Pages

Saturday, May 25, 2013

မြန်မာပြည်သူပြည်သားများအတွက်ဂျပန်ဝန်ကြီးချုပ်မစ္စတာ ရှင်ဇိုအာဘေး၏ အမှာစကား

Photo.. 安倍晋三 Facebook
ဂျပန်နိုင်ငံ ဝန်ကြီးချုပ်အနေဖြင့် တရားဝင်း အလည်အပတ် မရောက်ရှိခဲ့သည်မှာ ၃၆ နှစ်ကြာပြီဖြစ်သော မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ် မေလ ၂၄ ရက်နေ့တွင် ကျွန်တော်လာရောက် လည်ပတ်ပြီး နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကို အမှူးပြု၍ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် သဘောထားအမြင်များ ဖလှယ်မည် ဖြစ်ပါသည်။ ကျွန်တော့အနေဖြင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် လာရောက် လည်ပတ်ခဲ့ပါ သော်လည်း မြန်မာနိုင်ငံတွင် မကြာသေးမီကနှင့် ယခုလတ်တလော ဖြစ်ပေါ်လျက်ရှိသည့် အပြောင်းအလဲများစွာကို ယခုတစ်ခေါက် လာရောက် လာရောက်လည်ပတ်ရာတွင် ကိုယ်တိုင် တွေ့ကြုံခံစားနိုင်မည်ဟု ပျော်ရွှင်စွာ မျှော်လင့် စောင့်စားမိပါသည်။

ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ယခုအချိန်အထိ နှစ်ဖက် အပြန်အလှန် ယုံကြည်မှုကို အခြေခံပြီး ရေရှည်ကောင်းမွန်သော နှစ်နိုင်ငံအကြား ဆက်ဆံရေးကို တည်ဆောက်ခဲ့ပါသည်။ အဘိုးဖြစ်သူ ဝန်ကြီးချုပ် H.E Mr. Nobusuke KISHI၊ ဖခင်ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး H.E Mr. Shintaro ABE နှင့် ကျွန်တော်တို့ မျိုးဆက် သုံးဆက်တိုင်တိုင် လာရောက် လည်ပတ်နိုင်ခြင်း တို့ကြောင့် ကျွန်တော်နှင့် မြန်မာနိုင်ငံ ရေစက်ဆုံသည်ဟု ကိုယ်တိုင်လည်း ခံစားမိပါသည်။ ယခုတစ်ခေါက် အလည်အပတ် လာရောက်ခြင်းသည် ရှေးယခင် လူကြီးများက ဆောင်ရွက်လာခဲ့သည့် သမိုင်းဝင် ဂျပန်-မြန်မာဆက်ဆံရေးကို ပိုမိုတိုးမြှင့်နိုင်ရန် တွန်းအားပေးပြီး အောက်ဖော်ပြပါ ကဏ္ဍလေးရပ်ကို အလေးထားပြီး ပူးပေါင်းဆောင်ရွက်သွားရန် လေးလေးနက်နက် မျှော်လင့်လျက် ရှိပါသည်။

(၁)နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတိုးမြှင့်နိုင်ရန်အတွက် ဂျပန်နိုင်ငံက အထူးအလေးထား ဆောင်ရွက်ခဲ့ သည်မှာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီခြင်း ဖြစ်ပါသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် စီးပွားရေး ပြုပြင် ပြောင်းလဲရေး တို့ကို ပိုမိုခိုင်မာအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီး အကျိုးရလဒ်ကို မြန်မာပြည်သူ ပြည်သားများ အမှန်တကယ် ပို၍ ခံစားနိုင်ရန် အရေးကြီးသည်ဟု ထင်မြင်ယူဆမိ ပါသည်။ အခက်အခဲများစွာကို ကျော်လွှားလာခဲ့သည့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဂျပန်နိုင်ငံက တတ်စွမ်းသမျှ ကူညီသွားပါမည်။ ရှိထားသည့် အင်အားများကို အစွမ်းကုန် ထုတ်၍ ထောက်ပံ့သွားမည့် မူဝါဒ ဖြစ်ပါသည်။

(၂) လျှင်မြန်စွာ အသက်ဝင်လာသည့် နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် ပြုလုပ်ပြီး နှစ်နိုင်ငံ အပြန်အလှန် အကျိုးဖြစ်ထွန်းစေရန် ဦးတည်ဆောင်ရွက်သွားပါမည်။ ဂျပန်နိုင်ငံက နိုင်ငံတကာ အသိုက်အဝန်းကို ဦးဆောင်၍ မြန်မာနိုင်ငံအတွက် ကြွေးမြီကိစ္စ ဖြေရှင်းမှုကို ထုတ်ဖော် ပြောကြားခဲ့ပြီး ယန်းချေးငွေ အသစ်ခန့်မှန်းခြေ ယန်းသန်းငါးသောင်း အပါအဝင် မြန်မာနိုင်ငံသို့ အထောက်အပံ့ အပြည့်အဝ ပြန်လည် စတင်ခြင်းကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထပ်မံ၍ ယခုအကြိမ် ပြုလုပ်မည့် ဂျပန်-မြန်မာ ထိပ်သီးဆွေးနွေးပွဲ တွင်လည်း နောက်ထပ်ပေးအပ်မည့် အထောက်အပံ့များကို ထုတ်ဖော်ပြောကြားမည် ဖြစ်ပါသည်။ ထို့ပြင် ယခုခရီးစဉ်တွင် ဂျပန်နိုင်ငံကို ကိုယ်စားပြုမည့် စီးပွားရေးလောက ခေါင်းဆောင်များနှင့် အတူတကွ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခြင်း သည် ဂျပန်ကုမ္ပဏီများ မြန်မာနိုင်ငံကို အထူးစိတ်ဝင်စားလျက် ရှိကြောင်း ပြသနေ ပါသည်။ ဂျပန်-မြန်မာ နှစ်နိုင်ငံစလုံး အနေဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် ရလဒ် (Win-Win) ပေါ်ထွက်လာစေရန် ဂျပန်အစိုးရက နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် အတွက် တွန်းအားပေးသွား ပါမည်။

(၃)ဂျပန်-မြန်မာ ဆက်ဆံရေး အခြေအံအသစ် တစ်ဆောက်ရန်အတွက် ၎င်းကို အထောက်အကူ ပြုနိုင်မည့် နှစ်နိုင်ငံ နိုင်ငံသားများ ကူးလူးဆက်ဆံရေးနှင့် ယဉျကျေးမှု ဖလှယ်ခြင်းများကို ပိုမို တိုးတက်အောင် လုပ်ဆောင်သွားရန် လိုအပ်ပါသည်။ ကျွန်တော်နှင့် ကျွန်တော့်ဇနီး ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံများအတွက် မူလတန်းကျောင်း ဆောက်လုပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက် ရှိပါသည်။ ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ တွင် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ပိုမိုလုပ်ဆောင်သွားပါမည်။

(၄)မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ ပတ်ဝန်းကျင်တွင်ရှိသော ဒေသများ လုံခြုံရေးနှင့် ပတ်သက်၍ ယခုအကြိမ် အလည်အပတ် ခရီးစဉ်တွင် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ တူညီသော ထင်မြင်ယူဆချက်ကို နားလည် သဘောပေါက်ပြီး ဆွေးနွေးပွဲများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက် သွားရန် ရှိပါသည်။

ဂျပန်နိုင်ငံတွင် မြန်မာကိုချစ်သောသူ အများအပြား ရှိပါသည်။ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေးသည် အလွန်ကောင်းမွန်ပါသည်။ သို့သော် လက်ရှိအခြေအနေကို ရောင့်ရဲတင်းတိမ်မနေဘဲ ပိုမိုကောင်းမွန်သော ဆက်ဆံရေးကို မြှင့်တင်သွားချင်ပါသည်။ ယခုအကြိမ် ကျွန်တော်၏ အလည်အပတ် ခရီးစဉ်သည် ဂျပန်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်နိုင်ပြီး သမိုင်းစာမျက်နှာအသစ် ဖွင့်လှစ်နိုင်ရန် အခွင့်အလမ်းများ ပေါ်ထွန်း လာလိမ့်မည်ဟု မျှော်လင့်လျက် ရှိပါသည်။

source::http://www.moi.gov.mm/news/25/05/2013/id-330 

ဂျပန်ဝန်ကြီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ဓာတ်ပုံ- ကျော်စိုးနိုင်
မြန်မာနိုင်ငံကို ၃၆ နှစ်အတွင်း ပထမဆုံး လာရောက်တဲ့ ဂျပန် ၀န်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ချက်ထရီယံ ဟိုတယ်မှာ ယနေ့ တွေ့ဆုံခဲ့ကြပါတယ်။
အဲဒီလိုတွေ့ဆုံမှုမှာ အသေးစိပ်ဘာတွေ ဆွေးနွေးတယ်ဆိုတာ အတိအကျမသိရသေးပေမယ့် မြန်မာ့လူမှု စီးပွား ဖွံ့ဖြိုးရေး ကိစ္စ ဂျပန်က ကူညီမယ့် ကိစ္စအပါအ၀င် မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံက ရင်းနှီးမြှု့ပ်နှံမှုတွေ ပိုတိုးပြီးလုပ်မယ် ကိစ္စတွေ ပါဝယ်မှာဖြစ်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မကြာသေးမီက ဂျပန်နိုင်ငံ ခရီးစဉ်အတွင်းမှာလည်း  ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ သီးခြားတွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။ 

ဂျပန်ဝန်ကြီးချုပ် နှင့် ဇနီးတို့နှင့်အတူ ဂျပန် စီးပွားရေး လုပ်ငန်းရှင်ကြီး ၃၀ ကျော်တို့လည်း လိုက်ပါလာကြ တာဖြစ်ပါတယ်။ 

ဂျပန်ဝန်ကြီးချုပ်နဲ့ ဇနီးဟာ ယနေ့ နံနက်ပိုင်းက အာဇာနည်ကုန်းကို သွားရောက်ကာ အာဇာနည်ကြီးများ 
ကို လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ပါတယ်။ ဒီနောက် သီလ၀ါ ရေနက်ဆိပ်ကမ်းကိုလည်း ဂျပန်ဝန်ကြီးချုပ်နဲ့ အဖွဲ့ဟာ သွားရောက်လေ့လာခဲ့ပါတယ်။ 

ဂျပန်-မြန်မာ စီးပွားရေး ကုမ္ပဏီကြီးတွေ ပူးပေါင်းပြီး သီလ၀ါ အထူးစီးပွားရေးဇုံ ပူးပေါင်းဆောင်ရွက်သွားဖို့ လည်း ဒီကနေ့ လက်မှတ်ရေးထိုးလိုက်ကြပါသေးတယ်။  

ခရီးစဉ်ဟာ သမ္မတ ဦးသိန်းစိန်က ဖိတ်ကြားခဲ့တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်နဲ့လည်း ၂ နိုင်ငံ အကျိုးတူ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး ကိစ္စတွေကို ဆွေးနွေးသွားကြမှာဖြစ်တယ်လို့ ဂျပန် သတင်း
တွေက ရေးသားဖော်ပြနေကြပါတယ်။ 

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံအား ကမ္ဘာဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် တို့ကိုပေးရန် ရှိတဲ့ ကြွေးမြီ အမေရိကန်
ဒေါ်လာ ဘီလျံနဲ့ ချီပြီး ယာယီပေးဆပ်ခဲ့ပါတယ်။ 

ဂျပန်နိုင်ငံကလည်း မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ဆက်လက် အားပေးသွား မှာဖြစ်သည့်အပြင် တချို့ သတင်းတွေ အဆို အရ မြန်မာ့ကြွေးမြီတွေကို လျှော်ပစ်ရန် စဉ်းစားမှုတွေ ရှိတယ်လို့လည်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေက ဖော်ပြနေကြပါတယ်။ 

အိမ့်သံစဉ် ~

မြန်မာနိုင်ငံတွင်ရာက်ဂျပန်နိုင်ငံဝန်ကြီးချုပ် နှင့်ပတ်သက်၍ သတင်းများစုစည်းမှု

ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးရရှိရေးတွေမှာ ဂျပန်ရင်းနှီးမြုပ်နှံမယ်

ရန်ကုန်၊ မေ ၂၅ _ သီလ၀ါဆိပ်ကမ်း အထူးစီးပွားရေးဇုန် ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အပါအ၀င် ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ရေပေးဝေရေးလျှပ်စစ်မီးရရှိရေးတွေမှာ ဂျပန်နိုင်ငံက ရင်းနှီးမြုပ်နှံသွားဖို့ ရှိတယ်လို့ မေလ ၂၅ရက်က ပြုလုပ်တဲ့ ဂျပန်- မြန်မာ စီးပွားရေးအလုပ်ရုံဆွေးနွေးပွဲမှ သိရပါတယ်။

_ "အခုကစပြီး နောက်နှစ်ပေါင်းများစွာမြန်မာပြည်သူတွေနဲ့ လက်တွဲပြီးလုပ်ကိုင်သွားစရာတွေရှိတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe) က ဆိုပါတယ်။


လူမွန် Kumudra
=========================================== 
Photo: မြန်မာပြည်ကိုလာတာဟာလတ်တလောစီးပွားရေးလုပ်ဖို့ ထက်မြန်မာနိုင်ငံဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုအားပေးဖို့ဖြစ်တယ်လို့ရှင်ဇိုအာဘေးကပြောပါတယ်

အေးချမ်းမွန် Credit & Copy From >BBC Burmese < Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်
မြန်မာပြည်ကိုလာတာဟာလတ်တလောစီးပွားရေးလုပ်ဖို့ ထက်မြန်မာနိုင်ငံဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုအားပေးဖို့ဖြစ်တယ်လို့ရှင်ဇိုအာဘေးကပြောပါတယ်။
BBC 
***********************************************************

သီလ၀ါ အထူးစီးပွားရေး ဇုန် အကောင်အထည်ဖော်ရေး ဂျပန်နှင့် မြန်မာ အစိုးရ အကြား MOU ရေးထိုး

ရန်ကုန် မေ ၂၅

ဂျပန်နှင့် မြန်မာ နှစ်နိုင်ငံပူးပေါင်း၍ သီလ၀ါ အထူးစီးပွားရေးဇုန်တည်ဆောက်ရေး အတွက် နှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးပွဲကို ယနေ့နံနက်ပိုင်း က သီလ၀ါ အထူးစီးပွားရေးဇုန် ၌ ကျင်းပခဲ့သည်။

ထိုသဘောတူ လတ်မှတ်ရေးထိုးပွဲကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တက်ရောက်ခဲ့ပြီး ယခုနှစ်အောက်တိုဘာလ အတွင်းတည်ဆောက်မှု လုပ်ငန်းများကို စတင်သွားမည်ဖြစ်ကြောင်း ၊ အဆိုပါ အထူးစီးပွားရေးဇုန် ၌ မြန်မာ - ဂျပန် နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် များ ပူးပေါင်းကာ သယ်ယူပို့ဆောင်ရေး ၊ စွမ်းအင်ဆိုင်ရာ များဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ သီလ၀ါ အထူးစီးပွားရေးဇုန်ဖြစ်ထွန်းအောင်မြင်ရေးအတွက် ဧက ၄၀၀ အား ဂျပန်စီးပွားရေး လုပ်ငန်းရှင်များ ရင်းနှီးမြှပ်နှံခွင့် ပြုထားကြောင်း နှင့် လတ်တလောအရ သီလ၀ါအထူးစီးပွားရေးဇုန် ၌ မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြုပ်နှံမှုမှာ ၅၁ ရာခိုင်နှုန်း ရှိပြီး ဂျပန်နိုင်ငံရှိစီးပွားရေး လုပ်ငန်းရှင်များ ရင်းနှီးမြုပ်နှံမှုမှာ ၄၉ ရာခိုင်နှုန်း ရှိကြောင်း ကုန်သည် / စက်မှု အသင်းချုပ် ဥက္ကဌ ဦးဝင်းအောင်က ပြောသည်။

