောင်းတွေကို ရှာတွေ့ခဲ့တယ်လို့ အီတလီ ကမ်းခြေစောင့် တပ်ဖွဲ့က ပြောပါတယ်။

လူပေါင်း ၂၀၀ နီးပါးကတော့ ဘယ်ရောက်မှန်း မသိ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

အီတလီ ဝန်ကြီးချုပ်က အခုဖြစ်ရပ်ဟာ ကျေကွယ်ဖွယ် ဖြစ်ရပ်ဆိုးကြီး တခု ဖြစ်တယ် လို့ ခေါ်ဆိုလိုက်ပါတယ်။

သေဆုံးသွားသူတွေထဲမှာ ကလေးတွေနဲ့ အမျိုးသမီးတွေလည်း ပါကြပါတယ်။

BBC News