Pages

Saturday, October 12, 2013

မုန်တိုင်းဗဟိုတွင် လှိုင်းအမြင့် ၅၆ ပေ ရှိမည့် အဆင့်-၅ စူပါဆိုင်ကလုန်း PHAILIN

11OCT-warning-11

အဆင့်-၅ စူပါဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်လာပြီး မူလခန့်မှန်းကြောင်းအထက်သို့ ၁၁ မိုင်ခန့် ရွေ့လျားကာ အိန္ဒိယနိုင်ငံ သြရိသပြည်နယ် Brahmapur မြို့အပေါ်တည့်တည့်မှ ဖြတ်ကျော်ကာ ကုန်းတွင်းသို့ ဝင်ရောက်လျှင် မုန်တိုင်း ဒီလှိုင်းအမြင့် ၅၆ ပေရှိမည်ဖြစ်ပြီး မုန်တိုင်းအားအပြင်းဆုံး စက်ဝန်း အချင်းမိုင် ၈၃ မိုင်ခန့် ရှိမည်ဖြစ်ကြောင်း နောက်ဆုံးရရှိသည့် JTWC warning – 11 တွင် ဖေါ်ပြထားပါသည်။ မုန်တိုင်းသည် အောက်တိုဘာလ ၁၂ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီအချိန်တွင် ကုန်းတွင်းသို့ စတင် ဖြတ်ကျော်ချိန်၌ လေတိုက်နှုန်း တစ်နာရီ ၁၆၆ မိုင်မှ မိုင် ၂ဝဝ အထိ ရှိနိုင်မည်ဖြစ်ကြောင်းကိုလည်း ခန့်မှန်းထားရာ အင်အား အပြင်းဆုံး စူပါဆိုင်ကလုန်း မုန်တိုင်းတစ်ခုအဖြစ် မှတ်တမ်းတင်ရတော့မည်ဖြစ်ပါသည်။ မုန်တိုင်း၏ လက်ရှိ အရွယ်အစား အချင်း ၂၁၅ မိုင်ခန့် ရှိနေပြီး၊ မုန်တိုင်းဒဏ်ခံရနိုင်မည့် ကမ်းရိုးတန်း အရှည် မိုင် ၄ဝဝ ကျော်ရှိကြောင်း တွေ့ရပါသည်။