Pages

Saturday, January 26, 2013

ကချင်အရေး ကြားလူက တဆင့် ဆွေးနွေးဖို့ NLD အဆိုပြု

 
မြန်မာနိုင်ငံ မြောက်ပိုင်း ကချင် ပြည်နယ်တွင်းမှာ ကြီးထွားလာနေတဲ့ ပဋိပက္ခတွေ အဆုံးသတ် စေရေး လွှတ်တော်တွင်း ဒုတိယနေ့ အဖြစ်ဆွေးနွေးရာမှာ တိုင်းရင်းသားတွေ အပါအ၀င် အရပ်ဖက် ကိုယ်စားလှယ်တွေ က သီးခြားလွတ်လပ်တဲ့ လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်း တခုကနေ ကြားဝင်စေ့စပ်ဖို့ တိုက်တွန်းခဲ့ပေမဲ့ စစ်တပ်ကိုယ်စားလှယ် တွေကတော့ ကချင်လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုတွေကို အရင်ရပ်ဖို့ လိုတယ်လို့ ပြောဆိုခဲ့ကြပါတယ်။ ဒီလို ဆွေးနွေးမှုအပေါ်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဖက်က ဘယ်လို သဘောထားရှိနေပါသလဲ။ ဒီသတင်းကိုတော့ ဗီအိုအေ မြန်မာပိုင်းအစီအစဉ်ရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြမှာဖြစ်ပါတယ်။

ဒီကနေ့ ဆက်လက်ကျင်းပနေတဲ့ ပထမအကြိမ် အမျိုးသား လွှတ်တော် ဆဌမ ပုံမှန် အစည်းအဝေးမှာ မနေ့ကတင်သွင်းခဲ့တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ နှစ်ဦးနှစ်ဘက် ယုံကြည်မှု ရရှိမယ့်  ခိုင်မာတဲ့ အခြေခံမူတွေ ချမှတ်ပေးရေးအဆိုကို အမျိုးသား လွှတ်တော်မှာ ဆက်လက်ဆွေးနွေးနေပါတယ်။

ဒီလိုဆွေးနွေးရာမှာ ပါဝင်ဆွေးနွေးတဲ့လွှတ်တော်ကိုယ်စားလှယ်တွေက တွေ့ဆုံဆွေးနွေး အဖြေရှာရေး ဆိုတာကို အလေးထားတင်ပြ ဆွေးနွေးခဲ့ကြသလို သီးခြားလွတ်လပ်တဲ့ လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းတခုကနေ ကြားဝင်စေ့စပ်ဖို့ အဆိုကိုလည်း တင်ပြဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။

"အမြင်မတူတဲ့ဘက်နှစ်ဘက် ကိုယ့်အမြင်နဲ့ကိုယ်တော့ မှန်တယ်လို့ ထင်ကြတာပဲ
ဖြစ်ပါတယ်။ တစ်ချို့ ဖြစ်ရပ်တွေဟာ တစ်ခါတစ်လေမှာ သက်ဆိုင်သူတွေနဲ့
တိုက်ရိုက်ဆွေးနွေး ဖြေရှင်းလိုက်လို့ အောင်မြင်သွားတာရှိနိုင်တာပဲ။
ပြင်းထန်တဲ့ အမြင်ကွဲလွဲမှုရှိတဲ့အခါတွေမှာကျတော့ တိုက်ရိုက်တွေ့ဆုံဖို့
အဆင်မပြေတာတွေ ရှိပါတယ်။ အဲဒီအခါ ကြားဝင်ဆောင်ရွက်ပေးကြရတာ လိုအပ်လာတာ
တွေ့ရပါတယ်"

ဒါကတော့ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်၎က ဦးအောင်ကြည်ညွှန့် ဆွေးနွေး တာဖြစ်ပါတယ်။ဒီလို ကြားဝင်ဆောင်ရွက်မယ့် လူ သို့မဟုတ် အဖွဲ့အစည်းနဲ့ပတ်သက်လို့လည်း သူက အခုလို ဆက်ဆွေးနွေးပါတယ်။

"ဘယ်လိုအောင်မြင်အောင် ကြားဝင်ဆောင်ရွက်ပေးမဲ့ ပုဂ္ဂိုလ် ဒါမှမဟုတ်
အဖွဲ့အစည်းတခုဟာ နံပါတ်တစ်က နှစ်ဘက်က လေးစားရေး အရေးကြီးပါတယ်။
နံပါတ်နှစ်ကတော့ နှစ်ဘက်ရဲ့ဩဇာလွှမ်းမိုးမှုကင်းကြောင်း သံသယဖြစ်ဖွယ်မရှိသူ
ကြားနေသူဖြစ်ရပါမယ်။ နံပါတ်သုံးက နှစ်ဘက်လုံးရဲ့ စိုးရိမ်သောကတွေကို
မျှတစွာ အလေးအနက် ထားပြီးတော့ ကြားနာနိုင်တဲ့သူဖြစ်ဖို့လိုပါတယ်။
နံပါတ်လေးက "အသွား တမန် အပြန် ရှိစေ "ဆိုတဲ့ စေ့စပ်ညိနှိုင်းရေးကို ကျွမ်းကျင်တဲ့သူ  ဖြစ်ရမယ်။ နံပါတ်ငါးကတော့ အများလေးစားကြည်ညို အားထားခြင်း ပညာစွမ်းအားရှိတဲ့သူ ဖြစ်ရမှာ
ဖြစ်ရပါမယ်"

အမျိုးသားလွှတ်တော်ရဲ့ တပ်မတော်သားကိုယ်စားလှယ်တဦးဖြစ်တဲ့ ဗိုလ်မှုးဝင်းသိန်းကတော့ ကချင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး အခုလို ဆွေးနွေးထားပါတယ်။

"အပစ်အခတ် ရပ်စဲမှုဟာ တပ်မတော်တစ်ခုတည်းမှ တစ်ဘက်သတ် အပစ်ရပ်တံ့လို့
မဖြစ်ပါ။ ကေအိုင်အို ကေအိုင်အေ ခေါင်းဆောင်များမှလည်း မည်သည့်နည်းနှင့် မဆို မြန်မာ့တပ်မတော်အား ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမပြုရန် အရပ်သားများကို
ဦးတည်သည့် မီးရထားလမ်း ကားလမ်း နှင့် တံတားများအား မိုင်းခွဲခြင်း ရဲစခန်းများအား ဝင်ရောက် တိုက်ခိုက်ခြင်းကဲ့သို့ အဖျက်လုပ်ငန်းများအား ရပ်တံ့ပေးရန်
လွှတ်တော်မှ အဆုံးအဖြတ် မှတ်တမ်းတင်သင့်ပါတယ်ခင်ဗျာ။  ကေအိုင်အေ ကေအိုင်အို
ဘက်မှလည်း တစ်သွေမတိမ်း လိုက်နာ ဆောင်ရွက်နိုင်မှသာလျှင် နယ်မြေဒေသ
ဖွံ့ဖြိုး တိုးတက်ရေးကို အခြားဒေသရှိ တိုင်းရင်းသားများနည်းတူ
ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။ နယ်မြေတည်ငြိမ်အေးချမ်းရန်
ငြိမ်းချမ်းရေး ဖော်ဆောင်ရန် မလွှဲမသွေလိုအပ်လှပါတယ်။
တစ်ဦးနှင့် တစ်ဦးယုံကြည်မှု တည်ဆောက်ရပါမယ်ခင်ဗျာ။ ယုံကြည်မှုရရှိရေးအတွက်
နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ရပါမယ်။  နှစ်ဦးနှစ်ဘက်
တွေ့ဆုံ ဆွေးနွေးဆောင်ရွက်ဖို့ အပစ်အခတ် ရပ်စဲဖို့ လိုပါတယ်။ ဒါကြောင့် ကေအိုင်အို
ကေအိုင်အေ ဘက်မှလည်း အခြားအဖွဲ့ များ နည်းတူ အပစ်အခတ်ရပ်စဲရေး
သဘောတူ လက်မှတ်ရေးထိုး၍ နိုင်ငံရေး ဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးသင့်ပါတယ်။"

မနေ့က ဆွေးနွေးပွဲမှာတော့ တိုင်းရင်းသားကိုယ်စားလှယ်အများစုက နိုင်ငံရေးအရ အဖြေရှာကြဖို့ အကြံပြုဆွေးနွေးခဲ့ကြပေမဲ့ အာဏာရပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်တွေကတော့ KIO/KIA ကို အင်အားသုံး နှိမ်နင်းဖို့ ဆွေးနွေးတာတွေလည်း ရှိခဲ့ပါတယ်။ အမျိုးသား လွှတ်တော်မှာ တင်ပြဆွေးနွေးနေတဲ့အချက်တွေအပေါ်မှာ KIO ဖက်က ဘယ်လို သဘောထားရှိပါသလဲ။

"အခုဒီလိုမျိုး တိုက်ပွဲတွေပြင်းထန်တဲ့ အချိန်မှာ နှစ်ဘက် ဆွေးနွေးတာပဲ ပြောဦး။ ဒီလိုနှစ်ဘက်တည်းနဲ့တော့ဘယ်လိုမှ ဆွေးနွေးစရာလည်း အကြောင်းတော့မရှိဘူး။ ဒါကြောင့်မို့ ကြားအဖွဲ့အစည်း တစ်ခု Third Party တစ်ခုကတော့ ပါဝင်ဆောင်ရွက်ရမယ်ဆိုတဲ့ အဖြေက အဲ့လိုလမ်းကြောင်းတော့ ရှိလာတယ်ခင်ဗျာ။ ဒီတော့ Third Party ဆိုတာ
ဘယ်လိုဟာမျိုး အဖွဲ့အစည်းဖြစ်ရမလဲ။ ဘယ်လောက်အထိ အာမခံပေးနိုင်တဲ့
ကြားမှာဘယ်လောက်အထိဖြန်ဖြေပေးနိုင်တဲ့ အာမခံချက် တာဝန်ခံပေးနိုင်တဲ့
အဖွဲ့အစည်းဖြစ်ရမလဲ။ ပုဂ္ဂိုလ်ဖြစ်ရမလဲ ဆိုတာတော့ ဆက်ပြီး ဆွေးနွေးစရာတော့ ရှိတယ်ခင်ဗျ။ လောလောဆယ်ဖြစ်နေတဲ့ အခြေအနေအပေါ်မှာ ကျနော်တို့ ဆုံးဖြတ်ချက်ချထားတာကတော့ တွေ့ဆုံမှုကို UNFC ကပဲ ဦးစီး ဦးဆောင်လုပ်ဆောင်သွားကြပါ။ အဲဒီမှာ ကျနော်တို့အဖွဲ့အစည်းက ကိုယ်စားလှယ် ကလည်း ပါဝင်ပြီးမှပဲ လိုအပ်တဲ့ပြဿနာ အရပ်ရပ်ကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းသွားမယ်ဆိုတဲ့အမြင်ပါ အဲလိုအမြင်နဲ့ပဲ
ပြဿနာကို လျော့နည်းသွားအောင်ပေါ့နော် အဲလို အဆိုပြုထားတာ ရှိတယ်ခင်ဗျာ"

ဒါကတော့ ကေအိုင်အို ပြောခွင့်ရ ဦးလနန်ပြောသွားတာပါ။ လောလောဆယ်မှာတော့ KIO ဌာနချုပ်အနီးက စစ်ရေးအရအရေးပါတဲ့ ခါယာဘွမ်တောင်ကုန်းကို အစိုးရတပ်တွေက နေ့စဉ်ရက်ဆက်တိုက်ခိုက်နေတယ်။ ဒီကနေ့မှာလည်းမနက် ၆နာရီကထည်းက တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။ မြန်မာအစိုးရဖက်ကတော့ KIO/KIA ဖက်တိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် တုန့်ပြန်တဲ့ အနေနဲ့ ဒေသတွင်း ရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ လုပ်ခဲ့တာလို့ ပြောဆိုတာတွေလည်း ရှိခဲ့ပါတယ်။

ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ကချင်ပြည်နယ်အရေးကို ကိုယ်စားလှယ် ၁၃ ဦးက
ဆွေးနွေးဖို့ စာရင်းပေးသွင်းထားတာဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ် ကတော့ ပြည်သူ့လွှတ်တော်မှာလည်း ကချင်ပြည်နယ်အတွင်းက တိုက်ပွဲတွေ ချက်ချင်းရပ်စဲရေးအတွက် လွှတ်တော်က ဆောင်ရွက်ဖို့ ဆုံးဖြတ်အတည်ပြု တာတွေရှိခဲ့ပါတယ်ခင်ဗျာ။

 ကိုမိုးဇော် (ဗွီအိုအေ)

နာမည်ကြီး Telecom ကုမ္ပဏီကြီး ၄ ခု မြန်မာမှာ ရင်းနှီးမြှုပ်နှံဖွယ်ရှိ

 
ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးအောက် ရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်း
တွေနဲ့ ပတ်သက် လို့ လုပ်ငန်းလုပ်ပိုင်ခွင့် လိုင်စင်လျှောက်ထားဖို့ ဖိတ်ခေါ်ခဲ့ပြီးနောက်ပိုင်း နာမည်ကြီး တယ်လီကွန်း ကုမ္ပဏီကြီး ၄ ခုလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေကြပါတယ်။ 

အဲဒီကုမ္ပဏီကြီး ၄ ခုကတော့ နော်ဝေနိုင်ငံက Telenor ၊ ထိုင်းနိုင်ငံက DTAC ၊ မလေးရှားနိုင်ငံက Axiata နဲ့ အာရှတိုက်မှာ အကြီးဆုံးကုမ္ပဏီလည်းဖြစ်တဲ့  Singapore Telecommunications ကုမ္ပဏီများဖြစ်တဲ့ ST Telemedia နဲ့ Temasek Holdings ဆိုတဲ့ စင်ကာပူကုမ္ပဏီ ၂ ခုဖြစ်တို့ဖြစ်ကြပါတယ်တဲ့။ 

ဒီလို ကုမ္ပဏီကြီးတွေ လာရောက်ရင်းနှီးမြှုပ်နှံမယ်ဆိုရင်တော့ လူကြီးမင်းနဲ့ တွေ့ရတာများတဲ့ မြန်မာနိုင်ငံက တယ်လီဖုန်း တွေ အရင်ကထက် ပိုမိုကောင်းမွန်လာမယ့် လက္ခဏာတွေ ဖြစ်ပါတယ်။
ဧရာဝတီ blog

 ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်သူများနှင့် ကိုယ်ပိုင်ကျောင်းဆရာ လျှောက်ထားသူများကို လျှောက်လွှာ တင်သွင်းခွင့်ပြု၊ (၁) နှစ် စမ်းသပ်ဖွင့်လှစ်ခွင့် ရရှိခဲ့သည့် ကိုယ်ပိုင်ကျောင်းများလည်း ထပ်မံ လျှောက်ထားရမည် ဖြစ်ကြောင်း သိရ

ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်သူများနှင့် ကိုယ်ပိုင်ကျောင်းဆရာ လျှောက်ထားသူများကို လျှောက်လွှာ တင်သွင်းခွင့် ပြုခဲ့ပြီး ၂၀၁၂-၁၃ ပညာသင်နှစ်တွင် (၁) နှစ် စမ်းသပ် ဖွင့်လှစ်ခွင့် ရရှိခဲ့သည့် ကိုယ်ပိုင်ကျောင်းများလည်း ကျောင်းမှတ်ပုံတင် လျှောက်လွှာများကို ထပ်မံလျှောက်ထားရမည် ဖြစ်ကြောင်း ဇန်န၀ါရီ ၂၆ ရက် ထုတ် နိုင်ငံပိုင် သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
လာမည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ရည်ရွယ် ဖွင့်လှစ်နိုင်ရန် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထားရမည် ဖြစ်ပြီး ဇန်န၀ါ ရီလ ၂၈ ရက်မှစ၍ တိုင်းဒေသကြီး (သို့) ပြည်နယ် ပညာရေးမှူး ရုံးများမှ မှတ်ပုံတင် လျှောက်လွှာများကို ထုတ်ယူ၍ ဖေဖော်ဝါရီ ၈ ရက်ထက် နောက်မကျစေဘဲ ၄င်းရုံးများသို့ တိုက်ရိုက် လျှောက်ထားရမည်ဟု ဆက်လက်ဖော်ပြထားသည်။
“အခုလို ဆက်လက်ပြီး ကျာင်းတွေ၊ ဆရာတွေကို လျှောက်ထား ခွင့်ပြုတာနဲ့ ပက်သက်ပြီး ကောင်းတယ်လို့ မြင်းမူ ဆရာတစ်ဦးက ပြောသည်။
ရန်ကုန်တွင် ကိုယ်ပိုင်ကျောင်း ၂၀ ခန့်ရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငါးဆယ်မှ ခြောက်ဆယ်ခန့် ရှိမည်ဖြစ်ကြောင်း ကျောင်းများ၏ မှတ် ပုံတင်ခွင့် သက်တမ်းကို ၅ နှစ်၊ ၂ နှစ်၊ ၁ နှစ် တို့ဖြင့် သတ်မှတ်ထား ကြောင်းနှင့် ရန်ကုန်တိုင်း ဒေသကြီး တစ်ခုလုံး အနေဖြင့် ၂ နှစ် သက်တမ်းသာ ပေးထားကြောင်း ၄င်းက ဆက်လက်ပြောသည်။
ငါးနှစ်သက်တမ်းကို မန္တလေး၊ မေမြို့များကဲ့သို့ နယ်မြို့ကိုယ်ပိုင် ကျောင်းများတွင် အများအားဖြင့် တွေ့ရပြီး နှစ်နှစ်သက်တမ်းကို ယာယီအဖြစ် သတ်မှတ်ထား၍ တစ်နှစ်သက်တမ်းကို စမ်းသပ်ဖွင့်လှစ် ဆဲဟု သတ်မှတ်ထားကြောင်း သိရသည်။
Eleven Media Group

ထားဝယ်စီမံကိန်းကို လူမှုအဖွဲ့အစည်းများ ဖျက်ဆီးဟု ဒုတိယ ၀န်ကြီးပြောဆို



ထိုင်းနှင့် မြန်မာနှစ်နိုင်ငံအစိုးရက အကောင်အထည်ဖော်နေသော ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကို လူမှုအဖွဲ့အစည်းများက ဖျက်လိုဖျက်ဆီး ပြုလုပ်နေကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးဘုန်းဆွေက ပြောကြားသည်။

