Pages

Saturday, August 17, 2013

ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦး၏ သမီး ဗုံးပေါက်ကွဲ သေဆုံးခဲ့ရမှုနှင့် စွယ်တော် ဗုံးပေါက်ကွဲမှုများကို စစ်ဆေး ဖော်ထုတ်သွားမည်

ဒုတိယဗိုလ်ချုပ် ကြီးတင်ဦး

ရန်ကုန် ၊ သြဂုတ် ၁၆ ။              ။စစ်အစိုး ရလက်ထက်က ဒုတိယဗိုလ်ချုပ် ကြီးတင်ဦး၏သမီး လုပ်ကြံခံရပြီး သေဆုံးမှုနှင့် ဗုဒ္ဒမြတ်စွယ်တော် ဗုံးပေါက်ကွဲမှု၏ အဓိကတရားခံ များကို ဖော်ထုတ်နိုင်ရေး အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် မြန် မာနိုင်ငံ ရဲတပ်ဖွဲ့ တို့ ပူးပေါင်းစစ် ဆေးသွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိတစ်ဦးက ထုတ်ဖော်ပြော ကြားလိုက်သည်။
၁၉၉၆ခုနှစ် ဒီဇင်ဘာ၂၅ ရက်တွင်ဖြစ်ပွားခဲ့သော စွယ်တော် ဗုံးပေါက်ကွဲမှုနှင့် ၁၉၉ရခုနှစ် ဧပြီ ရရက်တွင် ဖြစ်ပွားခဲ့သော ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦး၏ နေအိမ် တွင် စာအိတ်ဗုံး ဖောက်ခွဲခံရမှု ကြောင့် သမီးဖြစ်သူ ဒေါ်ချိုလဲ့ ဦး အသက် (၃၃)နှစ် သေဆုံး ခဲ့သည့် ဖြစ်ရပ်များအတွက် အဆိုပါ ဗုံးပေါက်ကွဲမှုများ၏ တရားခံများ အား ဖော်ထုတ်ဖမ်းဆီးနိုင်ရန်အ တွက် အစီအစဉ်ကို နိုင်ငံတော် သမ္မတ၏အစိုးရအဖွဲ့ထံ မကြာမီ တင်ပြသွားရန်စီစဉ်ထားကြောင်း၊ လိုအပ်သည့် အကူအညီများ ပေး ရန်နှင့် သက်သေအထောက်အ ထားများရှာရန် လိုအပ်သည့်စစ် ဆေးမှုများကိုလည်း ပြုလုပ်ပိုင်ခွင့် များတောင်းဆိုရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှအ ဆင့်မြင့်အရာရှိက ”ကျွန်တော် တို့အနေနဲ့ ဒီကိစ္စကို နိုင်ငံတော် သမ္မတဦးသိန်းစိန်အစိုးရ လက် ထက်မှာ ပေါ်ပေါက်အောင်ဖော် ထုတ်နိုင်ဖို့ ကြိုးစားသွားမှာပါ။အရင်က စစ်ဆေးခဲ့တဲ့သက်သေ အထောက် အထား တွေနဲ့ ဆက် စပ်ပြီးစစ်ဆေးသွားမယ်။ သံသယရှိ တဲ့သူတွေကိုတော့ သိထားတယ်။ ဒါပေမဲ့ မပြောသေးဘူး။ သက် သေအထောက်အထား ခိုင်လုံမှ တရားခံက မငြင်းနိုင်မှာ။ တစ် ဆက်တည်းပြောရရင် ငါးလောင်း ပြိုင်လူ သတ်မှုကိုလဲ လက်ရှိ စစ် ဆေးနေ ဆဲပါ။ အထူးစုံစမ်းစစ် ဆေးရေးအဖွဲ့ကစစ်နေတာ။ ပြည် သူတွေအနေနဲ့ စွယ်တော်ဗုံးကွဲ တာ၊ ဦးတင်ဦးသမီးအိမ်ကို ပါဆယ် ဗုံးပို့လို့သေဆုံးတာကို မေ့သေး မှာမဟုတ်ပါဘူး”ဟု ပြောသည်။ ယင်းကဲ့ သို့စစ် ဆေးရခြင်း ၏ရည်ရွယ် ချက်မှာ ပြည်သူ များ အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များကို အသိအ မှတ်ပြုလာစေရန်နှင့် လူထုလုံခြုံ ရေးကို မည်ကဲ့သို့ဆောင်ရွက်သည် ကို သိရှိရန်ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရ သည်။
ယင်းနှင့်ပတ်သက်၍ ရန်ကုန် တိုင်းဒေသကြီးမှ တရားသူကြီး တစ်ဦးက ”ဒီလိုမမိတဲ့အမှုတွေ ကို တရားခံဖော်ထုတ်တော့မယ် ဆိုရင် အတော်စွန့်စားရဲဖို့တော့ လိုလိမ့်မယ်။ ကျွန်တော်တို့တရား သူကြီးတွေကလဲ တတ်နိုင်သမျှ တရား ဥပဒေ ဘက်က လုပ်ဆောင် သွားမှာပါ”ဟုပြောသည်။ စစ်အစိုးရလက်ထက်က တရုတ်နိုင်ငံမှ ဗုဒ္ဒမြတ်စွယ်တော် လာရောက်ဖူးမြော်သူများအနေ ဖြင့် မသမာသူများထောင်ထား သည့်ဗုံးကြောင့် ရဟန်းရှင်လူပြည် သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အတွင်း ရေးမှူး (၂) ဒုတိယဗိုလ် ချုပ်ကြီးတင်ဦး၏သမီး မသမာ သူပို့လိုက်သည့် ပါဆယ်ဗုံးကြောင့် ၄င်းနေအိမ်တွင် သေဆုံးခဲ့ကာ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးလည်း ကရင်ပြည်နယ်တွင် ရဟတ်ယာဉ် ပျက်ကျကာ သေဆုံးခဲ့သည်။
ကျော်မြတ်ဇံ
Yangon Media Group

