Pages

Friday, December 20, 2013

ခင်ပွန်းဖြစ်သူက အလိုမတူဘဲ သားမယားပြုကျင့်ဟု လက်ထပ်ပြီးခါစ ဇနီးသည်က ရဲစခန်းတွင် အမှုဖွင့်

ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ။ ။
လက်ထပ် ပြီးခါစဇနီးသည်က ယောက်ျားဖြစ်သူအား အလို မတူဘဲ သားမယားအဖြစ်ပြု ကျင့်သည်ဟုဆိုကာ ကမာရွတ် မြို့နယ်တွင် တိုင်တန်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းအရ သိရ သည်။

အမျိုးသမီးမှာ ခင်ပွန်း ဖြစ်သူနှင့် ဒီဇင်ဘာ ၅ရက်တွင် လက်ထပ်ခဲ့သူဖြစ်ပြီး ဇနီးဖြစ် သူ၏မိဘများ သဘောမတူ သည်ကို မကျေမနပ်ဖြစ်ကာ ခင်ပွန်းဖြစ်သူမှ အရက်ပုလင်း နှင့် ရိုက်နှက်ခြင်း၊ အခန်းတံခါး သော့ ပိတ်ထားပြီး အပြင် သို့ အော် ဟစ် အကူအညီ တောင်းခံပါက မီးဖိုချောင်မှ ဓားဖြင့်ထိုးသတ် မည်ဟု ခြိမ်းခြောက်ခြင်းများပြု ကာ ဒီဇင်ဘာ ၈ရက်မှ ၁၄ရက် အထိ အလိုမတူဘဲ သားမယား ပြုကျင့်ခဲ့သည့်အတွက် ဒီဇင် ဘာ ၁၈ရက်တွင် ကမာရွတ်ရဲ စခန်း၌ တိုင်ချက် ဖွင့်ခဲ့ ကြောင်း သိရသည်။

တိုင်ချက်ဖွင့်ခဲ့သူ အသက် ၂ရနှစ်အရွယ် အမျိုးသမီးမှာ ဒီဇင်ဘာ ၃ရက်က ရည်းစား ဖြစ်သူနှင့်ချိန်းဆိုစဉ် ရည်းစား ဖြစ်သူမှ ခိုးရာလိုက်ရန်ပြော ကြောင်း၊ ကားအားရပ်တန့်ရန် ပြောဆို၍မရခဲ့သဖြင့် ချောင်း သာသို့ ခိုးရာလိုက်ပြေးခဲ့ ကြောင်း၊ ယင်းနောက် ရန်ကုန် သို့ထွက်ခွာခဲ့ပြီး ဗိုလ်တထောင် တရားရုံး၌ နှစ်ဦးသဘောတူ လက်ထပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ခင်ပွန်းဖြစ် သူမိခင်၏စီစဉ်ပေးမှုဖြင့် ကမာ ရွတ် (၄)ရပ်ကွက် သင်္ဘောကျင်း တွင် တိုက်ခန်းငှားရမ်းနေထိုင် ခဲ့ပြီး မိခင်ဖြစ်သူ ပြန်သွားပြီး နောက် ခင်ပွန်းဖြစ်သူ၏ခြိမ်း ခြောက်ရိုက်နှက်မှုများခံရပြီး ဒီဇင်ဘာ ၁၅ရက်တွင် ခင်ပွန်း ဖြစ်သူ အိပ်ပျော်နေစဉ် ထွက်ပြေး ၍ ဒေါပုံမြို့နယ်ရှိ အဒေါ်ဖြစ်သူ နေအိမ်သို့ ထွက်ပြေးခဲ့သည်။

တိုင်တန်းသူ အမျိုးသမီး မှာ အသက် ၂ရနှစ်အရွယ်ရှိပြီး အသုတ်မြို့ ဗိုလ်မင်းရောင်ရပ် ကွက်တွင်နေထိုင်သူဖြစ်ပြီး ခင် ပွန်းဖြစ်သူမှာ အသက်၂၃နှစ် ရှိကြောင်း သိရသည်။ ယင်းတိုင်တန်းမှုနှင့်ပတ် သက်ပြီး ကမာရွတ်မြို့နယ်ရဲစ ခန်းမှ (ပ)၅၃၅/၁၃၊ ပြစ်မှုပုဒ်မ ၃၇၆/၃၄၃/၃၂၃/၅၀၆ ဖြင့် ဒီဇင်ဘာ ၁၈ရက်တွင် အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

သော်ဇင်ထက်

Yangon Media Group