Popular Myanmar News Journal
==================================================== 

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI ) သို့ ယနေ့မွန်းလွဲ (၂) နာရီတွင် ရောက်ရှိလာပြီး တာဝန်ရှိသူများနှင့်
တွေ့ဆုံကာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်တို့ အမှတ်တရပစ္စည်းများ လဲလှယ်ခဲ့ကြသည်။

ဆုဝေ

===================================================
မူလတန်းကျောင်းက လွန်ဆွဲပွဲမှာ ၀င်နွှဲခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ်
Photo: မူလတန်းကျောင်းက လွန်ဆွဲပွဲမှာ ၀င်နွှဲခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ်

အေးချမ်းမွန် Credit & Copy From >BBC Burmese < Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်
Photo-BBC
 =================================================
ဒေါ်အောင်ဆန်းစုကြည် နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး

Photo: ဒေါ်အောင်ဆန်းစုကြည် နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး
( photo by ko myo khaing)

အေးချမ်းမွန် Credit & Copy From >Kumudra < Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်
Add caption


ထောက်လှမ်းရေး အတွက် အလုပ်လုပ်ပေးဖို့ ကမ်းလှမ်းခဲ့ကြောင်း သူငယ်ချင်းဖြစ်သူ ထွက်ဆို

စစ်သား သတ်သူ နှစ်ယောက်ထဲက အက်ဒဘိုလာဂျိုရဲ့ သူငယ်ချင်း Abu Nusaybah

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက လန်ဒန်တောင်ပိုင်းက လမ်းပေါ်မှာ စစ်သားတယောက်ကို သတ်ဖြတ်ခဲ့တဲ့ နှစ်ယောက်ထဲက တယောက် ဖြစ်တဲ့ မိုက်ကယ် အက်ဒ်ဘိုလာဂျို နဲ့ အမြဲတွဲနေတဲ့ သူငယ်ချင်း Abu Nusaybah က ဘီဘီစီကို ပြောကြားရာမှာ လုံခြုံရေး အဖွဲ့တွေက အက်ဒဘိုလာဂျို ကို သူတို့အတွက် အလုပ်လုပ်ပေးဖို့ ထပ်တလဲလဲ ကမ်းလှမ်းခဲ့ပြီး သတင်း အချက်အလက်တွေလည်း တောင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီပြောကြားချက်နဲ့ ပတ်သက်လို့ သီးခြား လွတ်လပ်တဲ့ အတည်ပြုချက်တွေ မရသေးဘဲ အဲဒီလို ပြောကြားလိုက်ပြီးတဲ့နောက် နူဆေးဘက်ဟာ အကြမ်းဖက်မှု နှိမ်နင်းရေး ရဲတွေရဲ့ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။

မနှစ်က နှစ်ကုန်ခါနီး အချိန်လောက်မှာ ကင်ညာ လုံခြုံရေး တပ်ဖွဲ့တွေက အက်ဒ်ဘိုလာဂျိုကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီးတဲ့နောက် ဗြိတိန်က လုံခြုံရေး အဖွဲ့တွေက သူ့ဆီ ချဉ်းကပ်ခဲ့တာ ဖြစ်တယ်လို့ မစ္စတာနက်ဆေးဘက်က ပြောပါတယ်။

ကင်ညာမှာ ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရစဉ် အတွင်း ကိုယ်ခန္ဓာရော လိင်ပိုင်း အရပါ မတရား ပြုကျင့် ခံခဲ့ရတယ်လို့ အက်ဒ်ဘိုလာဂျိုက ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံ(ဓာတ်ပုံ)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံရန် မေလ ၂၅ ရက်နေ့ ညနေ (၄)နာရီ ၃၀မိနစ် အချိန်တွင် ချက်ထရီယမ်ဟိုတယ်သို့ လာရောက်ခဲ့သည်။











Photo- NLD

နည်းပညာအကူအညီများလိုအပ်ကြောင်းသီလ၀ါအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးကော်မတီဥက္ကဌပြောကြား


25.5.2013sw1(1)
ရန်ကုန်၊မေ၂၅။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု သာမက နည်းပညာ အကူအညီကိုပါ ပေးရန်လိုအပ်ကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဌဦးဆက်အာင်က မေလ ၂၅ရက်နေ့တွင် ပြုလုပ်သော သီလ၀ါ အထူးစီးပွားရေးဇုန်အတွက် မြန်မာနိုင်ငံမှ အများပိုင်ကုမ္ပဏီ ကိုးခုစုပေါင်းထားသော ကုမ္ပဏီ တစ်ခုနှင့်င့် ဂျပန်နိုင်ငံမှ ကုမ္ပဏီသုံးခု နားလည်မှုစာချွန်လွှာ ရေးထိုးပွဲတွင် ပြောကြားသည်။
“မြန်မာနိုင်ငံအတွက် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး(HDR)တွေ လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ဘယ်လောက်ပဲ အလုပ်အကိုင် အခွင့်အလမ်းတွေပေးပေး ဒေသခံတွေ လက်လှမ်းမမီတဲ့ ပြသနာတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ဘယ်လောက်ကောင်းတဲ့ အလုပ်အကိုင် အခွင့်အလမ်းကိုပေးပေး ကောင်းမွန်စွာ လုပ်နိုင်တဲ့ အလုပ်သမားတွေကို ရနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် HDR အတွက် နည်းပညာ ပေးမယ်ဆိုရင် ဒီလုပ်ငန်းအတွက် ကောင်းမွန်စေမယ့် အချက်ပဲ ဖြစ်ပါတယ်” ဟု ဦးဆက်အောင်က ပြောကြားသည်။
သီလ၀ါ အထူးစီးပွားရေးဇုန်အတွက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုကို လေ့လာဆန်းစစ်(EIA) လုပ်ငန်းများကိုလည်း စတင်လုပ်ကိုင်နေပြီဖြစ်ပြီး သြဂုတ်လတွင် အပြီးသတ်နိုင်ရန်ခန့်မှန်းထားကြောင်း သိရသည်။
ဂျပန်နိုင်ငံကုမ္မဏီဘက်မှ ကိုယ်စားလှယ် တစ်ဦးကလည်း”သဘာဝပတ်ဝန်းကျင် အတွက် (EIA)ကို ကောင်းတဲ့ ရလဒ်ကိုစောစောစီးစီး ရရှိအောင် ကျွန်တော်တို့ဘက်က အားထုတ်သွားမှာပါ” ဟု ပြောကြားသွားသည်။
အဆိုပါ မြန်မာ အများပိုင်ကုမ္မဏီများနှင့် ဂျပန်ကုမ္မဏီသုံးခု နားလည်မှု စာချွန်လွှာ ရေးထိုးပွဲအား သီလဝါ အထူးစီးပွားရေးဇုန်တွင် ယမန်နေ့က မြန်မာနိုင်ငံ သို့ ရောက်ရှိလာသော ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအားဘေးလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆုဝေThe Mynmar Age


ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့အဖွဲ့ဂျပန်-မြန်မာအကျိုးတူပူးပေါင်းရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး(ရုပ်သံ)

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့အဖွဲ့ဟာ ယနေ့ နေ့လည်ပိုင်းက သီလ၀ါစက်မူဆိပ်ကမ်းမှာ ဂျပန်-မြန်မာအကျိုးတူပူးပေါင်းရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမှု အခမ်းအနားသို့ တက်ရောက်ခဲ့ပါတယ်။

သီလ၀ါအထူးစီးပွားရေးဇုန်စီမံကိန်းအတွက် ဂျပန်ကုမ္ပဏီတွေဖြစ်တဲု့ မစ်ဆူဘီရှီ၊ မာညူဘီနီ၊ ဆူမိုတိုမို ကုမ္ပဏီ သုံးခုနဲ့ မြန်မာက္ပုဏီ၉ခု နားလည်မှုစာချွန်လွှာရေးထိုးတာလဲဖြစ်ပါတယ်။

(ရိုက်ကူး - ကျော်ဇေယျာဝင်း)


DVB TV News

ဂျပန်ဝန်ကြီးချုပ် အာဇာနည်ဗိမာန်ကို သွားရောက် ဂါရ၀ပြု(ဓာတ်ပုံ) နှင့်ရုပ်သံ

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ မေလ ၂၅ရက်နေ့ မနက်က ရန်ကုန်မြို့ အာဇာနည်ဗိမာန်ကို သွားရောက် ဂါရ၀ပြုနေပုံ မြင်ကွင်း။ 
 

 

 

 






ဓာတ်ပုံနှင့်ဗွီဒီယို-DVB TV News

ဆန်ရှင် ရုတ်လျှင် ဗိုလ်ချုပ်မှုးကြီး ဟောင်း မိသားစု အမေရိကန် မှာ စိန် ဆိုင်ဖွင့်မယ်

အမေရိကန် နိုင်ငံ က ဒဏ်ခတ် အရေးယူ ပိတ် ဆို့ ထား မှု များ ကို အပြီး တိုင် ဖယ်ရှား
လိုက် ပါ က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုသည် အမေရိကန် နိုင်ငံ ကာလီဖိုးနီးယား
ပြည် နယ် ဉ် စိန် နှင့် ကျောက် မျက် ရတနာ အရောင်း ဆိုင် ဖွင့် လှစ် ရန် စီစဉ် ထား
သည် ဟု FNG မှ သိရှိ ရသည်။
ယခင် မြန်မာ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် သူ၏ 
မိသားစုသည် စိန် စု ဆောင်း ခြင်း ကို ၀ါသနာ ပါ ပြီး  ဒေသတွင်း သာမက
ကမ္ဘာ တစ်လွှား မှ စိန် များ ကို ပါ ၀ယ်ယူ စု ဆောင်း သည်။
အမေရိကန် တွင် စိန်ဆိုင် ဖွင့်လှစ် ရန် အတွက် ကာလီဖိုးနီးယား ပြည်နယ် ရှိ ၎င်းတို့ နှင့်
ရင်း နှီး သည့် မိသားစု ကို စိန် အရောင်း ပြခန်း နေရာ ဖွင့် လှစ် မည့် နေရာ  ကို ကြည့် ရှု
ခိုင်းထား ပြီး ဖြစ် သည် ဟု ဆို သည်။
သူတို့  က တော့ လောလော ဆယ် ဒီမလာ နိုင် သေး ဘူး လေး Google Map ကနေ လှမ်းကြည့်ပြီး
ကြိုက် တဲ့ နေ ရာ လေး တွေ တွေ့ ရင် အမေရိကန် လူ ကို နေရာ နဲ့  ဈေးနှုန်း သွား စုံစမ်း
ခိုင်တာ ပေါ့ ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစု နှင့် ရင်းနှီး သူ တစ်ဦး က FNG ကို ပြောသည်။
အမေကြိုင် က ဆန်တာ မော် နီ ကာ ၊ ဟောလိဝုဒ် (ဘီဗာလီ ဟေလ်း) ဘက် မှာ ဖွင့် ချင် တယ်။
ဆိုင်ခန်း ခ ဘယ် လောက် ပဲ ကျကျ ၊ အဖိုးကြီး လဲ ကယ်လီ ဖိုးနီးယား ကြိုက် တယ် ။ စိန် ကို အဓိက
ထား ရောင်း မှာ ကျောက်စိမ်း လည်း ပါမယ် ဟု ပြော သည်။
အမေရိကန် နိုင်ငံ က ဆန် ရှင် ရုပ်သိမ်းလျှင်ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သာမက  မြန်မာ စစ်ဗိုလ်ချုပ် များ
၊ စီးပွား ရေး လုပ်ငန်း  ရှင်များ သည် အမေရိကန် ဉ် စီးပွားရေး လုပ်ငန်း များ လာရောက် လုပ်
ကိုင် ကြမည် ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မိသားစု လို ပင် လွှတ် တော် ဥက္ကဌ သူ ရ ဦးရွှေ မန်း မိသား စု သည် လည်း အမေရိကန်
ဉ် စီးပွား ရေး လုပ် ရန် ဆိုင်း ပြင်း နေသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစု ဉ် စိန် တစ် မျိုး တည်း ပင် အနည်း ဆုံး ဒေါ်လာ သန်း တစ်ထောင် ကျော်
ဖိုး ရှိ မည် ဟု ရန်ကုန် မှ စိန် ကုန် သည် တစ်ဦး က ခန့် မှန်း သည်။
ဦးသန်းရွှေ မိသားစု  က အမေရိကန် တွင် ငှား မည့် စိန် ဆိုင် သည် လုံခြုံရေး ၀န်ဆောင် မှု ပါ သည့် အဆင့်မြင့် ဆိုင်ခန်း မျိုး ဖြစ် သည်။
၎င်း တို့  မိသားစု သည် စိန်လုပ် ငန်း နှင့် ပတ်သက် ပြီး နှစ်အတန် ကြာ အတွေ့ အကြုံ ရှိ ပြီး စိန် ဈေး ကွက်ကို လည်း နား လည် သည် ဟု သိရသည်။
မြန်မာ စစ်ခေါင်းဆောင် ဟောင်းများ သည် အမေရိကန် က ဆန် ရှင် ရုတ် မည် ကို မျှော် လင့် တကြီး စောင့်စားနေကြသည် ဟု သိရသည်။
တရုတ် ၊ ထိုင်း ၊ ဗီယက်နမ် ၊ ဟောင်ကောင်၊ စင်္ကာ ပူ ၊ တောင် ကိုးရီးယား နိုင်ငံ များ ဉ် ဗိုလ်ချုပ်မှုးကြီး ဟောင်းမိသားစု ၏ စီးပွား ရေး လုပ် ငန်း များ ရှိသည်။
မြန်မာ နိုင်ငံ မှ နိုင်ငံ ရေး နှင့် ပတ်သက်မှု မရှိ ဘဲ လာရောက် ကြသူ အများစု မှာ ကာလီဖိုးနီးယား ပြည်နယ် တွင်နေ ထိုင်ကြသည်။
FNG

လဝက ဝန်ထမ်းများကို တိုက်ခိုက်ခဲ့သူများ စစ်တွေတရားရုံးမှာ အမှုစစ်ဆေး

စစ်တွေခရိုင်၊ တရားရုံးပုံ
photo: RFA / Min Thein Aung

ပြီးခဲ့တဲ့ ဧပြီလက ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ မွတ်စလင် လူဦးရေစာရင်းကောက်ခံစဉ် လဝက ဝန်ထမ်းတွေကို ထိခိုက်ဒဏ်ရာရတဲ့အထိ ခဲတွေနဲ့ ပစ်ပေါက်ခဲ့သူတွေထဲက ဦးဆောင်သူတွေလို့ ယူဆရသူ ၇ ဦးကို စစ်တွေခရိုင်တရားရုံးမှာ မနေ့က ရုံးတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
စစ်တွေမြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနက ဦးစီးမှူး ဦးရန်အောင်မြင့်က တရားလိုပြုလုပ်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ- ၁၄၈ ရုန်းရင်းဆန်ခတ်ပြုမှု၊ ၃၃၂ ၊  ၃၃၃ ဝတ္တရားနှောင့်ယှက်မှု၊ ၃၉၅ ဓားပြမှု၊  ၅၀၆ ခြိမ်းခြောက်မှု၊ ၁၁၄ အားပေးကူညီမှု စတာတွေနဲ့ အမှုဖွင့်တရားစွဲဆိုထားတာဖြစ်တယ်လို့ ဒီအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က RFA ကိုပြောပါတယ်။
အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မွတ်စလင် လူဦးရေစာရင်းကို အတိအကျသိရှိနိုင်ဖို့  ဆွဲ၊ တင်၊ စစ် လို့ခေါ်တဲ့ ပထမအဆင့် နေထိုင်ရာနေရာတွေကို မြေပုံရေးဆွဲပြီး လူဦးရေမှတ်တမ်းတင်ခြင်း စတဲ့အဆင့်တွေနဲ့ ရခိုင်ပြည်နယ်တစ်ခုလုံးကို ပြီးခဲ့တဲ့ဧပြီလ ၂၆ ရက်နေ့ကစတင်ပြီး မေလ ၁၅ ရက်နေ့အထိ နိုင်ငံတော်စီမံချက်အနေနဲ့ တစ်ပြိုင်နက်တည်းဆောင်ရွက်ခဲ့ပါတယ်။
အဲသည်လို လူဦးရေစာရင်းကောက်ခံရာမှာ စစ်တွေမြို့နယ်အတွင်းက မွတ်စလင် ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုပေးဖို့တောင်းဆိုပြီး စစ်ဆေးရေးအဖွဲ့ဝင်တွေကို စခန်းတွင်းဒုက္ခသည်တွေက ခဲတွေနဲ့ ပစ်ပေါက်ခဲ့တဲ့အတွက် သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရကာ စစ်ဆေးရေးအဖွဲ့ဝင်တချို့လည်း ဆေးရုံတက်ရတဲ့အထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

