Pages

Friday, November 29, 2013

“World AIDS Day 2013” အထိမ်းအမှတ် လမ်းလျှောက်ပွဲနန်းခင်ဇေယျာ ၀င်နွဲမည်



မင်္ဂလာပါရှင်။

၂၀၁၃ ဒီဇင်ဘာလ (၁)ရက်နေ့မှာကျရောက်မယ့် “World AIDS Day 2013” အထိမ်းအမှတ် လမ်း
လျှောက်ပွဲ ကို နက်ဖြန် (၃၀.၁၁.၂၀၁၃) နံနက် (၆)နာရီမှာ ကန်တော်ကြီးကန်ပတ်လမ်းမှာ ပြုလုပ်မှာဖြစ်ပါ တယ်။

ဒီလမ်းလျှောက်ပွဲမှာ NGO အဖွဲ့များမှ အဖွဲ့ဝင်များ၊ AIDS ဝေဒနာရှင်များ နှင့် အတူ နန်းခင် တို့လည်း ပါဝင်လမ်းလျှောက်ကြမှာဖြစ်ပါတယ်။ HIV ပိုးကူးစက်ခံထားရပြီး AIDS ဝေဒနာခံစားနေရသောသူများကို လူ့အသိုင်းအဝိုင်းမှ ဖယ်ကြဉ်မထားပဲ လက်တွဲခေါ်ယူ ဖေးမသင့်ပါတယ်။

သူတို့ရဲ့ စိတ်ထဲမှာ ဒီရောဂါကူးစက်ခံထားရတယ်ဆိုတာကို မေ့လျော့စေပြီး လူ့ဘောင်ကောင်းကျိုး သယ်ပိုးနိုင်သောလူတွေအဖြစ် အားမာန်အပြည့်ဖြင့် အသက်ရှင်သန်ရပ်တည်သွားစေချင်ပါတယ်။

သူတို့တွေ စိတ်ဓာတ်ခွန်အားတွေရစေဖို့အတွက် နန်းခင် တို့တွေ တတ်စွမ်းတဲ့ဘက်က ပူးပေါင်းပါဝင်
ဆောင် ရွက်ကြရအောင်နော်။

ဒါကြောင့် “World AIDS Day 2013” လမ်းလျှောက်ပွဲမှာ နန်းခင် ကိုယ်တိုင် သူတို့တွေနဲ့ အတူပါဝင် လမ်းလျှောက်ပါမယ်။ ဝေဒနာရှင်များကို ဖေးမကူညီလက်တွဲလို့ အားအင်တွေပေးကြပါစို့နော်။

“ညချမ်းချိန်ခါမှာ နှစ်ခြိုက်စွာ အိပ်စက်အနားယူနိုင်ကြပါစေ” လို့ ဆုတောင်းရင်း နှုတ်ဆက်ပါတယ်။

 နန်းခင်ဇေယျာ