Pages

Thursday, October 24, 2013

ထားဝယ်တိုင်းရင်းသားများပါတီ တည်ထောင်ခွင့်ကျပြီ

ဝေဖန်မှုများအကြား ထားဝယ်တိုင်းရင်းသားများ ပါတီ တည်ထောင်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့တွင် အကြောင်းကြားလာကြောင်း သက်ဆိုင်ရာ ပါတီတာဝန်ရှိသူများထံမှ သိရသည်။

ထားဝယ်လူမျိုးသမိုင်းတွင် ပထမဆုံး တည်ထောင်ခွင့်လျှောက်ထားခဲ့သော ပါတီကို လျှောက်ထားပြီး သုံးလကျော်အကြာ ကော်မရှင်က ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထားဝယ်တိုင်းရင်းသားအရေး ဆောင်ရွက်ရန်ဟုဆိုကာ ပါတီကိုဦးမောင်မောင်အေး နှင့် အဖွဲ့ဝင်(၁၉)ဦးက ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားခဲ့ခြင်းဖြစ်သည်။


Lwintmgmg Daily News