Pages

Wednesday, November 13, 2013

ရင်တမမ ဖြစ်ရတဲ့ ဓား ၂၂ ချောင်းမြိုပြတဲ့ ဂင်းနစ်မှတ်တမ်း ပြကွက်

 
ကမ္ဘာ့ ဂင်းနစ်မှတ်တမ်းဝင် ဖြစ်ရပ်ဆန်း တခုပါ။ ၂၀၁၁ ခုနှစ်က အိန္ဒိယနိုင်ငံ ဘုံဘေ ( မွန်ဘိုင်း) မြို့မှာ မှတ်တမ်း ဆုပေး သူတွေက Kishan Valaiah Ayula ဆိုသူက အသွားထက်တဲ့ ဓား ၂၂ ချောင်းကို မြို ပြရာမှ ကမ္ဘာ့ အများဆုံး ဓားတွေကို မြို ပြသူအဖြစ် ဂင်းနစ်မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါတယ်။ 

ဂင်းနစ်မှတ်တမ်းတင်ရေးအဖွဲ့က တာဝန်ရှိသူ Kris Teufel က ဓားတွေကို မြို မပြခင်မှာ ဓားတွေ ဘယ်လောက် ထက်သလဲ ဆိုတာကို သခွားသီးကို စမ်းပြီး လှီးကြည့်ပြီး စစ်ဆေးခဲ့ပါတယ်တဲ့။ 

အခု ဂင်းနစ်မှတ်တမ်းတင် ဂုဏ်ပြုပွဲမှာ ဓားမြိုချသူရဲ့ ပြကွက်ကို ကြည့်နေစဉ်မှာ မိသားစုဝင်တွေရဲ့ စိုးရိမ်မှုမျက်ရည်တွေ ကိုလည်း မြင်ရမှာဖြစ်ပြီး ဓားတွေ ကို ပါးစပ်ထဲက ဆွဲထုတ်ပြီးသည်အထိ ရင် တထိပ်ထိပ်နဲ့ ကြည့်ကြရမှာပါ။ 

ကမ္ဘာ့ဂင်းနစ်မှတ်တမ်း ကြေညာလိုက်ချိန်မှာတော့ ရင်တမမ ခံစားမှုတွေ ပြေလျော့သွားပါလိမ့်မယ်။ 




အိမ့်သံစဉ် ~ဧရာဝတီ