Pages

Monday, November 11, 2013

အပယ်ခံ မြန်မာ့လွတ်လပ်ရေး မော်ကွန်းဝင်

သခင်လှကြိုင်
 ဒီကနေ့ ဟာ ပထမ ကမ္ဘာစစ်ကြီး ပြီးဆုံး သွားတဲ့ နေ့ အထိမ်းအမှတ် နေ့ အဖြစ် ကမ္ဘာတဝန်း ရှိ ဓနသဟာရ အဖွဲ့ဝင် နိုင်ငံတွေ မှာရော၊ အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေ မှာပါ၊ စစ်ဖက် ဆိုင်ရာ တာဝန် ထမ်းဆောင်ယင်း ကျဆုံးသွားတဲ့ စစ်သည် ရဲဘော်တွေ အတွက် အမှတ်တရ နေ့ အဖြစ်၊ အလေးပြုတဲ့ အခန်းအနားတွေ၊ ဆုတောင်းဝတ်ပြုပွဲ တွေ ကျင်းပ ကြပါတယ်။

ဒါပေမယ့် မြန်မာ နိုင်ငံမှာတော့ မြန်မာ့ မြေပုံ ကို ကမ္ဘာ က အသိအမှတ် ပြုရလေအောင်၊ လွတ်လပ်ရေး တိုက်ပွဲဝင် ရဲဘော်ဟောင်း မော်ကွန်းဝင် သခင်လှကြိုင် အသက် ၉၃ နှစ် ဟာ ပဲခူးမြို့ တံတားထက် တောင်းရမ်း စားသောက်နေရတဲ့ ဘဝ ရောက်နေရတာ ဟာ ရင်နာစရာ၊ ရှက်စရာ၊ ဝမ်းနည်းစရာ ကောင်းတဲ့ အကြောင်း ဒိန်းမတ်နိုင်ငံ ဘွန်ဟွန် ပြည်နယ် မှ မွန်တိုင်းရင်းသား မင်းသိန်းဦး က ဘီဘီစီ ကို ပြောပါတယ်။

အဲဒီ အတွက် ကထိန်သင်္ကန်း ကပ်လှူတဲ့ အခန်းအနားမှာ အဘ ဦးလှကြိုင် အတွက် အလှူငွေ ကောက်ခံတဲ့ အကြောင်း၊ ဒိန်းမတ်နိုင်ငံ တွင်းမှာ နောက်ထပ် အလှူရှင်တွေ ပေါ်ပေါက် လာဘွယ် ရှိတယ် လို့လည်း ဆိုပါတယ်။ အခုလို လွတ်လပ်ရေး တိုက်ပွဲဝင် ရဲဘော်ဟောင်း မော်ကွန်းဝင် ပုဂ္ဂိုလ် တယောက် အိုကြီး အိုမ၊ ဘဝ နေဝင်ချိန် စောင့်စားနေသူ ကို စစ်အစိုးရ မှ အရပ်ဘက် ပြောင်းလာတဲ့ မြန်မာ အစိုးရ အနေ နဲ့ စောင့်ရောက်ဖို့ တာဝန်ရှိသလို၊ ပရဟိတ လူအိုရုံ တွေ အနေနဲ့ လည်း ကူညီစေ လိုတဲ့ အကြောင်း မင်းသိန်းဦး က ဘီဘီစီ ကို ပြောပါတယ်။

ဒိန်းမတ် နိုင်ငံမှာ ဆိုရင် အာဖဂန်စစ်ပွဲ၊ အီရပ်စစ်ပွဲ က ပြန်လာသူ စစ်သည်တွေ ကို ဘုရင်၊ ဝန်ကြီးချုပ် အစရှိတဲ့ နိုင်ငံ ဥသျှောင် တွေ ကိုယ် တိုင်၊ ဒုက္ခိတ ဖြစ်လာသူ စစ်သည် တွေ အပါအဝင်၊ ဂုဏ်ပြု ကြိုဆိုကြောင်း၊ ဒါကြောင့် မို့ မြန်မာ့ လွတ်လပ်ရေး သူရဲကောင်း တယောက် ကို လည်း ပစ်ပယ် မထားသင့် ပုံ ကို Remembrance Day, or Poppy Day or Armistice Day ကျရောက်တဲ့ နိုဝင်္ဘာ ၁၁ ရက်နေ့ နဲ့ တိုက်တိုက်ဆိုင်ဆိုင် မွန် အမျိုးသား မင်းသိန်းဦး က ရှင်းပြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)