Pages

Sunday, December 8, 2013

ကင်ဂျုံအန်၏ ဦးလေး တောင်ကိုရီးယားတွင် ခိုလှုံခွင့်တောင်း

 
ပြုံယမ်း ၊ ဒီဇင်ဘာ ၆ ။ ။
 မြောက် ကိုရီးယား ၏ခေါင်းဆောင် ကင် ဂျုံအန်၏ ဦးလေးတော်စပ်သူ ချန် ဆောင်တက်သည် ရာထူးမှထုတ် ပယ်ခံရပြီး ထွက်ပြေးတိမ်းရှောင် နေရာမှ ယခုအခါတွင် တောင် ကိုရီးယား နိုင်ငံ၌ နိုင်ငံရေးခိုလှုံ ခွင့်ရရှိရန် စောင့်ဆိုင်းနေ သည် ဟု သိရသည်။ ပြုံယမ်းမှ လွန်ခဲ့သောနှစ် လခန့်က ထွက်ပြေးလွတ်မြောက် ခဲ့သော ချန်ဆောင်တက်သည် ယခုအခါ တရုတ်၌ တောင်ကိုရီး ယားထောက်လှမ်းရေးအေး ဂျင့် များ၏ အကာအကွယ်အစောင့် အရှောက်ဖြင့် ရှိနေပြီး ဆိုးလ်မြို့ သို့သွားရောက်မည့် လေယာဉ် ခရီးစဉ် ကို စောင့်ဆိုင်းနေသည် ဟု သိရသည်။

တောင်ကိုရီးယားသတင်း မီဒီယာများ၏ ဖော်ပြချက်အရ ချန်ဆောင်တက်သည် ကင်ဂျုံ အန်မိသားစုနှင့် ပတ်သက်သော လျှို့ဝှက်သတင်းအချက်အလက် များကို သိရှိထားဖွယ်ရှိသည်ဟု သိရပြီး တောင်ကိုရီးယားထောက် လှမ်းရေးအေဂျင်စီနှင့် တောင် မြောက်ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနသည် သတင်းမီဒီယာ များ၏ဖော်ပြချက်များကို အတည် ပြုခြင်းမရှိခဲ့ဟု သိရသည်။ တောင်ကိုရီးယားအမျိုး သားထောက်လှမ်းရေးအေဂျင်စီ (ြှု)က ပါလီမန်လွှတ်တော်ကော် မတီသို့ အင်္ဂါနေ့က ပြောကြား ခဲ့ရာတွင် ချန်ဆောင်တက်သည် အမှန်တကယ်ရာထူးမှ ထုတ်ပယ် ခံရခြင်းဖြစ်ပြီး ကျန်ရှိသောသက် ဆိုင်သူနှစ်ဦးမှာလည်း သေဒဏ် စီရင်ခံခဲ့ရသည်။

Ref: AFP
Yangon Media Group