Pages

Wednesday, November 20, 2013

မစ်သားမြို့တွင် တွေ့ရသော ကျောက်စာချပ် မှာ နှစ်ပေါင်း ၈၀၀ ကျော်က မွန်ကျောက်စာဖြစ်

 
မြစ်သား ၊ ၁၉-၁၁-၂၀၁၃

မြစ်သားမြို့ ၁၁ လမ်းရှိ ပေတော မိဘမဲ့ ကလေးများ စောင့်ရှောက်ရေး ပရဟိတ ကျောင်းဝင်း အတွင်း ကျောက်စာ သုံးချပ် တွေ့ရှိ ဆိုသော သတင်းကို ရတနာပုံ သတင်းစာတွင် ဖတ်ရှုရသဖြင့် ဆရာကြီး တမ္ပ၀တီ ဦးဝင်းမောင် က လာရောက် သုတေသန ပြုလုပ်ရာ ၁၂ ရာစု မွန်တို့၏ လက်ရာ ဖြစ်သော နှစ်ပေါင်း ၈၀၀ ကျော်က စာမျက်နှာ နှစ်ဖက်ပါ ကျောက်စာ တစ်ချပ် ဖြစ်ကြောင်း သိရသည်။

ဖော်ပြပါ ပုံသည် အပိုင်း နှစ်ပိုင်းသာ ဆက်စပ် ထားသောပုံ ဖြစ်ပြီး ကျန်တစ်ပိုင်းမှာ ဆက်လက် တူးဖော် နေဆဲ ဖြစ်သည်။ ကျောက် အမျိုးအစား မှာ အနက်ရောင် ထုံးကျောက် ကျောက်သား ( Black Calcify ) ဖြစ်ပြီး အလျား ၄ ပေ ၃ လက်မ ၊ အနံ ၂ ပေ ၆ လက်မ နှင့် ထု ၅ လက်မ ရှိကြောင်း သိရသည်။

ဤကျောက်စာ မှာ မွန်ဘာသာဖြင့် ရေးထိုး ထားသော ကျောက်စာ တစ်ချပ်ဖြစ်ပြီး အနော်ရထာ မင်းကြီး သထုံပြည်မှ ပိဋကတ် တော်များ ပင့်ဆောင် လာချိန်နှင့် အတူ ပါလာသော မွန်လူမျိုး များကို လယ်တွင်း ၁၁ခရိုင် မြစ်သာ (ယခုမြစ်သား) အရပ်၌ လုပ်မြေ ၊ စားမြေများ အဖြစ် ပေးအပ်ခဲ့သည်။ ထို မွန်လူမျိုး များမှာ ဤကျောက်စာ အနီးတွင် စေတီတည်ထား တော်မူပြီး ဝတ္ထုကံမြေ အဖြစ် လှူဒါန်းသည့် မှတ်တမ်း ကျောက်စာ တစ်ချပ် ဖြစ်ကြောင်း သိရှိရသည်။

The Myawady Daily's