Pages

Monday, November 4, 2013

နိုဝင်ဘာ ၃ ရက်မှာ နန်းခင်ဇေယျာ ဇာတ်ကားစရိုက်ပြီ

 
အလှမယ် နန်းခင်ဇေယျာက အောက်တိုဘာလ ၂၆ရက်မှ ၂၉ရက်အထိ စင်ကာပူနိုင်ငံကို Mac Coffee  ရဲ့ Brand Ambassador  အဖြစ် အလည်အပတ် သွားရောက် ခဲ့ပါတယ်။ ၃ရက်ကြာ စင်ကာပူခရီး စဉ်မှာ တော့  MacCoffee အဖွဲ့သားများနဲ့အတူ စင်ကာပူနိုင်ငံကို လေ့လာခဲ့ကြပါတယ်။
   ”သူတို့နိုင်ငံရဲ့ ယဉ်ကျေးမှုတွေ ကိုလည်း လေ့လာတယ်။ ပြီးတော့ MacCoffee ရဲ့ Customer  တွေနဲ့ လည်း တွေ့ဆုံတယ်။ တခြားတော့ ဘာမှမလုပ်ခဲ့ပါဘူး။ အဲဒီ ရက်မှာပဲ မြန်မာပြည်ကမင်းသားတွေရဲ့  Actor Star  အသင်းကလည်း စင်ကာပူမှာ ဘောလုံးပွဲရှိတော့ သူတို့နဲ့လည်းတွေ့ခဲ့ပြီး  ၂၉ ရက်နေ့မှာ ပြန် ရောက်ပါတယ်” လို့ပြောတဲ့ နန်းခင်ဇေယျာက နိုဝင်ဘာ ၃ ရက်နေ့မှာတော့ ခန့်စည်သူနဲ့အတူ ဇာတ်ကားစတင်ရိုက်ကူးတော့မှာ ဖြစ်ကြောင်း လည်း သိရပါ တယ်။
သတင်းနှင့်ဓာတ်ပုံ -ပေါ်ပြူလာ