ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ဒီကရီ ကောလိပ်၊ ကောလိပ်အသီးသီး၏
ပထမနှစ် သင်တန်းများကို ဒီဇင်ဘာ ၅ ရက်တွင် စတင် ဖွင့်လှစ်မည်ဖြစ်သည်။
၂၀၁၃-၂၀၁၄ ပညာသင်နှစ် ပထမနှစ် သင်တန်းဝင်ခွင့်ရသူများ စာရင်းကို သက်ဆိုင်ရာ
တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ် အသီးသီး တွင် ကြေညာထားသည်။
ဒုတိယနှစ်နှင့် အထက် သင်တန်းများအားလုံးကို ဒီဇင်ဘာ ၂ ရက်မှ စတင်ကာ
သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် အသီးသီးတွင်
ဖွင့်လှစ်မည်ဖြစ်သည်။
MOI Webportal Myanmar