Pages

Thursday, November 28, 2013

အလွန်အကျွံအမျိုးသားရေးဝါဒ သတိထားဖို့ NLD ပါတီ အမျိုးသားအောင်ပွဲနေ့တွင် သတိပေး (ရုပ်/သံ)


တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်တဲ့ မြန်မာပြည်မှာ သဘောထားကြီးတဲ့ နိုင်ငံရေးအမြင်၊ အမျိုးသားအရေးအမြင်လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလို ဒီမိုကရေစီရေးအတွက် ထောင်ချောက်တွေကို သတိထားဖို့ NLD ပါတီက အမျိုးသားနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာကျင်းပတဲ့ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားမှာ အလွန်အကျွံ အမျိုးသားရေးဝါဒကို သတိထားဖို့လိုတယ်လို့ ဆိုပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ အာဏာရှင်ပယောဂ ပျောက်ပျက်အောင် မလုပ်နိုင်ရန် အနာဂတ်သစ်ကို သွားနိုင်မှာမဟုတ်တဲ့အကြောင်း၊ လက်ရှိ မြန်မာပြည်ရဲ့ အမျိုးသားရေးကြွေးကြော်သံဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဖြစ်တယ်လို့ ပါတီရဲ့ ၉၃နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကြေညာချက်မှာ ဆိုပါတယ်။

ပါတီနာယက ဦးတင်ဦးက မြန်မာ့တပ်မတော်ကို အများကလေးစားကြည်ညို ယုံကြည်ပြီး စွမ်းရည်ထက်မြက်တဲ့ တပ်မတော်မျိုးဖြစ်စေချင်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ၂ဝ၁၅ ရွေးကောက်ပွဲ တရားမျှတမှုရှိဖို့ အရေးတကြီး ဖြေရှင်းရမယ့်ကိစ္စလို့ ဆိုပါတယ်။

အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် စာရေးဆရာ နုနုရည်(အင်းဝ)နဲ့ ကာတွန်းဆရာ အော်ပီကျယ်တို့က စာပေဟောပြောပွဲကျင်းပခဲ့ပါတယ်။



Kamayut Media