သမ္မတကြီး ဦးသိန်းစိန်နှင့် အရပ်ဘက်လူ့အဖွဲ့အစည်များရန်ကုန်မြို့တော်တွင် ပထမဆုံးအကြိမ် တွေ့ဆုံအပြီး လေးရက်အကြာ ဇန်န၀ါရီ ၄ ရက်နေ့တွင် ထားဝယ်မြို့၌ ပြုလုပ်သည့် စီမံကိန်း အောင်မြင်ရေး အစည်းအဝေးတွင် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဖျက်လို ဖျက်ဆီးလုပ်သည့်သူများကို ကာကွယ်ရန် ပြည်သူ့စစ်ကဲ့သို့ အဖွဲ့ ဖွဲ့စည်းရန် မိမိအနေဖြင့် တွေးမိကြောင်း အငြိမ်းစား ဗိုလ်မှူးချုပ် တစ်ဦးဖြစ်သူ ဦးဘုန်းဆွေက ဆိုသည်။

“ပြည်သူ့စစ်အဖွဲ့လိုပေါ့။ ရန်သူက ပေါ်လာပြီလေ။ ပြည်သူ့စစ်ဆိုတာ ရန်သူရှိလို့ ဖွဲ့တာမဟုတ်လား”ဟု ဦးဘုန်းဆွေက ပြောကြားသည်။

ထားဝယ်ဒေသတွင် ထားဝယ်စီမံကိန်းကြောင့် ဒေသခံများထိခိုက်နစ်နာမှုမရှိစေရန် ထားဝယ်ဒေသခံ အဖွဲ့အစည်းများ၊ ရပ်ရွာဖွံ့ဖြိုးရေး ကော်မတီများ က သတင်းအချက်အလက်များ ဖြန့်ဝေလျက်ရှိပြီး စီမံကိန်းကို ဆန့်ကျင်ခြင်းမဟုတ်ဘဲ စီမံကိန်းတွင် ပါဝင်မည့် အကြီးစား စက်မှုဇုန်များကိုသာ မလိုလားခြင်းဖြစ်ကြောင်း ကြိမ်ဖန်များစွာပြောဆိုခဲ့ပြီးဖြစ်သည်။

“ အခု သူတို့လုပ်တာက စီမံကိန်း ပျက်စီးရာ ပျက်စီးကြောင်းကို ရည်ညွန်းပေမယ့် စီမံကိန်းကြီးမလုပ်ပါနဲ့ လို့ တစ်ခွန်းမှ မပြောရဲဘူး” ဟု ဦးဘုန်းဆွေက အရပ်ဘက် လူထုအဖွဲ့အစည်းများကို ရည်ညွန်းပြောကြားသည်။

သမ္မတကြီး ဦးသိန်းစိန်သည် လူထုအခြေပြုအဖွဲ့အစည်း ၈၆ ခုမှ ခေါင်းဆောင်များ ကိုယ်စားလှယ်များနှင့် ဇန်န၀ါရီ ၂၀ ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး နိုင်ငံရေးဖြစ်ထွန်းမှုများတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့် အရေးပါမှုကို အမှန်တကယ်ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။

(The Voice Weekly/ Dawei Watch)

မောင်တောခရိုင်၌ ဆူပူမီးရှို့မှုများ ထပ်မံ ဖြစ်ပွား

ယနေ့ မနက် စောစောပိုင်းတွင် မောင်တောခရိုင်အတွင်းရှိ နေရာနှစ်ခု၌ မီးရှို့မှုများ ဖြစ်ပွားခဲ့သည်။
 
မောင်တောမြို့နယ် နစက နယ်မြေ(၁) အတွင်းရှိ အောင်ချမ်းသာရွာတွင် ယနေ့မနက် လေးနာရီက GE တပ်ကားတစ်စီးကို ဘင်္ဂါလီများက မီးရှို့ဖျက်ဆီးခဲ့သည် ဟု ဆိုသည်။

ထို့အပြင် ယနေ့မနက် နှစ်နာရီကလည်း မောင်တောမြို့နယ်တောင်ပိုင်းအတွင်းရှိ ညောင်ချောင်းရွာ အုပ်ချုပ်ရေးမှူးရုံးကို မီးရှို့ခြင်းခံခဲ့ရသည်ဟု RNDP ပါတီဝင်တစ်ဦးက ပြောကြားခဲ့သည်။ ဖြစ်စဉ် အသေးစိတ်ကိုမူ မသိရသေးပေ။

http://maruthura.blogspot.com/2013/01/blog-

ကချင်ပြည်နယ်အတွင်း လဂျားယန် ဒေသမှ လွဲ၍ KIA တပ်ရင်းများရှိရာ ကျန်ဒေသများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ၊ လိုင်ဇာအနီးရှိ ခိုင်ယာဘွမ် တပ်စခန်းကို တပ်မတောမှ ဆက်လက်သိမ်းယူနိုင်ခဲ့ကြောင်း သိရ

 
Friday, 25 January 2013 21:12
ကချင်ပြည်နယ် အတွင်း လဂျားယန် ဒေသမှလွဲ၍ KIA တပ်ရင်းများရှိရာ ကျန်ဒေသ များတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး လိုင်ဇာအနီးရှိ ခိုင်ယာဘွမ် (ခိုင်ယာဘွမ်တောင်ကုန်း) KIA တပ်စခန်းကို ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် တပ်မတော်မှ ဆက်လက်သိမ်းယူ နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
"ထိုးစစ်ကတော့ နေ့တိုင်းပဲ ရှိနေပါတယ်။ ဗဟို ဌာနရှိတဲ့ လိုင်ဇာအနီး ပိုင့် ၁၀၁၂ ခိုင်ယာဘွမ် စခန်းကို နေ့တိုင်း လိုလို လက်နက်ကြီး လက်နက်ငယ် တွေနဲ့ပစ်တယ်။ ခြေလျင်စစ်ကြောင်း ထိုးတယ်။ ဒီနေ့ဆိုရင် မနက် ၁၀ နာရီလောက်ကအခု မွန်းလွဲ ၁ နာရီကျော်အထိ ထိုစစ် ဆင်နေတယ်”ဟု KIO ဌာနချုပ်မှ ဗိုလ်ကြီး ဇော်တောင်က ဇန်နဝါရီလ ၂၆ရက် မွန်းလွဲ ၁ နာရီ အချိန်တွင် ပြောကြားခဲ့ပါသည်။
ဇန်န၀ါရီလ ၂၀ ရက်နေ့ နောက်ပိုင်းမှ စတင်ပြီး ခိုင်ယာဘွန် စခန်းသို့ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ရှိနေပြီး ဇန်န၀ါရီလ ၂၄ ရက်နေ့ တစ်ရက်တည်းမှာပင် လက်နက်ကြီး အစုံ အချက်ပေါင်း ၁၂၀၀ ခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
"ဇန်န၀ါရီလ ၂၄ ရက်နေ့က ဆိုရင် လက်နက်ကြီး အစုံ သုံးပြီး ပစ်တယ်။ မမ ၁၂၀၊ မမ ၈၀ စိန်ပြောင်း၊ အမြောက်တွေနဲ့ပစ်တာ အချက်ပေါင်း (၁၂၀ဝ) ကျော်တယ်။ မနေ့ ကတော့ အလုံး (၁၀ဝ) ကျော်ပဲ ပစ်တယ်။ ခိုင်ယာဘွမ် ကတော့ အရင်က ကေအိုင်အေ ပိုင်တဲ့နေရာပါ”ဟု ဗိုလ်ကြီး ဇော်တောင်က ပြောသည်။
ဇန်န၀ါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က သိရှိရသော သတင်းများအရ လိုင်ဇာအနီးရှိ ပွိုင့် ၁၀၁၂ ခိုင်ယာဘွမ် စခန်းကို တပ်မတော်မှ သိမ်းယူ နိုင်ခဲ့ကြောင်း သိရပါသည်။ ထိုသို့ သိမ်းယူနိုင်ခဲ့ခြင်းနှင့် ပတ်သတ်၍ အစိုးရဘက်မှ သီးခြားသတင်း ထုတ်ပြန်ခြင်း မရှိသေးပေ။
ခိုင်ယာဘွမ် တပ်စခန်းအပြင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသော နေရာများမှာ KIA တပ်မဟာ (၃) ရှိရာ စိန်လုံနှင့် လွယ်ဂျယ်ကြား ဂျာမိုင် တပ်စခန်းနှင့် KIA တပ်ရင်း (၆) ရှိရာ ဖားကန့် ဒေသတို့ဖြစ်ကြောင်း သိရှိရသည်။
"တပ်ရင်း (၆) ရှိတဲ့ ဖားကန့်ဒေသ မှာတော့ ဇန်န၀ါရီ ၂၃၊ ၂၄ ရက်နေ့တွေမှာ ဖြစ်တယ်။ တပ်မဟာ (၃) ရှိတဲ့ ဂျာမိုင် စခန်းကိုလည်း တပ်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတယ်။ လက်နက်ကြီးတွေနဲ့ပစ်ပြီးရင် ခြေလျင်တပ်တွေ ထိုးစစ်ဆင်တယ်။ ဒီနေ့ ကတော့ တုံပြန်ချက် သတင်း မလာသေးပါဘူး။ တပ်မတော်က အခု ရက်ပိုင်းတွေမှာလည်း တပ် အင်အား လက်နက် အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတုံးပါပဲ" ဟု ဗိုလ်ကြီး ဇော်တောင်က ဆက်လက် ပြောပြပါသည်။
KIA အနေဖြင့် ဖားကန့်ဒေသအတွင်း ကျောက်မျက် ကုမ္ပဏီ အဆောက်အအုံများကို မီးရှို့ခြင်း၊ ယာဉ်တန်း ချုံခို တိုက်ခိုက်ခြင်း၊ အရပ်သားများကို ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ တပ်မတော် စစ်ကြောင်းများကို လာရောက် တိုက်ခိုက်ခြင်း အစရှိသည်တို့ကို ပြုလုပ်နေကြောင်း အစိုးရ သတင်း မီဒီယာများတွင် သတင်းများ ဆက်တိုက် ဖော်ပြနေပါသည်။ သတင်းထုတ်ပြန်ရေး အဖွဲ့၏ ဇန်န၀ါရီလ ၁၈ ရက်နေ့ သတင်းထုတ်ပြန်ချက် ထွက်ရှိပြီး နောက်ပိုင်း ဇန်န၀ါရီလ ၁၉ ရက်နေ့မှာပင် KIA အဖွဲ့က စစ်ရေးနှင့် မသက်ဆိုင်သော အကြမ်းဖက် တိုက်ခိုက်မှုများကို (၉) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်းနှင့် တပ်မတော်မှ စစ်ဆင် တိုက်ခိုက်မှုများကို ရပ်ဆိုင်းခဲ့သော်လည်း KIA တပ်ဖွဲ့များက မိမိတပ်ဖွဲ့များအား တိုက်ခိုက် ပစ်ခတ်မှုများ ဆက်လက် ပြုလုပ်လာသည့် အတွက် မိမိ တပ်ဖွဲ့များမှ ပြန်လည် တုံ့ပြန် တိုက်ခိုက်ခြင်းများသာ ရှိကြောင်း အစိုးရဘက်မှ ထုတ်ဖော် ပြောဆိုမှုများ ရှိခဲ့ပါသည်။
သတင်းထုတ်ပြန်ရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက် ထွက်ရှိပြီးချိန်မှ စ၍ မိမိတို့ အနေဖြင့်လည်း တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားကြောင်း KIA တပ်ရင်း (၆)၏ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ဦးဇော်ဒွဲက ပြောပါသည်။
"သူတို့ဘက်ကသာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ၊ ထိုးစစ် လုပ်ခဲ့တာတွေ ရှိခဲ့တာပါ။ ပြန်ကြားရေးက သတင်းထုတ်ပြီးတော့ ကျွန်တော်တို့လည်း တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။ ထိုးတက်လာခဲ့ရင်တောင် ရှောင်ပေးခဲ့တာတွေ ရှိပါတယ်"ဟု ဒုတိယ ဗိုလ်မှူးကြီး ဦးဇော်ဒွဲက ပြောပါသည်။
"ကျောက်မျက် ကုမ္ပဏီတွေကို မီးရှို့ဖျက်ဆီးတယ် ဆိုတာ ကျွန်တော်တို့ လုပ်တာမှ မဟုတ်ဘဲ။ အဲဒီမှာ ရှိနေတဲ့ ရေမဆေး ကျောက်သမားတွေနဲ့ ပြဿနာ ဖြစ်ပြီး မီးရှို့ခံရတာကို KIA လုပ်တယ် ပြောတာတော့ ဘယ် ကောင်းတော့မလဲ။ အဖြစ်မှန်ကို မတင်ပြဘဲ၊ သတင်းအမှန်တွေကို သက်သေ အထောက်အထား မရှိဘဲ တင်ပြီး KIA လုပ်တယ်ချည်းပဲ ပြည်သူကို ပြောနေတယ်။ တကယ့် အဖြစ်မှန်တွေကို သူတို့ သတင်း တပ်ဖွဲ့တွေ မသိပဲ မနေပါဘူး။ သိသိနဲ့ KIA လုပ်တယ်လို့ ပြောနေတာပါ။ ကျွန်တော်တို့က ဘာမှ လိမ်စရာ မရှိပါဘူး။ လုပ်မယ်ဆိုရင် လုပ်မယ်လို့ ကမ္ဘာကို အသိပေးပြီး လုပ်မှာပါ။ အရပ်သားတွေကို ဖမ်းဆီးတယ်၊ မိုင်းထောင်တယ်၊ ဗုံးခွဲတယ် ဆိုတာတွေက ဘာ အထောက်အထားမရှိဘဲ KIA ကို စွပ်စွဲပြီး သတင်း ထုတ်နေတာပါ”ဟု ဒုတိယ ဗိုလ်မှူးကြီး ဦးဇော်ဒွဲက ဆက်လက် ပြောကြားခဲ့ပါသည်။
ဇန်န၀ါရီလ ၁၉ ရက်နေ့ လဂျားယန် စစ်ဆင်ရေးကို တပ်မတော်မှ ရပ်ဆိုင်းခဲ့ပြီး နောက်ပိုင်း တပ်မတော်နှင့် KIA အကြား တိုက်ပွဲ ဖြစ်ပွားမှုများမှာ ဆက်လက် ဖြစ်ပေါ်လျက် ရှိနေပါသည်။
ဇန်န၀ါရီလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသား လွှတ်တော် အစည်းအဝေးတွင် KIA ၏ တောင်းဆိုချက်အတိုင်း နိုင်ငံရေး ဆွေးနွေးမှုကို အပစ်အခတ် ရပ်စဲမှုမလုပ်ဘဲ ဆက်လုပ်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးအောင်သိမ်းက ပြောကြားခဲ့ပါသည်။Eleven Media Group

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများ ဒိုက်ဦးမြို့မှာ ကျောက်တိုင်ပန္နက်ရိုက်

2013-01-25
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ကြသူတွေဟာ ဒီကနေ့ မနက်မှာတော့ ဒိုက်ဦးမြို့၊ ပြည်လုံး ချမ်းသာစေတီမှာ ငြိမ်းချမ်းရေးကျောက်တိုင် စိုက်ထူဖို့အတွက် ပန္နက် ရိုက်ခဲ့ကြပါတယ်။
                                                 Photo: RFA/Kyaw Zawe Win
ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ကနေ ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာမြို့အထိ မိုင်ပေါင်း ၈၀၀ ချီတက်လမ်းလျှောက်ဆန္ဒပြမယ့် ငြိမ်းချမ်းရေးလိုလားသူတစ်စုကို အင်းစိန်လမ်းမပေါ်တွင်တွေ့ရစဉ်
ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်ဆိုင်းရေးအတွက် တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့အထိ လမ်းလျှောက်ချီတက်ကြတဲ့ ငြိမ်းချမ်းရေးလိုလားသူတွေနဲ့ ဒိုက်ဦးမြို့က ဒေသခံစုစုပေါင်း ၈၀ ခန့်ဟာ ငြိမ်းချမ်းရေးအတွက် ရည်မှန်းချက်ထားတဲ့ ကျောက်တိုင် စိုက်ထူခဲ့ကြတယ်လို့ လမ်းလျှောက်ရာမှာ ပါဝင်တဲ့ ဦးအောင်မြင့် က RFA ကို ပြောပါတယ်။
ဒီခရီးစဉ်တလျှောက်မှာ ပဲခူးတိုင်းဒေသကြီး အဝင်မှာတော့ အာဏာပိုင်တွေက တားဆီးခဲ့ကြပြီး ငြိမ်းချမ်းရေး အလံကိုင်ဆောင်ထားတာကို ရုပ်သိမ်းပေးမှ ရှေ့ဆက် သွားခွင့်ပြုခဲ့တာတွေရှိခဲ့သလို၊ တည်းခိုဖို့ ပြင်ဆင်ကြတဲ့နေရာတွေကို တည်းခိုခွင့်မရအောင် ဒေသခံ အာဏာပိုင်တွေဖက်က ဖိအားပေးတာမျိုးတွေရှိတယ်လို့ သိရပါတယ်။
မိုင်ပေါင်း ၈၀၀ ကျော် လမ်းလျှောက်ပွဲကို ဇန်နဝါရီလ ၂၁ ရက်နေ့ မနက်ပိုင်းက စတင်ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့ကနေ စတင်ထွက်ခွာခဲ့ကြရာမှာ ဒီကနေ့ညမှာ ရန်ကုန်မြို့နဲ့ ၁၀၅ မိုင်ဝေးတဲ့ ညောင်လေးပင်မြို့နယ်၊ တော်ဝိကျေးရွာ ဘုန်းကြီးကျောင်းကို ရောက်အောင်သွားမယ်လို့ သိရပါတယ်။RFA