ဒီအမှုကို လာမယ့်ဇွန်လ ၆ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်တယ်လို့လည်း သိရပါတယ်။
RFA

ဂျပန် ဝန်ကြီးချုပ်နဲ့ စီးပွားရေးလုပ်ငန်းရှင် များ မြန်မာနိုင်ငံ ရောက်ရှိ

dassk-japan-pm-305.jpg
ဂျပန်ဝန်ကြီးချုပ်ရုံးခန်းမှာ ဧပြီလ ၁၈ ရက်နေ့က ဒေါ်အောင် ဆန်းစုကြည်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး(Shinzo Abe) တို့ တွေ့ဆုံကြစဉ်
photo: AFP

ဂျပန်နိုင်ငံ ၀န်ကြီးချုပ် Shinzo Abe ဟာ နှစ်ပေါင်း ၃၆ နှစ်အတွင်း ပထမဆုံး ဂျပန်ဝန်ကြီးချုပ်တစ်ဦးရဲ့ မြန်မာနိုင်ငံခရီးစဉ်အဖြစ်  ဒီနေ့ညနေ ၅ နာရီလောက်မှာ ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်ကို ရောက်ရှိလာပါတယ်။
မြန်မာနိုင်ငံမှာ သုံးရက်ကြာ နေထိုင်စဉ်အတွင်း ၀န်ကြီးချုပ် Shinzo Abe ဟာ သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်စတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။
မနက်ဖြန် မေလ ၂၅ ရက်နေ့ မနက်ပိုင်းမှာ သူဟာ ရန်ကုန်မြို့ တဘက်ကမ်းရှိ မြေဧက ၅၉၀၀ ကျယ်ဝန်းတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်ကို သွားရောက်ကြည့်ရှုဖို့ရှိပါတယ်။ ဒီနောက် နေ့လည်ပိုင်းမှာ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ စက်မှုလက်မှု ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း UMFCCI  အဆောက်အဦးမှာ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ဂျပန်ဝန်ကြီးချုပ်နဲ့အတူ ဂျပန်စီးပွားရေး လုပ်ငန်းရှင် အများအပြားလိုက်ပါလာပြီး နှစ်နိုင်ငံရင်းနှီးမြှပ်နှံမှုအတွက် သဘောတူညီချက်တွေ ချုပ်ဆိုကြမယ်လို့လည်း သိရပါတယ်။
RFA

ပုဂ္ဂလိကကျောင်းများသို့ ဘာသာရေးနှင့် သက်ဆိုင်သော ညွှန်ကြားချက်ထုတ်


ရန်ကုန်၊ မေ- ၂၂

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကကျောင်းများ၌ ဘာသာရေးနှင့်ဆက်နွှယ်ဆောင်ရွက်ခြင်းများမပြုလုပ်ရန် မေ
၁၉ ရက်တွင် ညွှန်ကြားချက်ထုတ်ပြန်ထား ကြောင်းသတင်းရရှိသည်။

ဘာသာရေးနှင့် ဆက်နွှယ်ဆောင်ရွက်ခြင်းမပြုရန်၊ ပုဂ္ဂလိက ကျောင်းများလိုက်နာဆောင်ရွက်ရန်
ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ညွှန်ကြားချက်ကို ရရှိထားကြောင်း ပုဂ္ဂလိကကျောင်းတည်ထောင်သူ
တစ်ဦးကပြောသည်။

“မနေ့ (မေ ၂၀ ရက်) ကပဲ စာသွားယူရတယ်။ ဘာသာရေးဆက်နွှယ်တာတွေ ဆောင်ရွက်ခြင်းမရှိစေရဆိုပြီး
ညွှန်ကြားချက်ထုတ်ထားတာပါ” ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။

ရခိုင်ပြည်နယ်နှင့် မိတ္ထီလာမြို့နယ်တို့တွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အလားတူအဖြစ်အပျက်များ ထပ်မံဖြစ်ပွားမှုမရှိစေရန် ညွှန်ကြားချက်ထုတ်ပြန်ခြင်းဖြစ်နိုင်ကြောင်း ပုဂ္ဂလိကကျောင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

လာမည့် ဇွန် ၃ ရက်တွင် အခြေ ခံပညာကျောင်းများ စတင်ဖွင့်လှစ်မည်ဖြစ်ရာ ယင်းမတိုင်မီ ပုဂ္ဂလိက ကျောင်းများအား ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးတွင် တရားဝင်မှတ်ပုံတင်ခွင့်ရရှိထားသော ကိုယ်ပိုင်သင်တန်းပေါင်း ၁၂၀၀ ကျော်ရှိနေပြီး ဘာသာရပ်ဆိုင်ရာ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာနှင့် ဘာသာစကားကျောင်းများကို မိမိ အစီအစဉ်ဖြင့် ဆောင်ရွက်နေကြကြောင်း သိရသည်။
7Day News

မြန်မာနယ်စပ် အနီးတွင် ဘင်္ဂလာဒေခ်ျ့မှ နယ်ခြားစောင့်တပ်ရင်း တစ်ရင်း တိုးချ

New BGB Battalion opened Burma border

မြန်မာနယ် အနီးတွင် တည်ရှိသော ဘင်္ဂလာဒေခ်ျ့မှ ရာမူး (ပန်းဝါ) မြို့နယ်တွင် နယ်ခြားစောင့် ဘီဂျီဘီ တပ်ရင်း တစ်ခုကို တိုးချလိုက်သည်ဟု သိရသည်။
ယခု တိုးချဲ့ချလိုက်သော ဘီဂျီဘီ တပ်ရင်းမှာ အမှတ် (၅၀) ဖြစ်ပြီး မေလ ၂၂ ရက်နေ့က တပ်ရင်း ဖွင့်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့သည်။ ဘင်္ဂလာဒေခ်ျ့ ဘီဂျီဘီ အကြီးအကဲ တပ်မှူး ဗိုလ်မှူးချုပ် အာဇစ် အာမတ်က တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
တပ်ရင်း၏ အခြေစိုက်ရာ နေရာမှာ ရာမူးမြို့နယ် ရာဇကူ ဧရိယာတွင် ဖြစ်သည်။
ယခုကဲ့သို့ တိုးချဲ့ ချလိုက်သဖြင့် မောင်တောမြို့နယ် တစ်ခုတည်းနှင့် ဆက်စပ်နေသော ဘင်္ဂလာဒေခ်ျ့နယ်စပ် တလျှောက်တွင် နယ်ခြားစောင့် Border Guard Bangladesh တပ်ရင်း (၄) ခုရှိသွားပြီ ဖြစ်သည်။
၎င်းတပ်ရင်းများမှာ  တက်နက်မြို့တွင် အမှတ် ၄၂ တပ်ရင်း၊ ကော့စ်ဘဇားမြို့တွင် အမှတ် ၁၇၊ နတ်ကျောက်ဆရီမြို့နယ်တွင် အမှတ် ၃၁ တပ်ရင်း နှင့် ယခု အမှတ် ၅၀ တပ်ရင်းတို့ ဖြစ်ကြသည်။
တပ်ရင်း  တိုးချရခြင်းသည် မူးယစ်ဆေးဝါး၊ လက်နက် မှောင်ခိုနှင့် လူကုန်ကူမူ၊ နယ်စပ် ဖြတ်ကျော် ၀င်ထွက်သွားလာနေသော လက်နက်ကိုင် တပ်ဖွဲ့များကို နှိမ်နှင်းရန် အတွက် ရည်ရွယ်သည်ဟု ဘီဂျီဘီ အာဏာပိုင်များက ဆိုသည်။
နိရဉ္စရာ

KNU ဗိုလ်မှူးကြီး နဒါးမြ သြစီပါလီမန်မှာ တိုင်းရင်းသားအရေး ပြောမယ်


ကရင်အမျိုးသား အစည်းအရုံး KNU ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မြရဲ့ သားတဦးဖြစ်သူ ဗိုလ်မှူးကြီး နဒါးမြဟာ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့အတူ သြစတေးလျ ပါလီမန်ကို တက်
ရောက်ကာ KNU ကိုယ်စား ဧည့်သည် တဦး အနေနဲ့ မေလ ၂၇ ရက်နေ့မှာ စကားပြောဖို့ ရှိတယ်လို့ သတင်းရပါတယ်။ 


ဗိုလ်မှူးကြီး နဒါးမြ ပြောမယ့် ခေါင်းစဉ်ကတော့ မြန်မာနိုင်ငံက လူနည်းစု တိုင်းရင်းသားတွေရဲ့ အရေး ဘယ်လို ဖြစ်လာမလဲ ဆိုတာကို ဒေသစံတော်ချိန် မနက်၈ နာရီကနေ ၉ နာရီထိ ၁ နာရီ ကြာဆွေးနွေး 
ပြောကြားမှာဖြစ်ပါတယ်။ 

ဗိုလ်မှူးကြီး နဒါးမြကို သြစတေးလျ လွှတ်တော် အမတ် Luke Simpkins နဲ့ အနောက် သြစတေးလျက အထက်လွှတ်တော် အမတ် Dean တို့က တာဝန်ယူ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ 


အိမ့်သံစဉ် ~ဧရာဝတီ

Friday, May 24, 2013

ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေး နှိုးဆော်သူများ အစည်းအဝေးကျင်းပ

7_july_union_building_305_z.jpg
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ တွေ့ရသော ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦ ဖြစ်ပါသည်။ ဇူလိုင်လ ၈ ရက်နေ့တွင် စစ်တပ်၏ ဗုံးဖောက်ခွဲမှုကြောင့် ကျောင်းသားသမဂ္ဂ အဆောက်အဦ ပျက်ဆီးခဲ့ရပါသည်။ (မှတ်တမ်းဓါတ်ပုံ)

ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနဲ့ တကသ- သမဂ္ဂ အဆောက်အဦး ပြန်လည်တည်ဆောက်ရေးအတွက် တိုက်တွန်းနှိုးဆော်သူတွေရဲ့ အစည်းအဝေးကို ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် စိတ်တိုင်းကျ စားသောက်ဆိုင်မှာ မနေ့ကကျင်းပခဲ့ပါတယ်။

အဲဒီအစည်းအဝေးကနေ သဘောထားနဲ့ လုပ်ငန်းစဉ် ၃ ရပ် ချမှတ်ခဲ့တယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင်းလင်းလူ့အဖွဲ့အစည်း ကိုယ်စားလှယ်အဖြစ် အစည်းအဝေးတက်ရောက်ခဲ့သူ ကိုဗသက်အောင်က ပြောပါတယ်။

"နံပါတ် ၁ က ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနဲ့ တကသ အဆောက် အအုံ ပြန်လည်တည်ဆောက်ရေးအတွက် စည်းရုံးနှိုးဆော် တိုက်တွန်းသူများ သာဖြစ်ကြောင်း၊ နံပါတ် ၂ အချက်က တကသ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဆောက်လုပ်ရေးရန်ပုံငွေ ရှာဖွေစုဆောင်းခြင်းလုပ်ငန်းတွေကို ကျနော်တို့ဆောင်ရွက်မှုမရှိသေးပါ၊ နံပါတ် ၃ က ခေတ်အဆက် ဆက် ကျောင်းသားမျိုးဆက်တွေရဲ့ အမြင်သဘောထားတွေကို ကျနော်တို့ကရယူမည်ဖြစ်တဲ့အတွက် လုပ်ငန်းစဉ် ၃ ရပ်ကို ချမှတ်လိုက်ပါတယ်"


လတ်တလော ရှေ့လုပ်ငန်းစဉ်အနေနဲ့ ရှင်သန်ဖူးဝေ ကန့်ကော်မြေစာအုပ်ကို လာမယ့်ဇွန်လအတွင်း ထုတ်ဝေဖြန့်ချိနိုင်ဖို့နဲ့ မူဝါဒသဘောထားအမြင်ကို လက်ကမ်းစာစောင်အနေနဲ့ ရိုက်နှိပ်ဖြန့်ဝေဖို့ ဆုံးဖြတ်တယ်လို့ သိရပါတယ်။ RFA

ဒေါ်စုစုနွေး နိုင်ငံတကာလူ့အခွင့်အရေးဖိုရမ် တက်ရောက်

 
 ပြင်သစ်နိုင်ငံ နန့်တက်မြို့မှာ မေ ၂၂ မှ ၂၅ ရက်နေ့အထိ ပြုလုပ်နေတဲ့ ၅ ကြိမ်မြောက် နိုင်ငံတကာလူ့အခွင့်အရေးဖိုရမ်ကို မြန်မာနိုင်ငံ အလုပ်သမားနဲ့ လယ်သမားအရေး တက်ကြွလှုပ်ရှားသူ ဒေါ်စုစုနွေးအပါအ၀င် မြန်မာကိုယ်စားလှယ် ၃ ဦး တက်ရောက် နေကြပါတယ်။

နိုင်ငံပေါင်း ၁၀၀ ကျော်က လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေ၊ အစိုးရကိုယ်စားလှယ်တွေနဲ့အတူ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေအရေး ဆောင်ရွက်နေတဲ့ ဦးထူးချစ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေးကော်မရှင်မင်းကြီး ဦးလဖိုင်းလ်ဇူးဂေါင်း (Lahpai Zau Goone)တို့ တက်ရောက်နေကြတာ ဖြစ်ပါတယ်။

ဒေါ်စုစုနွေးက “ကျမတို့ လာရောက် လေ့လာခွင့်ရတဲ့အတွက် ကျမတို့နိုင်ငံအတွက် ဘာတွေဆက်ပြီး ကြိုးစားဆောင်ရွက်ခွင့်ရမယ်ဆိုတာ ပိုပြီးတော့ နားလည်လာတယ်။ နိုင်ငံမှာ ဘာတွေ လိုအပ်ချက်တွေ ရှိနေလဲ၊ အစိုးရကလည်း ဘာလိုအပ်ချက်တွေ ရှိနေလဲ။ ကျမတို့ကလည်း နိုင်ငံကို လူ့အခွင့်အရေးပြည့်ဝပြီး စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့အတွက် အစိုးရနဲ့ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်သွားမလဲ၊ ပြည်သူတွေကရော ဘာတွေလိုအပ်နေလဲဆိုတာတွေ ကျမတို့ အတွေ့အကြုံရတယ်။ ရရှိလာတဲ့အတွေ့အကြုံတွေကို နိုင်ငံကိုပြန်ရောက်ရင် အောက်ခြေပြည်သူတွေကို ပြန်ပြောပြမှာပါ”လို့ ပြောပါတယ်။

