Pages

Sunday, October 6, 2013

Miss Universe Myanmar ပြိုင်ပွဲ ဝင် အလှမယ်တွေ ရဲ့ ပရဟိတ ခရီးစဉ်

 
Hello Madam Media Group က စီစဉ်တဲ့  Miss Universe Myanmar ပြိုင်ပွဲဝင် အလှမယ် ၂ဝဦးဟာ ထူးဖောင် ဒေးရှင်း ရဲ့ အစီအစဉ်နဲ့ ပရဟိတ လူမှုရေး လှုပ်ရှားမှု များကို သုံးရက် ဆက်တိုက် သွားရောက် လှုပ်ရှားခဲ့ ကြပါတယ်။ စက်တင်ဘာ ၂၃ရက်နေ့ မှာတော့ ကျိုက်ထို မြို့က ဆိပ္ဖူး တောင် လူငယ်ပရဟိတ ဖွံ့ဖြိုးရေး ဂေဟာ ကို သွားရောက်ခဲ့ကြပြီး မိဘမဲ့ ကလေးငယ် များအား ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ အား ပေးစကား များ ပြောကြားခဲ့ ကြပါတယ်။
ထို့နောက် ကျောင်းရှိ ကလေးငယ် များနဲ့အတူ အလှမယ် လေးများ က ကျိုက်ထီးရိုး ဘုရားကို သွားရောက် ဖူးမြော်ခဲ့ကြပါတယ်။ ဒီ ခရီးစဉ်မှာ Hello Madam Media မှ တာဝန် ရှိသူများ၊ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)နှင့် ထူးဖောင်ဒေးရှင်း မှ တာဝန် ရှိသူများ လိုက်ပါ ခဲ့ကြပြီး ပြိုင်ပွဲဝင် အလှမယ် လေးများ၏ ပရဟိတ လုပ်ဆောင်မှု များအား အနီးကပ် ကြည့်ရှု အကဲဖြတ် အမှတ်ပေး သွားကြမှာ ဖြစ်ပါတယ်။ ဒီပရဟိတ လူမှုရေး လှုပ်ရှားမှု ခရီးစဉ် နဲ့ ပတ်သက်ပြီး ထူး ဖောင်ဒေးရှင်း မှ စီမံ မန်နေဂျာ ဒေါ်သိမ့်သိမ့်စိုး က.
“ဒီ Miss Universe အလှမယ် ၂ဝ ကလူမှုရေး ပရဟိတ လုပ်ငန်း လုပ်ဖို့သူတို့ အစီအ စဉ်ထဲ မှာပါတယ်။ အဲဒီအတွက် ကျွန်မတို့က စီစဉ် ဆောင် ရွက်ပေး တာပါ။ ဒီ Miss Universe အဖြစ် ရွေးချယ်ခံရတဲ့ ကလေးတွေက နိုင်ငံ တကာကို တက်လှမ်းတော့မယ်။ သူတို့က မြန်မာ့ ယဉ်ကျေးမှုတွေ ဖော်ထုတ်မယ်။ ဓလေ့ ထုံးစံတွေ ဖော် ထုတ်မယ်။ အဲဒီအခါ သူတို့ ရဲ့ ရင်ထဲမှာ လူမှု ပရဟိတ စိတ်က လေးတွေ ဝင်သွားစေချင်တယ်။ Miss Universe ကို တက်လှမ်းမယ့် သူကို မြန်မာပြည် ကနေ ရုရှား မှာပြိုင် မယ့် အထိ ကျွန်မတို့က အကုန်လုံး ပံ့ပိုးကူညီတယ်။ အဲဒီလို လုပ်ပေးရ တာကိုလည်း တအား ဂုဏ်ယူတယ်။ နှစ်ပေါင်း များစွာ ကြာပြီ။ မြန်မာ ပြည်က မပြိုင်ဖြစ် တာ။ အခု ပြိုင်ဖြစ် တော့ Hello Madam အဖွဲ့က လာ ဆက်သွယ်တယ်။ အဲဒီ အတွက် ဝမ်းပန်းတသာ အကူအညီ ပေးတယ်။ အခု လည်း လူမှုပရဟိတ လုပ်ငန်း တွေ သူတို့ နဲ့ လက်တွဲလုပ်ဖြစ် တော့ ဒီ Miss Universe အဖြစ် ရွေးချယ်ခံရတဲ့ သူက ထူးဖောင်ဒေး ရှင်းရဲ့ ပရဟိတ လုပ်ငန်းတွေမှာ တစ်နှစ်တာ ကူ လုပ်ပေးစေချင်တယ်။ ကျွန်မတို့ ရဲ့ ကိုယ်စားလှယ် အဖြစ် လုပ်စေချင်တယ်” လို့ ပြောပါတယ်။ Miss Universe Organization ရဲ့ National Director ဒေါ်စိုးယုဝေ ( Managing Director, Hello Madam Media ) က..