ရခိုင်ပြည်နယ် မောင်တောနယ်စပ် န.စ.က အဖွဲ့ပိုင် ကားတစ်စီး မီးရှို့ခံရ

2013-01-25 ရခိုင်ပြည်နယ် မောင်တောနယ်စပ် ဗန္ဓုလ န.စ.က နယ်မြေအပိုင် နယ်ခြားမှတ်တိုင်အမှတ် ၄၉ နဲ့ ၅၀ ကြားမှာ မနေ့ ဇန်နဝါရီလ ၂၄ ရက်က ညနေ ၅ နာရီလောက်အချိန်မှာ လုပ်ငန်းခွင်ထဲမှာ ရှိနေတဲ့ အစိုးရ GE ဆောက်လုပ်ရေးတပ်ဖွဲ့ပိုင် ကားတစ်စီးကို RSO မူဆလင် လက်နက်ကိုင် အကြမ်းဖက်သမားတွေလို့ ဒေသခံအာဏာပိုင်တွေက ယူဆထားသူတစ်စုက ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီး သွားခဲ့ပါတယ်။
Photo: Google Map
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်နားက မောင်တောမြို့ပုံ
အကြမ်းဖက်သမားတွေဟာ မြန်မာနိုင်ငံ နယ်နိမိတ်ဘက်ကို ကျူးကျော်ဝင်ရောက် အကြမ်းဖက်ခဲ့တာဖြစ်ပြီး ဆောက်လုပ်ရေး တပ်သားတွေက ထွက်ပြေးလွတ်မြောက်သွားတဲ့အတွက်  ထိခိုက်ဒဏ်ရာရတာမျိုးမရှိခဲ့ဘူးလို့ မောင်တောအခြေစိုက် နယ်စပ်ဒေသ လူဝင်မူစစ်ဆေးကွပ်ကဲရေးဌာနချုပ် ဒုတိယကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးထူးလှိုင်က RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ဆီက ခြံဆီးရိုးကာနေတဲ့ အဖွဲ့တွေရှိတယ်၊ အဲဒီ့မှာသွားတွေ့တာ၊ သူတို့က ၁၅ ယောက်လောက်တော့ရှိတယ်၊ ဒီဘက် GE က ကားဆရာတစ်ယောက်နဲ့ ပါလာတဲ့သုံးယောက်ထဲဆိုတော့ ကားထားခဲ့ပြီး နီးစပ်ရာစခန်းကို လာပြီးသတင်းပို့တာပေါ့၊"
လုံခြုံရေးတပ်ဖွဲ့တွေ အခင်းဖြစ်နေရာကို ရောက်သွားချိန်မှာ အကြမ်းဖက်သမားတွေကို မတွေ့ရတော့ဘဲ ကားရှေ့အင်ဂျင်နဲ့ ကားဘီး ၂ လုံးအပြင် ခြံစည်းရိုး ဂဟေဆော်တဲ့ အင်ဂျင်စက်တစ်လုံး မီးလောင်ကျွမ်းနေတာကိုပဲ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
မနေ့က အဲဒီလို ဝင်ရောက်အကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့အတွက် နယ်စပ်ခြံစည်းရိုးတစ်လျှောက်မှာ လုံခြုံရေးတွေကို ထပ်မံတင်းကြပ်လိုက်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊  နိုဝင်ဘာလ ၆ ရက်နေ့ကလည်း အဲဒီ ဗန္ဓုလ နစက နယ်မြေ ၁၊ မိုင်တိုင်အမှတ် ၅၁ မှာ ခြံစည်းရိုးလုပ်နေတဲ့ အစိုးရ GE ဆောက်လုပ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကို RSO မူဆလင် လက်နက်ကိုင် အကြမ်းဖက်သမားတွေက ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့ပြီး အဲဒီ့ဝန်ထမ်း ၃ ဦးကို ဒီကနေ့ အချိန်အထိ ပြန်လည်ကယ်တင်နိုင်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။RFA

အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ် ရောက် ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ)

အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ် ရောက် ဒေါ်အောင်ဆန်းစုကြည်
 Photo Credit: Ko Bun Ny









အမေရှိတယ်



Friday, January 25, 2013

လမ်းဘေး လက်ဖက်ရည်ဆိုင်များနှင့် အဝေးပြေး ကားများပေါ်တွင် မြန်မာဗီဒီယို ဇာတ်ကားများ ပြသနေမှုများအား ခွင့်ပြုတော့မည် မဟုတ်ဟု ရန်ကုန်တိုင်း ဒေသကြီး ဗီဒီယို အခြေခံအဖွဲ့ (ဗဟို) မှ ထုတ်ပြန်

လမ်းဘေး လက်ဖက်ရည်ဆိုင်များနှင့် အဝေးပြေးကားများပေါ်တွင် မြန်မာဗီဒီယို ဇာတ်ကားများ ပြသနေမှုအား ခွင့်ပြုတော့မည် မဟုတ်ဘဲ တားဆီးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဗီဒီယို အခြေခံအဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကဲ့သို့ ထုတ်ပြန် ကြေညာရခြင်းမှာ ရုပ်မြင်သံကြားနှင့် ဗီဒီယို အက်ဥပဒေအရ လမ်းဘေး လက်ဖက်ရည်ဆိုင်များတွင် မြန်မာဗီဒီယို ဇာတ်ကားများအား ပြသခွင့် မရှိဘဲ ရုပ်သံလိုင်းများတွင် ပြသလျက် ရှိသည့် ဇာတ်ကားများနှင့် တေးသီချင်း ဗီစီဒီများသာ ပြသခွင့်ရှိကြောင်း၊ အဝေးပြေး ကားများပေါ်၌ ဇာတ်ကားများ ပြသနေခြင်းသည်လည်း ဇာတ်ကား နယ်ကျော်ပြသခြင်းမျိုး ဖြစ်နေသည့်အတွက် ယခုကဲ့သို့ တားမြစ်ရခြင်း ဖြစ်သည်ဟု သိရှိရသည်။

“ကျွန်တော်တို့အနေနဲ့ မြန်မာဗီဒီယို ဇာတ်ကားတွေကို ပြသချင်တယ်ဆိုရင် ရုံသွင်းပြီးတော့ အခကြေးငွေနဲ့ ပြသခွင့် ရှိပါတယ်။ သို့သော် လမ်းဘေး လက်ဖက်ရည်ဆိုင်လို နေရာမျိုးမှာ ဇာတ်ကားတစ်ကားကို ငှားရမ်းပြီးတော့ ပြသရာမှာ လမ်းမပေါ် ရောက်တဲ့အထိ ရပ်ပြီး ကြည့်ကြတာမျိုးတွေတော့ ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။ အဓိကတော့ ဈေးကွက်ပိုင်းဆိုင်ရာ အရလည်း ထိခိုက်တာကြောင့်ပါ။ ဥပဒေ အရလည်း ပြသခွင့် မရှိပါဘူး။ ပြသလိုတယ်ဆိုရင် ရုပ်သံလိုင်းတွေနဲ့ တေးသီချင်း ဗီစီဒီတွေပဲ ပြသခွင့် ရှိမှာပါ။ အဝေးပြေးကားတွေ ပေါ်မှာ မြန်မာဗီဒီယို ဇာတ်ကားတွေ ပြသတာကိုလည်း တားမြစ်သွားပါမယ်။ ဘာကြောင့်လည်း ဆိုတော့ ဗီဒီယို ဇာတ်ကားတွေကို သူ့နယ် မြေနဲ့သူ သတ်မှတ်ထားပြီး သားပါ။ အခုတော့ အဝေးပြေးကားပေါ်မှာ ပြဖို့ ရန်ကုန်ကနေ ယူသွားမယ်။ ဟိုဘက်နယ်မှာ ကျန်ခဲ့မယ်။ အဲဒီအခွေကို ကူးယူပြီး နယ်မှာ ထပ်မံငှားရမ်းမယ်။ ဒါဆို နယ်ကျော် ဖြစ်သွားပါပြီ။ ဒါကြောင့် အဲဒီနှစ်မျိုးလုံးကို တားမြစ်သွားပါမယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး ဗီဒီယို အခြေခံအဖွဲ့ (ဗဟို) မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုမျိုးဇော်က ရှင်းပြခဲ့ပါသည်။

လမ်းဘေး လက်ဖက်ရည်ဆိုင်များနှင့် အဝေးပြေးကား များပေါ်တွင် မြန်မာဗီဒီယို ဇာတ်ကားများ ပြသနေမှုအား ယခုလကုန်ပိုင်းမှ စတင်ကာ ပညာပေး တားဆီးသွားရန် စီစဉ်ထားသည်ဟု သိရှိရသည်။
Eleven Media Group

Thursday, January 24, 2013

US သံရုံး ကြေညာချက်ကို သမ္မတပြောခွင့်ရ ဦးရဲထွဋ် တုံ့ပြန်

 
အမေရိကန်ပြည်ထောင်စုက ကချင်ပြည်နယ်က စစ်ပွဲများဆက်လက်ဖြစ်နေသည့်အပေါ် အပြင်းအထန် ကန့်ကွက်သည်ကို ရန်ကုန်ရှိ အမေရိကန် သံရုံးက ယနေ့ ဇန်န၀ါရီလ ၂၄ ရက့် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာကို သမ္မတ ပြောခွင့်ရ ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သူရဲ့ ဖေ့စ်ဘုတ် စာမျက်နှာက တဆင့် အောက်ပါအတိုင်း တုံ့ပြန်ထားပါတယ်။ 


ဒီနေ့ အမေရိကန်သံရုံးက ကချင်ပြည်နယ်မှာ တိုက်ပွဲများ ဖြစ်ပွားနေမှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ခဲ့ ပါ တယ်။ 
အမေရိကန်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက လိုအပ်သလို ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။ 
ကျွန်တော့ရဲ့ တစ်ဦးတည်းအမြင်ကိုပြောရရင်တော့ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံရဲ့ စိုးရိမ်မှုကို နားလည်ပါတယ်။ 
ဒါပေမယ့် သံရုံးရဲ့ ကြေညာချက်မှာ လိုင်ဇာဒေသတစ်ခုတည်းကိုသာရည်ညွှန်းပြီး ကျန်ကချင် ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ကေအိုင်အေအဖွဲ့က တပ်မတော်စခန်းများနဲ့ အရပ်ဘက်ပစ်မှတ် များကို တိုက်ခိုက်မှုများကို ရည်ညွှန်းပြောဆိုရန် ပျက်ကွက်မှု နဲ့ လဂျားယန်ဒေသက တပ်မတော် စခန်းများ ကို ကေအိုင်အေတပ်ဖွဲ့များက လာရောက်တိုက်ခိုက်မှုများကို ရည်ညွှန်းပြောဆိုရန် ပျက်ကွက်မှုများအပေါ် အံ့သြမိပါတယ်။ 
ဧရာဝတီ Blog

တရားရေး မဏ္ဍိုင် ဖြောင့်မတ်ရေး တရား သူကြီးများ ကျမ်းသစ္စာ ကျိန်ဆိုရန် တိုက်တွန်း

ပြည်သူ လူထု၏ ယုံကြည်မှု ရရှိ စေရန်နှင့် တရား စီရင်ရေး တွင် ဖြောင့်မတ် မှန်ကန် စေရန် တရား သူကြီးများ တရားခွင် တက်တိုင်း ကျမ်းသစ္စာ ကျိန်ဆိုရန် တိုက်တွန်း ကြောင်း ပုသိမ် မဲဆန္ဒနယ် မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။---


ထိုင်းနိုင်ငံတွင် ရက်ရှည်ဆေးကုသရန် လိုအပ်သည့် အရှင်သဇ္ဇန အသုံးပြုရန် ဒဏ်ရာရသံဃာ စောင့်ရှောက်ရေးအဖွဲ့မှ ငွေကျပ်သိန်းငါးဆယ် လှူဒါန်း

ha-24-1-6
Photo- Eleven Media Group

ထိုင်းနိုင်ငံတွင် ရက်ရှည်ဆေးကုသရန် လိုအပ်သည့် အရှင်သဇ္ဇန အသုံးပြုရန် ဒဏ်ရာရသံဃာ စောင့်ရှောက်ရေးအဖွဲ့မှ ငွေကျပ်သိန်းငါးဆယ်ကို ဇန်န၀ါရီ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့် ပြုပြင်မှုဆိုင်ရာ ခွဲစိပ်ကုဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပေးအပ်လှူဒါန်းခဲ့သည်။
"အရှင်သဇ္ဇနက ဘယ်လောက်အတိုင်းအတာထိ ကြာဦးမယ်ဆိုတာ မသိသေးဘူး။ အရှင်သဇ္ဇန သွားစဉ်အခါတုန်းကလည်း သိန်း ၁၀၀ လှူဒါန်းခဲ့ပါသေးတယ်။ အခု အရှင်သဇ္ဇနရဲ့ ကျန်းမာရေး အခြေအနေက ရေရှည်ထပ်ကုရဦးမှာပါ အခုမှ ခြေထောက်ကို စလှမ်းခါစပဲ ရှိသေးတယ်။ သန်သန်မြန်မြန်မရှိသေးဘူး ဦးဇင်းတို့က စိုးရိမ်နေရသေးတယ်။ လိုအပ်တဲ့ အခြားအသုံးစရိတ်တွေအတွက် ခုလိုမျိုး လှူဒါန်းသွားတာဖြစ်တယ် နောက်ထပ်လိုအပ်ရင်လဲ လှူဒါန်းဖို့အစီစဉ်တွေ ရှိပါတယ်"ဟု ဒဏ်ရာရသံဃာ စောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်သံဃာ ဦးဝိမလမှ မိန့်ကြားခဲ့သည်။
လက်ရှိထိုင်းနိုင်ငံရှိ ထိုင်းဘုရင့် စစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသော အရှင်သဇ္ဇနသည် အရေပြားအစားထိုးမှု ခံယူပြီးပြီ ဖြစ်ပြီးဖြစ်ကြောင်းလည်း သိရသည်။ အရှင်သဇ္ဇနသည် ပြီးခဲ့ သည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်က ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသမှု ခံယူခဲ့ခြင်းဖြစ်ပြီး အရှင်သဇ္ဇနနှင့်အတူ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်တစ်ဦး၊ စောင့်ရှောက်ရန်အတွက် သံဃာတစ်ပါးတို့အတူ လိုက်ပါသွားခဲ့ကြောင်း သိရသည်။
Eleven Media Group
       

 လာမည့်ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ခွဲဝေမှုတွင် ပညာရေးကဏ္ဍအတွက် အဆများစွာ တိုးမြှင့်သုံးစွဲသွားမည်ဟု နိုင်ငံတော် သမ္မတပြောကြား

လာမည့်ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ခွဲဝေမှုတွင် ပညာရေးကဏ္ဍအတွက် အဆများစွာ တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၂၃ရက်က နိုင်ငံတော်သမ္မတ အိမ်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံ ဘန်ဆွန်ဒက် ချောင်ဘရာ ရာဂျာ ဘတ်တက္ကသိုလ်( Bansomdejchaopraya Rajabhat University - BSRU)မှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား စီမံခန့်ခွဲမှု နည်းပညာဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ပေးအပ်သည့် အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။         
 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ''မျိုးဆက်သစ်လူငယ်တွေဟာ နိုင်ငံ့အနာဂတ်အတွက် မျော်လင့်ချက် ဖြစ်ပါတယ်။ပညာရည် မြင့်မားစေဖို့အတွက် နိုင်ငံတကာအကူအညီနဲ့ အတွေ့အကြုံတွေ ရယူပြီးတော့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံဟာ ဖွံ့ဖြိုးမှုနောက်ကျဆဲ ဖြစ်ပါတယ်။ဆင်းရဲနွမ်းပါးမှု လျော့ချရေး၊ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်ပြီး လာမယ့် ဘဏ္ဍာရေးနှစ်ကစပြီး ဘတ်ဂျက်ခွဲဝေမှုမှာ ပညာရေးကဏ္ဍအတွက် အဆများ စွာ တိုးမြှင့်သုံးစွဲဖို့ စီမံဆောင်ရွက်ထားပါတယ်''ဟု ပြောကြားခဲ့ပါသည်။                 
 ''အစိုးရအဖွဲ့အနေဖြင့် အဆင့်မြင့် ပညာရေးနယ်ပယ် ပြုပြင်ပြောင်းလဲရေး၊အသက်မွေးဝမ်းကျောင်း ပညာရပ်များအား လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ အသုံးချနိုင်မည့် သင်ကြားရေး မြှင့်တင်မှု အစီအစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ကျောင်းသားအခြေပြု သင်ကြားမှု နည်းစနစ်များနှင့် အခြေခံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကိုလည်း ပညာရေးနယ်ပယ်မှ ပါဝင်ပတ်သက်သူများနှင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်နေကြောင်း၊ ပညာရေးအဆင့် မြှင့်တင်ရာတွင် ပုဂ္ဂလိက ပါဝင်မှုကို မြှင့်တင်ပေးနိုင်ရန် ပုဂ္ဂလိက စာသင်ကျောင်းများ ပေါ်ထွန်းလာရေးအတွက် ဥပဒေများကို ပြဌာန်းပေးခဲ့ကြောင်းနှင့် ကလေးငယ်များ အခြေခံပညာရေးအား သင်ကြားနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။          
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေမူကြမ်းတွင် ၂၀၁၁-၂၀၁၂ဘဏ္ဍာ ရေးနှစ်ကထက် ကျန်းမာရေးကဏ္ဍအတွက် လေးဆနှင့် ပညာရေးကဏ္ဍအတွက် နှစ်ဆတိုးမြှင့်ခဲ့ကြောင်း သိရသည်။
Eleven Media Group

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းမည်ဆိုပါက ၀မ်ပေါင်ကုမ္ပဏီဘက်မှ ဥပဒေကြောင်းအရ တရားစွဲဆိုမည်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းမည်ဆိုပါက ၀မ်ပေါင်ကုမ္ပဏီမှ စာချုပ်ပါ စည်းကမ်းချက်များအတိုင်း တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ၀မ်ပေါင်ကုမ္ပဏီ၏ ရန်ကုန်ရုံး Admin မန်နေဂျာ ဦးမြင့်သိန်းက ဇန်န၀ါရီ ၂၄ ရက်တွင် Eleven Media Group သို့ တရားဝင်ပြောကြားလိုက်သည်။

နိုင်ငံတော်အစိုးရမှ အဆိုပါ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆက်လက်လုပ်ဆောင်ခြင်းမပြုဘဲ ဖျက်သိမ်းပါက တရားဥပဒေ လမ်းကြောင်းဖြင့်သာ ဖြေရှင်းမည်ဖြစ်ပြီး အစိုးရသို့မဟုတ် ကြားခံကုမ္ပဏီ မည်သည့်အဖွဲ့အစည်းကို တရားစွဲဆိုမည်ဆိုသည်ကိုမူ စာချုပ်အား အသေးစိတ်လေ့လာပြီးမှသာ ပြောဆိုနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

"တကယ်တမ်း စီမံကိန်းရပ်ဆိုင်းမယ်ဆိုရင် လုံးဝဖျက်သိမ်းပေါ့နော်။ စာချုပ်အရဆိုရင် ကျွန်တော်တို့ တရားစွဲမယ်။ ဘယ်သူ့ကို တရားစွဲမလဲဆိုတာတော့ စာချုပ်အပေါ် မူတည်တယ်။ စာချုပ်ကို အသေးစိတ်ကြည့်ရဦးမယ်။ ဒါပေမဲ့ ဒီကိစ္စက နောက်ဆုံးဒီလိုအခြေအနေ ရောက်သွားလို့ရှိရင် ဒီတရားဥပဒေ လမ်းကြောင်းအရ ဖြေရှင်းရမှာပဲ။ ဒါတော့ သေချာတယ်" ဟု ၎င်းက ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော မြန်မာဝမ်ပေါင် မိုင်းနင်းကော့ပါးလီမီတက်နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်တို့ အကျိုးတူပူးပေါင်းလုပ်ကိုင်နေခြင်း ဖြစ်ပြီး  စီမံကိန်းဧရိယာအတွင်းရှိ လယ်ယာမြေများ သိမ်းယူမှုအပြင် အခြားအကြောင်းများကြောင့် ဒေသခံများ၏ စီမံကိန်းရပ်တန့်ပေးရန် ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ထို့နောက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို နိုင်ငံတော်သမ္မတမှ ဖွဲ့စည်းခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်သည်။

