Pages

Thursday, October 31, 2013

မုဒိမ်းမှုနှင့်သက်ငယ်မု ဒိမ်းမှုများပပျောက်ရေး အတွက်ဆန္ဒဖေါ်ထုတ်


ရန်ကုန်၊ အောက်တိုဘာ ၃၀
၃၀.၁၀.၂၀၁၃ရက်နေ့ ၁၆၁၅အချိန် ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးအရှေ့ရပ်ကွက်နေ ဦးအေးတင်မှ ဦးဆောင်၍ပြည်သူ (၁၀၀)ဦးခန့်သည် ခနောင်အနောက်ရပ်ကွက်၊ အောင်မင်္ဂလာလမ်း၊ ကြိုးတံတားအနီးတွင် မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်မှုများပပျောက်ရေးအတွက် ရည်ရွယ်၍ တရားဝင်ခွင့်ပြုချက်ဖြင့် ငြိမ်းချမ်းစွာ စုဝေးဟောပြောရှုတ်ချ
ဆန္ဒဖေါ်ထုတ်ခဲ့ရာ ဦးအေးတင်မှ မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုများ
လျော့နည်းကျဆင်းရေး အကြောင်းအရာများအား ဟောပြောဆွေးနွေးခဲ့ပြီး
ပြည်သူများမှ သတ်မှတ်ဆိုင်းဘုတ်နှင့် ကြွေးကြော်သံများ ကိုင်ဆောင်
ကြွေးကြော်ကာ ၁၇း ၀၀ အချိန်တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

( Yangon Police )