Pages

Wednesday, October 23, 2013

ကမ္ဘာ့အမြန်ဆုံး ကား ဖြစ်လာနိုင်သည့် McLaren P1 ဟိုင်းဘရစ်

 
ဟိုင်းဘရစ် ဟိုက်ပါကား အသစ်ဖြစ်တဲ့ McLaren P1 ကို ကမ္ဘာ့အမြန် ဆုံး ဖြစ် လာနိုင်မယ့် Road ကား အဖြစ် ရေပန်းစားနေ ပါတယ်။ အကြောင်း ကတော့ လက်ရှိ သူတင်ထားတဲ့ တစ်နာရီ ၁၈၆ မိုင်ပြေးနှုန်းဟာ ၁၆.၅ စက္ကန့်အတွင်း တင်နိုင်တဲ့ Acccelaration ဖြစ်တာမို့ ဖြစ်ပါတယ်။

၂.၈ စက္ကန့်အတွင်း တစ်နာရီ ၆၂ မိုင်နှုန်းအထိ တင်နိုင်ပြီး၊ ၁၆.၅ စက္ကန့် အတွင်း တစ်နာရီ မိုင် ၁၈၆ မိုင်အထိ မြန်နှုန်းကို တင်ပေး နိုင်ခဲ့ ပါတယ်။ အသုံးပြုထားတဲ့ အင်ဂျင်က ၃.၈ လီတာ Twin Turbo တပ် ဆလင်ဒါ ၈ လုံးပူး ဖြစ်ပြီး မြင်းကောင်ရေအား ထုတ်လုပ်မှုက ၉၀၀ တောင် ရှိပါတယ်။ ဒါ လောင်စာဆီ အင်ဂျင်တစ်မျိုးတည်းကြောင့်တော့ မဟုတ်ပါဘူး။ လျှပ်စစ်ဘက်ထရီ ပေါင်းစပ်မှုကြောင့်လည်း ပါဝင် ပါသေးတယ်။ နည်းပညာ ရှင် ၈၂ ဦးပါဝင်ပြီး ၁၇ ရက်အတွင်း အပြီးတည်ဆောက်ထားတဲ့ Single example ဖြစ်ပါတယ်။ စမ်းသပ်မောင်းနှင်မှုမှာ အောင်မြင်ခဲ့ပြီး Road ကားထဲမှာ အမြန်ဆုံး ဖြစ်လာမယ်လို့ ယုံကြည် ထားကြ ပါတယ်။

McLaren ဆိုတာ ဗြိတိန်အခြေဆိုက် မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္မဏီ တစ်ခု ဖြစ်ပါတယ်။ McLaren P1 အမည်နဲ့ စူပါကားများ နှစ်စဉ် ထုတ်လုပ် ခဲ့ပြီး ကမ္ဘာ့အမြန်ဆုံး ကားနဲ့ ဈေးအကြီးဆုံး ကားစာရင်းထဲ ပါဝင်ခဲ့ပါတယ်။ ယခု အသစ်ထုတ်လုပ်ထားတဲ့ကားကိုလည်း ကမ္ဘာ့အမြန်ဆုံး ကားအပြင် ကမ္ဘာ့အမြန်ဆုံး ဟိုင်းဘရစ် ကားအဖြစ် စံချိန်တင် သွားနိုင် ရှိကြောင်း ဆိုပါတယ်။ တစ်ရက်ကို တစ်စီးနှုန်းနဲ့ စုစုပေါင်း အစီးရေ ၃၇၅ စီး ထုတ်လုပ် လို့ ဈေးကွက် ရောင်းချသွားဖို့ မျော်မှန်းထားကြောင်း သိရပါတယ်။
.
Ref:autoblog
ColayAutomobile