သေဆုံးသွားသော ဒါရိုက်တာဇင်မင်းအမှုမှာ ကြန့်ကြာနေသည့်အတွက် တိုင်းတရားရုံးသို့ ဦးတိုက်လျှောက်ထားသွားမည်ဟု တရားလိုဖြစ်သူထံမှ သိရ

သေဆုံးသွားသော ဒါရိုက်တာ ဇင်မင်းအမှုမှာ ကြန့်ကြာနေသည့်အတွက် တိုင်းတရားရုံးသို့ ဦးတိုက်လျှောက်ထားသွားမည်ဖြစ်ကြောင်း တရားလိုဖြစ်သူ ကိုနိုင်မိုးထံမှ သိရသည်။

၂၀၁၁ ခုနှစ်နိုဝင်ဘာလ ၂ ရက်နေ့က ကားဖြင့်ဒရွတ်တိုက်ဆွဲကာ အသတ်ခံခဲ့ရသော ကိုဇင်မင်း၏ အမှုအား ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင် ရုံးတွင် စစ်ဆေးခဲ့သော်လည်း တရားခွင်မှာ ကြန့်ကြာနေသည့်အတွက် တရားလိုဖြစ်သူ ကိုဇင်မင်း၏ သူငယ်ချင်းဖြစ်သူ ကိုနိုင်မိုးမှ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ဦးတိုက်လျှောက်ထားသွားမည်ဟု သိရသည်။

ထို့အပြင် ရဲစစ်ချက်များအရ တရားလိုပြသက်သေ ၁၈ ယောက်အထိ ရှိနေခြင်းနှင့် တရားခွင်တရားသူကြီး အပြောင်းအလဲများခြင်းမှာလည်း အမှုကို ကြန့်ကြာစေသော အကြောင်းရင်းများဖြစ်သည်ဟု ကိုနိုင်မိုးမှ ပြောကြားခဲ့သည်။

"ကျွန်တော်ကို စစစ်စစ်ချင်းမှာပဲ ရုံးချိန်း သုံးခါခေါ်တယ်။ ပြီးသွားတော့ ကျွန်တော်လည်း အလုပ်ကိစ္စတွေ ရှိတဲ့အတွက် ခရီးထွက်သွားတယ်။ ခရီးက ပြန်ရောက်ပြီး မေးကြည့်တော့ လက်ရှိအချိန်ထိ တရားလိုပြသက်သေ သုံးလေးယောက်ထက်ပိုအောင် မစစ်နိုင်သေးပါဘူး။ ဒီအတွက်လည်း ကျွန်တော်ဘက်က အခုတိုင်းတရားရုံးကို စာတင်ဦးတိုက် လျှောက်ထားဖို့ လုပ်နေပါတယ်" ဟု ကိုနိုင်မိုးမှ ပြောသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် သေဆုံးခဲ့သူ ကိုသန့်ဇင်လတ် (ခ) ဇင်မင်းမှာ ကိုသိန်းထိုက်နှင့်အတူ ပန်းဘဲတန်း၊ သိမ်ကြီးဈေးရှိ ညကလပ်တစ်ခုအတွင်းရှိနေစဉ် သန့်စင်ခန်းသို့သွားရာလမ်းရှိ လူသတ်တရားခံအဖြစ် တရားစွဲဆိုခံထားရသောသူနှင့် အပေါင်းအပါတစ်ဦးတို့အား တိုက်မိရာမှ အပြန်အလှန်စကားများရန်ဖြစ်ခဲ့ပြီး ကိုသိန်းထိုက်မှာ ခေါင်းကွဲခဲ့ပြီး ထိုလူနှစ်ဦးမှာ ကလပ်မှကားဖြင့်ထွက်သွားခဲ့ကြောင်း ရဲစစ်ချက်များအရ သိရသည်။

ခိုက်ရန်ဖြစ်ပွားမှုအပြီး ဒါရိုက်တာဇင်မင်းနှင့် ကိုသိန်းထိုက်တို့၏ သူငယ်ချင်းဖြစ်သူ ကိုနိုင်မိုး (လက်ရှိ တရားလို) ဖြစ်သူမှာ ရောက်ရှိလာပြီး ထိုကိစ္စအား ကျေနပ်မှုမရှိ၍ ကိုဇင်မင်းနှင့် ကိုသိန်းထိုက်တို့နှစ်ဦးနှင့်အတူ Taxi ငှား၍ ထိုသူနှစ်ဦးနောက်သို့ လိုက်ခဲ့ကြောင်း၊ ပုဇွန်တောင်မြို့နယ် ဗိုလ်ချုပ်လမ်းနှင့် ၄၅ လမ်းအရောက်တွင် ထိုသူနှစ်ဦးသည် ကိုဇင်မင်းတို့နောက်မှ လိုက်ုလာပြီး ၄င်းတို့ကားအား ကိုဇင်မင်း၏ အငှားယာဉ်ရှေ့တွင် ပိတ်ရပ်ခဲ့သည်။ ထိုသို့ပိတ်ရပ်နေစဉ် ကိုဇင်မင်းသည် ကားထဲမှထွက်ကာ ပိတ်ရပ်ထားသော ယာဉ်မောင်းဘက်ခြမ်းသို့ သွားရောက်စဉ် ယာဉ်မောင်းမှ ကိုဇင်မင်း၏ လည်ပင်အားသိုင်းဖက်ကာ ကားအားမောင်းပြေးသွားခဲ့သောကြောင့် ကိုဇင်မင်းသည် ၄၅ လမ်းထိပ်မှ ၄၈ လမ်းထိပ်သို့ ဒရွတ်တိုက်ပါသွားကာ လမ်းဘေးရှိ ပါဂျဲရိုးနှင့် ဟိုင်းလတ်ကားနှစ်စီးတို့အား ၀င်ရောက်တိုက်မိခဲ့ကာ ကိုဇင်မင်းအား လွှတ်ချခဲ့သည်။ လက်ရှိ တရားစွဲဆိုထားခံရသူမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပုဇွန်တောင်မြို့နယ် ရဲစခန်းမှ (ပ)၂၃၃/၂၀၁၁၊ ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ခဲ့ပြီး လက်ရှိတွင် အရှေ့ပိုင်းခရိုင်တရားရုံး၊ ခရိုင်ဒုတိယတရားသူကြီး တရားခွင် ၆ ၌ စစ်ဆေးနေကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်နှင့် တောင်ကိုရီးယားခရီးစဉ် စတင်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားနိုင်ငံ ခရီးစဉ်အား ယနေ့ (ဇန်န၀ါရီလ ၂၄ ရက်နေ့) နံနက် ၉ နာရီ ၅၀ မိနစ်က ထိုင်းလေကြောင်းလိုင်းဖြင့် စတင်ထွက်ခွာသွားပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၂၅ ရက်တွင် ဟိုနိုလူလူ မြို့၌ ဟာဝိုင်ယီ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဟာဝိုင်ယီရောက် မြန်မာများနှင့် သီးခြားစီတွေ့ဆုံခြင်း၊ ဇန်န၀ါရီ ၂၈ ရက်တွင် ဟိုနိုလူလူမြို့၌ ကျင်းပမည့် ရိုထရီငြိမ်းချမ်းရေး ဆွေးနွေးပွဲ (Rotary Peace Forum) သို့ တက်ရောက်မိန့်ခွန်းပြောကြားခြင်း၊ ဟာဝိုင်ယီငြိမ်းချမ်းရေးဆု (Hawaii Peace Award) ကို လက်ခံရယူခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၂၉ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နှင့် သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော မစ္စ ပက်ဂွန်းဟေးတို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၃ အထူးအိုလံပစ်ပွဲဖွင့်ပွဲသို့လည်း တက်ရောက်မည်ဖြစ်ပြီး ဇန်န၀ါရီ ၃၀ ရက်တွင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေး ထိပ်သီးညီလာခံ (Global Development Summit) သို့ တက်ရောက်မိန့်ခွန်းပြောကြားမည် ဖြစ်သည်။

ဇန်န၀ါရီ ၃၀ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မေ ၁၈ ဖောင်ဒေးရှင်းညီလာခံသို့ တက်ရောက်မည်ပြီး ကွမ်ကျူးဆုကို လက်ခံရယူမည်ဖြစ်ကာ ဖေဖော်ဝါရီ ၁ ရက်တွင် ဆိုးလ်အမျိုးသား တက္ကသိုလ်တွင် ကျောင်းသူကျောင်းသားများနှင့် တွေ့ဆုံပြီး မိန့်ခွန်းပြောကြား၍ ညနေပိုင်းတွင် ကိုရီးယားရောက် မြန်မာများနှင့် တွေ့ဆုံမည်ဖြစ်သည်။

ထိုသို့ အမေရိကန်နှင့် တောင်ကိုရီးယားခရီးစဉ်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၃ ခုနှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်တစ်ခုလည်း ဖြစ်သည်။

Eleven Media Group

ဒေါက်တာဆိတ်ဖွား ကို ဖော်ထုတ်ဖို့ လွှတ်တော်မှာ ကော်မရှင် ဖွဲ့စည်းတော့မည်

2013-01-23
ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းတဲ့အဆို၊ ဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး အင်တာနက် စာမျက်နှာမှာ အဆိုးမြင်ဝေဖန် ရေးသားဖော်ပြနေတဲ့ ဒေါက်တာ ဆိတ်ဖွားဆိုတဲ့ ကလောင်နာမည်နဲ့ သုံးစွဲသူကို ကော်မရှင်ဖွဲ့စည်းပြီး အရေးယူဆောင်ရွက်ပေးဖို့ လွှတ်တော် ကိုယ်စားလှယ်တွေကို အရေးတကြီး ပြင်ဆင်နေကြပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး လွှတ်တော်က အတည်ပြုလိုက်တဲ့  ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနှစ်ခုကို အင်တာနက်စာမျက်နှာပေါ်မှာ ဥပဒေအထက်မှာ (Above The Law) ဆိုပြီး ဝေဖန်ရေးသားချက်တွေဟာ လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို  စော်ကားထားတာဖြစ်တဲ့အတွက် အရေးယူဆောင်ရွက်ပေးဖို့ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးရင်က တင်သွင်းခဲ့တာ ဖြစ်ပြီး၊ သူတင်သွင်းတဲ့ အဆိုကို  သဘောတူမတူ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၃၄၇) ကန့်ကွက်မဲ (၁၅၇) ၊ ကြားနေမဲ (၄၂) မဲ ရရှိခဲ့ပြီး ထောက်ခံမဲများတဲ့ အတွက် ပြည်ထောင်စု လွှတ်တော်က ကော်မရှင်ဖွဲ့စည်းပြီး၊ စုံစမ်းစစ်ဆေးကာ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူသွားမယ်လို့ ဒီကနေ့ အတည်ပြုခဲ့ပါတယ်။

ကြေးနီတောင် စီမံကိန်းအကြောင်း ရှင်းလင်းပွဲ ရန်ကုန်မှာ ကျင်းပ

Photo: RFA
ကြေးနီတောင်စီမံကိန်းနဲ့ ပတ်သက်ပြီး လက်ပန်းတောင်းတောင် သိပ္ပံအမြင်ခေါင်းစဉ်နဲ့ ဓာတုဗဒပညာရှင် ဒေါက်တာခင်မောင်ညို က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ သမိုင်းမြို့မကျောင်းတိုက်မှာ ဇန်နဝါရီ ၂၃ရက်နေ့က ဟောပြောနေစဉ်
 လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းအကြောင်း အများပြည်သူတွေ ကို အသိပေးရှင်းလင်းတဲ့ ဟောပြော ပွဲကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှာ ရှိတဲ့ သမိုင်းမြို့မကျောင်းတိုက်မှာ လက်ပန်းတောင်းတောင် ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးကော်မတီက ဇန်န၀ါရီလ ၂၃ ရက် ဒီကနေ့ ကျင်းပခဲ့ပါတယ်။
ကြေးနီတောင်စီမံကိန်းနဲ့ ပတ်သက်ပြီး လက်ပန်းတောင်းတောင် သိပ္ပံအမြင်ခေါင်းစဉ်နဲ့ ဓာတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညိ က အခမ်းအနားမှာ အခုလို ဟောပြောခဲ့ပါတယ်။
“မြန်မာပြည်နဲ့ ပတ်သက်ပြီး ပြောလိုက်ရင် သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်တယ်၊ သတ္တုတွင်း တူးနိုင်တဲ့ မြေကြီးဟာ မြန်မာနိုင်ငံမှာ ၅၄ ရာခိုင်နှုန်း ရှိပါတယ်၊ အဲဒီ့ မြေကြီးကို တူးလိုက်မယ်ဆိုရင် အပေါက်တွေဖြစ်ပြီး ၄၆ ရာခိုင်နှုန်းပဲ နေထိုင်ဖို့ ကျန်ပါတော့တယ်၊ မုံရွာကနေပြီးတော့ တဖက်ကို လှမ်းကြည့်လိုက်ရင် အရင်ခေတ်ကတော့ မို့မို့မောက်မောက် တောင်နှစ်လုံးကို မြင်ရပါတယ်၊ ကြေးစင်တောင်ကြီးက တဖြေးဖြေးနဲ့ ကုန်သွားပြီးတော့ ချိုင့်ကပါးတွေဖြစ်ကုန်ပြီ”
လက်ပန်းတောင်းတောင် ပတ်ဝန်းကျင်မှာရှိတဲ့ ဆည်တဲရွာမှ ဒေသခံတစ်ဦးကတော့ မိမိတို့ လယ်သမားများအနေနဲ့ လယ်ယာပဲ ပြန်လုပ်ချင်တာကြောင့် ကြေးနီစီမံကိန်းကို ရပ်ဆိုင်းပေးဖို့ အခမ်းအနားမှာ တောင်းဆိုလိုက်ပါတယ်။
“ကျမတို့ သိလို့ တတ်လို့ မဟုတ်ပါဘူး၊ ကျမတို့ ဘာမှလည်း မသိပါဘူး၊ ဘာမှလည်း နားမလည်ပါဘူး၊  တကယ့်တကယ်က ကိုယ့်ခံစားချက်ထဲမှာ ဒီတောင်ကြီး မရှိရင် ကျမတို့ ဘဝတွေ ဆုံးရှုံးသွားမယ်၊ ကျမတို့ လယ်ယာမြေမရှိရင် ကျမတို့ ဘဝဟာ ဘယ်လိုရှေ့ဆက်ပြီး ရှင်သန်နိုင်မလဲဆိုတာ၊ ကျမတို့ ဒီ့ပြင် လုပ်ငန်းလည်း မလုပ်စားတတ်ပါဘူး၊ ဒီတောင်သူပဲ လုပ်စားတတ်ပါတယ်၊ အခု ဖြစ်ချင်တာကတော့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြီးကို လုံးဝ ဖျက်သိမ်းပေးပါလို့ အနူးအညွှတ်မေတ္တာ ရပ်ခံပါတယ်”
ဒါ့အပြင် သမ္မတဦးသိန်းစိန်ဆီကို ကြေးနီစီမံကိန်း ဖျက်သိမ်းပေးဖို့၊ လယ်မြေတွေ အဓမ္မမသိမ်းယူဖို့၊ သာသနာပိုင်မြေတွေ ပြန်ပေးဖို့နဲ့ တရားရုံးအသီးသီးမှာ တရားစွဲဆိုခံထားရတဲ့ အမှုအခင်းတွေ ကျေအေးပေးဖို့ စတဲ့အချက်တွေ အပါအဝင် အချက် ၉ ချက်ကို လူဦးရေ ၂ ထောင်ကျော်က လက်မှတ်ထိုးပြီး ပေးပို့ခဲ့ပါတယ်။
ဒီကနေ့ အခမ်းအနားကို ကြေးနီစီမံကိန်းတာဝန်ယူ အကောင်အထည်ဖေါ်နေတဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီက တာဝန်ရှိသူတချို့လည်း တက်ရောက်ခဲ့ပါတယ်။
RFA 
 **********Myanmar Local News မှ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း နှင့်ပတ်သက်၍
မဲပေးကြရန်တောင်း ခံ သောအခါ အောက်ပါ ရလဒ်အတိုင်း ရရှိပါသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို
-  
 
-  
 
-  
 
 
Total Votes: 154


ပြည်ခိုင်ဖြိုးပါတီ၌ သမ္မတဦးသိန်းစိန် ဥက္ကဋ္ဌအဖြစ်ဆက်လက်တာဝန်ယူမှု လွှတ်တော်တွင်မေးမြန်းပြီ


ပြီးခဲ့သည့် ၂၀၁၀ အငြင်းပွားဖွယ်ရွေးကောက်ပွဲ၌ မဲဆန္ဒနယ်အများဆုံး အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူမှုမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအား ဆန့်ကျင်လျက်ရှိကြောင်း ဇန်နဝါရီ ၂၁ ရက်နေ့တွင် ကျင်းပ ခဲ့သည် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က အဆိုတင်သွင်းခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၄ တွင် "နိုင်ငံတော်သမ္မတ (သို့) ဒုတိယသမ္မတများသည် နိုင်ငံရေး ပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ (သို့) ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့် နေ့မှစ၍ မိမိတို့ ရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ" ပာုပြဋ္ဌာန်းထားသည့်အတွက် အဆိုပါပြဋ္ဌာန်းချက်အား အဓိပ္ပါယ်ဖွင့်ဆိုပေးရန် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က အဆိုတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအဆိုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးမောင်က ယင်းဥပဒေအား အဓိပ္ပါယ်ဖွင့်ဆိုနိုင်ရန် အခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန်ရှိသော်လည်း လက်ရှိအချိန်တွင် အခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့အား မဖွဲ့စည်းရသေးသည့်အတွက် ခုံရုံးဖွဲ့ပြီးမှ သာလျှင် အဓိပ္ပါယ်ဖွင့်ဆိုနိုင်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ပုဒ်မ ၃၂၅ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ အဓိပ္ပါယ် ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက် သဘောထားများရယူနိုင်ရန်အတွက် ခုံရုံးပေါ်ပေါက်လာသည့်အချိန်တွင် ပြည်သူ့လွှတ်တော်အနေဖြင့် အဓိပ္ပါယ်ဖွင့်ဆိုချက်တောင်းခံသွားမည် ဖြစ်သော်လည်း လက်ရှိအချိန်တွင် ခုံရုံးမဖွဲ့စည်းရသေးသည့်အတွက် ယင်းအဆိုအားလွှတ်တော်တွင်း ဆွေးနွေးခွင့်မပြုနိုင်သည့်အပြင် လွှတ်တော် ကိုယ်စားလှယ်အခွင့်အရေး မဆုံးရှုံးစေရေးအတွက် လွှတ်တော်ဥက္ကဋ္ဌမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂(ဋ)၌ "ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ"ပာု ပြဋ္ဌာန်းထားကြောင်း သိရသည်။