“ပရဟိတ အနေနဲ့ ဆိပ္ဖူးတောင် က ကလေးတွေကို လိုက်ပို့ပေးဖို့ ထူး ဖောင်ဒေးရှင်း က ဒီခရီးစဉ် ကို စီစဉ် ပြီးတော့ ပံ့ပိုး ကူညီပေးတာပါ။ ကျွန်မ တို့ရဲ့ အလှမယ်တွေ က သူတို့ ရဲ့ ခရီးစဉ်ကို လူမှုရေး အနေနဲ့ဝင်ပြီး ဝိုင်းဝန်း ပံ့ပိုးပေးတာပါ။ ပရဟိတ လုပ်တဲ့ အပေါ်မှာ အလှမယ်တွေ ဘယ်လောက် စိတ်ပါဝင်စားမှု ရှိတယ်။ ဘယ်လောက် ထိ စိတ်အား ထက်သန်တယ်။ ဘယ်လို ခံယူချက် ရှိတယ် ဆိုတာကို သူတို့ ရဲ့ အမူအကျင့် လေးတွေ သူတို့ လုပ်ပုံ ကိုင်ပုံ တွေကလည်း အမှတ်ပေးတဲ့ အထဲမှာ ပါမှာပါ” လို့ ပြောပါတယ်။
ဒီကျိုက်ထီးရိုး ခရီးစဉ်မှာ ပြိုင်ပွဲဝင် အလှမယ်တွေကို ကင်မရာ တစ်လုံးနဲ့ လိုက်ပြီး မှတ်တမ်းတင် အကဲဖြတ်နေသူ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က “ဒီလို နယ်မှာရှိတဲ့ မိဘမဲ့ ကလေး ကျောင်းတွေက လူလည်း သိပ်မ သိသလို၊ လှူမယ့် လူလည်း နည်း တယ်။ အဲဒါကြောင့် တော်ရုံ တန်ရုံလူ မလှူဖြစ်တဲ့ နယ်အထိ လာခဲ့ တာပါ။ Miss တွေကိုလည်း မှတ်တမ်း တင်တာပေါ့။ ဘယ်သူတွေ က ကလေးတွေကို ကြင်ကြင်နာနာ လေးရှိသလဲ။ ဘယ်သူတွေက ရွံတယ်၊ နေစော် နံတယ် ဆိုပြီး ခွဲခြားမှု တွေရှိသလဲ၊ အဲဒါက အစ ကြည့်မှာ ပါ။ အဓိကက ကိုယ်ချင်းစာ တရားပဲ။ ဗုဒ္ဓဘာသာရဲ့ တရားတော် အရရော၊ မြန်မာ လူမျိုးရဲ့ ဓလေ့ စရိုက်အရ ရော၊ ကိုယ်ချင်းစာ တရားဆိုတာ မရှိ မဖြစ်ပါပဲ။ ကိုယ်ချင်းစာ တရား ဘယ် လောက်ထိ ရှိလဲ ဆိုတာတွေက အစ ပေါ့။ လူတစ်ယောက် ရဲ့ အကြောင်း ကို ခရီး တစ်ခုကို အတူ သွားမှ သိရတယ်တဲ့။ အဲဒီ ခရီးတစ်ခုကို သွားတဲ့ အချိန်မှာ ဘယ်သူက အတ္တကြီးသလဲ။ ဘယ်သူက တစ်ကိုယ်ကောင်း ဆန်သလဲ။ ဘယ်သူက ကိုယ်ကျိုး စွန့်တတ်သလဲ ဆိုတာ အားလုံး ပေါ်သွားတာပဲ။ ဟန်ဆောင်တယ် ဆို လည်း အကြာကြီး ဟန်ဆောင်လို့ မရဘူး။ တစ်နေရာ မဟုတ် တစ်နေ ရာမှာ ပေါ်မှာပဲ။ အဲဒီ အတွက် သူတို့ကို