Pages

Sunday, December 22, 2013

သုံးဘီးဆိုက်ကယ် ကို ဆတ်က၀င်တိုက် လူတဦးသေဆုံး



 ထားဝယ် ၂၀-၁၂-၂၀၁၃
မနေ့က ထားဝယ်မှာ တောအုပ်ထဲမှာ ညွှတ်ကွင်းမိနေခဲ့ရာက လွတ်လာတဲ့ ဆတ် တ ကောင်က မောင်းမကန် ပင်လယ်ကမ်းခြေလမ်း တောရှည်ကျေးရွာတွင် မောင်းလာတဲ့ ၃ ဘီးဆိုင်ကယ်ကို တိုက်မိခဲ့ရာ ဆတ် လည်း နေရာမှာ ပွဲချင်းပြီး သေဆုံးသလို ဆိုင်ကယ်လည်းမှောက်သွားပြီး။ အမျိုးသားတဦးလည်း ဆေးရုံအရောက် သေဆုံး သွားခဲ့ရပါတယ်။ 

ကံကောင်းပြီး ညွှတ်ကွင်းက လွတ်မြောက်ပေမယ့် ဆတ် ဟာ သေဆုံးသွားရသလို ကိုသန့်ဇော်ထွန်း မောင်းနှင် တဲ့ ၃ ဘီး ဆိုင်ကယ် ၅ဟ/၈၁၅၀၂ ပေါ်မှာ လိုက်ပါလာသူ အသက် ၃၉ နှစ် ရှိ ကိုထွန်းထွန်းနိုင်ဆိုသူဟာ ဒီကနေ့ နံနက်ပိုင်းက ထားဝယ်အထွေထွေ ရောဂါကု ဆေးရုံကြီးမှာ ဦးခေါင်း ဒဏ်ရာနဲ့ ကွယ်လွန်သွားတယ် လို့ 
ပြန်ကြားရေး ဝန်ကြီးဌာနစာမျက်နှာမှာ ရေးထားပါတယ်။