ဆွေးနွေးပွဲ တက်ရောက်တဲ့ ဦးထူးချစ်က သူအနေနဲ့ ရွှေ့ပြောင်းအလုပ်သမား ရေးရာ ကိစ္စတွေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

“အဓိက ကျနော်လာတာက အာဖရိကတို့၊ အီးယူတို့၊ လက်တင်အမေရိက၊ အာရှ၊ တရုတ်တို့မှာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်တဲ့အခြေအနေတွေကို တင်ပြခိုင်းတော့ အဲဒီကိစ္စတွေကို တင်ပြတယ်။ သတင်းထောက်တွေက မြန်မာနိုင်ငံရဲ့ လက်ရှိလူ့အခွင့်အရေးအခြေအနေတွေကို မေးတာတွေတော့ ရှိတယ်။ လက်ရှိလူ့အခွင့်အရေးချိုးဖောက်မှုတွေ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတာက စနစ်တကျပုံစံရှိတယ်။ မြန်မာနိုင်ငံမှာတော့ လူ့အခွင့်အရေးတွေ ချိုးဖောက်မှုရှိနေဆဲဖြစ်တယ်ဆိုတာ ကျနော် ပြောဖြစ်တယ်။”

ဒေါ်စုစုနွေးနဲ့ ဦး Lahpai Zau Goone တို့ကတော့ ဒီဖိုရမ်မှာ တက်ရောက်ဆွေးနွေးဖို့ အစီအစဉ် မပါရှိဘဲ ပထမအကြိမ်အဖြစ် တက်ရောက်တာဟာ အတွေ့အကြုံရတယ်လို့ ဆိုပါတယ်။

ဖိုရမ်ပြီးချိန်ကျမှ ဒေါ်စုစုနွေးဟာ ပြင်သစ် အန်ဂျီအိုတွေ၊ ပြင်သစ်မီဒီယာတွေနဲ့ တွေ့ဆုံပြီး ရှင်းလင်းပွဲတွေလုပ်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

 by webteam  (ဒီဗွီဘီ)

လင်မယားနှစ်ယောက်ကိုအုတ်ခဲနဲ့ထုတဲ့ ပုသိမ်ကဗိုလ်ကြီး

 
 နေအိမ်ရှေ့မှာ ကားရပ်လို့ဆိုပြီးတော့ ပုသိမ်မြို့အခြေစိုက် လေတပ်စခန်းက ဗိုလ်ကြီး ဖြိုးပြည့်အောင်က ကားပိုင်ရှင်လင်မယားကို ပါးရိုက်၊ ထိုးကြိတ်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် ပုသိမ်မြို့ ဘူတာဈေးအနီးမှာ ဒီကနေ့ ရုတ်ရုတ်သည်းသည်း ဖြစ်ပွားခဲ့ပါတယ်။

 ပုသိမ်မြို့ ဗွက်ကြီးတန်းလမ်းထဲမှာ ဖွင့်ထားတဲ့ “မျိုး” စားသောက်ဆိုင်ပိုင်ရှင် ဦးမျိုးဝေဟာ ဒီနေ့မနက် ၈ နာရီလောက်က သူ့ဇနီးနဲ့အတူ ဘူတာဈေး (အောင်ဧရာဈေး) ကို ဈေးဝယ်ဖို့ ရောက်လာခဲ့ပါတယ်။

 ဦးမျိုးဝေဟာ ဘူတာဈေးနားရောက်တော့ ဒေါက်တာ အောင်ငြိမ်းရဲ့နေအိမ်ရှေ့ ကားလမ်းဘေးမှာ ကားကိုရပ်ခဲ့ပါတယ်။ နေအိမ်နဲ့ ကားရပ်ထားတဲ့နေရာဟာ အနည်းဆုံး ပေ ၂၀ လောက် အကွာအဝေး ရှိတယ်လို့ ဦးမျိုးဝေက ဧရာဝတီကိုပြောပါတယ်။

 
 “ကျနော်က ဈေးလာဝယ်တာ လမ်းဘေးမှာပဲ ကားရပ်လိုက်တယ်။
 ၁၀ မိနစ်လောက် နေတော့ အဲဒီအိမ်ထဲကနေ ဆိုင်ကယ်နဲ့ကောင်လေးတယောက် ထွက်လာတယ်။ အစ်ကို ကားရွှေ့ပေးပါတဲ့။ မင်းဆိုင်ကယ်ထုတ်ဖို့ကို အစ်ကို့ကားက အလွတ်ကြီးပါကွာလို့ ပြောတော့ သူက မဟုတ်ဘူး ကားရွှေ့ပေးပါလို့ပဲ ပြောတယ်”

 “အဲဒီမှာကျနော်က တကယ်လို့ မင်းကားနဲ့ ထွက်တာ မလွတ်ဘူးဆိုရင် ဖယ်ပေးမယ်လို့ ပြောတော့ သူ့ဆိုင်ကယ်ကို ပြန်သွင်းသွားပြီးတော့ ခြံတံခါးကို ဖွင့်လိုက်တယ်။ ပြီးတော့ ကျနော့်ဆီပြန်လာတယ်။ ကျနော့်ကားထွက်မယ် ခင်ဗျားဖယ်လိုက်တော့လို့ပြောတယ်။ မင်းကားမှ ထွက်မလာသေးဘဲ၊
မင်းကားထွက်လာရင် အလွတ်ကြီးရှိပေမယ့် ငါဖယ်ပေးမှာပါလို့ပြောရော သူက ဆဲပြီးတော့ ပါးကို ၁ ချက် စရိုက်တယ်

 
 “ပါးကိုရိုက်ပြီး သူတို့အိမ်ရှေ့မှာ စိုက်ထားတဲ့အပင်အောက်က အုတ်နီခဲတွေ သွားယူတယ်။ ကျနော်လည်း ကားပေါ်ကဆင်းလိုက်တော့ အုတ်နီခဲနဲ့ ၂ ချက် ပစ်တယ်။ ပထမ ၁ ချက်ပစ်တာ
 ရှောင်လိုက်တော့ လွတ်သွားပြီးတော့မှ နောက် ၁ ချက် ထပ်ပစ်တော့ မလွတ်တော့ဘူး။ ခေါင်းကိုထိပြီး မူးလဲသွားတယ်။ အဲဒီမှာ ခြေထောက် ၂ ချောင်းကို ဆွဲထားပြီးတော့ ရင်ဘတ်ကို တက်နင်းတယ်။ ကန်တာတွေလုပ်တယ်” လို့ ရိုက်နှက်ခံခဲ့ရတဲ့ ဦးမျိုးဝေက ပြောပါတယ်။

 ခင်ပွန်းဖြစ်သူကို ထိုးကြိတ် ကန်ကြောက်နေလို့ ဦးမျိုးဝေရဲ့ဇနီး ဒေါ်သူဇာက ၀င်ရောက်တားဆီးခဲ့တယ်လို့ သိရပါတယ်။ 

 ဗိုလ်ကြီး ဖြိုးပြည့်အောင်က ဒေါ်သူဇာကိုပါ အုတ်နီခဲနဲ့ပေါက်၊ ဗိုက်ကို ခြေထောက်နဲ့ ကန်တာတွေ လုပ်ခဲ့တယ်၊  ဗိုလ်ကြီး ဖြိုးပြည့်အောင်ရဲ့ဖခင် ဒေါက်တာ အောင်ငြိမ်းကလည်း သံပိုက်လုံးနဲ့ ၀င်ရိုက်ခဲ့တယ်လို့ ဈေးအနီးမှာနေထိုင်တဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။  


 “ကျနော်က ဈေးလာဝယ်တာ လမ်းဘေးမှာပဲ ကားရပ်လိုက်တယ်။
 ၁၀ မိနစ်လောက် နေတော့ အဲဒီအိမ်ထဲကနေ ဆိုင်ကယ်နဲ့ကောင်လေးတယောက် ထွက်လာတယ်။ အစ်ကို ကားရွှေ့ပေးပါတဲ့။ မင်းဆိုင်ကယ်ထုတ်ဖို့ကို အစ်ကို့ကားက အလွတ်ကြီးပါကွာလို့ ပြောတော့ သူက မဟုတ်ဘူး ကားရွှေ့ပေးပါလို့ပဲ ပြောတယ်”

 “အဲဒီမှာကျနော်က တကယ်လို့ မင်းကားနဲ့ ထွက်တာ မလွတ်ဘူးဆိုရင် ဖယ်ပေးမယ်လို့ ပြောတော့ သူ့ဆိုင်ကယ်ကို ပြန်သွင်းသွားပြီးတော့ ခြံတံခါးကို ဖွင့်လိုက်တယ်။ ပြီးတော့ ကျနော့်ဆီပြန်လာတယ်။ ကျနော့်ကားထွက်မယ် ခင်ဗျားဖယ်လိုက်တော့လို့ပြောတယ်။ မင်းကားမှ ထွက်မလာသေးဘဲ၊
မင်းကားထွက်လာရင် အလွတ်ကြီးရှိပေမယ့် ငါဖယ်ပေးမှာပါလို့ပြောရော သူက ဆဲပြီးတော့ ပါးကို ၁ ချက် စရိုက်တယ်

 
 “ပါးကိုရိုက်ပြီး သူတို့အိမ်ရှေ့မှာ စိုက်ထားတဲ့အပင်အောက်က အုတ်နီခဲတွေ သွားယူတယ်။ ကျနော်လည်း ကားပေါ်ကဆင်းလိုက်တော့ အုတ်နီခဲနဲ့ ၂ ချက် ပစ်တယ်။ ပထမ ၁ ချက်ပစ်တာ
 ရှောင်လိုက်တော့ လွတ်သွားပြီးတော့မှ နောက် ၁ ချက် ထပ်ပစ်တော့ မလွတ်တော့ဘူး။ ခေါင်းကိုထိပြီး မူးလဲသွားတယ်။ အဲဒီမှာ ခြေထောက် ၂ ချောင်းကို ဆွဲထားပြီးတော့ ရင်ဘတ်ကို တက်နင်းတယ်။ ကန်တာတွေလုပ်တယ်” လို့ ရိုက်နှက်ခံခဲ့ရတဲ့ ဦးမျိုးဝေက ပြောပါတယ်။

 ခင်ပွန်းဖြစ်သူကို ထိုးကြိတ် ကန်ကြောက်နေလို့ ဦးမျိုးဝေရဲ့ဇနီး ဒေါ်သူဇာက ၀င်ရောက်တားဆီးခဲ့တယ်လို့ သိရပါတယ်။ 

 ဗိုလ်ကြီး ဖြိုးပြည့်အောင်က ဒေါ်သူဇာကိုပါ အုတ်နီခဲနဲ့ပေါက်၊ ဗိုက်ကို ခြေထောက်နဲ့ ကန်တာတွေ လုပ်ခဲ့တယ်၊  ဗိုလ်ကြီး ဖြိုးပြည့်အောင်ရဲ့ဖခင် ဒေါက်တာ အောင်ငြိမ်းကလည်း သံပိုက်လုံးနဲ့ ၀င်ရိုက်ခဲ့တယ်လို့ ဈေးအနီးမှာနေထိုင်တဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။ 

ဗိုလ်ကြီး ဖြိုးပြည့်အောင်က အရင်တုန်းကလည်း သူ့အိမ်ရှေ့မှာ ဆိုင်ကယ်ရပ်တဲ့လူ၊ ဈေးရောင်းတဲ့လူတွေကို ရန်စ စော်ကားရိုက်နှက်တဲ့လုပ်ရပ်တွေ ကျူးလွန်တာ ၄ ကြိမ် ရှိပြီလို့ ဘူတာဈေးက ဈေးသည်တွေက ပြောပါတယ်။
“သူတို့အိမ်ရှေ့မှာ ဈေးသည်က သခွားသီးတွေခင်းရောင်းနေတာကို ကားနဲ့တက်ကြိတ်ပစ်တယ်။ အဲဒါနဲ့ ဈေးသည်က သူ့ပစ္စည်းတွေသိမ်းနေတုန်း ပြန်ရောက်လာပြီး မြန်မြန်မဖယ်ဘူးလား လူပါတက်ကြိတ်ပစ်လိုက်ရမလား ဆိုပြီး ပြောတယ်။
အဲဒီလို ဥပဒေမဲ့ရမ်းကားနေတဲ့လူတွေကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်”လို့ ဘူတာဈေးက ကုန်စိမ်းရောင်းသူဈေးသည်တဦးက ပြောပါတယ်။


 

» လေတပ်ဗိုလ်ကြီး သားအဖ လူမဆန်စွာရိုက်နှက်မှုကို ပုသိမ် ပြည်သူတွေ မကျေနပ်

ပုသိမ်မြို့မှာ လေတပ်ဗိုလ်ကြီး သားအဖမှ မိန်းခလေးတယောက်အား ၀ိုင်းရိုက်မှု ဖြစ်ပွားစဉ်

 မေလ ၂၃ရက်နေ့ နံနက် ၀၈၃၀ အချိန် ဖြစ်ပွားခဲ့သော ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ ဘူတာဈေးရှေ့ အနီး မှာ ဒေါက်တာအောင်ငြိမ်းနှင့် သူ့သား လေတပ်မှ ဗိုလ်ကြီးဖြိုးပြည့်အောင်တို့မှ ၄င်းတို့ အိမ်ရှေ့ မှာ ကားလာရပ်တဲ့  မျိုး စားသောက်ဆိုင် ပိုင်ရှင် ဦးမျိုးဝေနှင့် ဇနီး သမီးတို့အား လူမဆန်စွာ ရိုက်နှက်ခဲ့မှုအပေါ် ပုသိမ် ပြည်သူများကြား မကျေနပ်တဲ့ အကြောင်း ကျယ်လောင်စွာ ထွက်ပေါ်နေ ကြောင်း သိရပါတယ်။

ဦးမျိုးဝေ မိသားစုကို ဗိုလ်ကြီးဖြိုးပြည့်အောင်က သံတုတ်နဲ့ လူမဆန်စွာရိုက်နှက်ခဲ့တယ်လို့ မျက်မြင်တွေ့  ကပြောပါတယ်။ ရိုက်နှက်စဉ်မှာ အရပ်ဝတ်နဲ့ ရိုက်နှက်ခဲ့ပြီး ပတ်ဝန်းကျင်က လူတွေက ရဲစခန်းကို ဖုန်းဆက်တိုင်းကြားခဲ့ပါတယ်။

ရဲစခန်းမှ တာဝန်ရှိသူတွေ ရောက်ရှိလာတဲ့ အခါမှာ စစ်ယူနီဖောင်းဝတ်ပြီး ပတ်ဝန်းကျင်ကလူတွေနဲ့ ရဲတွေကို မောက်မာရိုင်းစိုင်းစွာ ဆဲဆိုတုန့် ပြန်ခဲ့မှုကြောင့် ပုသိမ်ပြည်သူတွေ မကျေမနပ် ဖြစ်နေကြတာ ဖြစ်ကြောင်း သိရပါတယ်။

