Pages

Sunday, October 27, 2013

နိုင်ငံပိုင်ကုမ္ပဏီသတင်းလုပ်ကြံရေးသားမှု တရုတ်သတင်းထောက်ဝန်ခံ

တရုတ်နိုင်ငံမှာ အစိုးရပိုင်ကုမ္ပဏီတခုက ငွေကြေး အလွဲသုံးစားလုပ်တယ်ဆိုတဲ့ သတင်းကို လုပ်ကြံ ရေးသားဖော်ပြခဲ့တာဟာ ငွေရလို့ဖြစ်တယ်လို့ တရုတ်
စီးပွားရေးသတင်းထောက်က ပြောခဲ့ပါတယ်။

ဂွမ်ဂျိုးမြို့အခြေစိုက် New Express သတင်းစာတိုက်က သတင်းထောက် ချန်ယန်ဂျို့ကို လုပ်ငန်းရဲ့နာမည်ပျက်စေမှုနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဖမ်းဆီး ခဲ့ပါတယ်။ Zoomlion ဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီက အမြတ်ပိုရအောင် လုပ်နေတယ်ဆိုတဲ့ သတင်းဆောင်းပါးတွေကို ချန်ယန်ဂျို့က ဆက်တိုက် ရေးသားခဲ့တာပါ၊ အဲဒီကုမ္ပဏီကို ယူနန်ပြည်နယ်အစိုးရက ၆ ပုံ ၁ ပုံ ပိုင်ဆိုင်ပါတယ်။

စနေနေ့ကတော့ တရုတ်အစိုးရပိုင် CCTV ပေါ်မှာ ချန်က ဒီလိုရေးသားခဲ့တာဟာ လောဘကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အဖမ်းခံထားရတဲ့ သတင်းထောက် ချန်က သူ့အမှုအတွက် တရားရုံးမထုတ်ခင် ခုလို ရုပ်မြင်သံကြားပေါ် မှာ ဝန်ခံထွက်ဆိုခဲ့တဲ့အပေါ် တရားရေးရာကျွမ်းကျင်သူတချို့ကတော့ စိုးရိမ်စရာဖြစ်တယ်လို့ ပြောနေကြပါတယ်။ 
VOA