Pages

Friday, October 11, 2013

လက်ပံတောင်းမှာ ဘာတွေဖြစ်နေသလဲ

((10/10/2013 ဆန္ဒပြပွဲ -စတင် စီတန်းလမ်းလျောက်နေကြပါပြီ )

Photo: ဆန္ဒပြဒေသခံ အင်အားက (၇၀) ကျော် လုံခြုံရေး ရဲအဖွဲ့က (၁၀၀) ကျော် မိုက်တယ်...ပြည်သူ့ရဲတွေက ဒေသခံတွေ လုံခြုံရေးအတွက်တော့ မဟုတ်လောက်ပါဘူး...လက်ပတောင်းတောင်ဝမ်ပေါင်ဦးပိုင်အတွက် ကာကွယ်နေတာနော်  မယုံမရှိကြနဲ့ ခင်ဗျ..


ဓာတ်ပုံ -လက်ပတောင်းချစ်သူ(Facebook)
                            မသွဲ့ သွဲ့ ၀င်းတို့အဖွဲ့ကလည်း ပြန်လည်လှူပ်ရှားလာ

ဓာတ်ပုံ -လက်ပတောင်းချစ်သူ(Facebook)
ဒေသခံ မသွဲ့သွဲ့ဝင်းနှင့် ခရိုင်မှူး ဦးတင်ထွန်းတို့ အခြေအတင် ဖြစ်ပွားခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့မှူးမှ သတ်မှတ်ချိန်ပြည့်ပြီး ဖြစ်သဖြင့် ပြန်သွား၇န်တောင်းဆိုသော်လည်း မသွဲ့သွဲ့ဝင်းတို့မှ အချိန်ကို ကန့်သတ်ပေးထားမှူကို ပြန်ပြင်ပေးရန်တောင်းဆိုရာမှ ဖမ်းမယ်ဆီးမယ်အထိ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေထဲက ယာမြေတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ခြံစည်းရိုးခတ်ထားတဲ့အတွက် ရာနဲ့ချီတဲ့ ဒေသခံတွေဟာ ဒီနေ့ ဝက်မှေးရွာဟောင်းကနေ ရန်မျိုးအောင်စေတီအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြ ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ လယ်ယာမြေအငြင်းပွားမှုတွေ ပြီးဆုံးမှသာ ကြေးနီစီမံကိန်းကို ဆက်လုပ်စေချင်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်းကပြောပါတယ်။

“ဒေသခံပြည်သူတွေနဲ့ မညှိနှိုင်းပဲနဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို စတင်လုပ်တယ်၊ လယ်ယာမြေတွေထဲကို စိုက်ပျိုးထားတဲ့ အသီးအနှံပျက်စီးအောင်လို့ ခြံတွေခတ်တယ်၊ အဲတာကြောင့်မို့ ကျမတို့က မကျေနပ်လို့၊ ဝက်မှေးရွာဟောင်းအနေနဲ့ အစီရင်ခံစာထွက်ပြီးတဲ့နောက်မှာ ဒါပထမဆုံးအကြိမ် ဆန္ဒပြရခြင်းဖြစ်တယ်၊ လယ်ယာမြေအငြင်းပွားမှုမပြီးမချင်း ဒီဒေသခံပြည်သူတွေရဲ့ လယ်ယာမြေထဲကို အဆောက်အဦးဆောက်တာမျိုးတွေ၊ ခြံစည်းရိုးခတ်တာမျိုးတွေကို ကျမတို့ကမလုပ်စေချင်ဘူး၊ ဒေသခံတွေနဲ့ ညှိနှိုင်းဆွေးနွေးစေချင်တယ်”
Photo: လက်ပန်တောင်းမှမြေလျှော်ကြေးမယူတဲ့လယ်တွေကိုလုံထိန်းရဲများနှင့်ဦးပိုင်၊ဝမ်ဘောင်တရုတ်တွေခြံစည်းရိုးခတ်သိမ်းပိုက်နေစဉ်၊
၁၀-၁၀-၂၀၁၃
လက်ပန်တောင်းမှမြေလျှော်ကြေးမယူတဲ့လယ်တွေကိုလုံထိန်းရဲများနှင့်ဦးပိုင်၊ဝမ်ဘောင်တရုတ်တွေခြံစည်းရိုးခတ်သိမ်းပိုက်နေစဉ်၊
 Photo- Ko Han Win Aung
ကြေးနီိစီမံကိန်းထဲပါဝင်တဲ့ ယာမြေတွေကို အစိုးရက အခုလ ၃ရက်နေ့ကစတင်ပြီး လုံခြုံရေးအကြောင်းပြချက်နဲ့ ခြံစည်းရိုးခတ်နေတာ ဖြစ်ပါတယ်။ ဒေသခံတွေက ဝမ်ပေါင်ကုမ္ပဏီအထိ ချီတက်ဆန္ဒပြဖို့ခွင့်တောင်းခဲ့ပေမဲ့ အစိုးရက အဲဒီကုမ္ပဏီရှေ့အထိ ခွင့်မပြုတဲ့အတွက် ဆန္ဒပြပွဲဟာ လမ်းမှာပဲ ပြီးဆုံးသွားပါတယ်။
Video - Ko Han Win Aung



ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ကလည်း ယာမြေတွေမှာ ခြံစည်းရိုးခတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။

Photo: လက်ပန်တောင်းမှလယ်ယာမြေသိမ်းခံထားရသည့်လယ်သမားများကိုစစ်ကိုင်းတိုင်းရဲတပ်ဖွဲ့တပ်ရင်း(၁၄)(၂၈)
တို့မှရှေ့တိုးရင်ပစ်မယ်၊အမိန့်ထုတ်
၁၀-၁၀-၂၀၁၃
လက်ပန်တောင်းမှလယ်ယာမြေသိမ်းခံထားရသည့်လယ်သမားများကို
စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့တပ်ရင်း(၁၄)(၂၈) တို့မှရှေ့တိုးရင်ပစ်မယ်၊အမိန့်ထုတ်
 ၁၀-၁၀-၂၀၁၃