သစ်ထူးလွင်

ပြည်ထောင်စု ၀န်ကြီးများနဲ့ RFA တွေ့ဆုံ

အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဥရောပနိုင်ငံများအဖွဲ့ကနေ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်တာဟာ ပြည်သူတွေအတွက် များစွာအကျိုးရှိမှာဖြစ်တယ်လို့ မနေ့က ပြောဆိုလိုက်ပါတယ်။
ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ ဝါရှင်တန်ဒီစီမြို့တော်ကို အင်္ဂါနေ့က တစ်ရက်ကြာလာရောက်ပြီး အမေရိကန်အစိုးရ ထိပ်ပိုင်းပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။  RFA  က တွေ့ဆုံမေးမြန်းခဲ့ရာမှာ ဝန်ကြီးဦးအောင်မင်းက ပိတ်ဆို့မှုတွေကြောင့် နစ်နာခဲ့ရပုံကို နိုင်ငံခြားပို့ကုန်တွေနဲ့ ဥပမာထား ပြောဆိုခဲ့ပြောပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့မှာပါဝင်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကလည်း PR လို့ အတိုကောက်ခေါ်တဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြားသား အမြဲတမ်းနေထိုင်ခွင့်စံနစ်ကို လာမယ့်သုံးလအတွင်း ပြဋ္ဌာန်းနိုင်မယ်လို့ မျှော်လင့်ကြောင်းပြောကြားရင်း ပြည်ပရောက် မြန်မာနိုင်ငံ သားတွေ ပြန်လည်လာရောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့မှာ အလားတူပါဝင်သူတစ်ဦးဖြစ်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်းကတော့ လယ်ယာသစ်တော မြေပြင်သယံဇာတတွေကို ဂြိုလ်တုစံနစ်သုံးလေ့လာဖို့ အမေရိကန်အဖွဲ့အစည်းတွေထံက အကူအညီပေးမယ့် ကတိတွေရရှိခဲ့ကြောင်း ပြောပါတယ်။
ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ နယူးယောက်မြို့ကနေ သမ္မတ ဦးသိန်းစိန်ကို ICG အဖွဲ့ကချီးမြှင့်တဲ့ ငြိမ်းချမ်းရေးကြိုးပမ်းဆုကို တနင်္လာနေ့က လက်ခံရယူပြီး ဝါရှင်တန်ဒီစီမြို့တော်ကို အင်္ဂါနေ့မနေ့က လာရောက်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးနောက် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့ကညနေပိုင်းမှာ ဝါရှင်တန်ဒီစီမြို့တော် ဒါးလပ်စ်လေဆိပ်ကနေ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာသွားပါတယ်။ ဝါရှင်တန်မှာ ရောက်ရှိစဉ် မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို တွေ့ဆုံမေးမြန်းခန်းတွေမှာ နားဆင်ပါ။
ဦအောင်မင်းနဲ့ တွေ့ဆုံမေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
ဦးခင်ရီနဲ့ တွေ့ဆုံမေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
ဦးဝင်းထွန်းနဲ့ တွေ့ဆုံမေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

မြန်မာ့ဆန်တင်ပို့မှု နှစ် ၅၀ နီးပါးအတွင်း အမြင့်ဆုံးစံချိန်ချိုး

မြန်မာနိုင်ငံဟာ ၂၀၁၂ ခုနှစ်မှာ ဆန်တန်ချိန် ၁ သန်းကျော် ပြည်ပကိုတင်ပို့နိုင်ခဲ့ပြီး အဲဒီတင်ပို့နိုင်ခဲ့တဲ့ပမာဏဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၆ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အခုလာမယ့် ၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေးနှစ်မှာလည်း ဧည့်မထဆန် တန်ချိန် ၃ သန်း ပြည်ပတင်ပို့သွားမှာဖြစ်ပြီး၊ ဂျပန်၊ အင်ဒိုနီးရှား၊ ရုရှား၊ စပိန်စတဲ့ နိုင်ငံတကာ ဈေးကွက်သစ်တွေလည်း  ရရှိထားပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းက ဒေါက်တာစိုးထွန်းက RFA ကို ပြောပါတယ်။
“လက်ရှိတော့ ကျနော်တို့ အခုသွားမှာကတော့ ဥရောပဘက်အထိ စမ်းပြီးပို့နေတာရှိပါတယ်၊ အကြမ်းဖျင်း တန်ချိန် ၅ ထောင်လောက်တော့ ပို့ထားတာရှိပါတယ်၊ နောက်တစ်ခုက အင်ဒိုနီးရှားနဲ့တော့ သမ္မတကြီးခရီးစဉ်မှာတော့ တန်ချိန် ၅ သိန်းလောက် ပို့ထားတာရှိပါတယ်၊ ဒါကပထမဆုံး ကျနော်တို့တိုင်းပြည်အနေနဲ့ နှစ်ပေါင်း ၄၆ နှစ်အတွင်းမှာ ပထမဆုံးအချိန်ပြန်ပြီးတော့မှ တန်ချိန် ၁ သန်းကျော် တင်ပို့နိုင်တာပါ”
မြန်မာ့ဆန်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အာဖရိကဈေးကွက်တစ်ခုထဲကိုသာ အဓိကထား တင်ပို့ရောင်းချခဲ့တာပါ။
မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ အရှိန်ရလာတာကြောင့် ဥရောပသမဂ္ဂ EU အဖွဲ့က ပြီးခဲ့တဲ့ ဧပြီလကတည်းက စီးပွားရေးပိတ်ဆို့မှုတွေ ရုတ်သိမ်းလိုက်ပါတယ်။
အဲ့ဒီအတွက် မြန်မာ့ဆန်ဈေးကွက်ဟာ ကမ္ဘာ့ဆန်ဈေးကွက်ထဲ ပြန်လည်ဝင်ရောက်လာခဲ့ပြီး အခုလက်ရှိမှာ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဆန်တင်ပို့မှုအဆင့် နံပါတ် ၅ မှာ ရောက်ရှိနေပြီလို့လည်း သိရပါတယ်။
မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းက ဒေါက်တာစိုးထွန်းကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မြန်မာ့ဆန် ဂျပန်က စတင်ဝယ်ယူနေ

မကြာခင်ကာလမှာ မြန်မာနိုင်ငံက ဆန်တန်ချိန် ၅၀၀၀ ကို ဂျပန်နိုင်ငံက ၀ယ်ယူဖို့ ပြင်ဆင်နေတယ်လို့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက ဒီနေ့မှာရေးသားပါတယ်။
ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံက ဆန်ကိုဝယ်ယူဖို့ နှစ်ပေါင်း ၄၅ နှစ်ကျော်မှာ ပထမဆုံးအကြိမ် သဘောတူလိုက်တာ ဖြစ်ပါတယ်။
အခု ဂျပန်က၀ယ်ယူမယ့် ဆန်အမျိုးအစားကတော့ ဆန်ကျိုး တမတ်သား ၂၅%  အမျိုးစားဆန်ဖြစ်ပြီး သိပ်မကြာခင်ကာလမှာ တန်ချိန်ငါးထောင်ကို ၀ယ်ယူမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့သတင်းပတ်ကတည်းက ပြောဆိုနေကြတာပါ။
ဂျပန်ဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုတွေ အားပြုဆောင်ရွက်လာခဲ့သလို ဆန်ထုတ်လုပ်ရေးမှာလည်း ဆန်ကြိတ်ခွဲသန့်စင်စက်ရုံ ၄ ခုကို ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်တွေမှာ တည်ဆောက်သွားမှာဖြစ်ပါတယ်။ အဲဒီစက်ရုံတစ်ရုံစီကနေ နှစ်စဉ်ဆန်တန်ချိန် ၄ သိန်း ကြိတ်ခွဲထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က ဆန်တန်ချိန် ၁ ဒဿမ ၂ သန်း ပြည်ပကို တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
RFA

နာဂဒေသတချို့မှာ ဆိုးဆိုးဝါးဝါး ဆန်ပြတ်လတ်နေ


စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂဒေသ၊ နန်းယွန်းမြို့နယ်နဲ့ အိန္ဒိယ-မြန်မာနယ်စပ် ပန်ဆောင်ဒေသတွေမှာ အခြေခံစားသောက်ကုန် ဆန်ပြတ်လပ်နေတယ်လို့ အစိုးရနဲ့ အပစ်ရပ်စဲထားတဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN/K အဖွဲ့က RFA ကို ပြောပါတယ်။
အခုလို ဆန်ပြတ်လပ်မှု ကြုံတွေ့နေရတာဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း အဆိုးရွာဆုံး ဆန်ပြတ်လပ်မှုဖြစ်တယ်လို့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN/ K မှ ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က ပြောပါတယ်။
ဆန်ရှားပါးပြတ်လပ်မှုကြောင့် အိန္ဒိယနိုင်ငံက ၇ ပြည်လောက်ရှိတဲ့ ဆန်တအိပ်ကို ရူပီးငွေ  ၁၂၅၀ မြန်မာ ကျပ်ငွေနဲ့ ဆိုရင် ကျပ် ၂ သောင်းဝန်းကျင်လောက်နဲ့ ၀ယ်ယူစားနေရတယ်လို့ ပြောပါတယ်။
အဲဒီဈေးနှုန်းနဲ့ ၀ယ်ယူနိုင်ဖို့အတွက် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီက မေတ္တာရပ်ခံထားရကြောင်းလည်း သိရပါတယ်။ ဆန်ပြတ်လပ်မှုအခြေအနေကို ဖြေရှင်းနိုင်ဖို့အတွက် နယ်မြေခံအစိုးရစစ်တပ်နဲ့ NSCNအဖွဲ့တွေက အိန္ဒိယနိုင်ငံအထိ ဆန်အိတ်တွေ သွားရောက်ဝယ်ယူပြီး ဒေသခံတွေကို ဝယ်ယူလာတဲ့ ဈေးနှုန်းအတိုင်း ပြန်လည်ရောင်းချပေးနေတယ်လို့လည်းဆိုပါတယ်။

ဒေသခံတွေ တိုင်ကြားမှုကြောင့် ကုမ္ပဏီက ရွှေ ၂ တန် ပြန်ပေးဖို့ အမျိုးသားလွှတ်တော်ဆုံးဖြတ်

ရွှေမင်းဖုန်း ရွှေတူးဖော်ရေး လုပ်ငန်းခွင် (ဓာတ်ပုံ – မောမြေဦး)

ရှမ်းပြည်နယ် ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ အခြေစိုက် အာရှကမ္ဘာမြေ ကုမ္ပဏီက နိုင်ငံတော်ကို တစ်လ ရွှေပိသာချိန် ၃၀ ပေးသွင်းရမယ့်အစား တစ်လမှာ ၃ ပိသာလောက်ပဲ ပေးသွင်းခဲ့တာကြောင့်၊ နိုင်ငံတော်ကိုပေးဖို့ကျန်ရှိတဲ့ ရွှေတန်ချိန် ၂ တန်ကို ၅ နှစ်အတွင်း ပေးသွင်းရမယ်လို့ အမျိုးသားလွှတ်တော် သတ္ထုနဲ့ သယံဇာတ ရေးရာကော်မတီက ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။
နေပြည်တော် သတ္ထုနဲ့ သယံဇာတ ရေးရာကော်မတီရုံးခန်းမှာ အာရှကမ္ဘာမြေ ကုမ္ပဏီတာဝန်ရှိသူတွေ ၊ သတ္ထုတွင်းဝန်ကြီးဌာနက တာဝန်ရှိသူတွေ နဲ့ ဒေသခံတွေကို ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ အမျိုးသားလွှတ်တော် သတ္ထုနဲ့ သယံဇာတရေးရာ ကော်မတီအတွင်းရေးမှူး ဦးလှဆွေက ပြောပါတယ်။
"သူတို့ကုမ္ပဏီက စာချုပ်က တစ်ရက်ကိုဆိုရင် ရွှေ ၁ ပိသာသွင်းရမှာ တစ်လကိုဆိုရင် ပိသာ ၃ဝ သွင်းရမှာ၊ အဲဒါကို တစ်လကို ၃ ပိသာပဲ သွင်းထားတဲ့အထောက်အထား ဒေသခံတွေကရတာပေါ့၊ အဲဒီအထောက်အထားကလည်း မှန်တယ်၊ အဲဒါကိုသတ္ထုဝန်ကြီးဌာနက လျော့ပေးထားတာ၊ ဘာကြောင့်လျော့ပေးလဲဆိုတော့ စမ်းသပ်ကာလဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ လျော့ပေးထားတာ၊ တကယ်တန်းကျတော့ စမ်းသပ်ကာလဆိုတာ တစ်ပြားမှသွင်းစရာမလိုဘူး၊ ဒါပေမယ့် စာချုပ်ချုပ်ထားတာက ကုမ္ပဏီက တစ်ရက်ကို ၁ ပိသာ သွင်းမယ်လို့ချုပ်ထားတာ"
အခုလို အမျိုးသားလွှတ်တော်က ခေါ်ယူတွေ့ဆုံတာဟာ ဒေသခံတွေရဲ့ တိုင်ကြားချက်ကြောင့် ဖြစ်တယ်လို့လည်း သိရှိရပါတယ်။ ကုမ္ပဏီက လုပ်ကိုင်နေတာတွေဟာ ပွင့်လင်းမြင်သာမှုမရှိတဲ့အပြင်၊ စာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်မှုမရှိတာကြောင့် အခုလိုတိုင်ကြားရခြင်းဖြစ်တယ်လို့ ကလောဒေသခံ ဦးအောင်ကြိုင်က အခုလိုပြောပါတယ်။
"ပွင့်လင်းမြင်သာမှု မရှိတာရယ် နောက်ပြီး သူတို့လုပ်နေတဲ့အလုပ်တွေက သူတို့စာချုပ်တွေနဲ့ တလွဲဖြစ်နေတယ်လေ၊ အဲဒါကြောင့်ပါ၊ ကျနော်တို့ ပြဿနာရှာချင်လို့ မဟုတ်ပါဘူး၊ ဆန္ဒပြတာတို့ဘာတို့လဲ ကျနော်တို့ဆီမှာ မရှိပါဘူး၊ ကျနော်တို့က သူတို့ black list ခံသွားရရင် နိုင်ငံတော်ကြီး နစ်နာမှာစိုးလို့ ကျနော်တို့ ပြည်နယ်မှာရှိနေတဲ့ သယံဇာတကို ဒီလူတစ်စုက အလွဲသုံးစားလုပ်သွားမှာစိုးလို့ လာပြီးဖြေရှင်းရခြင်းဖြစ်ပါတယ်"
အာရှကမ္ဘာမြေ ကုမ္ပဏီဟာ အဲဒီကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသမှာ ရွှေတူးဖော်တဲ့လုပ်ငန်းကို လုပ်နေတာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကထဲကလို့လည်း ဒေသခံတွေကပြောပါတယ်။
အဲဒီရွှေတွင်းလုပ်ငန်းတွေမှာ ပြီးခဲ့တဲ့မေလ ၁ ရက်နေ့က မိုးကြီးခဲ့တာကြောင့် ရွှေတွင်းတွေပြိုကျပြီး သေဆုံးသူ ရာဂဏန်းအထိ ရှိခဲ့တယ်လို့ တနိုင်တပိုင် ရွှေတူးဖော်ရေး လုပ်ငန်းပိုင်ရှင်တွေက ပြောပါတယ်။
RFA

မြန်မာအမျိုးသမီးအသင်းက ပါလက်စတိုင်း အမျိုးသမီးအသင်းကို (၉)ဂိုးပြတ်

 
မြန်မာအမျိုးသမီးအသင်းက ပါလက်စတိုင်း အမျိုးသမီးအသင်းကို (၉)ဂိုးပြတ် အနိုင်ရရှိခဲ့ပါပြီ မြန်မာအမျိုးသမီးအသင်းက ပါလက်စတိုင်းအမျိုးသမီးအသင်းကို (၉)ဂိုးပြတ် အနိုင်ရရှိခဲ့ပါပြီ။
Friday, May 24, 2013

ပါလက်စတိုင်းကို (၉)ဂိုးပြတ် သွင်းယူခဲ့သူများ

ရီရီဦး(၂၄၊၇၄၊၊၈၀၊၈၅၊၈၈)
မာဂရက်မေရီ(၆၇)
ခင်မိုးဝေ(၂၁၊၂၆)
မြင့်မြင့်အေး(၇၆)

