Pages

Sunday, October 20, 2013

ကိုမင်းကိုနိုင် တောင်ကိုရီးယား ဒီမိုကရေစီညီလာခံ တက်ရောက်

 
 
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်ဟာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာကျင်းပမယ့် အာရှဒီမိုကရေစီကွန်ရက် ညီလာခံ တက်ရောက်ဖို့ စနေနေ့ညနေက ရန်ကုန်လေဆိပ်ကနေ ထွက်ခွာသွားပါတယ်။

အဲဒီညီလာခံနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုအာကာဗိုက RFA ကို အခုလို ပြောပါတယ်။

“သူဒီနေ့ညသွားပါလိမ့်မယ် အာရှဒီမိုကရေစီကွန်ရက် ၂ဝ၁၃ ပါ၊ ဒီမိုကရေစီ အကောင်အထည်ဖော်ရေးနဲ့ အဖွဲ့အစည်းတွေ အားကောင်းရေးအတွက် အဓိကထားတာပေါ့”

အာရှဒီမိုကရေစီကွန်ရက် ညီလာခံကို လာမယ့် အောက်တိုဘာလ ၂၁ ရက်နေ့ကနေ ၂၆ ရက် နေ့အထိ ကျင်းပမှာဖြစ်ပေမဲ့၊ ကိုမင်းကိုနိုင်က ၂၄ ရက်နေ့မှာ ပြန်လာမယ်လို့ သိရပါတယ်။
အဲဒီညီလာခံကို ကိုမင်းကိုနိုင်အပြင် အခြားလူမှုအဖွဲ့အစည်းတချို့ကပုဂ္ဂိုလ်တွေလည်း ဖိတ်ကြားခံရတယ်လို့ သိရပါတယ်။
RFA