Pages

Thursday, October 3, 2013

သက်တမ်း ကြာမြင့်နေသည့် အိမ်ရာများအား အထပ်မြင့် အဆောက်အအုံအဖြစ် ပြန်လည်အဆင့်မြှင့်တင်ရေး အစီအစဉ်အရ မန္တလေးမြို့ရှိ စိတြမဟီအိမ်ရာကို အဆင့်မြှင့်မည်

 
Wednesday, 02 October 2013 22:54

မြို့ကြီးအချို့ရှိ သက်တမ်းကြာမြင့်နေသည့် အိမ်ရာများ၊ ၀န်ထမ်းအိမ်ရာများကို အထပ်မြင့် အဆောက်အအုံများအဖြစ် ပြန်လည် အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးမှ သိရသည်။

ယင်းကဲ့သို့ အဆင့်မြှင့်တင်ရာ၌ ရန်ကုန်မြို့ရှိ ၅၁ လမ်း အိမ်ရာစီမံကိန်းနှင့် ရွှေဂုံအိမ်ရာများကို အဆင့်မြှင့်တည်ဆောက်မှုများ စတင် ဆောင်ရွက်လျှက် ရှိကြသည့်နည်းတူ မန္တလေးမြို့ရှိ စိတြမဟီ ၀န်ထမ်းအိမ်ရာကိုလည်း အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ သိရသည်။

''မန္တလေးက စိတြမဟီဝန်ထမ်းအိမ်ရာကို အဆင့်မြှင့်တင်ဖို့အတွက် ဆောင်ရွက်နေပါတယ်။ လက်ရှိမှာတော့ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်နဲ့ ဆွေးနွေး ညှိနှိုင်းနေပါတယ်။ ဒီစိတြမဟီ အိမ်ရာကို ၁၉၅၇-၅၈ ခုနှစ်လောက်က တည်ဆောက်ခဲ့တာ ဖြစ်တဲ့အတွက် ပြန်လည် အဆင့်မြှင့်ဖို့အတွက် ဆောင်ရွက်တာဖြစ်ပါတယ်''ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောကြားသည်။

မန္တလေးမြို့ရှိ အဆိုပါ စိတြမဟီအိမ်ရာတွင် နှစ်ခန်းတွဲ နှစ်ထပ်အဆောက်အအုံ ၂၈ လုံးပါဝင်ပြီး အဆောက်အအုံတစ်လုံးလျှင် အခန်းလေးခန်း ပါဝင်သောကြောင့် စုစုပေါင်း အခန်း ၁၁၂ ခန်း ပါဝင်ကြောင်း သိရသည်။

မန္တလေးမြို့ရှိ အဆိုပါ စိတြမဟီအိမ်ရာတွင် နှစ်ခန်းတွဲနှစ်ထပ် အဆောက်အအုံ ၂၈ လုံးပါဝင်ပြီး အဆောက်အအုံ တစ်လုံးလျှင် အခန်းလေးခန်း ပါဝင်သောကြောင့် စုစုပေါင်းအခန်း ၁၁၂ ခန်း ပါဝင်ကြောင်း 

--------------------------------------------------------------------------------------


မဟာရန်ကုန် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ ၂၀၄၀ ပြည့်နှစ်တွင် ရောက်ရှိလာနိုင်မည့် လူဦးရေ ၁၀ သန်းအတွက် ရန်ကုန်မြို့ကို ချဲ့ထွင်သွားမည်ဖြစ်ရာ လက်ရှိကာလတွင် မြို့ကို အထက်သို့ ချဲ့ထွင်ခြင်းပုံစံအရ လူနေထူထပ်သည့် ရပ်ကွက်များအား သိပ်သည်းမှု မြှင့်တင်ခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့ပြစီမံကိန်းဆိုင်ရာ ပညာရှင်များက ဆိုသည်။

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်၊ လမ်း (၅၀) နှင့် (၅၁) လမ်းကြား၊ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလလမ်းကြားရှိ (၅၁) လမ်း ပြည်သူ့အိမ်ရာသည် ၁၉၅၆ ခုနှစ်က ဆောက်လုပ်ခဲ့ကြောင်း၊ မြေ ၂ ဒသမ ၄၈၆ ဧက ကျယ်ဝန်းပြီး ရှစ်ခန်းတွဲ လေးထပ် တိုက်ခုနစ်လုံး၊ အိမ်ခန်းစုစုပေါင်း ၂၂၄ ခန်း ရှိကြောင်း၊ အဆိုပါ ၅၁ လမ်း အိမ်ရာစီမံကိန်း ပြန်လည်အဆင့်မြှင့် တည်ဆောက်မှုအား မဟာန၀ရတ် ဆောက်လုပ်ရေးနှင့် အောင်မြင်ပြည့်စုံ ဆောက်လုပ်ရေး ကုမ္ပဏီတို့မှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ဗဟန်းမြို့နယ်ရှိ ရွှေဂုံအိမ်ရာကို ခြောက်ထပ်အမြင့်ရှိ အဆောက်အအုံအဖြစ် ပြန်လည် အဆင့်မြှင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

Sa Maung(Facebook)