(Myanmar Football Federation)

မဟာစင် နှင့် တာဝန်မဲ့ ဒေ၀ူးကုမ္ပဏီ

 
 ဒေ၀ူးကုမ္ပဏီ၏ ရခိုင်ကမ်းလွန် ပင်လယ်ပြင် ရှိ သဘာဝဓာတ်ငွေ့တူးစင်တွင် မြန်မာနိုင်ငံသား၊ ကိုရီးယားနိုင်ငံသား၊ ဖိလစ်ပိုင်နိုင်ငံသား နှင့် တခြား အနောက်နိုင်ငံသားများ တာဝန်ထမ်းဆောင်နေ ကြပါသည်။

မေလ၁၆ ရက်နေ့တွင် တိုက်ခိုက်သော မဟာဆင်မုန်တိုင်း သတင်းကို ကုမ္ပဏီမှ မေလ ၁၁
ရက်နေ့က စတင်သတင်း ရရှိ ခဲ့ပါသည်။

ထိုနေ.ရက်မှ စတင်ကာ မုန်တိုင်းလမ်းကြောင်း နှင့် အခြေအနေ အရပ်ရပ်ကို ဂရုပြုစောင့်ကြည်နေခဲ.ရာမှ မေလ ၁၃ ရက်နေ့ ညတွင် တူးစင်တာဝန်ရှိသူမှ သဘာဝဘေး လွတ်ရာသို့ရွေ့ပြောင်းနိုင်ရန် အစီအစဉ်ကို တူးစင်ပေါ်ရှိ လူအားလုံးအား ပြောပြခဲ့ပါသည်။

ထို အစီအစဉ်အရ မေလ ၁၄ ရက်နေ့တွင် ပထမအသုတ်စတင် ရွေ.ပြောင်း ရမည် ဖြစ်ပြီး မေလ ၁၅ ရက်နေ. တွင်စင်ပေါ်ရှိ လူအားလုံး ပြောင်းရွှေ့ ရမည် ဟုပါရှိပါသည်။

သို့သော် မေလ ၁၄ ရက်နေ.တွင် ထိုအစီအစဉ် ကိုအကောင်အထည်ဖော်ခဲ.ခြင်း မရှိပါ။ မေလ ၁၅ ရက်နေ.မနက် ၉နာရီ အချိန်လောက်တွင် ရေနံတွင်းတူး အဖွဲ့များ ၊ ဟွန်ဒိုင်းကိုရီးယား ကုမ္ပဏီ မှ ၀န်ထမ်းများနှင့် မြန်မာနိုင်ငံသား သင်တန်းသား ၀န်ထမ်းများ အားရွေ.ပြောင်းရမည်ဟု ကြေငြာခဲ့ပြန်ပါသည်။

ထိုအစီအစဉ်အရ အထက်ပါ လူများကို စစ်တွေ မှ တဆင့် ရန်ကုန်သို.ရွေ.ပြောင်းရန် ပြင်ဆင်ခဲ့ ကြပါသည်။

သို.သော် ရေနံ တွင်းတုး အလုပ်သမားတချို့နှင့် ဟွန်းဒိုင်းကုမ္ပဏီမှ ကိုရီးယားများအား ဘေးလွတ်ရာသို့ရွေ.ပြောင်းပြီးသော အခါ ရွေ.ပြောင်းရေး အစီအစဉ်အား
တဝက်တပျက်ဖြင့် ရပ်တန့်ခဲ့ပါသည်။

ထိုကြောင့် စင်ပေါ်တွင် မြန်မာရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ၀န်ထမ်းအချို့၊ မြန်မာနိုင်ငံသား ဒေ၀ူးကုမ္ပဏီမှ သင်တန်းသား ၀န်ထမ်းများ နှင်. တခြားနိုင်ငံသားဝန်ထမ်းများသာ
ကျန်ရစ်ခဲ့ပါသည်။

 စစ်တွေသို.ရွေ့ပြောင်းခဲ.သော မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ.လုပ်ငန်းမှ ၀န်ထမ်းများအား လေယာဉ်ထိုင်ခုံနေရာ မရှိဟု ဆိုကာ ချန်ထားရစ်ခဲ့ပြီး ကိုရီယား လူမျိုးဝန်ထမ်းများအား ဦးစားပေးခေါ်
ဆောင်သွားခဲ့ကြပါသည်။

ထိုဝန်ထမ်းများမှာ မုန်တိုင်းဝင်ရောက်မည့် အနီရောင်ဇုန်အတွင်းတွင် စားရေး၊ နေရေးခက်ခဲမှုကို ရင်ဆိုင်ခဲ့ ရပါ သည်။

ကုမ္ပဏီမှ စားစရိတ်ပေးမည်ဟု နောက်ပိုင်းတွင်ဆိုသော်လည်း လက်လွတ်စပယ် တာဝန်မဲ့စွာ ချန်ထားရစ်ခဲ့ခြင်း အတွက်ထိရောက်သော အရေးယူမှု လိုအပ်ပါသည်။

 ထို့အတူ ကုမ္ပဏီ၏ ၀န်ထမ်းများဖြစ်သော မြန်မာနိုင်ငံသား သင်တန်းသား ၀န်ထမ်းများနှင့် တခြားနိုင်ငံခြားသား ၀န်ထမ်းများအား သဘာဝဘေးကြိုတင် ကာကွယ်ရေး အစီအစဉ်မရှိဘဲ မုန်တိုင်းကျရောက်မည့် အနီရောင်ဇုန်အတွင်းတွင် ချန်ထားရစ်ခဲ့ခြင်းမှာလည်း တာဝန်မဲ့ရာ ရောက်
ပါသည်။

မဟာဆင်မုန်တိုင်းသည် မြန်မာတစ်နိုင်ငံလုံး စိုးရိမ်ကြောင့်ကြနေခဲ့သော သဘာဝဘေးတစ်ခု ဖြစ်ပါသည်။

နိုင်ငံတော်အဆင့်မှ တာဝန်ရှိသူ ဒုတိယသမ္မတ ကိုယ်တိုင်လာရောက် ကွပ်ကဲခဲ့သော နိုင်ငံတော်အဆင့် သဘာဝဘေးတစ်ခု ဖြစ်ပါသည်။

 ကံကောင်းထောက်မသဖြင့် မြန်မာပြည် ဧရိယာ အတွင်းသို့ ပြင်းထန်စွာ မ၀င်ရောက်ခဲ့သော်လည်း
တစ်နိုင်ငံလုံး စိုးရိမ်ကြီးစွာစောင့် ကြည့်ခဲ့ ရသော သဘာဝဘေး တစ်ခုဖြစ်ပါသည်။

ထိုသဘာဝဘေးအန္တရာယ်ကို ၅ရက်မျှ ကြိုတင်သတင်းရခဲ့သော၊ နောက်ဆုံးအချိန် လမ်းကြောင်းမပြောင်းလဲမီ မေလ ၁၅ ရက်နေ့ညနေထိ အနီရောင် အဆင့်သတ်မှတ်ထားသော မုန်တိုင်းသတင်းကိုသိရှိပါလျက်နှင့် ဒေ၀ူးကုမ္ပဏီသည် တာဝန်မဲ့စွာ တူးစင်ပေါ်တွင် အလုပ်လုပ် ကိုင် နေသော ကိုရီးယား လူမျိုးများမှလွဲပြီး မြန်မာနိုင်ငံသားများ အပါအ၀င် တခြားနိုင်ငံသားများအား ချန်ထားရစ်ခဲ့ခြင်း ၊ အနီရောင်နယ်မြေဟု သတ်မှတ်ထားသော စစ်တွေတွင် မြန်မာနိုင်ငံသား ၀န်ထမ်းများအား လက်လွက်စပယ်ချန်ထားကာ ကိုရီိးယားလူမျိုးများကိုသာ ဘေးလွတ်ရာ ရန်ကုန်သို့ ဦးစားပေး သယ်ယူ ခြင်း၊ လေယာဉ်နောက်တစ် ခေါက်ဆွဲကာလူများအားကယ်တင်နိုင်သော်လည်း လေယာဉ်လုံလောက်စွာ စီစဉ်မပေးခြင်း၊ နိုင်ငံတော် အဆင့် တာဝန်ရှိသူ များကိုယ်တိုင် ပူပန်သောကကြီးစွာဖြင့် အနီးကပ်ကွပ်ကဲ ဆောင်ရွက်ခဲ့သော်လည်း ကုမ္ပဏီဘက်မှ တာဝန်မဲ့စွာပြုမူခြင်း သည် မြန်မာနိုင်ငံနှင့် အစိုးရ အပါအ၀င် နိုင်ငံသားများအား စော်ကားခြင်းပင် ဖြစ်ပေသည်။

တစ်ဖက်တွင်လည်း သဘာဝဓါတ်ငွေ့ ထုတ်လုပ်နေသော ကာလလည်း မဟုတ်သေးပါ။ ထို့ကြောင့် လုပ်ငန်းလိုအပ်ချက် ရှုထောင့်မှကြည့်လျှင်လည်း မရှိမဖြစ်လိုအပ်သော အချိန်မဟုတ်ပါ။ မည်သည့်လုပ်ငန်းတွင်မဆို ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး ဆောင်ရွက်ရမည်သာ ဖြစ်ပါသည်။

နောင်အခါတွင် အလားတူဖြစ်ရပ်မျိုးထပ်မံ မဖြစ်ပွားနိုင်ဟု မည်သူမှမဆိုနိုင်ပေ။ ဘင်္ဂလားပင်လယ်အော်နှင့် ရခိုင်ကမ်းရိုးတန်းဒေသသည် နှစ်စဉ် လေမုန်တိုင်း မကြာခဏ ဝင်ရောက်တိုက်ခိုက်တတ်သော ဒေသဖြစ်သည်ဟု မိုးလေ၀သမှတ်တမ်းများအရ သိရပါ သည်။

အထက်ပါ ဖြစ်ရပ်မျိုး  နောက်ထပ် ကြုံကြိုက်လာပါက ဒေ၀ူးကိုရီးယား ကုမ္ပဏီအနေဖြင့် အလားတူပြုမှုခဲ့ပါလျှင် ဘေးအန္တရာယ်ကြုံပြီးမှ နိုင်ငံသားတို့၏အသက်၊ မိသားစုများ ၏ သောကအတွက်
ပြန်လည်ပေးဆပ်စရာ မရရှိနိုင်ပါ။ ထို.ကြောင့် ဒေဝူးကုမ္ပဏီအား သက်ဆိုင်ရာတာဝန်ရှိသူ နိုင်ငံတော်လူကြီးများမှ ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည်။

မုန်တိုင်းကာလအတွင်း “ရွှေ” သဘာဝဓါတ်ငွေ့တွင်းတူးစင် ပေါ်တွင်ကျန်ရှိနေသော
လူအရေအတွက် စုစုပေါင်း   -  ၉၅ ယောက် ။

“မဟာဆန် မုန်တိုင်း တိုက်ခတ်စဉ်ကာလအတွင်း ရွှေသဘာဝဓါတ်ငွေ့ကမ်းလွန်
တွင်းတူးစင်    ပေါ်တွင်ကျန်ရှိနေသော မြန်မာနိုင်ငံသား ဝန်ထမ်းများ၏
မိသားစုဝင်များ”

by Myanmar News Now

ဂျပန်နဲ့ထိုင်း လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်

ဂျပန်ဝန်ကြီးချုပ် Shinzo Abe။
ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံကြား ဆက်ဆံရေး ပိုမို ခိုင်မြဲဖို့နဲ့ လုံခြုံရေးရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်စေဖို့ ထိုင်းဝန်ကြီးချုပ် Yinluck Shinawatra နဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့ ကြာသပတေးနေ့က ဂျပန်နိုင်ငံ မှာ တွေ့ဆုံခဲ့ကြပါတယ်။ အာရှ ပစိဖတ်ဒေသတွင်း သိသာတဲ့ အပြောင်းအလဲတွေ ဖြစ်နေချိန်မှာ ထိုင်းနိုင်ငံနဲ့ ဗျူဟာမြောက်ဆက်ဆံရေးကို ပိုပြီးခိုင်မာစေချင်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တိုကျို မြို့တော်မှာ ထိုင်းဝန်ကြီးချုပ်ကို မတွေ့ဆုံခင်မှာပဲ ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ် နှစ်ယောက် တွေ့ဆုံမှုအတွင်း ၂ နိုင်ငံကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
 
ဂျပန်ဘက်က ထိုင်းနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ရာမှာ ထိုင်းနဲ့မြန်မာအစိုးရတို့ ကြီးကြပ်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုံ စီမံကိန်းတွေမှာ ဂျပန်စီးပွားရေးလုပ်ငန်းတွေ လာရောက်ရင်းနှီးဖို့ကိုလည်း ထိုင်းဝန်ကြီးချုပ်က စွဲဆောင် ရှင်းပြခဲ့ပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းဟာ မြန်မာနဲ့ ပစိဖိတ် နိုင်ငံတွေကို ဆက်သွယ်ပေးမယ့် လမ်းကြောင်းတခု ဖြစ်တာမို့ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုံမှာ ရင်းနှီးမြှုပ်နှံရင် ဂျပန်အတွက် အကျိုးအမြတ်တွေ ရစေမယ်လို့ ထိုင်းဝန်ကြီးချုပ်က ဂျပန်ဝန်ကြီးချုပ်ကို ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းမှာရှိတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုံ ဆောက်လုပ်ရေးအတွက် ထိုင်းနိုင်ငံက ထိပ်တန်း ဆောက်လုပ်ရေးလုပ်ငန်းကြီးဖြစ်တဲ့ Italian Thai လုပ်ငန်းကြီးက အဓိက လုပ်ပိုင်ခွင့်တွေ ရရှိထားပေမဲ့ စီမံကိန်းအကောင်အထည်ဖော်ဖို့ ငွေကြေး အခက်အခဲ ရှိနေတဲ့အတွက် ထိုင်းအစိုးရက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေတာဖြစ်ပါတယ်။ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဟာ နှစ်ပေါင်း ၄၀ နီးပါးအတွင်းမှာ မြန်မာနိုင်ငံကို ပထမဆုံး သွားရောက်တဲ့ ဂျပန်ဝန်ကြီးချုပ် တယောက်အနေနဲ့ ဒီကနေ့ သောကြာနေ့မှာ မြန်မာနိုင်ငံကို သွားရောက် မှာဖြစ်ပါတယ်။ ၃ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်မှာ ဂျပန်ဝန်ကြီးချုပ်နဲ့အတူ ဂျပန် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေလည်း လိုက်ပါသွားကြမယ်လို့ သိရပါတယ်။
VOA

Thursday, May 23, 2013

သတို့သမီးတစ်ဦးတည်း မင်္ဂလာပွဲကျင်းပ

 
ရန်ကုန်၊ မေ- ၂၂

မင်္ဂလာဆောင်အကြိုညတွင် ခိုက်ရန်ဖြစ်ပွားကာ သတို့သားအဖမ်းခံရခြင်းကြောင့် မင်္ဂလာပွဲကို သတို့သမီးတစ်ဦးတည်း ကျင်းပခဲ့ရသည့်ဖြစ်ရပ် မေ ၂၂ ရက်က ဖြစ်ပေါ်ခဲ့သည်။

ဖြစ်စဉ်မှာ ဟင်္သာတမြို့၊ ကျုံတွမ်ကျေးရွာတွင် မေ ၂၂ ရက်၌ မင်္ဂလာဆောင်မည့် သတို့သားလောင်း နိုင်လင်းအောင်နှင့် သတို့သမီးလောင်းတို့သည် မင်္ဂလာပွဲအကြိုည 

