Pages

Tuesday, October 15, 2013

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ကာလုံ လက်မှတ်ရေးထိုးရမည်ဟု UNFC တောင်းဆို

 
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင်များဖြစ်သော နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စု တရားသူကြီး ချုပ်တို့ တက်ရောက်လက်မှတ်ရေးထိုးရမည်ဟု ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က တောင်းဆိုချက်ထုတ်ပြန်လိုက်ကြောင်း UNFC ဒုတိယဥက္ကဋ္ဌ ဦးစောဒေးဗစ်သာကပေါ ကပြောကြားသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအတွက် UNFC သဘောထားများကို အောက်တိုဘာ ဒုတိယအပတ် အတွင်း ပြုလုပ်ခဲ့သော UNFC ကောင်စီအစည်းအဝေးဆုံးဖြတ်ချက်အရ အဆိုပါထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။

နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင် ငါးဦးမှ တစ်ဦးဦးပျက်ကွက်ပါက နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ ရေး သဘောတူညီချက် အောင်မြင်မည်မဟုတ်ကြောင်း ဦးစောဒေးဗစ်သာကပေါက ရှင်းပြသည်။

အဆိုပါနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်အပါ အဝင် ပြည်သူလူထုထောက်ခံမှုရရှိထားသော နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ အသိသက်သေအဖြစ် လက်မှတ်ထိုးရမည်ဖြစ်ကြောင်း UNFC ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှုရချင်ရင်တော့ နိုင်ငံတော်အဆင့်မှာ အာမခံချက်ပေးနိုင်တဲ့သူတွေ တက်ရောက်ဖို့ လိုတယ်” UNFC ဒုတိယဥက္ကဋ္ဌဦးစောဒေးဗစ်သာပေါ ကပြောကြားသည်။

သက်သေများအဖြစ် UNA ဥက္ကဋ္ဌ၊ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ နိုင်ငံတကာခေါင်းဆောင်များ၊ UNFC ဥက္ကဋ္ဌ၊ UNFC အဖွဲ့ဝင်မဟုတ်သော လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ တက်ရောက်ရမည်ဟု ထုတ်ပြန်ချက်တွင်ပါရှိကြောင်း UNA (တိုင်းရင်းသား မဟာမိတ်ပါတီများ) နာယက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။

“ အဓိကက ဒီလက်မှတ်ထိုးပွဲမှာ ဖက်ဒရယ်စနစ်ကို ထည့်သွင်းဆွေးနွေးသွားလိမ့်မယ်” ဟု၎င်းကဆိုသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲကို အောက်တိုဘာလကုန်ပိုင်းတွင် ပြုလုပ်သွား မည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ကြေညာထားသော်လည်း KIO/KIA အဖွဲ့နှင့် ပလောင်လွတ်မြောက်ရေးတပ်ဖွဲ့ TNLA/PSLF တို့နှင့် အပစ်အခတ်ရပ်စဲနိုင်ရန် ကျန်ရှိနေသေးသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲတွင် မှတ်ပုံတင်ထားပြီးသော နိုင်ငံရေးပါတီများ အားလုံး အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးရန် ဖိတ်ကြားမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက စက်တင်ဘာလ တတိယအပတ်တွင် ပြောကြား ထားသည်။
ဒေါင်းမာန်ဟုန်