Yangon chronicle  ဒေါင်းမာန်မှတဆင့်

နေပြည်တော် ဆေးရုံလေးရုံ စီမံကိန်းသည် ပြည်သူ့ဘဏ္ဍာ ဖြုန်းတီးခြင်းဟု ဆို


ရန်ကုန်၊ ဇန်နဝါရီ ၁၉
နေပြည်တော်၌ခုတင်ငါးရာဆံ့ ဆေးရုံကြီးလေးရုံ ဆောက်မည့်စီမံကိန်းသည် ပြည်သူ့ဘဏ္ဍာကို
 ဖြုန်းတီးခြင်းဖြစ်ကြောင်း သနပ်ပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦး (ကျန်းမာရေးမြှင့်တင်မှု ကော်မတီအဖွဲ့ဝင်)က ပြောသည်။

လက်ရှိ နေပြည်တော် ၈ မြို့ နယ်တွင် လူဦးရေ ၆ သိန်း၊ ၇ သိန်း ခန့်ရှိပြီး နေပြည်တော် ခုတင် ၁ဝဝဝ ဆံ့ ဆေးရုံကြီး၊ ခုတင် ၁ဝဝဝ ဆံ့ ဇမ္ဗူသီရိဆေးရုံကြီး၊ တပ်မတော် ခုတင် ၁ဝဝဝ ဆံ့ ဆေးရုံကြီးနှင့် ခုတင် ၃ဝဝ ဆံ့ သားဖွားမီးယပ်နှင့် ကလေးဆေးရုံ ကြီး၊စစ်မှုထမ်း ခုတင် ၅ဝဝ ဆံ့ ဆေးရုံကြီး၊ သီရိငါးမြို့နယ်တွင် ခုတင် ၅ဝ ဆံ့ ဆေးရုံ ၅ ရုံ ရှိ သောကြောင့် ၄င်းစီမံကိန်းသည် အမှန်တကယ်အားဖြင့် မလိုအပ် ကြောင်း ၄င်းက ပြောသည်။”အခုနေပြည်တော်က ဆေး ရုံမြို့တော်ကြီးလို့ ပြောလို့ ရပြီ” ဟု ၄င်းက ထပ်လောင်းပြော သည်။ခုတင် ၅ဝဝ ဆံ့သော ဗဟို အမျိုးသမီးဆေးရုံကြီး၊ ကလေး ဆေးရုံကြီး၊ အရိုးရောဂါအထူးကု ဆေးရုံကြီးနှင့် နား၊ နှာခေါင်း၊ လည်ချောင်းဆေး ရုံကြီး စသော ဆေးရုံ ၄ ရုံဆောက်လုပ်ရန် အတွက် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ် က ကျပ်သန်း ၂၆ဝဝ သုံးစွဲခဲ့ပြီး၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ကျပ် သန်းပေါင်း ၁၂ဝဝဝ သုံးစွဲ ရန် လျာထားသည်ကို တွေ့ရ ကြောင်း ဦးမြင့်ဦးက ပြောသည်။အဆိုပါ ဆေးရုံ ၄ ရုံဆောက် လုပ်ခြင်းကို ရပ်လိုက်မည်ဆိုပါက ကျပ်သန်း ၂၆ဝဝ သာဆုံးရှုံးမည် ဖြစ် ပြီး ဆက်လုပ်မည်ဆိုပါက နောက်ထပ် ကျပ်သန်းပေါင်း တစ် သောင်းနှစ်ထောင်ကျော် ဆုံးရှုံးမည် ဖြစ်သည်ဟု ၄င်းက ပြောသည်။ ”ဆေးရုံဆောက်တာက အဲဒီ ကုန်ကျ စရိတ်နဲ့တင် မပြီးသေးဘူး။ ဝန်ထမ်းတွေ ခန့်ရဦးမယ်။ အဲဒီ ဆေးရုံတွေအတွက်က ထားဦး။ လက်ရှိ ရှိနေတဲ့ ဆေးရုံတွေမှာ တင် ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ အခြားလို အပ်ချက်တွေ၊ ဆေးနှင့် ဆေးပစ္စည်းတွေ ပြည့်စုံလုံလောက် ရဲ့လား၊ ဒါ့အပြင် လူနာရော ရှိရဲ့ လားဆိုတာ အလေးအနက်ထား စဉ်းစားသင့်တယ်”ဟု ၄င်းကပြော သည်။
အထက်ပါကိစ္စနှင့် ပတ်သက်  ၍လည်း ဇန်နဝါရီ ၁၇ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ် တော်တွင် တင်ပြဆွေးနွေးထား ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြော သည်။
ကျန်းမာရေးကဏ္ဍနှင့် ပတ် သက်၍ အမှန်တကယ် အများ ပြည်သူအတွက် လိုအပ်သော စီမံ ကိန်းများ ပြုလုပ်ရန် များစွာ ကျန် နေသေးကြောင်း၊ လက်ရှိ နိုင်ငံ တော်၏ စီးပွားရေး အခြေအနေနှင့် ကိုက်ညီစွာ ဆောင်ရွက်နိုင်မည့် စီမံကိန်းမျိုး ပို၍ ဖြစ်သင့်ကြောင်း၊ ရှိပြီးသား ဆေးရုံများကို စံကိုက်ဖြစ် အောင်ဆောင်ရွက်ခြင်းက ပို၍သင့် တင့်လျောက်ပတ်ကြောင်း ၄င်းက ပြောသည်။မြို့ပြနှင့် ကျေးလက် ကျန်းမာ ရေး ကွာဟမှုသည်လည်း ကြီးမား နေဆဲ ဖြစ်သည့်အတွက် ယင်းကွာ ဟမှုကို ကျဉ်းသွား၊ ကျုံ့သွားစေမည့် စီမံကိန်းများတွင် ပုံအောသုံးစွဲသင့် သည်ဟု ၄င်းက ပြောသည်။

   မြတ်စုငြိမ်းhttp://popularmyanmar.com မှ မူရင်းအတိုင်း

Wednesday, January 23, 2013

သမ္မတနှင့်အစိုးရအဖွဲ့အား စွပ်စွဲပြစ်တင်ရာတွင် စည်းမျဉ်းစည်းကမ်း သတ်မှတ်သင့်ကြောင်းအဆို ဦးရွှေမန်းပယ်ချ


ရန်ကုန်၊ ဇန်န၀ါရီ - ၂၃
နိုင်ငံတော်သမ္မတအပါအ၀င် ပြည်ထောင်စုအစိုးရအဖွဲ့အား စွပ်စွဲပြစ်တင်ခြင်းနှင့်စပ်လျဉ်း၍ ကျင့်သုံးရမည့် စည်းမျဉ်း၊ စည်းကမ်းများကို သတ်မှတ်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းသည့် အဆိုသည် တင်သွင်းရန် သင့်လျော်မှုမရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတွင် ဇန်န၀ါရီလ ၂၂ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောကြားသည်။

ယင်းအဆိုကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က ဇန်န၀ါရီ ၂၂ ရက်တွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

“ကျွန်တော့်ရဲ့အဆိုဟာ အချိန်ခါ မသင့်သေးပါဘူး။ အဆိုမှာလည်း လိုအပ်ချက်တွေ ရှိသေးတယ်။ နောက်နောင် အချိန်အခါသင့်ရင် ထပ်တင်ဖို့တော့ စီစဉ်ထားပါတယ်” ဟု အဆိုတင်သွင်းသူ ဦးဇင်အောင်က ပြောသည်။

တင်ပြရန် စီစဉ်သည့် အဆိုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၇၁ တွင် လုပ်ထုံးလုပ်နည်း အဆင့်ဆင့်အား ဖော်ပြထားပြီးဖြစ်သဖြင့် တင်သွင်းခြင်းမပြုသင့်သေးကြောင်း အဆိုရှင်နှင့် ညှိနှိုင်းမှုပြုလုပ်ခဲ့ကြောင်း သူရဦးရွှေမန်းက ပြောသည်။

“ကျွန်တော့်အမြင် ပြောရရင် ဒါဟာ မတင်သင့်ပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ အဆိုရှင်က ပါတီက တင်ခိုင်းတာဖြစ်တဲ့အတွက် တင်ပါရစေလို့ ပြောပါတယ်။ ကျွန်တော်တို့ လွှတ်တော်ထဲမှာ ပါတီစွဲ၊ ၀ါဒစွဲ၊ ဒေသလူမျိုးစွဲမထားဘဲ ဆောင်ရွက်နေတဲ့အတွက် ဒီဟာတင်ရင် ကျွန်တော်ကန့်ကွက်မယ်” ဟု ဦးရွှေမန်းက အဆိုနှင့်ပတ်သက်၍ မှတ်ချက်ပြုပြောကြားရာတွင် ထည့်သွင်းပြောကြားသွားသည်။

အခြေခံဥပဒေပုဒ်မ ၇၁ တွင် လုပ်ဆောင်ရမည့် စည်းမျဉ်း၊ စည်းကမ်းများကို ဖော်ပြထားမှု မတွေ့ရဘဲ လွှတ်တော်ကိုယ်စားလှယ်များသည် သမ္မတအပါအ၀င် ပြည်ထောင်စုအဆင့်ဆိုင်ရာ ပုဂ္ဂိုလ်များအား စွပ်စွဲပြစ်တင်ရာတွင် ဆောင်ရွက်ရန် ပြဋ္ဌာန်းချက်များကိုသာ
ဖော်ပြထားခြင်းဖြစ်ကြောင်း ဦးအောင်ဇင်က ပြောသည်။

၎င်းပုဒ်မသည် နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများအား စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ ပုဒ်မဖြစ်ပြီး ပုဒ်မခွဲ ခုနစ်ခု ပါရှိသည်။
7Day News Journal

ဖါးကန့်မြို့နယ်မှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာ

2013-01-23
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာမှာ ဒီကနေ့မနက်ပိုင်း ၁၁ နာရီကနေ ညနေ ၅ နာရီအထိ အစိုးရတပ် နဲ့ ကေအိုင်အေ တပ်တွေအကြား အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့ရာမှာ လက်နက်ကြီး ကျည်ဆံပေါက်ကွဲ ထိမှန်မှုကြောင့် ဝှေခါကျေးရွာရပ်ကွက် ၁ နား က မြေစာပုံမှာ ရေးမဆေးကျောက်ရှာနေတဲ့ ဒေသခံပြည်သူ ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။
“ပစ်တဲ့လက်နက်ကြီးဟာ ရေမဆေးကျောက်ရှာနေတဲ့ ၃ယောက်ကို ထိပြီးမှ ပွဲချင်းပြီးသေသွားတာ၊ အခုလေးတင်ပဲ တစ်လုံးပစ်တယ်ဗျာ၊ ၁၁ လောက်ကနေပြီးတော့မှာ ၅ နာရီခွဲလောက်အထိ ပစ်နေတုန်းပဲ၊ အခုပစ်တာကတော့ တောင်တန်းကနေပြီးတော့ လက်နက်ကြီးတွေနဲ့ပစ်တာ၊ နောက်ပတ်ချာလည် ရပ်ကွက် ၁၊ ၂၊ ၃၊ ၄ အတွင်းမှာ အလုံး ၂၀ ကျော်ကျနေတာ၊ ပြည်သူတွေက အခုမနေရဲတဲ့အခါကျတော့ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်ကြတယ်”
အလားတူ ဒီကနေ့မနက်ပိုင်း ၆ နာရီလောက်ကလည်း ဝှေခါကျေးရွားနဲ့ ၂ မိုင်လောက်ဝေးတဲ့ မှော်ဂဠုန်ကျေးးရွာဘက်မှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ဆိပ်မူနဲ့ မှော်ဂဠုန်ရွာကြား ဆိုင်းတောင်ရွာဟောင်းက ဒေသခံပြည်သူတစ်ရွာလုံးလည်း တိုက်ပွဲပြင်းထန်တာကြောင့် ဆိပ်မူကျေးရွာဖက်က ဘုန်းကြီးကျောင်းတွေနဲ့ ခရစ်ယာန်ဘုရာရှိခိုးကျောင်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သတင်းရရှိပါတယ်။
RFA မှ မူရင်းအတိုင်း

ဆက်သွယ်ရေးဆိုင်ရာ အကျင့်ပျက်ချစား မှု နေပြည်တော်မှာ စစ်ဆေးနေ

2013-01-23
မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရာမှာ အကျင့်ပျက် လာဘ်စားမှုတွေရှိတဲ့အတွက် မကြာခင်က ရာထူးကနေ နှုတ်ထွက် သွားတဲ့ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းထွန်း အပါအဝင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အရာရှိ ၅၀ ကျော်ကို ပြည်ထောင်စုစာရင်း စစ်ချုပ်ခေါင်းဆောင်တဲ့အဖွဲ့က ခေါ်ယူစစ်ဆေးနေ တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

 ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့မှာ ပြည်ထဲရေးဝန်ကြီးဌာနအောက်က မှုခင်းစုံစမ်းရေးအဖွဲ့ CID ၊အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့ BSI စတဲ့ အဖွဲ့တွေပါဝင်ပြီး၊နေပြည်တော် ဆက်သွယ်ရေး ဝန်ကြီးဌာနရုံးအတွင်း ရုံးထိုင်ကာ အကျင့်ပျက် လာဘ်စားမှုကို စုံစမ်းစစ်ဆေးနေတာလို့ သိရှိရပါတယ်။
ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်းကိုတော့ နေပြည်တော် သူ့ရဲ့အိမ်မှာအကျယ်ချုပ် ချထားပြီး၊ စစ်ဆေး မေးမြန်းနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက အရာရှိတစ်ဦးက RFA ကိုအတည်ပြုပြောပါတယ်။
ခေါ်ယူစစ်ဆေးခံရသူတွေထဲမှာ ဆက်သွယ်ရေး ဝန်ကြီးဌာနက အထွေထွေ မန်နေဂျာ ဦးသိန်းဦး၊မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဦးဆောင် ညွှန်ကြားရေးမှုး ဦးက္ကိဒ္ဓိလှတို့အပြင် ရန်ကုန် အခြေစိုက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက အင်ဂျင်နီယာချုပ် ဦးဌေးဝင်းစတဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက အရာရှိ ၅၀ ကျော်ပါဝင်ပြီး သူတို့ကို နေပြည်တော်က ရဲတပ်ရင်းတွေထဲမှာ ထားရှိပြီး ပူးပေါင်းအဖွဲ့တွေက စုံစမ်းစစ်ဆေးမှုတွေလုပ်နတယ်လို့ သိရပါတယ်။
တရုတ် ဆက်သွယ်ရေး ကုမ္မဏီတွေဖြစ်ကြတဲ့  ZTE နဲ့ Huawei ကုမ္မဏီတို့နဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနတို့ကြား အကျိုးတူ လုပ်ကိုင်နေတဲ့ မိုဘိုင်းဖုန်းကွန်ရက် တည်ဆောက်ရေး ကိစ္စတွေမှာ ဆက်စပ်လုပ်ကိုင်နေတဲ့Elite ၊ Asia Mega Link ၊တာမိုးညဲစတဲ့ ကုမ္မဏီ ၁၃ ခုက တာဝန်ရှိသူတစ်ချို့ကိုပါ ဒီကနေ့ စတင်ပြီး ခေါ်ယူစစ်ဆေးနေပါတယ်။
RFA မှ မူရင်းအတိုင်း

ဖားကန့် ဒေသခံတွေအတွက် ကေအိုင်အေ တပ်မှူး အကူအညီတောင်း

Photo courtesy of KIO
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လကစပြီး တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့၏ မှတ်တမ်းပုံ ဖြစ်ပါသည်။
 2013-01-23
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ရှိတဲ့ ဝှေခါကျေးရွာနဲ့ မှော်ဂဠုန်ကျေးရွာ တစ်ဝိုက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေ စားရေးသောက်ရေး အခက်အခဲတွေ ရှိလာတဲ့အတွက် အကူအညီပေးဖို့ ကေအိုင်အေ တပ်ရင်း ၆ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ဦးဇော်ဒွဲ က အစိုးရအဖွဲ့ကို ဒီကနေ့ ဇန်န၀ါရီလ ၂၃ ရက်နေ့ မှာ မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါတယ်။
ဒေသခံပြည်သူတွေဟာ နှစ်ဖက်တိုက်ပွဲတွေကြား နီးစပ်ရာစစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်ပြီး စားသောက်ရေးပါ အခက်အခဲဖြစ်နေတာကြောင့် လာမယ့်ရက်ပိုင်းတွေအတွင်း အခြေအနေပိုဆိုးဖို့ရှိတယ်လို့ ကေအိုင်အေ တပ်ရင်းမှူး ဗိုလ်မှူးကြီးဇော်ဒွဲ က ပြောပါတယ်။
အစိုးရစစ်တပ်နဲ့ ကေအိုင်အေတပ်တွေဟာ ဒီကနေ့မနက်အစောပိုင်းမှာလည်း အဲဒီ့နေရာမှာ  တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့အတွက် ဒီကနေ့မှာပဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံပြည်သူဟာ လူဦးရေ ၂ ထောင်ကျော် ရှိလာပြီလို့ မှော်ဂဠုန်ကျေးရွာက NLD ပါတီဝင်တစ်ဦးက RFA ကို အခုလိုပြောပါတယ်။
“အပြန်အလှန် ပစ်ခတ်တာ အခု အစိုးရတပ်က တစ်ယောက်တော့ ထမ်းသွားတာတွေ့တယ်၊ အခု လက်ရှိကတော့ ကျနော်တို့ ရွာကလူတွေက ထိတ်ထိတ်ပြာပြာ ဖြစ်နေကြတာပဲ၊ ထမင်းတောင် အခုချိန်ထိ ဘယ်သူမှ မချက်စားရဲသေးဘူး”
အဲဒီ့ဒေသကနေ စစ်ဘေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေဟာ ဝှေခါနဲ့ မှော်ဂဠုန်ကျေးရွာတွေမှာရှိတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေနဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။
ကချင်ပြည်နယ်မှာ စစ်ဆင်ရေးရပ်စဲဖို့ သမ္မတဦးသိန်းစိန် က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ညွှန်ကြားထားပြီး ကာကွယ်ရေးဦးစီးချုပ်ကလည်း သမ္မတရဲ့အမိန့်နဲ့ ညွှန်ကြားချက်တွေကို နာခံဆောင်ရွက်နေတယ်လို့ အစိုးရဘက်က သတင်းထုတ်ပြန်တာတွေ ရှိပါတယ်။
ဒါပေမယ့် ကချင်ပြည်နယ်ရဲ့ နေရာအတော်များများမှာ ကေအိုင်အေနဲ့ မြန်မာအစိုးရတပ်တွေ ဒီကနေ့အထိ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
ကချင်ပြည်နယ်က စစ်ပွဲတွေရပ်ဆိုင်းရေးမှာ ဘယ်လိုအတားအဆီးတွေ ရှိနေသလဲဆိုတာကို RFA သတင်းထောက် မသူဇာက တင်ပြထားပါတယ်။
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန် 
 RFA မှ မူရင်းအတိုင်း