ဧည့်ခံပွဲကျင်းပနေစဉ် ရပ်ရွာဓလေ့အရ လာရောက်ကူညီ လုပ်ကိုင်သော လူငယ်များက အရက်သောက်ရန် အိမ်ရှင်ထံ အရက်တောင်းရာမှစကားများပြီး အုပ်စုလိုက်ခိုက်ရန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရန်ပွဲတွင် သတို့သားလည်း ပါဝင်ခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့သည်။ ဓားဖြင့် အထိုးခံရသူတစ်ဦးနှင့် ဦးခေါင်းကွဲ
ဒဏ်ရာရသူတစ်ဦးကို ဟင်္သာတမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ကုသခဲ့ရကြောင်း မြို့နယ်ရဲစခန်းမှ တာ
ဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ရန်ပွဲမှာပါဝင်ကျူးလွန်ခဲ့တဲ့ သတို့သားနဲ့ နောက်အဖော်တစ်ယောက်ကို စခန်းမှာ ထိန်းသိမ်းထားပါတယ်။
ဆေးရုံတက်ရတဲ့ နှစ်ယောက်မှာ တစ်ယောက်က ခေါင်းကို ဆယ်ချက်ချုပ်ရပြီး ကျန်တစ်ယောက်ကတော့
ဗိုက်ကိုဓားနဲ့အထိုးခံလိုက်ရတယ်။ အသက်အန္တရာယ် စိုးရိမ်စရာမရှိပါဘူး”ဟု ၎င်းကဆိုသည်။

ထို့ကြောင့် မေ ၂၂ ရက် မင်္ဂလာ ပွဲကို မူလစီစဉ်ထားသည့်အတိုင်း ကျင်းပရာ သတို့သားမပါဘဲ သတို့ သမီး တစ်ဦးတည်း ကျင်းပခဲ့ရသည်။ 

ရန်ပွဲတွင် ပြစ်မှုကျူးလွန်သူသတို့သားနှင့် ကျန်တစ်ဦးကို အပြင်းအထန်နာကျင်စေမှု ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် ဟင်္သာတမြို့ အမှတ်(၁)ရဲစခန်းတွင် အမှုဖွင့်အရေးယူထားသည်။

ရန်ကုန်မြို့အပါအ၀င်မြို့ကြီးအချို့တွင် မင်္ဂလာပွဲကျင်းပပြီးမှသာ လူပျို၊ အပျိုညအဖြစ်တည်ခင်းဧည့် ခံပွဲ
ပြုလုပ်လေ့ရှိသော်လည်း ဟင်္သာတအပါအ၀င် ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသရှိ မြို့နယ်များတွင် မင်္ဂလာဆောင် ဧည့်ခံပွဲမတိုင်မီတစ်ရက် အကြိုကပင် လူပျို၊ အပျိုညကိုပြုလုပ်လေ့ရှိသည်။

7Day News

ဂျပန်ဝန်ကြီးချုပ်ခရီးစဉ် တရုတ်စီးပွားရေးလွှမ်းမိုးမှုလျှော့ချနိုင်ရန် လမ်းစဟုဆို


Photo: ဂျပန်ဝန်ကြီးချုပ်ခရီးစဉ် တရုတ်စီးပွားရေးလွှမ်းမိုးမှုလျှော့ချနိုင်ရန် လမ်းစဟုဆို
ရန်ကုန်၊ မေ- ၂၂

နှစ်ပေါင်း ၃၆ နှစ်အတွင်း မြန်မာနိုင်ငံသို့ မေလတတိယပတ်၌ လာရောက်မည့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ 
ခရီးစဉ်သည် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေးလွှမ်းမိုးမှုကို လျှော့ချနိုင်လိမ့်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့ 
လာသုံးသပ်သူများက ပြောသည်။
 
အထူးသဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးအရသြဇာလွှမ်းမိုးမှုလျှော့ချနိုင်ရန် အတိုင်းအတာတစ်ခုထိ 
အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

“ကျွန်တော်တို့အတွက် စီးပွားရေးအရ ရွေးချယ်စရာနိုင်ငံတစ်ခု ထပ်တိုးသွားတာပေါ့”ဟု ရှမ်းတိုင်းရင်းသားများ 
ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဦးခွန်ထွန်းဦးက ပြောသည်။

ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း ဂျပန်နိုင်ငံရှိ စီးပွားရေးသမားများလည်း လိုက်ပါလာမည်ဖြစ်ကြောင်း  Japan 
Time သတင်းစာတွင်ဖော်ပြထားသည်။

“ရှင်ဇိုအာဘေးက တရုတ်နိုင်ငံ ရဲ့ မြန်မာနိုင်ငံအပေါ်မှာ သြဇာလွှမ်းမိုးမှုကို လျှော့ချအောင်လုပ်ဖို့ သုံး 
သပ်ထားတာတွေရှိတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ပြောင်းလဲမှုအရ ဂုဏ်သိက္ခာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံရမယ့် 
အခြေအနေတွေဖြစ်နေပြီ”ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုပြုံးချိုကပြောသည်။

ဂျပန်နိုင်ငံ၏စီးပွားရေးလှုပ်ရှားမှုအများစုသည်စက်မှုလုပ်ငန်း ကြီးများအပြင် 
အသေးစားစက်မှုလက်မှုလုပ်ငန်းများလည်းပါဝင်နေသောကြောင့် ပြည်တွင်း၌ အလုပ်အကိုင်အများစုကို 
ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ လူမှုစီးပွားအကြံပေးကောင်စီဝင် ပါမောက္ခဒေါက်တာအောင်ထွန်း 
သက်ကပြောသည်။

ထို့အပြင် မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးကြီးသော အခြေခံအဆောက်အအုံကဏ္ဍ၊ 
သီလ၀ါအထူးစီးပွားရေးဇုန်နှင့်ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန်အတွက် 
လာရောက်ခြင်းလည်းဖြစ်နိုင်ကြောင်း ပါမောက္ခဒေါက်တာအောင်ထွန်းသက်က သုံးသပ်သည်။

၂၀၁၂ခုနှစ် ဒီဇင်ဘာလ အတွင်း ဂျပန်နိုင်ငံရှိ    JBIC   ဘဏ်မှ ကောက်ယူထားသော စစ်တမ်းတွင် မြန်မာနိုင်ငံသည် 
ဂျပန်စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ရန်အတွက်ထိပ်တန်း ၁၀ နိုင်ငံတွင် ပါဝင်နေကြောင်း တွေ့ရသည်။

ဂျပန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းနေချိန်တွင် ပြည်တွင်းရှိ  တရုတ်ကုမ္ပဏီအချို့၏  
စီမံကိန်းများသည်  ပွင့်လင်းမြင်သာမှုနည်းခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘ၀များကို ထိခိုက်စေနိုင်သည်ဟု 
ယူဆကာ ဒေသခံ ပြည်သူများက ကန့်ကွက်ဆန္ဒပြမှုများသည် ပြီးခဲ့သည့်လပိုင်းအတွင်းကဖြစ်ပွားခဲ့သည်။

ဂျပန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သောကြောင့် စီမံကိန်းများလုပ်ဆောင်ရာတွင် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် 
လုပ်ဆောင်ခြင်း၊ ဒေသခံပြည်သူများ၏ သဘောထားကို  တောင်းခံလေ့ရှိသောကြောင့် ဂျပန်ကုမ္ပဏီများ 
ဝင်ရောက်လာမည်ဆိုပါက ကြိုဆိုကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဦးအေးသာအောင်က ပြောသည်။

မြန်မာနိုင်ငံတွင် အကြီးစားစက်မှုလုပ်ငန်းများ၊ မော်တော်ကားလုပ်ငန်းများ၊ အီလက်ထရွန်နစ်နှင့် 
လျှပ်စစ်ပစ္စည်းထုတ်လုပ်ရောင်းချခြင်းစသည်တို့တွင် ရင်းနှီးမြှုပ်နှံရန် အလားအလာအကောင်းဆုံးဖြစ်ကြောင်း 
ဂျပန်ကုမ္ပဏီများက ခန့်မှန်းထားသည်။

ငွေကြေးကဏ္ဍတွင်လည်း ရင်းနှီးမြှုပ်နှံရန် ဂျပန်ဘဏ်နှင့် ငွေကြေးဆိုင်ရာလုပ်ငန်းများက စိတ်ဝင်စားနေသည်။ 
 ရန်ကုန်၊ မေ- ၂၂

နှစ်ပေါင်း ၃၆ နှစ်အတွင်း မြန်မာနိုင်ငံသို့ မေလတတိယပတ်၌ လာရောက်မည့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏
ခရီးစဉ်သည် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေးလွှမ်းမိုးမှုကို လျှော့ချနိုင်လိမ့်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့
လာသုံးသပ်သူများက ပြောသည်။

အထူးသဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးအရသြဇာလွှမ်းမိုးမှုလျှော့ချနိုင်ရန် အတိုင်းအတာတစ်ခုထိ
အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

“ကျွန်တော်တို့အတွက် စီးပွားရေးအရ ရွေးချယ်စရာနိုင်ငံတစ်ခု ထပ်တိုးသွားတာပေါ့”ဟု ရှမ်းတိုင်းရင်းသားများ
ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဦးခွန်ထွန်းဦးက ပြောသည်။

ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း ဂျပန်နိုင်ငံရှိ စီးပွားရေးသမားများလည်း လိုက်ပါလာမည်ဖြစ်ကြောင်း Japan
Time သတင်းစာတွင်ဖော်ပြထားသည်။

“ရှင်ဇိုအာဘေးက တရုတ်နိုင်ငံ ရဲ့ မြန်မာနိုင်ငံအပေါ်မှာ သြဇာလွှမ်းမိုးမှုကို လျှော့ချအောင်လုပ်ဖို့ သုံး
သပ်ထားတာတွေရှိတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ပြောင်းလဲမှုအရ ဂုဏ်သိက္ခာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံရမယ့်
အခြေအနေတွေဖြစ်နေပြီ”ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုပြုံးချိုကပြောသည်။

ဂျပန်နိုင်ငံ၏စီးပွားရေးလှုပ်ရှားမှုအများစုသည်စက်မှုလုပ်ငန်း ကြီးများအပြင်
အသေးစားစက်မှုလက်မှုလုပ်ငန်းများလည်းပါဝင်နေသောကြောင့် ပြည်တွင်း၌ အလုပ်အကိုင်အများစုကို
ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ လူမှုစီးပွားအကြံပေးကောင်စီဝင် ပါမောက္ခဒေါက်တာအောင်ထွန်း
သက်ကပြောသည်။

ထို့အပြင် မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးကြီးသော အခြေခံအဆောက်အအုံကဏ္ဍ၊
သီလ၀ါအထူးစီးပွားရေးဇုန်နှင့်ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန်အတွက်
လာရောက်ခြင်းလည်းဖြစ်နိုင်ကြောင်း ပါမောက္ခဒေါက်တာအောင်ထွန်းသက်က သုံးသပ်သည်။

၂၀၁၂ခုနှစ် ဒီဇင်ဘာလ အတွင်း ဂျပန်နိုင်ငံရှိ JBIC ဘဏ်မှ ကောက်ယူထားသော စစ်တမ်းတွင် မြန်မာနိုင်ငံသည်
ဂျပန်စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ရန်အတွက်ထိပ်တန်း ၁၀ နိုင်ငံတွင် ပါဝင်နေကြောင်း တွေ့ရသည်။

ဂျပန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းနေချိန်တွင် ပြည်တွင်းရှိ တရုတ်ကုမ္ပဏီအချို့၏
စီမံကိန်းများသည် ပွင့်လင်းမြင်သာမှုနည်းခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘ၀များကို ထိခိုက်စေနိုင်သည်ဟု
ယူဆကာ ဒေသခံ ပြည်သူများက ကန့်ကွက်ဆန္ဒပြမှုများသည် ပြီးခဲ့သည့်လပိုင်းအတွင်းကဖြစ်ပွားခဲ့သည်။

ဂျပန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သောကြောင့် စီမံကိန်းများလုပ်ဆောင်ရာတွင် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်
လုပ်ဆောင်ခြင်း၊ ဒေသခံပြည်သူများ၏ သဘောထားကို တောင်းခံလေ့ရှိသောကြောင့် ဂျပန်ကုမ္ပဏီများ
ဝင်ရောက်လာမည်ဆိုပါက ကြိုဆိုကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဦးအေးသာအောင်က ပြောသည်။

မြန်မာနိုင်ငံတွင် အကြီးစားစက်မှုလုပ်ငန်းများ၊ မော်တော်ကားလုပ်ငန်းများ၊ အီလက်ထရွန်နစ်နှင့်
လျှပ်စစ်ပစ္စည်းထုတ်လုပ်ရောင်းချခြင်းစသည်တို့တွင် ရင်းနှီးမြှုပ်နှံရန် အလားအလာအကောင်းဆုံးဖြစ်ကြောင်း
ဂျပန်ကုမ္ပဏီများက ခန့်မှန်းထားသည်။

ငွေကြေးကဏ္ဍတွင်လည်း ရင်းနှီးမြှုပ်နှံရန် ဂျပန်ဘဏ်နှင့် ငွေကြေးဆိုင်ရာလုပ်ငန်းများက စိတ်ဝင်စားနေသည်။

7Day News Journal

သံဃာအယောင်ဆောင်၍ ပဋိပက္ခဖြစ်အောင်ကြိုးပမ်းမှု အချိန်မီထိန်းသိမ်းနိုင်


 
ရန်ကုန်၊ မေ- ၂၂

မိုးညှင်းမြို့နယ်၌ လူတစ်ဦးက သံဃာယောင်ဆောင်၍ ပဋိပက္ခဖြစ်အောင် ကြိုးပမ်းမှုကို အချိန်မီ
ထိန်းသိမ်းလိုက်နိုင်ကြောင်း မြို့နယ်သံဃာ့နာယက အတွင်းရေးမှူး ဆရာတော်ဦးဉာဏောက မိန့်ကြားသည်။

ဖြစ်စဉ်မှာ မေ ၂၀ ရက်ည ၉ နာရီခန့်က မိုးညှင်းဘူတာရုံ၌ သံဃာမှတ်ပုံတင်မရှိသော အတုအယောင်သံဃာတစ်ပါး
အရက်သေစာသောက်စားပြီး ရမ်းကားနေ၍ မိုးညှင်းမြို့နယ် ပညာရာမကျောင်းတိုက်မှ တိုက်အုပ်ဆရာတော်က
သွားရောက်ခေါ်ဆောင်ခဲ့ပြီး မြို့နယ်ရဲစခန်းတွင်အပ်နှံခဲ့သည်။

ယင်းအချိန်တွင် မြို့ခံမဟုတ်သော သူစိမ်းတစ်ဦးက ဆိုင်ကယ်အပြင်းမောင်းနှင်လျက် သံဃာတစ်ပါးအား လူအချို့မှ
ဖမ်းဆီးခေါ်ဆောင်သွားကြောင်း လိုက်အော်ခြင်းကြောင့် လူအများစုဝေးမိကာ ပညာရာမကျောင်းတိုက်သို့ရောက်ရှိချိန်
တွင် သတင်းကြား၍ အခြေအနေကို ထိန်းသိမ်းရန်လာရောက်သော ရဲများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း
ပညာရာမကျောင်းမှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

“လူတချို့က တုတ်တွေကိုင်ပြီး ကျောင်းကိုစောင့်နေတဲ့အချိန်မှာ အရင်ဆုံးရောက်လာတဲ့ ရဲတွေက
ယူနီဖောင်းဝတ်မထားဘဲ ၀င်ဖမ်းတော့ ရုန်းရင်းဆန်ခတ်စဖြစ်တာ၊ ယူနီဖောင်းဝတ်ရဲတွေ ရောက်လာပြီး
ပညာရာမကျောင်းတိုက် ဆရာတော်ကလည်းဝင်ဖြေရှင်းပေးလို့ ပြေလည်သွားတာ”ဟု ဦးဉာဏောက မိန့်သည်။

