Pages

Monday, October 14, 2013

သံတွဲ ပဋိပက္ခတွင် သေဆုံး ၇ ဦး၊ ဖမ်းဆီးခံရသူ ၇၈ ဦး ရှိပြီဟုဆို

(- ၁၄ အောက်တိုဘာ ၂၀၁၃)

ရခိုင်ပြည်နယ် သံတွဲမြို့မှာ  ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် သေဆုံး ၇ ဦး၊ ဒဏ်ရာ ရသူ ၅ ဦး၊ ဖမ်းဆီးခံရသူ ၇၈ ဦး ရှိသွားပြီလို့ ဒီကနေ့ထုတ် ကြေးမုံ သတင်းစာမှာ ပြည်ထဲရေး ၀န်ကြီးဌာနကို ကိုးကားပြီး သတင်း ဖေါ်ပြပါတယ်။

လူ ၇၈ ဦးကို စက်တင်ဘာ ၂၈ ရက်ကနေ အောက်တိုဘာ ၁၃ ရက်အတွင်း ခေါ်ယူထိန်းသိမ်းကာ စစ်ဆေးမေးမြန်းနေတယ်လို့ ဖေါ်ပြပါတယ်။

ပဋိပက္ခ အတွင်း လူနေအိမ် ၁၁၂ လုံး၊ ဘာသာရေးအဆောက်အအုံ သုံးလုံး၊ ဆီဂိုဒေါင် တစ်လုံး မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အိမ်ထောင်စု ၁၁၂ စု၊ လူဦးရေ စုစုပေါင်း ၄၈၇ ဦး အိုးမဲအိမ်မဲ့ ဖြစ်ခဲ့ကြရတယ်လို့ ပြောပါတယ်။

သဲတွဲမြို့ ပဋိပက္ခဟာ စက်တင်ဘာလ ၂၈ ရက်နေ့က ဈေးဆိုင် တစ်ဆိုင်ရှေ့မှာ သုံးဘီးဆိုင် ကယ်တစ်စီး ရပ်ထားရာကို အငြင်းပွားရာက အစပြုပြီး ပဋိပက္ခများ ဖြစ်ပွားခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

(ဓါတ်ပုံ- အင်တာနက်)
နိရဉ္စရာ