Pages

Thursday, November 14, 2013

မိုးစက်ဝိုင်ရဲ့ အတွေ့အကြုံ ရှင်းလင်းပွဲ မြင်ကွင်းများ

ရှင်းလင်းပွဲ မြင်ကွင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ် (ဓာတ်ပုံများ - ဂျေပိုင်/ဧရာဝတီ)
 မနေ့က မိုးစက်ဝိုင်ရဲ့ အတွေ့အကြုံ ရှင်းလင်းပွဲကို ရန်ကုန်မြို့မှာ ပြုလုပ်ပါတယ်။ 
အောက်မှာ ကူးယူ ဖော်ပြထားတာကတော့ မိုးစက်ဝိုင်ရဲ့ ဖေ့ဘုတ်စာမျက်နှာတခုကပါ။ အတွေ့အကြုံ ရှင်းလင်းပွဲလုပ်မယ့်အကြောင်း ကြိုတင် အသိပေးထားတဲ့ စာ ဖြစ်ပါတယ်။

အားလုံးအားလုံးပဲမင်္ဂလာပါ ဒီနေ့မိုးစက်ပြန်ရောက်ပြီ..
စိတ်ထဲမှာရှိတာလေးတစ်ခု ပြောရရင်တော့
ဒီနေ့ အရမ်းဝမ်းသာပီတိဖြစ်မိပါတယ်
မနက်ဖြန်ဆိုရင် မိုးစက်ရဲ့စကားသံလေးတွေကို mediaကနေ တစ်ဆင့် ကြားရတော့မယ်လို့ ထင်ပါတယ်..
ဒါပေမယ့်မိုးစက်ရဲ့pageလေးကနေလည်းမိဘပြည်သူများကို အထူးလှိုက်လှဲကျေးဇူးတင်ပါကြောင်းပြောချင်ပါတယ် ,
 
ယနေ့လာရောက်ကြိုဆိုကျတဲ့မိဘပြည်သူများကိုယ်စိတ်ကျန်းမာပါစေ,
လာကြိုပေးကျတဲ့အဆိုတော် Ar T, supporting page ( moe set wine vote, etc..)ကadminများကိုလည်းေ ကျးဇူး အထူးတင်ရှိပါတယ်,
အကြောင်းအမျိုးမျိုးကြောင့် လာမကြိုနိုင်တဲ့မိဘပြည်သူများကိုလည်း မိုးစက်ဒီpageကနေပဲဂါရဝပြုလိုပါတယ်,
မိုးစက်စိတ်ထဲမှာအားလုံးကို ချစ်ခင်လေးစားပါတယ် အားပေးကြတဲ့အတွက်မိုးစက်စိတ်ထဲမှာကျေးဇူးတင်လို့ မဆုံးပါဘူး
မိုးစက်ရဲ့activitiesလေးတွေကိုလည်းနောက်ပိုင်းမှာမြင်တွေ့ရမယ်
ဆက်လက်ပြီးတော့လည်း မြန်မာနိုင်ငံ့ရေးဆိုင်ရာပွဲတော်များကိစ္စ လူမှုရေးဆိုင်ရာ အကျိုးကိစ္စများမှာလည်း
အားသွန်ခွန်စိုက်ဝင်ရောက်ပါဝင်ပြီး အားပေးကြတဲ့ မိဘပြည်သူများအချစ်ကို ပြန်လည်တုံ့ပြန်သွားပါမယ်လို့ပြောချင်ပါတယ်

ချစ်ခင်လေးစားပါသောမိုးစက်ဝိုင်

~