ထိုင်းဘုရင်စော်ကားမှု ထောင်ဒဏ် ၁၀ နှစ်ချမှတ်


ထိုင်းနိုင်ငံမှာ အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဘုရင်နဲ့ဘုရင့်အမျိုးအနွယ်တွေကို အသရေဖျက်မှုဆိုင်ရာ ဥပဒေတွေနဲ့ ငြိစွန်းတဲ့ ဆောင်ပါးတွေကို ဖော်ပြမှုနဲ့ ထိုင်းမဂ္ဂဇင်းတခုဖြစ်တဲ့ Voice of Oppressed မဂ္ဂဇင်းအယ်ဒီတာ Somyot Pruk saka sem suk ကို ထောင်ဒဏ် ဆယ်နှစ် ချမှတ်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ဘန်ကောက် ရာဇ၀တ်တရားရုံးက အခုလိုစီရင်ချက် ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး အယူခံဝင်ဖို့ ရှိတယ်လို့ Somyot ကပြောပါတယ်။

၂၀၁၀ တုန်းက Somyot ရဲ့မဂ္ဂဇင်းထဲမှာ ဒီဆောင်းပါး ၂ ပုဒ်ကို ဖေါ်ပြခဲ့တာဖြစ်ပြီး မဂ္ဂဇင်း ကိုလည်း အဲဒီအချိန်ကစပြီး အစိုးရက ပိတ်ပစ်ခဲ့တာပါ။

ဒီဆောင်းပါးတွေကို ကိုယ်တိုင်ရေးသားတာမဟုတ်ပေမယ့်လည်း သူဟာ ထိုင်းနိုင်ငံရဲ့ ရာဇ၀တ် ပုဒ်မ ၁၁၂ ဖြစ်တဲ့ ဘုရင်စံနစ်ကို စော်ကားသူအဖြစ် ထောင်ဒဏ် ၁၅ နှစ်အထိ အပစ်ပေးနိုင်တဲ့ အမှုကို ကျူးလွန်ကြောင်း တွေ့နေရတယ်လို့ တရားသူကြီးတွေက ပြောပါတယ်။

Somyot ဟာ ၂၀၁၁ ခုနှစ်ထဲ ထိုင်းနိုင်ငံက ရှပ်နီနိုင်ငံရေးလှုပ်ရှားမှုကို ထောက်ခံသူဖြစ်ပြီး ပုဒ်မ ၁၁၂ နဲ့ ငြိစွန်းတဲ့ ဒီလှုပ်ရှားမှုစတင်ခဲ့ပြီး ၅ ရက်အကြာမှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

သူ့ကို အသရေဖျက်မှုတခု ကျူးလွန်ခဲ့မှုနဲ့လည်း နောက်ထပ် ထောင်ဒဏ်တနှစ် ထပ်မံ ချထားခဲ့ပါတယ်။

သမ္မတကြီး ဦးသိန်းစိန် နောက်ထပ် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ လက်ခံ


ဂုဏ်ထူးဆောင် ပါရဂူဘွဲ့လက်ခံပြီးနောက် ကျေးဇူးတင်စကားပြောနေတဲ့ သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ-သမ္မတရုံး ၀က်ဆိုက်
သမ္မတ ဦးသိန်းစိန် နောက်ထပ် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ လက်ခံ သမ္မတ ဦးသိန်းစိန်ကို ထိုင်းနိုင်ငံ၊ ဘန်ဆွန်ဒက် ချောင်ဖရာ ရာဂျာဘတ် တက္ကသိုလ် (Bansomdej chaopraya Rajabhat University - BSRU) မှ စီမံခန့်ခွဲမှုနည်းပညာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့(Honorary Doctor of Philosophy in Techonlogy Management) ပေးအပ်သည့် အခမ်းအနားကို ယနေ့ ဇန်န၀ါရီ လ ၂၃ ရက်နေ့ ညနေ ၅ နာရီက နေပြည်တော်ရှိ သမ္မတ အိမ်တော် သဘင်ဆောင် ခန်းမမှာ ကျင်းပခဲ့ပါ တယ်။


သမ္မတ ဦးသိန်းစိန်အနေနဲ့ ထိုင်းနိုင်ငံတက္ကသိုလ်တခု၏ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့လက်ခံရယူခြင်းဟာ ဒုတိယအကြိမ်မြောက် ပါရဂူဘွဲ့ကိုလက်ခံတာဖြစ်ပါတယ်။ ဒီမတိုင်မီက တရုတ်ပြည်ခရီးစဉ်အတွင်းက လည်း တရုတ်နိုင်ငံ တက္ကသိုလ်တခုက ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ တခု ချီးမြှင့်ပေးခဲ့ပါသေးတယ်။


အဲဒီလို ကျင်းပရာမှာ သမ္မတ ဦးသိန်းစိန် ပြောကြားသည့် ကျေးဇူးတင်စကား အပြည့်အစုံကိုလည်း သမ္မတ ရုံး ၀က်ဆိုက်မှာ ဖော်ပြထားတာကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

~ ယနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ BSRU ၏ အကြီးအကဲ တွဲဖက် ပါမောက္ခ ဒေါက်တာ ဖွန်လာဆစ် နူချူချိုင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်တော်များ၊ ပြည်ထောင်စု ဝန်ကြီး များ၊ ဒုတိယ ဝန်ကြီးများ၊ ပညာရေး ဝန်ကြီးဌာနမှ ပုဂ္ဂိုလ်များနဲ့ ဧည့်သည်တော်များ အားလုံး မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါ စေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်း ဆက်သလိုက်ပါတယ်။

ရှေးဦးစွာ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ (BSRU) တက္ကသိုလ်ကောင်စီ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ပယွန် ဂျူထာ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့က ကျွန်တော့်အား စီမံခန့်ခွဲမှု နည်းပညာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (Honorary Doctor of Philosophy in Technology Management) ပေးအပ် ချီးမြှင့်ပေးတဲ့ အတွက် ကျေးဇူးတင်ရှိကြောင်း ဦးစွာ ပြောကြား လိုပါတယ်။

ဒီဂုဏ်ထူးဆောင် ပါရဂူဘွဲ့ဟာ ကျွန်တော်တို့ နိုင်ငံနဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးနဲ့ ကြိုးပမ်း အားထုတ်မှုတွေ အပေါ် အသိအမှတ်ပြုမှု တစ်ရပ်အဖြစ်လို့ပဲ ကျွန်တော် ခံယူပါတယ်။

ကျွန်တော်တို့ ပြည်သူတွေဟာ ထူးခြားလှတဲ့ သမိုင်းမှတ်တိုင် အလှည့်အပြောင်းကို စိုက်ထူနေကြ သူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဒီမိုကရေစီ ပန်းတိုင်သို့ ချီတက်ဆဲ ဖြစ်သလို ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်း ချက်တွေလည်း မပြည့်ဝ သေးပါဘူး။

မတူကွဲပြားမှုတွေကို နိုင်ငံတော်ရဲ့ အမျိုးအစား စုံလင်လှတဲ့ အင်အားစု တွေအဖြစ် ပြောင်းလဲနိုင်ဖို့ ကျွန်တော်တို့ နောက်ထပ် အများကြီး ကြိုးပမ်းအားထုတ် ကြရဦးမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရအဖွဲ့က ချမှတ်ထားပြီးဖြစ်တဲ့ ပြည်သူလူထု ဗဟိုပြု ပြုပြင်ပြောင်းလဲမှုတွေကို မိဘပြည် သူတွေ အားလုံး လက်တွေ့ကျကျ ရရှိ ခံစားနိုင်အောင် အားထုတ်ကြိုးပမ်းကြရဦးမှာ ဖြစ်ပါတယ်။ ရေရှည် တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မျှတမှန်ကန်တဲ့ ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာဖို့ အတွက် ကျွန်တော်တို့ဟာ နိုင်ငံရေး ယဉ်ကျေးမှုအသစ်ကို စတင် မွေးဖွားပေးခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိအခြေအနေကို ဆန်းစစ်ကြည့်လိုက်ရင် ကျွန်တော်တို့ နိုင်ငံရဲ့ နယ်ပယ် ကဏ္ဍစုံမှာ စွမ်းဆောင်ရည် မြှင့်တင်ဖို့ လိုအပ်နေတာကို တွေ့ရှိနေရပါတယ်။

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စတဲ့ မဏ္ဍိုင်ကြီး သုံးရပ်အပြင် မီဒီယာကဏ္ဍ၊ အရပ်ဖက် လူ့အဖွဲ့ အစည်း၊ စီးပွားရေးစနစ်နဲ့ ဈေးကွက်ယန္တရားစတဲ့ ကဏ္ဍအသီးသီးမှာ လိုအပ်ချက်တွေ ရှိနေတဲ့အတွက် နိုင်ငံတည်ဆောက်ရေးနဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေး တို့ကို တစ်ပြိုင်တည်း တိုးမြှင့် ဆောင်ရွက်လျက် ရှိပါတယ်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင် ပြောင်းလဲမှုတွေနဲ့အတူ အမျိုးသား ပြန်လည် ပေါင်းစည်း ညီညွတ်ရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်တဲ့ နေရာမှာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကူညီပံ့ပိုးမှုနဲ့ ပြည်သူတွေရဲ့ ကြိုးပမ်း လုပ်ကိုင်နိုင်တဲ့ စွမ်းဆောင်ရည်လည်း အဓိက လိုအပ်ပါတယ်။

ဒီ့ပြင် အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေး လုပ်ငန်းစဉ်မှာ ပါရှိလာမယ့် မျိုးဆက်သစ် တိုင်းရင်းသား လူငယ်တွေရဲ့ အနာဂတ်ကိုလည်း ဆက်စပ် လွှမ်းခြုံနိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပညာရည် မြှင့်တင်ရေးဟာ အနာဂတ်အတွက် ရင်းနှီးမြုပ်နှံမှုတွေ ဖြစ်တာနဲ့အညီ ဒီကနေ့ အကောင် အထည်ဖော် ဆောင်ရွက်နေတဲ့ နိုင်ငံတော် စီးပွားရေး စနစ်ရဲ့ အခြေအနေသစ် တွေနဲ့လည်း ကိုက်ညီမှုရှိရမှာ ဖြစ်ပါတယ်။

သယံဇာတ ထုတ်ယူ သုံးစွဲရေးကို အခြေပြုတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ အစဉ်အလာ စီးပွားရေးပုံစံကိုလည်း နည်းပညာ အခြေခံတဲ့ စီးပွားရေး ပုံစံသစ်သို့ တိုးတက်ပြောင်းလဲအောင် ရည်ရွယ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဧည့်သည်တော်များ ခင်ဗျား- မျိုးဆက်သစ်လူငယ်တွေဟာ နိုင်ငံ့အနာဂတ်အတွက် မျှော်လင့်ချက် ဖြစ်ပါတယ်။ ပညာရည် မြင့်မားစေဖို့အတွက် နိုင်ငံတကာ အကူအညီနဲ့ အတွေ့အကြုံတွေ ရယူ ပြီးတော့ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံဟာ ဖွံ့ဖြိုးမှု နောက်ကျဆဲ ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးမှု လျော့ချရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်ပြီး လာမယ့် ဘဏ္ဍာရေး နှစ်ကစပြီး ဘတ်ဂျက် ခွဲဝေမှုမှာ ပညာရေးကဏ္ဍအတွက် အဆများစွာ တိုးမြှင့် သုံးစွဲဖို့ စီမံ ဆောင်ရွက်ထားပါတယ်။

ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ အဆင့်မြင့် ပညာရေးနယ်ပယ်မှာ ပြုပြင် ပြောင်းလဲရေး နဲ့အတူ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို လက်တွေ့ နယ်ပယ်မှာ အကျိုးရှိရှိ အသုံးချနိုင်မယ့် သင်ကြား ရေး မြှင့်တင်မှု အစီအစဉ်တွေကိုလည်း ဆောင်ရွက်လျက် ရှိပါတယ်။

တစ်ချိန်တည်းမှာပဲ ကျောင်းသား အခြေပြု သင်ကြားမှု နည်းစနစ်တွေနဲ့ အခြေခံ ပညာရေးစနစ် ပြုပြင် ပြောင်းလဲရေးကိုလည်း ပညာရေးနယ်ပယ်က ပါဝင် ပတ်သက်သူ အားလုံးနဲ့ ညှိနှိုင်းတိုင်ပင် ဆောင် ရွက်နေပြီ ဖြစ်ပါတယ်။

ပညာရေး အဆင့်မြှင့်တင်ရာမှာ ပုဂ္ဂလိက ပါဝင်မှုကို မြှင့်တင်ပေးနိုင်ဖို့ ပုဂ္ဂလိက စာသင်ကျောင်းတွေ အများအပြား ပေါ်ထွန်းလာအောင် အားပေးကူညီပြီး လိုအပ်တဲ့ ဥပဒေကိုလည်း ပြဌာန်း ပေးခဲ့ပါတယ်။

ကလေးငယ်တွေအားလုံး အခြေခံပညာရေးကို သင်ကြား နိုင်အောင်လည်း ကြိုးပမ်း ဆောင်ရွက်ပေးလျက် ရှိပါတယ်။ BSRU နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လေ့လာကြည့်မယ်ဆိုရင် BSRU နဲ့ ရန်ကုန်အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်တို့အကြား နားလည်မှု စာချွန်လွှာ တစ်ရပ်ကို ၂၀၁၀ ခုနှစ်မှာ လက်မှတ် ရေးထိုးခဲ့ပါတယ်။

BSRU က ကျောင်းသားများဟာ ရန်ကုန်အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှာ (၃)ကြိမ် လာရောက် လေ့လာခဲ့သလို ရန်ကုန်အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှာက ကျောင်း သူ ကျောင်းသား လေ့လာရေး အဖွဲ့တွေလည်း BSRU သို့ (၂) ကြိမ် သွားရောက် လေ့လာခဲ့တာကို တွေ့ ရပါတယ်။

ဒီ့ပြင် ရန်ကုန်တက္ကသိုလ်နဲ့ အမေရိကန်နိုင်ငံက ဂျွန်ဟော့ပ်ကင်း(စ်) တက္ကသိုလ်၊ နာဂိုရာ တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နဲ့ ဂျာမနီနိုင်ငံက ကိုလုံးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နဲ့ အိန္ဒိယနိုင်ငံက ကိုလ်းကတ္တား တက္ကသိုလ်တို့ ပူးပေါင်းပြီး Centre of Excellence တွေ တည်ထောင်ဖို့ ညှိနှိုင်း ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ဒီလို ဆောင်ရွက်ခြင်းအားဖြင့် လူငယ်များအကြား အတွေ့အကြုံ၊ အသိပညာများ အပြန်အလှန် ဖလှယ်နိုင် ကြပြီး အရည်အချင်းပြည့်ဝတဲ့ ပညာတတ် လူငယ်တွေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့- မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုများဟာ နိုင်ငံတော် တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီ ကျင့်စဉ် ရင့်ကျက် ခိုင်မာစေရေး တို့အတွက် အဓိကကျတဲ့ လိုအပ်ချက်တွေ ဖြစ်တာကြောင့် BSRU အနေနဲ့ ဆက်လက်ပြီး ကူညီပံ့ပိုး ပူးပေါင်းဆောင် ရွက် သွားဖို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။ 

မြန်မာစစ်တပ်အချင်းချင်းမှားယွင်းပစ်ခတ် တပ်ကြပ်ကြီးတဦးသေဆုံး လူထုအားဖမ်းဆီးရိုက်နက်

Mong Ngawt school
မိုင်းငေါ့မြို့နယ်ခွဲအတွင်းရှိစာသင်ကျောင်း (ဓါတ်ပုံ- google +) 
 သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်မိုင်းငေါ့မြို့နယ်ခွဲအတွင်း မြန်မာစစ်တပ်အချင်းချင်း ပစ်ခတ်မှုကြောင့် တပ်ကြပ်ကြီး တဦးသေဆုံးသွားရကြောင်း၊ ကျေးလက်ရွာသား ၇ ဦးအားဖမ်းဆီးရိုက်နှက်သောကြောင့် ယခုထိ ဆေးရုံတင်ထားရကြောင်း ဒေသခံသတင်းကဆိုသည်။
“အရင်အပတ်ထဲကဘဲ။ ခမရ ၅၀၂ တပ်ရင်းက စစ်ကြောင်း ၂ ကြောင်းခွဲပြီး တင်ကိုင် ရွာထဲဝင်တယ်။ သူတို့ ၂ ဖွဲ့အချင်းချင်း မှားပြီး ပြန်ပစ်ခတ်ကြတယ်။ ၃ ရစ်ဆရာတယောက်ကျတယ်။ သူတို့လူ ပြန်ထိလို့ ရွာသားတွေကိုအပစ်ရှာပြီး ၇ ယောက် ဖမ်းဆီးရိုက်နက်တယ်။ ၂၄ နာရီကျော်ချုပ်ထားတယ်။ ကျားဖြူက လာပြောလို့ ပြန်လွှတ်ပေးတာ။ ဒဏ်ရာပြင်း ထန်တဲ့သူ အခုထိ ကျောက်မဲဆေးရုံမှာဘဲ” ဟု ကျောက်မဲရောက်မိုင်းငေါ့မြို့ နယ်ခွဲဒေသခံတဦးက ပြောသည်။

ယခုလ ၁၄ ရက်နေ့ ညနေပိုင်းက မိုင်းငေါ့မြို့နယ်ခွဲ၏အနောက်ဘက် ၈ မိုင်ခန့်ဝေးသော တင်ကိုင်ရွာ၌လယ်တောမှပြန် လာ သော ရွာသားအား မြန်မာစစ်တပ် ခမရ ၅၀၂ စစ်ကြောင်းက တားဆီးပစ်ခတ်ခဲ့သည်ဟုဆို၏။ ရွာပြင်၌စောင့် နေသော အဆိုပါစစ်ကြောင်းမှ တပ်သားတချို့က ရွာတွင်း၌တိုက်ပွဲဖြစ်နေပြီဟုထင်မှတ်ကာ ရွာထဲသို့ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း၊ မြန်မာစစ်တပ်အချင်းချင်းမှားပစ်ခတ်ကြပြီး တပ်ကြပ်ကြီးတဦးကျဆုံး သွားသည့်အပေါ် ရွာသားများ ကြောင့်ဖြစ်ရ သည်ဟု စွပ်စွဲကာ ရွာ သား ၇ ယောက်ကိုဖမ်းဆီးချုပ်နှောင် ထားခဲ့ကြောင်း၊ ကျားဖြူပါတီ အကြီးအကဲ အာမခံမှုဖြင့် အဆိုပါ ၇ ဦး အားပြန်လွှတ်ပေးခဲ့ပြီဖြစ်သော်လည်း ယခုဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း ကျောက်မဲဒေသခံ ကပြောပါသည်။

