Pages

Thursday, October 3, 2013

ဆန္ဒဖေါ်ထုတ်သူ စစ်တွေမှ ဒေါ်မညိုအေးနှင့် ကိုကျော်ဇောဦး အမူ ယခုလ ၈ ရက်နေ့ စီရင်ချက် ချမည်

 Daw-Nyo-Aye-1
စစ်တွေ လူထု ဆန္ဒဖေါ်ထုတ်ပွဲကို ဦးဆောင်သူများ အဖြစ် စွပ်စွဲ  တရားစွဲခံထားရသူ ကိုကျော်ဇောဦးနှင့် ဒေါ်မညိုအေးတို့ နှစ်ဦး၏ အမှုကို ယခုလ ၈ ရက်နေ့တွင် စီရင်ချက် ချမည်ဟု  သတင်းရရှိသည်။
အောက်တိုဘာလ (၂) ရက်နေ့က သူတို့အမှု၏ လိုပြ သက်သေ တစ်ဦးဖြစ်သည့် ဆရာသန်းထွန်းကို စစ်ဆေး ပြီးနောက်  အောက်တိုဘာ ၈ ရက်နေ့တွင် စီရင်ချက်ချမည်ဟု ရုံးချိန်းပေးလိုက်သည်ဟု  ဒေါ်ညိုအေးနှင့် နီးစပ်သူ  ဦးထွန်းလှိုင်က ပြောသည်။
“ အောက်တိုဘာလ ၁ ရက်နေ့က ဆရာသန်းထွန်း ကို အလင်းပြသက်သေ အဖြစ် ပြပါဆိုလို့ သူ့ကို အဲဒီနေ့က နောက်ဆုံး စစ်ဆေးခဲ့ပါတယ်။ ၈ ရက်နေ့မှာ ရုံးချိန်းပေးလိုက်တဲ့ အတွက် ၈ ရက်နေ့မှာ အမူကို ဆုံးဖြတ်ပါတယ်” ၎င်းက ဆိုသည်။
ကိုကျော်ဇောဦးနှင့် ဒေါ်မညိုအေးကို ထောင်ချနိုင်ခြေရှိသည်ဟု  သူက ဆက်ဆိုသည်။
“ အားလုံးကို ခြုံသုံးသပ်တော့ တရားဥပဒေ စိုးမိုးရေးဆိုတာထက် နောက်တစ်ခါ ဆက်မလုပ်ရဲအောင် ပုံစံပြနေတော့ သူတို့နှစ်ယောက်လည်း အခြား ဆန္ဒဖေါ်ထုတ်သူတွေလိုဘဲ ထောင်ချခံရနိုင်ပါတယ်။ ကျနော်ကတော့ ထောင်သုံးလ ၉၀ ရာခိုင်နှုန်း သေချာတယ်လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ခွင့်ပြုချက်တင်သော်လည်း ခွင့်ပြုချက် မကျသဖြင့် ပြည်သူများက သူတို့ လိုလားချက်များကို ဆန္ဒဖေါ်ထုတ်ရာ ခွင့်ပြုချက် မရှိဘဲ လုပ်ရမလားဟု ဆိုကာ
 ခေါင်းဆောင်များကို ပုဒ်မ ၁၈ ဖြင့် တရားစွဲ ထောင်ချနေသည်
ယခုအခါ ရခိုင်အမျိုးသား အမျိုးသမီး (၁၉) ဦးရှိသွားပြီ ဖြစ်သည်။
ထိုအထဲတွင် ကျောက်တော်က ၄ ဦး၊ ရသေ့တောင်က ၂ ဦး၊ တောင်ကုတ်က ၃ ဦးနှင့်
 ကျောက်ဖြူမြို့နယ် မဒေးကျွန်းက ၁၀ ဦးတို့ ဖြစ်ကြသည်။
ကိုကျော်ဇောဦးနှင့် ဒေါ်မညိုအေးသည် နောက်ဆုံး လက်ကျန် ဆန္ဒဖေါ်ထုတ်၍
 တရားစွဲခံရသူ (၂) ဦး ဖြစ်သည်။
မတ်လ ၈ ရက်နေ့က စစ်တွေတွင် ဘင်္ဂလီ ဒုက္ခသည်များကို ၁၉၈၂ ခုနှစ် နိုင်ငံသား အက်ဥပဒေအရ စိစစ်ပြီးမှ လုံးချင်း အိမ်များ ဆောက်ပေးရန် တောင်းဆိုသော လူထု ဆန္ဒဖေါ်ထုတ်ပွဲ ပေါ်ပေါက်ခဲ့ရာ စစ်တွေ ရဲတပ်ဖွဲ့က ကိုကျော်ဇောဦးနှင့် မညိုအေးကို ခွင့်ပြုချက်မရဘဲ ပြုလုပ်သည်ဟု ဆိုကာ တရားစွဲဆိုခဲ့သည်။


( နိရဉ္စရာ- ၂ အောက်တိုဘာ ၂၀၁၃) / မောင်ရမ္မာ