Pages

Monday, December 9, 2013

ထားဝယ်မြို့မှာ ပန်းရဲ့လမ်းဖျော်ဖြေမှု ပထမရက် ၂၇ သိန်းကျော်ရရှိ


ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)

၈-၁၂-၂၀၁၃ (ထားဝယ်)
အနာဂတ်အလင်းရောင်ဘ၀တူကူညီစောင့်ရှောက်ရေးရန်ပုံငွေအတွက်
လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ယက်အဖွဲ့က ထားဝယ်မြို့တွင် ဖျော်ဖြေလျက်ရှိရာ
ယနေ့ပထမရက်ဖျော်ဖြေမှုများပြီးဆုံးချိန်အထိ အလှူငွေ ကျပ် ၂၇ သိန်းကျော်နှင့်ထိုင်းဘတ်
ငွေ ၇၀၀ လက်ခံရရှိထားကြောင်း ဖျော်ဖြေပွဲဖြစ်မြောက်ရေးအဖွဲ့ထံမှသိရသည်။
ယနေ့ဖျော်ဖြေခဲ့သည့် သဟာယလက်ဖက်ရည်ဆိုင်ဖျော်ဖြေပွဲ၌ ငွေကျပ် ၁၄၈၁၂၀၀ ကျပ် ၊သောကြာပြင် ဦးစံလင်းရေဆေးခုံဖျော်ဖြေပွဲ၌ ငွေကျပ် ၅၆၆၅၀၀ ကျပ် ၊သိန်း
သန်းစံလက်ဖက်ရည်ဆိုင်ဖျော်ဖြေပွဲ၌ ငွေကျပ် ၆၅၄၀၀၀ ကျပ်နှင့်ထိုင်းဘတ်ငွေ ၇၀၀
အသီးသီးအလှူခံရရှိကြောင်းသိရသည်။

ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)