“ ရွာသား ၇ ယောက်ကို စစ်ကြောင်းက ဖမ်းဆီးချုပ်နှောင်တာလေ။ ရိုက်ထားတဲ့ဒဏ်ရာတွေ လဲမနည်းဘူး။ ကျောက်မဲ က ကျားဖြူ ဒုဉက္ကဌ စိုင်းဆောင်ဆီ၊ အမတ်စိုင်းခမ်းကျော်၊ အမတ်စိုင်းသန်းမောင်တို့ဆီကိုသတင်းကရောက်သွားတယ်။ စိုင်းခမ်း ကျော်က သွားပြီးအာမခံပေးမှ ပြန်လွှတ်ပေးတာ။ ဒါပေမယ့် ၇ ယောက်စလုံးအခု ကျောက်မဲ ဆေးရုံမှာ မနေ့ကအထိတော့ မဆင်းရသေးဘူး။ ရွာသားတွေကို ကိုယ်ထိလက်ရောက်ဖမ်းဆီးရိုက်နှက်တဲ့အတွက် စိုင်းခမ်းကျော်ကနေ တရားစွဲမယ် အမှုဖွင့်မယ်ပြောတယ်။ အခုအဲဒီစစ်ကြောင်းမှူးနဲ့ တပ်ရင်းမှူးက ကျားဖြူအမတ်ကိုပြန်လာပြီး တောင်းပန်ထား တယ်” ဟု ကျားဖြူပါတီဝင်တဦးကပြောသည်။

ယမန်နှစ် နိုဝင်ဘာလကတည်းက မိုင်းငေါမြို့နယ်ခွဲအတွင်းသို့  အမည်မသိလက်နက်ကိုင်အဖွဲ့က လက်နက်ကြီးပစ်ခတ်မှု များ ကြောင့် ဒေသခံများ၏ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရပြီး ရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံ လူထုတို့လည်း အစိုးရ၏ ရဲတပ်ဖွဲ့များ၏ မကြာခဏ ဖမ်းဆီးခြင်းကို ခံကြရ သည်။
သျှမ်းသံတော်ဆင့်

မြောက်ကိုရီယားဒဏ်ခတ်မှု ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်


မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ခွင့်ပြုချက် မရှိဘဲ ဒုံးပျံလွှတ်တင်ခဲ့တဲ့အပေါ် အပြစ်ပေးတဲ့အနေနဲ့ လက်ရှိ ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို တိုးမြှင့်သွားဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်လိုက်ပါတယ်။

ဒုံးပျံလွှတ်တင်တဲ့ အစီအစဉ်ဟာ လက်နက်တပ်ဆင်နိုင်တဲ့ တာဝေးပစ် ပဲ့ထိန်းတပ်ဒုံးပျံ ထုတ်လုပ်ဖို့ အစီအစဉ်အတွက် ဟန်ပြ လုပ်ရပ်ဖြစ်တယ်လို့ ယူဆထားကြတာပါ။ အထူးသဖြင့် အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြား လနဲ့ချီပြီး သဘောထားကွဲလွဲခဲ့တာတွေ အဆုံးသတ်ခဲ့ပြီး အချက် ၂၀ ပါဝင်တဲ့ ဆုံးဖြတ်ချက်ကို အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်တဲ့ လုံခြုံရေးကောင်စီက အင်္ဂါနေ့မှာပဲ တခဲနက် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ပဲ့ထိန်းတပ်ဒုံးပျံနဲ့ နျူကလီးယား စမ်းသပ်မှုတွေကို တားမြစ်ထားတဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ခဲ့တဲ့အတွက် စိတ်ပျက်ကြောင်း လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ ထည့်သွင်းထားပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားက နောက်ထပ် ဒုံးပျံစမ်းသပ်မှုပဲဖြစ်ဖြစ် နျူကလီးယား စမ်းသပ်မှုပဲဖြစ်ဖြစ် လုပ်ဆောင်လာမယ်ဆိုရင် ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ ချမှတ်ဖို့ စဉ်းစားသွားမှာ ဖြစ်တယ်လို့လည်း လုံခြုံရေးကောင်စီက ပြောပါတယ်။

ဆုံးဖြတ်ချက် အသစ်အရ မြောက်ကိုရီးယားရဲ့ အာကာသအေဂျင်စီဖြစ်တဲ့ အာကာသနည်းပညာ ကိုရီးယား ကော်မီတီနဲ့ အကြီးအကဲဖြစ်သူ ပက်ခ် ချန်ဟို (Paek Chang-ho) အပါအ၀င် အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ် ၆ ယောက်ကို လက်ရှိ ကုလသမဂ္ဂက တားမြစ်ထားတဲ့ စာရင်းမှာ ထပ်မံ ဖြည့်စွက်ခဲ့ပါတယ်။ နောက်ထပ် လူ ၃ ဦးကိုလည်း စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။

အင်္ဂါနေ့က ဆုံးဖြတ်ချက်အရ နာမည်ပျက် စာရင်းသွင်းခံရသူတွေရဲ့ ပြည်ပက ပိုင်ဆိုင်မှုတွေကိုတော့ ထိန်းချုပ်ခွင့် ရှိမှာဖြစ်သလို နိုင်ငံတကာမှာ ခရီးသွားလာခွင့်လည်း ရမှာ မဟုတ်ပါဘူး။

မြောက်ကိုရီးယားအတွက် အဓိက ထိုးနှက်ချက် တရပ်အဖြစ်နဲ့ကတော့ ၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အရေးယူ ဒဏ်ခတ်မယ့် အစီအစဉ်ကို မြောက်ကိုရီးယားရဲ့ မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံကပါ လက်ခံခဲ့တာပဲ ဖြစ်ပါတယ်။
VOA

နယ်စပ်အခြေအနေတည်ငြိမ်လာဟု တရုတ်ဆို

 
KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ကို ထိုးစစ်ဆင်နေတာတွေ ရပ်ဆိုင်းဖို့ မြန်မာ အစိုးရ က ကြေညာချက် ထုတ်ပြန်ပြီးတဲ့နောက်ပိုင်း တရုတ်-မြန်မာနယ်စပ်မှာ အခြေအနေတွေ တည်ငြိမ်လာပြီလို့ တရုတ်နိုင်ငံက ပြောလိုက်ပါတယ်။ တရုတ် မြန်မာနယ်စပ်မှာရှိတဲ့ ကချင် ပဋိပက္ခအခြေအနေတွေကို တရုတ်နိုင်ငံအနေနဲ့ အနီးကပ် စောင့်ကြည့်နေတဲ့ အကြောင်း လည်း ပြောလိုက်ပါတယ်။ အပြည့်အစုံကိုတော့ မမေစန္ဒီက တင်ပြပေးထားပါတယ်။

တရုတ်-မြန်မာနယ်စပ် ကချင်ဒေသက စစ်ပွဲတွေကြောင့် တရုတ်နိုင်ငံ နယ်စပ်တွေကိုလည်း ရိုက်ခတ်မှုတွေ တနည်းတဖုံရှိခဲ့ပါတယ်။ တရုတ်နယ်မြေထဲ လက်နက်ကြီးကျည်တွေ ကျရောက်တာက အစ၊ စစ်ပြေး ဒုက္ခသည်တွေ တရုတ်နိုင်ငံထဲ ပြေးဝင်လာတာအထိ ရှိခဲ့ တာပါ။ ဒါကြောင့်လည်း အခြေအနေတွေအပေါ်မှာ တရုတ်က စိုးရိမ်တကြီး စောင့်ကြည့်နေ သလို နောက်ပိုင်းမှာ မကြာခဏဆိုသလို သူတို့ရဲ့စိုးရိမ်မှုတွေကိုလည်း ထုတ်ပြောခဲ့ပါ တယ်။ မြန်မာအစိုးရဖက်က KIA အပေါ် စစ်ဆင်ရေးတွေ မလုပ်ဖို့ အမိန့်ထုတ်ပြန်ပြီး နောက် အခြေအနေတွေ တည်ငြိမ်လာတယ်လို့ တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Hong Lei က ပြောသွားပါ တယ်။

“ယူနန်ဒေသအာဏာပိုင်တွေက  အဲဒိဒေသမှာနေထိုင်တဲ့တရုတ်လူမျိုးတွေနဲ့ တရုတ်နယ်စပ် ကို ကာကွယ်ဖို့ ဆောင်ရွက်နေကြပါတယ်။ အခုအခါမှာတော့ တရုတ်နိုင်ငံဘက်ပိုင်းမှာရှိတဲ့ နယ်စပ်ဒေသတွေကတော့ တည်ငြိမ်နေပါပြီ။ တရုတ်နိုင်ငံဟာ ဒီကိစ္စမှာပါဝင်တဲ့ အဖွဲ့ အစည်းတွေနဲ့ နီးစပ်မှုရှိပြီး အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှာ တာဝန်ယူ ဆောင် ရွက်နေတာ ဖြစ်ပါတယ်။”

တရုတ်နိုင်ငံခြားရေးဌာနရဲ့ မနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောခွင့်ရသူ Hong Lei က ပဋိပက္ခမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေကိုလည်း အပြန်အလှန် အပစ်အခတ်ရပ်စဲဖို့ တိုက်တွန်းသွားပါတယ်။ ကချင်ပြည် နယ်စပ်ဖြစ်တဲ့ တရုတ်ရဲ့ ယူနန်အာဏာပိုင်တွေ အနေနဲ့ လည်း စစ်ပွဲအခြေအနေတွေကို စောင့်ကြည့်နေတယ်လို့ ပြောသွားပါတယ်။ တရုတ်အစိုးရရဲ့
အထူးသံတမန် Fu Ying ဟာ မြန်မာသမ္မတဦးသိန်းစိန်နဲ့ ရန်ကုန်မြို့မှာ ပြီးခဲတဲ့စနေနေ့ က တွေ့ဆုံခဲ့ပါတယ်။ တဘက်နိုင်ငံမှာ ပဋိပက္ခဖြစ်ပြီဆိုရင် ကျန်တဘက်နိုင်ငံကိုပါ ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်စေပါတယ်။ တရုတ်အစိုးရဟာ တရုတ်-မြန်မာ နယ်စပ်ဖွံ့ဖြိုး တိုးတက်ရေးကို အရေးတယူ ဆောင်ရွက်ကြည့်ရှုနေတာ ဖြစ်ပါတယ်လို့ တရုတ်ပြောရေး ဆိုခွင့်ရှိသူ Hong Lei ကပြောပါတယ်။

ကချင်မှာ စစ်ဆင်ရေးတွေ ရပ်စဲဖို့ မြန်မာသမ္မတ ဦးသိန်းစိန်အနေနဲ့ အမိန့်ထုတ်လိုက်ပြီ ဆိုပေမယ့် KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့အနီး လဂျားယန်ဒေသနဲ့ အခြားဒေသ အတော် များများမှာ စစ်ပွဲတွေ ဆက်ရှိနေတယ်လို့ KIA က ပြောပါတယ်။ ဒါပေမယ့် အရင်လို မဟုတ် ဘဲ တင်းမာမှုအခြေအနေတွေကတော့ လျော့ကျသွားတယ် ပြောရမှာပါ။ ကချင်ဒေသတွင်း မှာ ဖြစ်တဲ့ စစ်ပွဲတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့ပြီး ဒီစစ်ပွဲကို ရပ်တန့် ဖို့ မြန်မာအစိုးကို ပြည်တွင်းရော ပြည်ပကပါ ဖိအားတွေ များလာခဲ့ပါတယ်။ စစ်ပွဲတွေကြောင့် ကျေးရွာတွေကို စွန့်ခွာပြေးရတဲ့ ဒေသခံအရပ်သားတွေလည်း ရှိနေပြီး အချို့ဟာ တရုတ်ပြည်ထဲအထိ ထွက်ပြေးနေကြပါတယ်။

တရုတ်ဘက်မှာတော့ ဒုက္ခသည်စခန်းရယ်လို့ သီးခြားထားရှိတာမရှိပေမယ့် ၀င်ပြေးလာတဲ့ ဒုက္ခသည်တွေကို တရုတ်နယ်ခံ ကချင်နွယ်ဖွားတွေက လက်ခံ အကူအညီပေးနေရတာပါ။ ဒီအတွက်လည်း ကချင်က စစ်ပွဲတွေ ရပ်ဖို့ တရုတ်နိုင်ငံတွင်း ကချင်နွယ်တွေက နယ်စပ် အထိလာပြီး ဆန္ဒပြတာမျိုးဖြစ်ခဲ့ပါတယ်။ တရုတ်ဘက်ကို ကျရောက်လာတဲ့ လက်နက်ကြီး ကျည်တွေအတွက်လည်း တရုတ်ဘက်က မြန်မာဘက်ကို သတိပေးတာ ရှိခဲ့ပါတယ်။

တရုတ်နဲ့ မြန်မာနိုင်ငံတို့ဟာ ကီလိုမီတာ ၂၂၀၀ ကျော်ထိစပ်နေပြီး အခု ကချင်ကိစ္စကြောင့် နယ်စပ် တလျှောက်မှာ တရုတ်ဘက်က လုံခြုံရေးအခြေအနေ တိုးမြှင့်တာတွေ လည်း ပြုလုပ်ထားပါတယ်။

အိုဘားမားရဲ့ နောက်သမ္မတသက်တမ်း ကျမ်းကျိန်ဆိုပွဲက အလှတကွက်

 
အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမားရဲ့ ဒုတိယအကြိမ်မြောက် သမ္မတ သက်တမ်း အတွက် ဇန်န၀ါရိလ ၂၁ ရက်နေ့က ကျမ်းသစ္စာ ကျိမ်ဆိုပွဲ ကျင်းပခဲ့ရာမှာ လူပေါင်း ၈ သိန်းကျော် တက်ရောက်ခဲ့ တာပါ။ 

အဲဒီ သမ္မတ ကျမ်းသစ္စာ ကျိမ်ဆိုပွဲမှာ ဘောလ် အကတွဲကဖို့ကိုတော့ တယောက်သော အမျိုးသမီးနဲ့ ချိန်းဆို ထားပါတယ်တဲ့။ 

အဲဒီသူဟာ "She inspires me every day" လို့ ပြောဆိုရည်ညွန်းပြီး သူ့ကို နေ့စဉ်နဲ့ အမျှ ယောင်္ကျား 
ကောင်း တယောက်အဖြစ်၊ ပိုကောင်းမွန်တဲ့ သမ္မတအဖြစ်ရောက်နေစေသူလည်းဖြစ်တယ်လို့ ဆိုပါတယ်။ သူကတော့ မီရှဲလ်အိုဘားမားဖြစ်ပါတယ်တဲ့။ 

်သူတို့ရဲ့ ချစ်စရာ ဓလေ့ကို မြင်တွေ့နို်င်ပါတယ်။

အစ္စရေးရွေးကောက်ပွဲ ၀န်ကြီးချုပ်ပါတီ ကပ် အနိုင်ရ

အင်္ဂါနေ့က ကျင်းပခဲ့တဲ့ အစ္စရေးလ်နိုင်ငံရဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ မဲပေးပြီး သူတွေကို ကောက်ခံထားတဲ့ စစ်တမ်းတွေအရ အလယ်အလတ်ဝါဒီတွေ မယုံနိုင်လောက်အောင် အားကောင်းလာတာကြောင့် ၀န်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟု (Benjamin Netanyahu) ရဲ့ လေကွတ်ပါတီဟာ အနည်းငယ် အသာနဲ့ပဲ အနိုင်ရ ခဲ့ကြောင်း ဖော်ပြကြပါတယ်။

မဲရုံတွေ ပိတ်ပြီးနောက် ရရှိတဲ့ ရလဒ်တွေအရ  ၀န်ကြီးချုပ်ရဲ့ လေကွတ် ဘိုင်တနီ ပါတီက - ကိုယ်စားလှယ်နေရာ ၁၂၀ ထဲမှာ ၃၁ နေရာ ရခဲ့တဲ့အတွက် ဒါဟာဆိုရင် အရင်တခေါက် လွှတ်တော် ရွေးကောက်ပွဲမှာ ၄၂ နေရာ ရခဲ့တာထက် လျော့နည်းခဲ့တာပါ။

အလယ်အလတ်ဝါဒီ ယက်ရှ အတဒ် (Yesh Atid) ကတော့ ၁၉ နေရာ ရခဲ့ပြီး သူ့နောက် မှာတော့ လေဘာပါတီက ၁၇ နေရာ၊ လက်ယာစွန်း ဘာသာရေးနဲ့ အမျိုးသားရေးဝါဒီ ဂျူးဝှရှ် ဟုမ်း (Jewish Home) ပါတီကတော့ ၁၂ နေရာ အသီးသီး ရခဲ့ကြပါတယ်။

မဲပေးအပြီး ကောက်ယူတဲ့ စစ်တမ်းရလဒ်တွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ ၀န်ကြီး ချုပ်က အစ္စရေးလူထုဟာ သူ့ကို ၀န်ကြီးချုပ်အဖြစ် ဆက်လက် လိုလားကြောင်း ဆုံးဖြတ် တာဟာ ရှင်းလင်း နေသလို သူ့အနေနဲ့လည်း အစိုးရတရပ်ကို တတ်နိုင်သလောက် ကျယ် ကျယ်ပြန့်ပြန့် ထည့်သွင်းဖွဲ့စည်းသွားမယ့်အကြောင်း Facebook အင်တာနက် လူမှု ကွန်ယက်မှာ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့တာပါ။

အစ္စရေးလ် မီဒီယာတွေမှာတော့ ရွေးကောက်ပွဲမတိုင်မီ ခန့်မှန်းချက်တွေထက် သာလွန်ခဲ့တဲ့ အလယ်အလတ်ဝါဒီတွေရဲ့ ယက်ရှ အတဒ် (Yesh Atid) ပါတီ မဲရလဒ်က ရွေးကောက်ပွဲ အတွက် အံ့အားသင့်စရာ ဖြစ်ရတဲ့အကြောင်း ဖော်ပြခဲ့ကြပါတယ်။ ဒီအတွက်လည်း ယက်ရှ အတဒ် (Yesh Atid) ပါတီ ခေါင်းဆောင် ယာအီယာ လာပစ် (Yair Lapid) ဟာ အတိုက် အခံခေါင်းဆောင် ဒါမှမဟုတ် ၀န်ကြီးချုပ်ရဲ့ ညွန့်ပေါင်းအစိုးရနဲ့ ပူးပေါင်းရင် အစိုးရ အဖွဲ့ထဲ မှာ အဓိကနေရာ ရနိုင်တယ်လို့ ဆန်းစစ်သူတွေက ခန့်မှန်းနေကြတာပါ။

