Pages

Monday, October 21, 2013

ပေါက်တောပလောင် ကျေးရွာဒေသခံတစ်ဦးကို ၀ိုင်းရိုက်ခဲ့သော ဘင်္ဂါလီလူမျိုးများအနက် ဦးဆောင်သူနှစ်ဦးကို ဖမ်းမိ

 
ပေါက်တောပလောင် ကျေးရွာဒေသခံတစ်ဦးကို ၀ိုင်းရိုက်ခဲ့သော ဘင်္ဂါလီလူမျိုးများအနက်  ဦးဆောင်သူနှစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

““ပုဒ်မ ၃၂၆၊ ၃၂၅ နဲ့ ၃၈၂ တို့ အရ အရေးယူထားပါတယ်””ဟု ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့ အရာရှိတစ်ဦးကပြောသည်။
အောက်တိုဘာ ၁၉ ရက် နံနက်စောစောပိုင်းက ပေါက်တောပလောင်ရွာမှ ရခိုင်တိုင်းရင်းသားတစ်ဦး၏ ပုစွန်ကန်သို့ ဘင်္ဂါလီလူမျိုးရှစ်ဦးခန့်က ငါးဝင်ဖမ်းခဲ့သည်။ ပိုင်ရှင်ဖြစ်သူက ၀င်တားရာမှ ဘင်္ဂါလီလူမျိုးများက ၀ိုင်း၍ရိုက်နှက်ကာ ပစ်ထားခဲ့ခြင်းဖြစ်သည်ဟု  ဒေသခံများက ဆိုသည်။

““ဒဏ်ရာပြင်းတော့ စစ်တွေဆေးရုံကို ပို့ထားပါတယ်””ဟု ကျောက်တော် မြို့မိမြို့ဖတစ်ဦးက ဆိုသည်။
ကျောက်တော်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဘင်္ဂါလီလူမျိုးများက ညည့်အချိန်မတော် အုပ်စုဖွဲ့သွားလာလှုပ်ရှားမှုများကြောင့် လုံခြုံရေးကို စိုးရိမ်နေရသည်ဟု ဒေသခံများကပြောသည်။

7Day Daily