Pages

Tuesday, December 10, 2013

ဂျပန်အနုပညာ အသိုင်းအဝိုင်းအတွင်း လူသိများ လာနေတဲ့ သရုပ်ဆောင် Kuro Miya Niina ခေါ် မနှင်းအေးနန္ဒာရဲ့ ရုပ်သံဇာတ်လမ်း မိတ်ဆက်ပွဲ

 
 (၈)ရက် ဒီဇင်ဘာ တနင်္ဂနွေနေ့က ယနေ့ ဂျပန်ရုပ်သံနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံသူ 黒宮ニイナ (Kuro Miya Niina) မြန်မာနာမည် ရင်းကတော့ မနှင်းအေးနန္ဒာရဲ့ Hikari Furu Michi (光ふる路)၃၃မိနစ်စာ ရုပ်သံဇာတ်လမ်းတို မိတ်ဆက်ပွဲအား တက်ရောက်ခွင့် ရခဲ့သည်။

ဂျပန်လူမျိုးအများစု တက်ရောက်တဲ့ အဆိုပါ မိတ်ဆက်ပွဲ အခမ်းအနားအတွင်း မြန်မာပြည်၏ ရှုခင်းများအား လှပသည့် ရိုက်ကွက်များဖြင့် မိတ်ဆက် ပြသခဲ့ပြီး မြန်မာ့ရိုးရာ အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်..။ Niina San ပိုင်နိုင်စွာ သရုပ်ဖော်ပြသခဲ့သည့် ၃၃မိနစ်စာ Hikari Furu Michi (光ふる路)ဇာတ်လမ်းတိုအား မိတ်ဆက်ပြသခဲ့သည်..။

လျှပ်တပြက် ပြောင်းလဲလာနေသော မြန်မာပြည်၏ လတ်တလော အခြေအနေများအတွင်း ဂျပန်လူမျိုးများကြား Myanmar Boom ဟုခေါ်ဆိုကာ ဂျပန်ပြည်သူများ စိတ်ဝင်စားလျှက် ရှိသည်..။

ထိုသို့သော Myanmar Boom အချိန်အခါအတွင်း ဂျပန်ရုပ်သံများနှင့် ဂျပန်ဇာတ်လမ်များအတွင်း Niina San ဆိုသည့် မြန်မာ သရုပ်ဆောင်တဦး ပေါ်ထွက်လာခဲ့သည်မှာ ဂုဏ်ယူစရာပင်ဖြစ်သည်..။
၁၁နှစ်သမီးအရွယ်ကပင် ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့သည့် Niina San အနေဖြင့် ယခုအချိန်တွင် ဂျပန်အနုပညာ အသိုင်းအဝန်းကြားနှင့် ရုပ်သံဇာတ်လမ်းတွဲများ အတွင်း တစစ လူသိများလာလျှက်ရှိသည်..။

နိုင်ငံတကာသို့ ဖြန့်ကျက် ရောက်ရှိသွားသော မြန်မာလူမျိုးများအတွင်း ယခုကဲ့သို့ ချဉ်းနင်းဝင်ရောက်ရန် ခက်ခဲလှသည့် ဂျပန် အနုပညာ အသိုင်းအဝန်းတွင်း ထိုးဖောက် ဝင်ရောက်နိုင်ခဲ့သည်မှာ မြန်မာလူမျိုးများနှင့် နိုင်ငံအတွက် ဂုဏ်ယူစရာပင် ဖြစ်တော့သည်..။

ဓာတ်ပုံ၊ သတင်း ဒီမိုဝေယံ

Hikari Furu Michi ရုပ်သံအား မကြာမှီ ယူကျုမှာ ဖော်ပြပေးပါမည်..။

အဆိုပါနေ့က Miss Myanmar ဂုဏ်ရည်အေးကျော် ထောက်ခံအားပေးသူများမှလည်း ဂျပန်လူမျိုးများအား ဂျပန်နိုင်ငံမှာ Miss International 2013အတွက် လာရောက် ယှဉ်ပြိုင် နေတဲ့ ဂုဏ်ရည်အေးကျော်အတွက် ဂျပန်လူမျိုးများအား မိတ်ဆက်စကား ပြောဆိုခဲ့သည်..။
















သတင်းနှင့်ဓာတ်ပုံ-Wai Yan De Mo (Facebook) မှ တိုက်ရိုက်ကူးယူဖော်ပြသည်။