Pages

Thursday, October 31, 2013

ဆင်တွေ မတရားအသတ်ခံရမှုဖော်ထုတ်သူကို စခန်းမှူးက ရန်ရှာ



အောက်တိုဘာ ၃၀၊ ၂၀၁၃
ယခင် မိုးမခက တင်ဆက်ခဲ့ထားပြီးဖြစ်တဲ့ ဆင်အကောင် ၂၀ ကျော် အကြောင်းမဲ့ သတ်ဖြတ်ခံရ ဆိုတဲ့ သတင်းတပုဒ်ရဲ့နောက်ဆက်တွဲပါ။
အခုလို ဆင်အကောင်၂၀ကျော်သတ်ဖြတ်မှုကြီးကို တာဝန်သိပြည်သူတစ်ဦးအနေနှင့် ဖော်ထုတ်တိုင်ကြားသူ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ ဦးမြင့်ဝေကို ဒိုက်ဦးမြို့နယ် ဖောင်တော်သီ စခန်းမှူး လွင်အောင်မှ အောက်တိုဘာလ ၂၇ ရက်နေ့က
 ည ၁၀ နာရီအချိန်ခန့်က ၎င်းအရက် သောက်ရာ အရက်ဆိုင်မှာ ခေါ်ယူစစ်ဆေးမေးမြန်း ရန်ရှာခြင်းတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
ဘောနီရွာသားတဦးရဲ့ ကားနဲ့ဆင်သားရေကိုတင်ဆောင်ခြင်းကို စစ်မှုထမ်းဟောင်း ဦးမြင့်ဝေမှ သိရှိ ပြောဆိုရာမှ အဆိုပါ ရွာသားက စခန်း မှူးလွင်အောင်သို့ တိုင်ကြားခဲ့ခြင်းဖြစ်ခဲ့ပြီး ယခုကဲ့သို့ ရန်ရှာခံရခြင်းဖြစ်ပါတယ်။
ဘောနီဆည်အထက်ပိုင်းနဲ့ ကောလိယဆည်ဘက်တွေကို ယခုလို ဆင်တွေကို အမည်မသိမုဆိုးတွေက ဖမ်းဆီးသတ်ဖြတ်လျက်ရှိပြီး တာ ၀န်ရှိ သူတွေအနေနဲ့နှင့် ယခုအချိန်အထိ တရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

ယခင်စစ်အစိုးရလက်ကတုန်းကတော့ ထောက်လှမ်းရေးဟောင်းအပါအ၀င် တခြားစစ်ဘက်ထိပ်သီးခေါင်းဆောင်များအနေဖြင့် ဆင်ဖြူဟု အမည်တွင်သည့် ဆင်များအား တယုတယထား မွေးမြူခဲ့ခြင်းများရှိခဲ့ပြီး နိုင်ငံတော်ငွေကြေးများတွင်ပင် တပ်မတော်၏ဖခင် ဗိုလ်ချုပ် အောင်ဆန်းအစား ဆင်ပုံများအား ထည့်သွင်းပုံနှိပ်ကာ ပြည်သူတို့အား သုံးစွဲစေခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်ပါသည်။
ချမ်းမြ (မိုးမခအထောင်တော်)