Pages

Tuesday, November 12, 2013

Post title

 
ပြီးခဲ့တဲ့ ရက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို ၀င်မွှေခဲ့တဲ့ ဟိုင်ယမ် မုန်တိုင်းကြောင့် လူပေါင်း ၁ သောင်းကျော်သေဆုံးခဲ့ရသလို လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေကြချိန်မှာပဲ ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်းမှာ နောက်ထပ် မုန်တိုင်း တခု ဒီကနေ့ နှောင်းပိုင်းမှာ ၀င်ရောက်ဖို့ ရှိတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြပါတယ်။

ဟိုင်ယမ် မုန်တိုင်းလောက် အင်အားမရှိပေမယ့် အင်အားအသင့်အတင့်ရှိတဲ့ ဒီမုန်တိုင်းကြောင့် လေပြင်းတွေတိုက်ခတ်နိုင်သလို မိုးသည်းထန်ဖို့လည်း ရှိနေတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိခိုက်နိုင်ပါတယ်။

ဖိလစ်ပိုင်သမ္မတ Benigno Aquino က ဘေးဒုက္ခဆိုက်ရောက်မှု အရေးပေါ်အခြေအနေ ကြေငြာထားပါတယ်။

ရုတ်တရက် ကုန်ဈေးနှုန်းတက်လာမှာကို ထိန်းချုပ်မှု အပြင် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် နိုင်ငံတော် ဘဏ္ဍာကို အသုံးပြုဖို့အတွက်ကိုပါ အခုကြေငြာမှုက အကြုံးဝင်စေမှာ ဖြစ်ပါတယ်။

လူပေါင်းများစွာဟာ အစာရေစာ ပြတ်လတ်ပြီး သောက်သုံးရေသန့် ရရှိဖို့ အခက်အခဲကြောင့် လုယက်မှုတွေလည်း ရှိနေပါတယ်။

လုယက်မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် Tacloban လို ဒေသတွေမှာ စစ်တပ်က စောင့်ကြပ်မှုတွေလုပ်ဆောင်နေကြပါတယ်။

ABC Radio Australia