“အခြေအနေက တည်ငြိမ်သွားပါပြီ။ ပြဿနာ ထပ်မဖြစ် အောင်လည်း စောင့်ကြပ်နေပါတယ်။ မြို့ရဲ့အခြေအနေကတော့
တည်ငြိမ်ပါတယ်”ဟု မိုးညှင်းရဲစခန်းမှ ဒုရဲ အုပ် စောအောင်ဝင်းဝင်းက ပြော သည်။ မိုးညှင်းဘူတာတွင် ထိန်းသိမ်း
ခဲ့သော သံဃာအတုအယောင်မှာ ရခိုင်ပြည်နယ်ဘက်မှ လာခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ကယ်နှင့်
မြို့ပေါ်ရပ်ကွက်များသို့ ပတ်ကာပဋိပက္ခဖြစ်ရန် လှုံ့ဆော် သွားသူကိုလည်း ရဲစခန်းနှင့် မြို့နေလူထုက စုံစမ်းနေကြောင်း သတင်းရရှိသည်။

7 Day News Journal

အခြားဘာသာကို ထိပါးပုတ်ခတ် ဟောပြောလျှင် ရာဇသတ်ကြီးဥပဒေဖြင့်အရေးယူနိုင်ဟုဆို



ရန်ကုန်၊ မေ- ၂၂

မြန်မာနိုင်ငံအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်အရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည့်အတွက် ဘာသာတစ်ခုမှ
အခြားဘာသာတစ်ခုကိုထိပါးပုတ်ခတ်သည့်အသုံးအနှုန်းများဖြင့် ဟောပြောမိပါက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၅၊၂၉၅
(က)တို့ဖြင့် အရေးယူခံရနိုင်သဖြင့် မိမိဘာသာမှလွဲ၍ အခြားဘာသာများအား ပုတ်ခတ်ပြောဆိုခြင်းမပြု မိရန်
လိုအပ်ကြောင်း သာသနာရေး ၀န်ကြီးဌာနဒုတိယ၀န်ကြီး ဦးစိုးဝင်းကပြောသည်။

“ကျွန်တော်တို့နိုင်ငံက ဒီမိုက ရေစီလမ်းကိုချီတက်ပြီး တခြားနိုင်ငံ တွေနဲ့ ၀င်ဆံ့အောင် ဆောင်ရွက်နေတဲ့ အချိန်မှာ
အဖျက်တွေလည်းအများကြီးရှိတယ်။ ပြောရမယ်ဆိုရင် အကြီးမားဆုံးပြဿနာက အဓိကရုဏ်းတွေပေါ့။ တစ်ယောက်က
သွေးထိုးလိုက်တာနဲ့ပါသွားတာပဲ။ သီတဂူဆရာတော်ကြီးဟောထားသလို ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့
အရေးကြီးပါတယ်” ဟု ဦးစိုးဝင်းက ပြောသည်။

ဗုဒ္ဓဘာသာဝင်များအနေဖြင့်လည်း မိမိဘာသာကို ပြန့်ပွားအောင် ဆောင်ရွက်ရာတွင် အခြားဘာသာများအား
ထိခိုက်စော်ကားရန် မလိုအပ်ကြောင်း၊ အခြားဘာသာများကလည်း မိမိဘာသာများကို တိုးတက်အောင်
လုပ်ဆောင်ရာတွင် အခြားသာသာများကို မပုတ်ခတ်ရန်လိုကြောင်း ၎င်းက ပြောကြားသည်။

“အခြားဘာသာ၊ သာသနာနဲ့ ပတ်သက်လို့ ထိပါးပြီးပြောမိ၊ ဟောမိတယ်ဆိုရင် အလိုလိုနေရင်း ပြစ်မှု
ကျူးလွန်ရာရောက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မစော်ကား ဖို့လိုပါတယ်။ ညီညွှတ်တယ်ဆိုတာ
အလွန်အင်မတန်ကောင်းပါတယ်”ဟု ဒုတိယ၀န်ကြီးက ပြောကြားသည်။

ဗုဒ္ဓဘာသာသည် နိုင်ငံသား အများဆုံးကိုးကွယ်ရာ ဂုဏ်ထူးဝိသေသနှင့် ညီညွှတ်သောဘာသာဖြစ်ပြီး ခရစ်ယာန်၊
အစ္စလာမ်၊ ဟိန္ဒူနှင့် နတ်ကိုးကွယ်မှုတို့သည် နိုင်ငံအတွင်း တည်ရှိသည့် ဘာသာ၊ သာသနာအဖြစ် အသိအမှတ်ပြုပြီး
၎င်းဘာသာ၊ သာသနာများကို နိုင်ငံတော်မှ တတ်စွမ်းသရွေ့ ကူညီစောင့်ရှောက်မည်ဖြစ်ကြောင်း ဖွဲ့စည်းပုံ
အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

“ဗုဒ္ဓဘာသာကို စော်ကားမှ ရယ်လို့ မဟုတ်ပါဘူး။ လူတစ်ဖက်သား ကိုးကွယ်တဲ့ ဘာသာတရားကို ထိခိုက်တာမှန်သမျှ
ဒီပုဒ်မနဲ့ အကျုံးဝင်ပါတယ်။ ဒီဥပဒေအရ ကိုးကွယ်သူ လူဦးရေအနည်းအများ သတ်မှတ်ထားခြင်းမရှိဘဲ မည်သည့်
ဘာသာကိုမဆို စော်ကားခွင့် မရှိပါဘူး” ဟု ဥပဒေပညာရှင် ဦးခင်ဇော်ကပြောသည်။

ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၂၉၅(က) တွင် လူတစ်ဖက်သား ကိုးကွယ်သော ဘာသာ၊ သာသနာကိုစော်ကားလျှင်
(သို့မဟုတ်) စော်ကားရန် ကြံစည်လျှင် ထိုသူကို ၂ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်
နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။

7day News Journal

ဂျပန်ဝန်ကြီးချုပ် မြန်မာပြည်လာမည်

ဂျပန်ဝန်ကြီးချုပ် Shinzo Abe။ (ဧပြီလ ၂၉ ရက်၊ ၂၀၁၃)။
ဂျပန်ဝန်ကြီးချုပ် Shinzo Abe
နှစ်ပေါင်း ၄၀ လောက်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံက ၀န်ကြီးချုပ်တဦး မြန်မာနိုင်ငံကို တရားဝင် ခရီးစဉ်အဖြစ် လာရောက်ဖို့ ရှိပါတယ်။ မနက်ဖြန် ရောက်လာမယ့် ဂျပန်ဝန်ကြီးချုပ် Shinzo Abe ရဲ့ခရီးစဉ် အတွင်းမှာတော့ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ဒေါ်လာသန်းထောင်ချီ အကူအညီပေးရေး ကမ်းလှမ်းချက်တွေနဲ့ စီးပွားရေးအရ ပူးပေါင်း လုပ်ဆောင်ဖို့ အစီအစဉ်တွေကိုလည်း ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဂျပန်ဝန်ကြီးချုပ်ရဲ့ ၃ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့တော့ ကိုအောင်လွင်ဦးက အပြည့်အစုံ တင်ပြထားပါတယ်။

ဂျပန်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အတွင်း မြန်မာအစိုးရရဲ့ အကြီးအကဲ သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး၊ စီးပွားရေး အသိုင်းအ၀ိုင်းက လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံ မှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံ အနေနဲ့ မကြာသေးခင်နှစ်တွေအတွင်း မြန်မာနိုင်ငံက အပြောင်းအလဲတွေကို အသိအမှတ်ပြုပြီး အားပေးဖို့ ရည်ရွယ်ချက်နဲ့ သွားရောက်မှာ ဖြစ်တယ်လို့လည်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Massaru Sato ကပြောပါတယ်။

“ဒီခရီးစဉ်ဟာ နှစ်ပေါင်း ၃၆ နှစ်အတွင်း ဂျပန်ဝန်ကြီးချုပ်တဦးရဲ့ ပထမဆုံးခရီးစဉ် ဖြစ်ပါလိမ့်မယ်။ မြန်မာနိုင်ငံက အခြေအနေနဲ့ ပတ်သက်လို့ ကျနော်တို့ နားလည်ထားတာကတော့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဒီမိုကရေစီရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲ မှုတွေမှာ တိုးတက်မှုတွေ ရှိပါတယ်။ ဒါပေမဲ့လည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေက ခရီးလမ်း တ၀က်တပျက်မှာပဲ ရှိနေသေးတယ်လို့လည်း ယုံကြည်ထားပါတယ်။ ဒါကြောင့်လည်း ၀န်ကြီးချုပ် Abe ရဲ့ ခရီးစဉ် ရည်ရွယ်ချက်ဟာ အခြေခံအားဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအတွက် ကျနော်တို့ဘက်က ဆက်လက် ပံ့ပိုးသွားမယ် ဆိုတာကို ပြသဖို့ပဲ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေး အကူအညီတွေ အဓိကပေးအပ်နေတဲ့ ပြည်ပနိုင်ငံ တခုဖြစ်တဲ့ ဂျပန်နိုင်ငံက အခုခရီးစဉ်အတွင်း နောက်ထပ် ထောက်ပံ့မှု အစီအစဉ်သစ်တွေ ရှိနေပေမဲ့ အသေးစိတ်ကိုတော့ မကြေညာသေးဘူးလို့လည်း သူကပြောပါတယ်။ ဂျပန်နိုင်ငံက သတင်းတွေမှာတော့ ၀န်ကြီးချုပ် Shinzo Abe ရဲ့ ခရီးစဉ်အတွင်း ဖွံ့ဖြိုးရေး အကူအညီအဖြစ်နဲ့ ဒေါ်လာဘီလီယံ တထောင်လောက်အထိ ပေးအပ်ဖို့ ရည်ရွယ်ထားတဲ့အကြောင်း ဖော်ပြနေကြ တာပါ။ အထူးသဖြင့်ကတော့ မြန်မာနိုင်ငံ စီးပွားရေးအတွက် အခြေခံ လိုအပ်ချက်တခု ဖြစ်နေတဲ့ လျှပ်စစ်ဓာတ်အား ရရှိရေး လုပ်ငန်းတွေကို အာရုံစိုက်နေတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ ကတော့ မြန်မာလူမှုအသိုင်းအ၀ိုင်းနဲ့ ဖွံ့ဖြိုးရေးအတွက် ဂျပန်နိုင်ငံက ရည်ရွယ်ကူညီသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“လူနေမှုဘ၀တွေ တိုးတက်ဖို့ဟာ အရေးကြီးတယ်လို့ ကျနော်တို့က ယုံကြည်ထားပါတယ်။ ဒီအတွက်လည်း တိုင်းရင်းသား လူနည်းစုတွေအတွက် အကူအညီတွေ ပေးမှာပါ။ ဆင်းရမွဲတေမှု ပပျောက်ရေးကိုလည်း ဖြေရှင်း ရမှာဖြစ်ပါတယ်။ ဒုတိယ အနေနဲ့ကတော့ ရေရှည်ခံနိုင်မယ့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာနိုင်ငံမှာ လူတွေရဲ့ စွမ်းဆောင်ရည် တိုးတက်လာဖို့ အဖွဲ့အစည်းတွေ ဖွံ့ဖြိုးလာဖို့ အပိုင်းတွေမှာ ကူညီသွား မှာပါ။ နောက်ဆုံး တခုကတော့ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ အခြေခံ အဆောက်အအုံ လိုအပ်ချက်တွေ တိုးတက်လာဖို့ပဲ ဖြစ်ပါတယ်။”

၂၀၂၀ ပြည့်နှစ်မှာ နောက်ဆုံးထားပြီး ဂျပန်ယန်းငွေ ထီလီယံ ၃၀ လောက်အထိ တန်ဘိုးရှိမယ့် ဂျပန်နိုင်ငံက အခြေခံ အဆောက်အအုံ လုပ်ငန်းတွေကို ပြည်ပ တင်ပို့ ရောင်းချဖို့ ရည်မှန်းထားတဲ့အကြောင်း ပြောဆိုထားတဲ့ ၀န်ကြီးချုပ် Abe ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း စီးပွားရေး ရည်မှန်းချက်တွေလည်း ပါဝင်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြတာပါ။ ဂျပန်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ် အတွင်းမှာတော့ Hitachi နဲ့ Toshiba တို့လို အီလက်ထရောနစ် ကုမ္ပဏီတွေကအစ Mitsubishi အကြီးစားစက်မှုလုပ်ငန်း တို့လို လုပ်ငန်းတွေအဆုံး ကုမ္ပဏီပေါင်းစုံက မြန်မာနိုင်ငံမှာ နည်းပညာ ဖွံ့ဖြိုးရေးနဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေး အစီအစဉ်တွေ ကို ဆွေးနွေးသွားမှာ ဖြစ်တဲ့အကြောင်းလည်း ဂျပန်နိုင်ငံက သတင်းတွေမှာ ဖော်ပြနေကြတာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Massaru Sato ကတော့ စီးပွားရေး လုပ်ငန်းရှင်တွေ အပါအ၀င် ကိုယ်စားလှယ် ၄၀ လောက် လိုက်ပါလာမယ့် ဒီခရီးစဉ်ကနေ ၂ နိုင်ငံကြား စီးပွားရေး အဆက်အဆံတွေ ပိုမိုအားကောင်း လာစေဖို့လည်း ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

“ကိုယ်စားလှယ်ပေါင်း ၃၀ ကနေ ၄၀ လောက်အထိ လိုက်ပါသွားမယ့် အထဲမှာတော့ ဆောက်လုပ်ရေး လုပ်ငန်းတွေ၊ လေ့ကျင့်ရေး လုပ်ငန်းတွေ၊ စက်ရုံတည်ဆောက်ရေး လုပ်ငန်းတွေက ထိပ်တန်း စီးပွားရေး သမားတွေ၊ အမှုဆောင် အရာရှိတွေလည်း ၀န်ကြီးချုပ်နဲ့အတူ လိုက်ပါသွားကြမှာ ဖြစ်ပါ တယ်။”

ဂျပန်နိုင်ငံဟာဆိုရင် မြန်မာနိုင်ငံ ပေးစရာ ရှိနေတဲ့ ပြည်ပကြွေးမြီ ဒေါ်လာ သန်းတစ်ထောင်လောက်ကို ပေးချေနိုင်အောင် ဒီနှစ်ဆန်းပိုင်းကပဲ ကြားဝင်ကူညီထားတာပါ။ ဒီလိုပဲ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးလောကအတွက် အထောက်အကူဖြစ်စေမယ့် အစုရှယ်ယာ ဈေးကွက်တခု ဖန်တီးနိုင်ဖို့လည်း တိုကျိုစတော့အိပ်ချိန်းနဲ့ Daiwa Securities ကုမ္ပဏီတွေက အကူအညီပေးနေတာ ဖြစ်ပါတယ်။ ၂ နိုင်ငံကြား ရင်နှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုတွေ တိုးမြှင့်ဖို့ မျှော်လင့်နေတဲ့ ဂျပန်နိုင်ငံက လတ်တလော မြန်မာနိုင်ငံတွင်း စီမံကိန်းပေါင်း ၃၅ ခုမှာလည်း ၀င်ရောက် လုပ်ကိုင်နေတာဖြစ်ပြီး ဒီအထဲမှာ ရန်ကုန် သီလ၀ါအထူးစီးပွားရေးဇုန် တည်ဆောက်ရေး လုပ်ငန်းကတော့ အကြီးဆုံးတခုလည်း ဖြစ်ပါတယ်။ 
ကိုအောင်လွင်ဦး VOA