““ Me N Ma Girls”” အဖွဲ့ ၏ နိုင်ငံတကာသို့  ပထမဆုံးခြေလှမ်းအဖြစ် အွန်လိုင်းမှတစ်ဆင့် ဖြန့်ချိထားသည့် အင်္ဂလိပ်သီချင်း ““Girl Strong”” အမ်တီဗီသည် သုံးရက်အတွင်း ယူကျု့တွင် ပရိသတ် ကြည့်ရှုနှုန်း တစ်သောင်းကျော်သွားပြီဖြစ်သည်။
 
 ထိုသီချင်းကို အောက်တိုဘာ ၉ ရက်က ယူကျုတွင် စတင်ခဲ့ပြီး သုံးရက်အတွင်း ကြည့်ရှုသူ တစ်သောင်းကျော်သွားပြီဖြစ်သည်။
 ““ထိုက်ထိုက်တို့ ကြိုးစားတာကို တစ်ချိန်မှာ အရာထင်မယ်လို့ ထင်ပါတယ်။ 
အခုချိန်မှာ အွန်လိုင်းမှာ ပြန့်နေတယ်ဆိုပေမယ့် လူသိရှင်ကြား အရမ်းကြီး 
ဟိုးလေးတကျော်ဖြစ်ခွင့်မရသေးပါဘူး။ ဒါကလည်း ကိုယ်နဲ့တန်တဲ့အလျောက် 
တစ်ချိန်မှာရလာမယ်လို့ ယုံကြည်ပါတယ်။  အရင်တုန်းက ကော်ပီသီချင်းတွေ 
လုပ်ခဲ့ရတယ်။ 
 
 အခုအချိန်မှာ အော်ရဂျင်နယ်သီချင်းလုပ်တော့ 
အကောင်းဆုံး မှတ်ချက် (comment) တွေ တက်လာတာ တွေ့ရတယ်။ ကောင်းတာရော၊ 
ဆိုးတာရော ပြောတဲ့ မှတ်ချက်တွေကို လေးစားသမှုနဲ့ လိုက်နာသွားမှာပါ။ 
မြန်မာနိုင်ငံက လူတွေရဲ့ လက်ခုပ်သံကို အကျယ်ဆုံးကြားချင်ပါတယ်”” ဟု 
အဖွဲ့ဝင် ထိုက်ထိုက်က ပြောသည်။
 ““ Me N Ma Grils ” အဖွဲ့ သည် LA မှ 
ထုတ်လုပ်သူနှင့် တစ်နှစ်ခွဲ စာချုပ်ချုပ်ထားပြီး ဂီတပိုင်းကို 
လုပ်ဆောင်နေခြင်းဖြစ်သည်။ “ Girl Strong” သီချင်းကို တေးရေးဆရာ ရစ်ချက် 
ရေးသားထားပြီး အမ်တီဗီကို LA တွင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။   
         
 အဆိုပါအမ်တီဗီ ရိုက်ကူးရန် အကလေ့ကျင့်ခြင်း၊ ခန္ဓာကိုယ်အချိုးအစား ကျနအောင်
 အစားအသောက်အနေအထိုင်ကို နှစ်လကြိုတင်ပြင်ဆင်ပြီးမှ 
ရိုက်ကူးခဲ့ခြင်းဖြစ်သည်။  Girl Strong သီချင်း အမ်တီဗီကို ဒါရိုက်တာ 
ဂျိုးဇက်က ရိုက်ကူးပေးထားသည်။Me N Ma Grils အဖွဲ့ဝင်များ သည် ငယ်စဉ်ကတည်းက 
အင်္ဂလိပ်ကျောင်းများအပြင် Speaking သင်တန်းတက်၍ လေ့လာခဲ့ပြီး 
သင်တန်းဆရာများကလည်း သီချင်းအသံသွင်းလျှင် အာရှအသံထွက်ပျောက်အောင် 
သေချာကြပ် မတ် လေ့ကျင့်ပေးကြောင်း သိရသည်။ ထပ်မံစီစဉ်နေသော 
အင်္ဂလိပ်သီချင်းလေးပုဒ်ထဲတွင် လေဒီဂါဂါ၏ တေးရေးဆရာ ရေးပေးသော သီချင်းတစ်ပုဒ်
 ပါဝင်ပြီး ၎င်းသီချင်းများကို နိုင်ငံတကာတွင် ဖြန့်ချိ သည့်နည်းအတိုင်း 
အွန်လိုင်းတွင် တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
 ““လေဒီဂါဂါလိုပုံစံမျိုးတော့ မဟုတ်ဘူး။ 
 
 သီချင်းအေးအေးလေးတစ်ပုဒ်ပဲ။ လေဒီဂါဂါစတိုင်နဲ့တော့ ဘာမှမဆိုင်ဘူး။ ဒါပေမဲ့
 တေးရေးက လေဒီဂါဂါရဲ့ တေးရေးဆရာပဲ။ သီချင်းတွေကို အခွေအနေနဲ့ 
မလုပ်သေးပါဘူး။ သူတို့ နိုင်ငံမှာက သီချင်းတစ်ပုဒ်ကို Youtube မှာ 
တင်လိုက်တယ်။ ဘေဘုတ်ပါတဲ့ဟာတွေကို အယ်လ်ဘမ်တစ်ခုအနေနဲ့ ပြန်ထုတ်တယ်။ 
အခုသီချင်းတစ်ပုဒ်ချင်းစီပြီးရင် ပြီးသလောက် ထွက်ထွက်သွားမှာပေါ့။ 
အယ်လ်ဘမ်အနေနဲ့က သီချင်းတွေအားလုံး စုစည်းပြီးမှ ဖြစ်မှာဆိုတော့ အယ်လ်ဘမ်က 
ဘယ်အချိန်ဖြစ်မလဲတော့ မသိဘူး။ သူတို့နဲ့ ပြောင်းပြန်ဖြစ်နေတာပေါ့။ ဒီမှာက 
အယ်ဘမ်အရင်ထွက်တယ် ပြီးမှ ပရိသတ်ကြားရောက်သွားတာ။ သူတို့ကျတော့ 
တစ်ပုဒ်ချင်းစီ အရင်ထွက်ပြီးမှ အယ်လ်ဘမ် ထွက်တာပေါ့”” ဟု ထိုက်ထိုက်က 
ပြောသည်။ 
သတင်း 7 Day Daily 
 
 
