၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ
အားကစားပြိုင်ပြိုင်ပွဲ အိမ်ရှင်အဖြစ်ကျင်းပမြန်မာနိုင်ငံက အားကစား
တာဝန်ရှိသူ တွေ၊ နည်းပြတွေနဲ့ အားကစားသမားတွေအနေနဲ့ ဗီဇာ မလိုပဲ
လာရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
အားကစား ၀န်ကြီးဌာန တာဝန်ရှိသူတဦးကို ကိုးကားပြီး ပြန်ကြားရေး ၀က်ဆိုက်မှာ ဗီဇာ မလိုပဲ လာနိုင်
တာကို ဖော်ပြ ထားပါတယ်။
ဒီဇင်ဘာလ ဆီးဂိမ်းပြိုင်ပွဲမှာ
ဆီးဂိမ်းပြိုင်ပွဲဝင် အဖွဲ့ဝင်နိုင်ငံများမှ အားကစား တာဝန်ရှိသူများ၊
နည်းပြ များနှင့် အားကစား သမားတွေအနေ နဲ့ ဗီဇာမလိုဘဲ လာရောက်နိုင်မှာ
ဖြစ်ပါတယ်။ ဗီဇာအစား အသိ အမှတ်ပြု ကတ်ပြား (Accreditation Card) တွေနဲ့
ဝင်ရောက်ခွင့်ပြုမှာ ဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ
နိုင်ငံတကာဆက်ဆံရေး အတွင်းရေး မှူး ဒေါက်တာမြတ်သူရစိုးက ပြောထားပါတယ်။
အဲဒီလို ကတ်ပြားတွေနဲ့ လူပေါင်း ၁
သောင်းကျော်လာမှာဖြစ်ပြီး (Accreditation Card) ကတ်ပြားတွေကို အရောင် ၁၁
မျိုး နဲ့ သတ်မှတ်ထားပြီး မီဒီယာသမားတွေလည်း ဗီဇာ မလိုတဲ့ အထဲ ပါဝင်တယ်
လို့ ပြန်ကြားရေး ၀က်ဆိုက်က ဖော်ပြထားပါတယ်။
“နိုင်ငံ့ အကြီးအကဲများ၊
အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်
နိုင်ငံများ မှ နည်းပြနှင့် တာဝန်ရှိသူများ၊ အားကစားသမားများ၊ မီဒီယာ
အဖွဲ့များ ပါဝင်ကြောင်း၊ ယင်းတို့သည် ဗီဇာမလိုဘဲ ကတ်ပြားများဖြင့်
မြန်မာနိုင်ငံသို့ လာရောက် ကြမည်ဖြစ်ကြောင်း သိရသည်” လို့ ပြန်ကြားရေး
ဝက်ဆိုက်က ဆိုပါတယ်။
ဆီးဂိမ်းအတွက်
လာရောက်ကြမယ့်သူတွေဟာ လာမယ့် နိုဝင်ဘာလ ၂၄ ရက်က စပြီး လာရောက်ကြ မှာ ဖြစ်
သလို မြန်မာဘက်ကတော့ အားကစားကွင်းတွေ၊ တည်းခိုမယ့် အားကစားရွာတွေလည်း
အဆင်သင့် ဖြစ်နေပြီ ဖြစ်လို့ မကြာခင် ဖွင့်လှစ်တော့မယ်လို့ ဆိုပါတယ်။
အိမ့်သံစဉ်~
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
9 years ago


