Pages

Sunday, October 13, 2013

အန်ဒမန်ပင်လယ်အတွင်းမှ မြန်မာရွှေပြောင်းလုပ်သား ၁၃ လောင်း ဆယ်ယူရရှိ


ဘန်ကောက်၊ အောက်တိုဘာ ၁၃

ထိုင်းနိုင်ငံ ရနောင်း ဆိပ်ကမ်းအလွန် အန်ဒမန်ပင်လယ်အတွင်း နစ်မြုပ်ခဲ့သော လှေတစ်စင်းမှ မြန်မာရွှေ့ပြောင်းလုပ်သား ၁၃ လောင်းတွေ့ရှိကြောင်း ထိုင်းနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့မှသိရသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ညက တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် နစ်မြုပ်ခြင်း ဖြစ်ကြောင်း ထိုင်းရေကြောင်းရဲမှူး အကရတ်သ် အာရွန်ကပြောသည်။

စနေနေ့ညနေအထိ အမျိုးသားအလောင်း ၁၂ လောင်းနှင့် အမျိုးသမီးအလောင်း ၁ လောင်းတို့ကိုဆယ်ယူရရှိပြီးဖြစ်ကြောင်းသိရသည်။

နစ်မြုပ်သွားသော လှေမှာ ကော့သောင်းမှ ရနောင်းသို့ လာသော လှေတစ်စင်းဖြစ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သား ၃၀ ခန့်ပါဝင်ကြောင်း သိရသည်။

ref: 13 bodies of Myanmar migrants recovered(Bangkok post)

Popular Myanmar News Journal