Pages

Thursday, November 14, 2013

ကျောက်ဖြူ အိုအိုင်စီ ကန့်ကွက် ဆန္ဒပြပွဲ နိုဝင်္ဘာ ၁၆ ရက်နေ့တွင် ခွင့်ပြု



ကျောက်ဖြူမြို့တွင် အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့အား ကန့်ကွက် ဆန္ဒပြပွဲကို သက်ဆိုင်ရာ မြို့နယ် ရဲစခန်းမှ နိုဝင်္ဘာလ ၁၆ ရက်နေ့တွင်သာ ပြုလုပ်ရန် ခွင့်ပြုချက် ပေးလိုက်သည်ဟု သတင်း ရရှိသည်။

တင်ပြတောင်းခံသည်မှာ နိုဝင်္ဘာလ ၁၅ ရက်နေ့တွင် ဖြစ်သော်လည်း သတ်မှတ်ထားသော စည်းကမ်းနှင့် မကိုက်ညီဟု ဆိုကာ နိုဝင်္ဘာလ ၁၆ ရက်နေ့ကိုသာ သတ်မှတ်ပေးလိုက်သည်ဟု ကျောက်ဖြူ ဒေသခံ လူကြီး တစ်ဦးက ပြောသည်။

“ ဒီလို ဆန္ဒပြခွင့်ကို ၅ ရက်ကြိုတင်ပြီး တင်ရတယ်လို့ ပြောပါတယ်။ ၁၅ ရက်နေ့ကို ပေးဖို့အတွက် လျှောက်လွှာတင်တာ  ၅ ရက် မပြည့်တာကြောင့် နိုဝင်္ဘာ ၁၆ ရက်နေ့မှာဘဲ ပြခွင့်ပြုပါတယ်” ဟု ယင်းက ဆိုသည်။

နိုဝင်္ဘာလ ၁၆ ရက်နေ့တွင် ခွင့်ပြုသော်လည်း အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့အား ကန့်ကွက် ဆန္ဒပြပွဲကို ပြုလုပ်သွားမည်ဟု ၎င်းက ပြောဆိုသွားသည်။
(နိရဉ္စရာ- ၁၄ နိုဝင်္ဘာ ၂၀၁၄)