Pages

Thursday, November 21, 2013

လက်ပံတောင်းတောင်အရေးဆန္ဒပြသူ(၆)ဦးကို ထောင်ဒဏ်တစ်လစီ ချမှတ်


ရန်ကုန်၊ နိုဝင်ဘာ ၂၁

လက်ပံတောင်းတောင်အရေးအတွက် ဆန္ဒထုတ်ဖော်သပိတ်မှောက်ခဲ့သည့် သံဃာတော် များအကြမ်းဖက်ဖြိုခွင်းခံရခြင်းအတွက် မြေနီကုန်းမှတရုတ်သံရုံးအထိ ချီတက်ဆန္ဒပြခဲ့သူတို့ကို ကြည့်မြင်တိုင်တရားရုံး၌ ယနေ့နေ့လည် ၁၁နာရီတွင်အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်လစီ အမိန့်ချမှတ်ခဲ့သည်၊

အဆိုပါဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည့် ကိုမိုဃ်းသွေး၊ ကိုစိုးမိုးထွန်း(ခ)သူကြီး၊ ကိုဒီငြိမ်းလင်း၊ မသန္တာ၊ ကိုအောင်မျိုးဦးနှင့် ကိုမြင့်ကျော် တို့ကို ယင်းသို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဇေဝေယံ

ဓာတ်ပုံ - အောင်နိုင်စိုး ( ကစ္ဆပ )