သဘောထားတင်းမာပြီး ဘာသာရေးအစွဲရှိတဲ့ မဟာမိတ်တွေရဲ့ ထောက်ခံမှုနဲ့ ၀န်ကြီးချုပ်ကတော့ လွှတ်တော်မှာ လူများစုအဖြစ် ထိန်းထားနိုင်မယ့် အလားအလာတွေ လည်း ရှိနေတာ ဖြစ်ပါတယ်။

VOA

ထိုင်းရောက် မြန်မာအလုပ်သမားများနဲ့ သားသမီးတွေပါ ပါ့စ်ပို့ရမယ်

 ယမန်နှစ် ဧပြီလ ၂၀ ရက်နေ့က ဘန်ကောက်မြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ယာယီနိုင်ငံကူးလက်မှတ် အသစ် ခရမ်းရောင်နှင့် မည်သူ မည်ဝါ ဖြစ်ကြောင်း သက်သေအထောက်အထား အစိမ်းနုရောင် လက်မှတ် (ဓာတ်ပုံ - Bangkok Post)

ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာ အလုပ်သမားတွေရဲ့ ၁၅ နှစ်အောက် သားသမီးစတဲ့သူတွေ ကို မြန်မာ အစိုးရက ယာယီနိုင်ငံကူး ( မှီခို) လက်မှတ် ထုတ်ပေးမှာ ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ 

မြန်မာအလုပ်သမားတွေအနေနဲ့ မိမိတို့ရဲ့ သားသမီးတွေဖြစ်ကြောင်း သက်သေခံ အထောက်အထားတွေနဲ့ အတူ နီး စပ်ရာ ထိုင်းနိုင်ငံ အလုပ်သမား ဌာနများမှာ အထူးအခွင့်အရေးတရပ်အနေနဲ့ ရက်ပေါင်း ၁၂၀ အတွင်း အမြန်ဆုံး မှတ် ပုံတင်ကြရမှာဖြစ်ပါတယ်။ 

ဒီလို မှတ်ပုံတင်ကြရာမှာ မြန်မာအလုပ်သမားတွေအနေနဲ့ မိမိတို့ရဲ့ ယာယီနိုင်ငံကူးလက်မှတ်နဲ့အတူ ၁၅ နှစ်အောက် သား သမီးတွေကို သက်သေခံ လက်မှတ် ထုတ်ပေးတာ၊ ထိုင်းအာဏာပိုင်တွေ က နေထိုင်ခွင့် ဗီဇာနဲ့ အလုပ်လုပ်ခွင့် လက်မှတ် ထုတ်ပေးတာတွေကိုလည်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးစခန်း ၁၀ ခုမှ ယခု ဇန်န၀ါရီလ ၁၅ ရက် နေ့ကနေ လာမည့် မေလ ၁၅ ရက်နေ့ အတွင်း 
အောက်ပါ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး စခန်းတွေမှာ လုပ်ဆောင် ပေးသွားမှာပါ။ 

စမွတ် စခုံ၊ စမွတ် ပရာခန်၊ ချင်းမိုင်၊ ဆုရာထာနီ၊ ပထုန်ထာနီ၊ ကာချနဘူရီ၊ ရနောင်း၊ ခွန်ခဲန်၊ ဆောင်ခလ၊ နခုန်ရာစီမာ ဆိုတဲ့ စခန်းတွေမှာ လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ 

 မြန်မာအစိုးရအနေနဲ့ ထိုင်းအစိုးရနဲ့ ညှိနှိုင်းပြီး အခုလို မှီခို နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ မှာရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး စခန်းတွေမှာဘဲ ထုတ်ယူလုပ်ကိုင်လို့ရပြီးဆိုတာကို ဇန်န၀ါရီလ ၁၅ ရက်နေ့ ကထုတ်ပြန်ခဲ့တာပါ။ 

၂ နိုင်ငံ ဆွေးနွေးမှုတွေနဲ့ လုံခြုံမှုရှိစေရေး၊ စာရိတ်သက်သာစေရေးတို့အတွက် ထိုင်းနိုင်ငံတွင်း နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ဌာန ၁၀ နေရာမှာ တရားမ၀င်ရောက်နေတဲ့ မြန်မာတွေလည်း အခုလို ယာယီနိုင်ငံကူးလက်မှတ်များ လုပ်နိုင်ပြီ လို့ဆိုပါ တယ်။ 

လိုအပ်တဲ့အချက်အလက်တွေကတော့ ထိုင်းနိုင်ငံမှာ ရှိတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေဟာ သက်ဆိုင်ရာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနတွေမှာ ၁ လအတွင်း စာရင်းပေးသွင်းရပါမယ်။ 

ပုံစံ ၃၈ ဆိုတာတော့ မထွက်ပါဘူးတဲ့။ မြန်မာ ယာယီနိုင်ငံကူးလက်မှတ်အတွက် ကုန်ကျစာရိတ်ကတော့ ထိုင်း ဘတ်ငွေ ၅၅၀ ဖြစ်ပြီး ထိုင်းနို်င်ငံတွင်း နေထိုင် ခွင့် ၂ နှစ်တာဗီဇာအတွက် ၅၅၀ ဘတ်၊ သွေးစစ်ခ အနေနဲ့ ဘတ်ငွေ ၆၀၀ သို့မဟုတ် ဘတ် ၁၉၀၀ ကုန်ကျမည့် သွေး စစ်ဆေးမှု မှတ်တမ်း တခုခု ကို လုပ်ဆောင်ရပါမယ်။ 

ဒီအပြင် အလုပ်လုပ်ခွင့် ပါမစ် (Work Permit) အတွက် ကုန်ကျငွေက တနှစ်စာဆိုရင် ဘတ် ၁၉၀၀ ဖြစ် ပြီး ၂ နှစ်စာ ဆိုရင် ဘတ်ငွေ ၃၉၀၀ ဖြစ်ပါကြောင်းနဲ့ အထွေထွေ အကျိုးဆောင်ခအနေနဲ့ မျှတတဲ့ စာရိတ်ကုန်ကျခံရမှာဖြစ်တယ် လို့ သိရပါတယ်။ ဒါဟာ ယခု လုပ်ဆောင်ပေးနေတဲ့ စနစ်သစ်ဖြစ်တယ်လို့ သိရပါတယ်။ 

ဒါပေမယ့် အရင်ကလိုဘဲ မြန်မာပြည်သားမှန်ကန်ကြောင်းစစ်ဆေးခံရမည် လည်းဖြစ်ပါ တယ်။ နေပြည်
တော်ကို ပို့ပြီး အချက်အလက် တင်ပြစစ်ဆေးခြင်းမဟုတ်တော့ဘဲ ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံဗီဇာ ထုတ်ပေးရေး ဌာနတွေက အချိန် ၁ လအတွင်း အပြီး အမြန် စစ်ဆေး ပေးသွားမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။ 

ထိုင်းနိုင်ငံဘက်ကတော့ အလုပ်သမား အသုံးပြုခွင့်လို့ခေါ်တဲ့ ( ကော်တ) ပုံစံကိုတော့ ထိုင်း အလုပ်ရှင် ကိုယ်တိုင်က သွားရောက်စာရင်းသွင်းရမှာဖြစ်ပါတယ်။ 

အကယ်၍ သူဌေး မရှိခဲ့ဘူးဆိုရင်တော့ သူဌေး အစားထိုး လက်ခံ လျှောက်ထားနိုင်ပြီး ဘတ် ၈၀၀ ကုန်ကျ စရိတ်ထက် မကျော်တဲ့ ထိုင်းအလုပ်ရှင် သူဌေးအကျိုးဆောင်ခကိုတော့ အလုပ်သမားတွေဘက်က ကုန်ကျခံရမှာဖြစ်ပါတယ်။ 

အလုပ် လုပ်ခွင့် ပါမစ် (Work Permit ) ကိုလည်း ယာယီ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ဌာနမှာဘဲ အပြီးသတ် အတည်ပြုပေးမှာဖြစ်ပြီး လုပ်ငန်းရှင် ပြောင်းရွှေ့ခွင့်လည်း ရှိတယ်လို့ သိရပါတယ်။ 

အခု ယာယီ နိုင်ငံကူးလက်မှတ်နဲ့ မှီခို ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်တွေကို ထိုင်း-မြန်မာ ၂ နိုင်ငံ နောက်ဆုံး ထပ်မံ သဘောတူညီချက်တွေအရ ရက်ပေါင်း ၉၀ အတွင်း အပြီး လုပ်ရမှာ ဖြစ်ကြောင်း သိရပါတယ်။  

မြန်မာတွင် ဒေါ်လာ သန်း ၇၅၀ အထိ ရင်းနှီးမြှပ်နှံမည့် ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ မလေးရှား ကုမ္ပဏီကြီး တစ်ခုတည်ဆောက်မည်

ကွာလာလမ်ပူ၊ ဇန်န၀ါရီ ၂၂ ။

မလေးရှား၏ အခြေခံအဆောက်အအုံ ဆောက်လုပ်ရေး ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် မူဒါဂျာယာ ဂရု(ပ်)သည် လာမည့် ၂၀၁၄မှစ၍ မြန်မာ နိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၇၅၀ အထိ ရင်းနှီးမြှပ်နှံမှုတန်ဖိုးရှိ ကျောက်မီးသွေးသုံး လျှပ်စစ် ဓါတ်အားပေးစက်ရုံတစ်ရုံကို စတင် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ရုံကို မန္တလေးဒေသအတွင်း တည်ဆောက်သွား မည်ဖြစ်ကာ မူဒါဂျာယာနှင့် IJM ကော်ပိုရေးရှင်းတို့က ပူးတွဲ တည်ဆောက်သွား မည်ဟု သိရသည်။ စက်ရုံတည်ဆောက်မှု ပထမအဆင့်ပြီးစီးသွားပါက မန္တလေးဒေသကို ဓါတ်အား၅၀၀ မီဂါဝပ် ပေးအပ်သွားနိုင်မည်ဟု သတင်းက ဆိုသည်။

ယင်းကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးက “မြန်မာဟာ တံခါးဖွင့်ဈေး ကွက် ပေါ်လစီ ကျင့်သုံးနေပြီး အစိုးရကလည်း စက်ရုံတည် ဆောက်ရေးမှာ ကျွန်တော်တို့ ဘယ်လောက် ကြီးကြီးမားမား ငွေသုံးနိုင်မယ်ဆိုတာနဲ့ ပတ်သက်လို့  ကန့်သတ်ချက်ထားတာ မရှိပါဘူး။ လောင်စာ ဖြည့်တင်းမှုနဲ့ အသုံးပြုနိုင်မှုပေါ် မူတည်ပြီး စက်ရုံဟာ ပိုကြီးသွားနိုင်ပါတယ်” ဟု ပြောကြားသည်။

မူဒါဂျာယာ၏ ကုမ္ပဏီခွဲ SPV တွင် IJM ကော်ပိုရေးရှင်းတည် ထောင်သူ ဒါတွတ်ခွန်း၏ ရှယ်ယာ ၃၀ ရာခိုင်နှုန်း ပါဝင်ပြီး ကျန် ၇၀ ရာခိုင်နှုန်းကို SPV ကပိုင်ဆိုင်သည်။

ဓါတ်အားပေးစက်ရုံပထမအဆင့် တည်ဆောက်မှုတွင် ကျောက် မီးသွေးသုံး စက်ရုံပါဝင်ပြီး ဒုတိယအဆင့်တွင် နေစွမ်းအင်သုံး စက်ရုံ ပါဝင်မည် ဖြစ်သည်။ SPV နှင့် IJM တို့သည် ယမန် နှစ်ကစ၍ မန္တလေးနှင့်အနီး သင့်တော်သော ဒေသများတွင် သီးခြား ဓါတ်အားပေးစက်ရုံနှစ်ခု တည် ဆောက်ပေးသွားရန် တိုင်းဒေသကြီးအစိုးရနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးခဲ့သည်။

မဒူဂျာယာကုမ္ပဏီသည် မလေးရှား၏ အကြီးစား ဆောက်လုပ် ရေးလုပ်ငန်း ကုမ္ပဏီတစ်ခုဖြစ်ပြီး လက်ရှိတွင် မလေး၌ ရင်းဂစ် ငွေ ၅ ဘီလီယံ တန်ဖိုးရှိ ဆောက်လုပ်ရေး ပရောဂျတ်များ လုပ်ကိုင်နေသည်။

REF: Business Time(btimes.com/my)/ မြန်မာ့ခေတ် မှ

Tuesday, January 22, 2013

ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး၏ မှုခင်းလျော့နည်း ကျဆင်းရေး (ဝရဇိန်)စီမံချက်ဖြင့် ဘဏ်မှ သိန်း ၆ဝဝ ကျော် ထုတ်ယူလာသူကို တက္ကစီ ကားဖြင့် လုယူထွက်ပြေးသူအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့

ပြစ်မှု ကျူးလွန်သူ သိုးကိုကိုမောင်
ပြစ်မှု ကျူးလွန်သူ သိုးကိုကိုမောင်
 ရန်ကုန်မြို့တွင်းရှိ ဘဏ်များ ရှေ့တွင် စင်းလုံးငှား တက္ကစီအငှား ယာဉ်ဖြင့် ဘဏ်မှ ငွေထုတ်လာသူကို ယာဉ်စီး ခနှုန်း လျှော့ယူပြီး အုပ်စုဖွဲ့ လုယက်မှုများ ရှိနေကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြည်သူများသို့ သတင်းဂျာနယ် မီဒီယာများမှတစ်ဆင့် သတိပေးချက်များ ထုတ်ပြန်ခဲ့သည့် နောက်ပိုင်းတွင် ကမ္ဘောဇဘဏ်မှ ငွေကျပ်သိန်း ၆ဝဝ ထုတ်ယူလာသူထံမှ စင်းလုံးငှားယာဉ် တက္ကစီဖြင့် လုယူထွက်ပြေးသူကို ဂျာနယ်ဖတ်သူ ပြည်သူတစ်ဦး၏ သတင်းပေးချက်အရ  ဇန်နဝါရီ ၂ဝ ရက်၊ နံနက်ပိုင်းက ပြစ်မှုကျူးလွန်သူ များကို ခရိုင် အထူးတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အမှုဖြစ်ပွားပုံမှာ ဇန်နဝါရီ ၇ ရက်၊ မွန်းလွဲ ၁ နာရီ အချိန်က သလာမွန် ပဲကုမ္ပဏီကိုယ်စားလှယ် ဦးအောင်ဇေယျနှင့်အတူ သူငယ်ချင်း နှင်းမောင်မောင်တို့ ၂ ဦးသည် ကမာရွတ်မြို့နယ်(၂)ရပ်ကွက်၊ ပြည်လမ်းရှိ ကမ္ဘောဇ ဘဏ်မှ ကုမ္ပဏီ ပိုင်ငွေ သိန်း ၆၆၆ ကျပ်ကို ထုတ်ယူလာပြီး ဘဏ်အနီး ရပ်ထားသည့် ချယ်ရီဝက်ဂွန် အဝါရောင် အငှားယာဉ်အား ငွေကျပ် ၂ဝဝဝ ဖြင့် ငှားရမ်းစီးလာစဉ် ကမာရွတ်မြို့နယ် စိုက်ပျိုးရေး မှတ်တိုင် အနီးသို့ ရောက်ရှိစဉ် ကားစက်ပျက်သွား သဖြင့် ယာဉ်ကို ဆင်းတွန်းပေးရာ အငှားယာဉ်မောင်းက ယာဉ်ကို မောင်နှင်ထွက်ပြေးသွားသဖြင့်
ကမာရွတ်ရဲစခန်းသို့ တိုင်ကြားရာ (ပ)၈/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သတင်းဂျာနယ်မီဒီယာများမှ တစ်ဆင့် ပြည်သူများ အားဘဏ်တွင် ငွေထုတ်သူများကို အငှားယာဉ်ဖြင့် လုယက်မှုများဖြစ်ပေါ် လျက်ရှိနေကြောင်း ဖော်ပြခဲ့ပြီး နောက်ပိုင်း သတင်းဂျာနယ်ဖတ်သူ အမည်မဖော်လိုသူ ပြည်သူတစ်ဦး၏ သတင်းပေးချက်အရ ခရိုင်အထူး တပ်ဖွဲ့ ရဲအုပ်မြင့်မော်နှင့် အဖွဲ့နှင့် ကမာရွတ်ရဲစခန်းမှ ရဲအုပ်အောင်မော်တို့ ပူးပေါင်းအဖွဲ့တို့သည် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ တော်ဝင် အိမ်ရာအနီး စောင့်ကြည့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ အငှားယာဉ်မောင်း သိုးကိုကိုမောင် ၂၇ နှစ်၊ (ဘ)ဦးခင်မောင်အေး၏ သားကို ခြေရာခံမိကာ ယင်းနေထိုင်သည့် မ/၁၅၈ဝ၊ ဦးဉာဏ(၁)လမ်း ၊ (၄၂)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ အိမ်ကို စောင့်ကြည့် စုံစမ်းရာမှ ဇန်နဝါရီ ၂ဝ ရက်၊ နံနက် ၁၁ နာရီအချိန်တွင် ယင်းထပ်မံ ဝယ်ယူထားသည့် ၅င/၇၉၃၁ alphard ခဲရောင်ယာဉ်ဖြင့် ရောက်ရှိလာစဉ် သက်ဆိုင်ရာမှ ဖမ်းဆီးရမိခဲ့ပြီး ယင်းထံမှ ငွေသားကျပ် ၁၅၆ သိန်း၊ ၉၇ သိန်းကျော် တန်ဖိုးရှိ ရွှေထည် ပစ္စည်းစုစုပေါင်း အလေးချိန် ၁၃ ကျပ် ၇ ပဲ ၄ ရွေး၊ ၂၂သိန်းကျော် တန်ဖိုးရှိ ပရိဘောဂပစ္စည်းမျိုးစုံ၊ ၅င/၇၉၃၁ ခဲရောင် ဗူစ့မေိ ယာဉ် ၁ စီး၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဝါရောင် မြန်မာ မီနီစလွန်း ၆ဂ/၆၁၈၆ တက္ကစီယာဉ် ၁ စီးတို့ကို သက်သေခံပစ္စည်း များအဖြစ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ထပ်မံ ဝယ်ယူထားသည့် ALPHARD ယာဉ် ခဲရောင်

ယင်း မောင်းနှင်ခဲ့သည့် ချယ်ရီဝက်ဂွန်း အငှားယာဉ်

ဒေါင်းမာန်ဟုန်