Pages

Friday, December 20, 2013

ဗိုဗီနမ် ဖွင့်ပွဲနေ့တွင် မြန်မာအမျိုးသမီးအသင်းက ရွှေတံဆိပ်သုံးခုရရှိ


နေပြည်တော် ဒီဇင်ဘာ ၁၉
ပရိသတ်သုံးထောင်ဆံ့ ဇေယျာသီရိအားကစားရုံ(အေ)တွင် ဗိုဗီနမ် (ဗီယက်နမ်ရိုးရာ ကိုယ်ခံပညာ)
 သိုင်း ပြိုင်ပွဲ များကိုဒီဇင်ဘာ၁၉ရက်နေ့နံနက်၉နာရီကစတင်ကျင်းပခဲ့ရာအဖွင့်ပွဲစဉ်နေ့
တွင်မြန်မာအမျိုးသမီးအသင်းက ရွှေတံဆိပ် သုံးခုသိမ်းပိုက်နိုင်ခဲ့သည်။

ယင်းဆုများကို အမျိုးသမီးနှစ်ယောက်တွဲ အပြပြိုင်ပွဲတွင် ပပယင်းနှင့်ခြူးသင်ဇာစိုးတို့က ရမှတ် ၂၇ဝဖြင့် ရရှိခဲ့ ခြင်းဖြစ်ပြီးဗီယက်နမ်အသင်းက ရမှတ် ၂၆၅မှတ်ဖြင့်ငွေတံဆိပ်နှင့် လာအိုအသင်းက ရမှတ် ၂၅မှတ်ဖြင့် ကြေးတံဆိပ်ရရှိခဲ့ကြပြီး

 အမျိုးသမီး တစ်ကိုယ်တော် အပြပြိုင်ပွဲတွင် နှင်းသီတာကရမှတ် ၂၆၉မှတ်ဖြင့် ပထမရွှေတံဆိပ်၊ ဗီယက်နမ်ကစားသမားကရမှတ် ၂၆၆ဖြင့် ငွေတံဆိပ်နှင့်အင်ဒိုနီးရှားကစားသမားက ၂၆၂မှတ်ဖြင့် ကြေးတံဆိပ် ဆုများရရှိခဲ့ကြသည်။

The Voice