Pages

Sunday, November 10, 2013

ဖိလစ်ပိုင် မုန်တိုင်း အနည်း ဆုံး လူ ၁၂၀၀၀ အထိ သေဆုံးဟု ဖိလစ်ပိုင် အစိုးရ က တရားဝင် သတင်း ထုတ် ပြန်

 typhoon-haiyan-destruction
ဖိလစ်ပိုင် နိုင်ငံ တွင် တိုင်ဖွန်း ဟိုင်ယန် မုန်တိုင်း ဒဏ် ကြောင့် လူ တစ်သောင်း
နှစ်ထောင် အထိ သေဆုံး သည် ဟု ဖိလစ်ပိုင် အစိုးရ က တရားဝင် သတင်း ထုတ် ပြန်
သည်။
ထို သို့  သေဆုံး မှု သည် တခ်လိုဘန် မြို့  ရှိသည့်
ကျွန်းတွင် ဖြစ် ကြောင်း ဒေသန္တရ အာဏာ ပိုင် များ က ပြော ကြား မှု ကို ကိုကား
ပြီး ဖိလစ် ပိုင် သမ္မတ ဘင်နီနို နီနွိုင် အကွီ နို က ပြောသည်။
မနီလာ မှ လာသည့် သတင်း ရင်း မြစ် ကို ကိုးကား ပြီး Fox သတင်း ရုပ်သံ က “
သွပ် ပြား တွေ လွင့် လာ တာ ကြောင့် ခန္တာ ကိုယ်ထိခိုက် သေတဲ့ လူတွေ လို မျိုး
တိုက်ရိုက် သဘ၀ ဘေးဒဏ် ကြောင့် ကို လူ တစ်သောင်းနီး ပါး သေဆုံး ပါတယ်
လို့  ထုတ် လွှင့် သွား ပါတယ်။
မုန်တိုင်း ဖြတ် ကျော် တိုက်ခတ်  ခဲ့ သည့် လာတီးယက် ခရိုင် တွင် တစ်မြို့ လုံးနီး ပါး ပျက်စီး ခဲ့
ပြီး လမ်းပေါ် တွင် တွေ့ ရသည့် အလောင်းများ မှာ ခြေလက် ပြတ် တောက်မှု များ
နှင့် မမှတ် မိ နိုင် လောက် တော့ အောင် ပျက်စီး မှု များ ဖြစ် နေ သည် ဟု ခရိုင် ရဲ
မှုး က AP သတင်း ကို ပြောသည်။
တစ်နာရီလျှင် လေတိုက် နှုန်း ၃၁၅ ကီလိုမီတာ( ၁၉၅ မိုင်) ထိ ပြင်း အား ရှိသည့် တိုင်ဖုန်း
ဟိုင်ယန်း သည် ဖိလစ်ပိုင် နိုင်ငံ ကို ဖြတ် ကျော် ၀င်ရောက်  ပြီး နောက် မုန် တိုင်း သည်
ဗီယက်နမ် နိုင်ငံ ထဲသို့  ဆက် လက် ၀င်ရောက် လျှက် ရှိသည်။
tumblr_mvz7vdAY0e1stgihlo1_500

typhoon_haiyan_AP632010497359_fullwidth_620x350

PHILIPPINES-WEATHER-TYPHOON

1384008985004-EPA-PHILIPPINES-SUPER-TYPHOON-HAIYAN2

1384027080000-AP-Philippines-Typhoon-001



သတင်းနှင့် ဓာတ်ပုံ- FNG