Pages

Friday, December 13, 2013

ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ညီလာခံ ၂၀၁၄ သို့ ရွှေ့ဆိုင်း

ကရင်အမျိုးသား အစည်းအရုံး KNU ဌာနချုပ်၌ ကျင်းပမည့် ဒုတိယအကြိမ် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းများ ညီလာခံကို ၂၀၁၄ ဇန္နဝါရီ လလယ်ပိုင်းသို့ ရွှေ့ဆိုင်းလိုက်ကြောင်း သိရှိ ရသည်။

“ချင်းမိုင်အစည်းအဝေးတုန်းက NCCT က ‘ဆွေးနွေးရေးမူကြမ်း’ကို ရေးဆွဲပြီး အဖွဲ့တိုင်းကို ပို့ပေး တယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး feedback ပို့လာပေးဖို့ ပြောထားတယ်။ ၁၀ ရက် နေ့အထိအဖွဲ့ တိုင်းရဲ့ feedback ကမရောက်လာသေးဘူး။ ဒါကလည်း ရက်ရွှေ့လိုက်ရတဲ့ အကြောင်း ရင်းတရပ် ဖြစ်တယ်” ဟု KNU အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်း က သျှမ်းသံတော်ဆင့်အား ပြောပါသည်။
လိုင်ဇာတွင်ကျင်းပသော ပထမ အကြိမ်ဆွေးနွေးပွဲ (ဓါတ်ပုံ - KIA)

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ Nationwide Ceasefire Coordination Team (NCCT) က နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်နေ့ထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပ သည့် အစည်းအဝေး၌ ‘ဆွေးနွေးရေးမူကြမ်း’ ကို ရေးဆွဲခဲ့သည်ဟု ဆို၏။

ကရင်ပြည်နယ် ဘားအံမြို့၌ အစိုးရအဖွဲ့နှင့် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေး ရန် မတိုင်မှီ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်တီ UPWC နှင့် ဦးစွာညှိနှိုင်း ရဦးမည်ဖြစ်ကြောင်း ပဒိုကွယ်ထူးဝင်းက ဆက်ပြောသည်။

“အခု ဆီးဂိမ်းအားကစားပွဲ ကျင်းပနေတယ်။ ခရစ္စမတ်ပွဲတော် နီးလာသလို နှစ်သစ်လည်း ရောက် တော့မယ်။ အားလုံး အလုပ်ရှုပ်နေတဲ့ အချိန်ဖြစ်တယ်။ ဒါကြောင့် ညီလာခံဖြစ်မြောက်ရေး ကော် မတီက ၂၀၁၄ ဇန္နဝါရီ လ ၅ ရက်ကနေ ၁၅ ရက်အတွင်းမှာ ကျင်းပမယ်လို့ အကြောင်းကြား လာ တယ်။”

ပထမအကြိမ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ညီလာခံကို ကချင်လွတ်မြောက်ရေး တပ်မ တော် KIA ဌာနချုပ်တည်ရှိရာ ကချင်ပြည် လိုင်ဇာမြို့၌ အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာ ၂ ရက်နေ့ အထိ ကျင်းပခဲ့သည်။ ဒုတိယအကြိမ် ညီလာခံကို KNU နယ်မြေ၌ ကျင်းပရန်သဘော တူညီခဲ့ကြသည်။ KNU ဘက်မှလည်း ညီလာခံကို ဒီဇင်ဘာ ၁၈ ရက်မှ ၂၀ ရက်နေ့ထိ ဌာနချုပ် တည်ရှိရာ ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ်၌ ကျင်းပရန် စီစဉ်ခဲ့သည်။
သျှမ်းသံတော်ဆင့်