၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထားရယူရေးအတွက် NLD
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူထုဟောပြောပွဲကို နေပြည်တော်မှာ
ဇမ္ဗူသီရိမြို့နယ် လက်ပံခါးလှကျေးရွာမှာ ဒီကနေ့ မနက်ပိုင်းက
ပြုလုပ်ခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက် မိန့်ခွန်းထဲက တချို့ကို RFA
သတင်းထောက် ကိုမျိုးဇော်ကိုက ကောက်နှုတ်တင်ပြထားပါတယ်။