Pages

Sunday, December 8, 2013

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း MADI အား စောင့်ကြည့်ရန်လို

 Severe Cyclonic Storm MADI: Probability of tropical storm winds to 24 hours lead 
Storm Tracker Map
Photo-TSR

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော (06B) မုန်တိုင်းငယ်အား ဒီဇင်ဘာ ၇ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ၎င်းမုန်တိုင်းငယ် (06B) အား အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း (MADI) အဖြစ် အမည်သတ်မှတ်ပေးလိုက်ပြီဖြစ်သည်။
၎င်းင်းမုန်တိုင်းသည် ခန့်မှန်းချက်များအရ ဒီဇင်ဘာ ၉ ရက် မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ဗဟိုလေတိုက်နှုန်း ၇၀ knots (၈၀ မိုင်နှုန်းခန့်)ထိ မြင့်မားလာပြီး မြောက်၊ အရှေ့မြောက်ဘက်သို့ စတင် ချိုးကွေ့မည်ဟု mmweather.com တွင် ဖော်ပြသတိပေး ထားသည်။
" ဒီဇင်ဘာ ၆ ရက် ည ၉ နာရီခွဲအချိန် တိုင်းထွာချက်အရ မုန်တိုင်းက အိန္ဒိယနိုင်ငံကို Chennai မြို့ရဲ့အရှေ့တောင်ဘက် ၃၁၅ မိုင်အကွာမှာ ဗဟိုပြုနေပါတယ်။ မုန်တိုင်းရဲ့ လက်ရှိအခြေအနေက နောက် ၄၈ နာရီအတွင်း အိန္ဒိယနိုင်ငံအလယ်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားများရပ်ဝန်းကို တိုးဝင်နေရတဲ့အတွက် မုန်တိုင်းကိုထိန်းချုပ်နိုင်တဲ့ ဦးတည်ရာ လမ်းကြောင်းပျောက်နေတာရယ်၊ ပြီးတော့ အေးတဲ့ရေမျက်နှာပြင်ကို တိုးဝင်နေရတဲ့အတွက် မုန်တိုင်းက အားလျော့လာနိုင်တဲ့အတွက်ကြောင့် မုန်တိုင်းက နောက် ၄၈ နာရီအတွင်း မြောက်ဘက်ကို ဦးတည် ရွေ့လျားမှာဖြစ်တယ်။ အခုထိမြန်မာနိုင်ငံကို သက်ရောက်နိုင်မှု မရှိသေးပေမယ့် နောက်ပိုင်းပြောင်းလဲနိုင်တဲ့ အခြေအနေတွေရှိတဲ့အတွက် မုန်တိုင်းသတင်းတွေကို အမြဲစောင့်ကြည့်နေဖို့ လိုတယ် " ဟု ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။
   Eleven Media Group