အမြဲ မျက်ခြည်မပြတ် မှတ်တမ်းတင် ထားတာတွေ ရှိပါတယ်”လို့ ပြောပါတယ်။ Miss Universe Myanmar တစ်ယောက် မှာရှိရမယ့် အရည် အချင်းတွေ ကို တော့ ဒါရိုက်တာ မောင်မျိုး မင်း (ရင်တွင်းဖြစ်)က “ဆောင်ပုဒ်လေး ရှိပါတယ်။ Healthy *& Strength သန်မာခြင်း၊ ကျန်းမာခြင်း ရှိရမယ်။ လှပတဲ့ စိတ်ထားလေး လည်း ရှိရမယ်။ အခုဆိုရင် ဘယ်သူက Beauty Mind လဲ၊ဘယ်သူက Ugly Mind လဲဆိုတာ စစ်ဆေးနေတယ်။ ပြီးရင် Myanmar Heart ရှိရမယ်” လို့ ပြောပါတယ်။ စက်တင်ဘာ ၂၄ရက် နေ့မှာတော့ Miss Universe Myanmar အလှမယ်လေး များက ကျိုက်ထိုမြို့ ဆိပ္ဖူးတောင် လူငယ် ဖွံ့ဖြိုးရေး ဂေဟာက ကလေးငယ် ၃ဝဦး၊ ဆရာမနှစ်ဦး တို့ကို ရွှေတိ ဂုံဘုရားနှင့် တိရစ္ဆာန် ဥယျာဉ်ကို ဒေသန္တရ ဗဟုသုတ ရရှိစေဖို့ အတွက် လိုက်လံ ပို့ဆောင် ခဲ့ကြပါတယ်။
Miss Universe Myanmar အလှမယ် ၂ဝဦးဟာ စက်တင်ဘာ ၂၅ ရက်နေ့မှာ မြန်မာနိုင်ငံ ဟော်ကီ အဖွဲ့ချုပ်ကို သွားရောက်ပြီး ဆီးဂိမ်း အားကစား ပြိုင်ပွဲ မှာ ဝင်ရောက် ယှဉ် ပြိုင်ဖို့ လေ့ကျင့် ပြင်ဆင်နေ ကြတဲ့ အားကစား သမားတွေကို သွား ရောက် အားပေးခဲ့ကြပါတယ်။ ထို့ နောက် ဓမ္မစေတီလမ်း ရှိ လူမှု ဝန်ထမ်း ဦးစီးဌာန က ဖွင့်လှစ် ထားတဲ့ အမျိုးသမီး အိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာ သင်ကျောင်း ကို သွား ရောက် လေ့လာခဲ့ ကြပါတယ်။ ဆက် လက်ပြီး ငြိမ်းချမ်းရေး စင်တာကို သွားရောက် ခဲ့ကြကာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရရှိစေဖို့ ဂျိုးဖြူငှက် များ လွှတ်ခဲ့ပြီး ဆုတောင်းခဲ့ ကြပါတယ်။ ညနေပိုင်း မှာတော့ ဦးလှထွန်း မေတ္တာ ရိပ်မွန် ကင်ဆာ ဖောင်ဒေးရှင်းကို သွားရောက်ပြီး ကင်ဆာရောဂါ ဝေဒ နာ ခံစားနေရတဲ့ ဝေဒနာရှင် များကို သွားရောက် အားပေး စကားပြော ကြားခဲ့ကြ သည်။
ပေါ်ပြူလာ မှ