ပြည်ထောင်စု အစိုးရအနေဖြင့် လယ်ယာမြေ ပြဿနာများကို အမြန်ဆုံး ဖြေရှင်း၍ လုပ်ဆောင်ချက်များကို ပြည်ထောင်စု လွှတ်တော်သို့ နှစ်လတစ်ကြိမ် တင်ပြရမည်


ပြည်ထောင်စု အစိုးရအနေဖြင့် လယ်ယာမြေ ပြဿနာများကို အမြန်ဆုံး ဖြေရှင်း၍ လုပ်ဆောင်ချက်များကို ပြည်ထောင်စု လွှတ်တော်သို့ နှစ်လတစ်ကြိမ် တင်ပြရမည် ဖြစ်ကြောင်း သြဂုတ် ၁၆ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်ခဲ့သည်။
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင် အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းပြီးနောက် ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက် ရယူရာတွင် ယခုဆုံးဖြတ်ချက်ကို ထည့်သွင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက''စုံစမ်းစစ်ဆေးရေး အစီအရင်ခံစာအပေါ် ပြည်ထောင်စု အစိုးရ အုပ်ချုပ်ရေးအဖွဲ့နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတို့မှ ယခုကိစ္စအား အလေးအနက် ထားရှိကာ ဥပဒေနှင့်အညီ တရားမျှတစွာဖြင့် အလျင်အမြန် ဖြေရှင်းဆောင်ရွက်ပါရန် ဆိုတဲ့နေရာမှာ (အခင်းဖြစ် ကိစ္စရပ်များအတွက် ပြည့်စုံသော၊ မှန်ကန်သော၊ အရည်အချင်းရှိသော သက်သေခံ ချက်များဖြင့်) နှင့် နှစ်လတစ်ကြိမ် အနည်းဆုံး ထားရှိကာ ဤကိစ္စရပ်များ အတွက် ဖြေရှင်းဆောင်ရွက် ပေးနေမှုများကို လွှတ်တော်များသို့ ရှင်းလင်းတင်ပြရန် တိုက်တွန်း လိုပါတယ်'' ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ ''ဒါ့ကြောင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာ အပိုင်း ၃ နှင့် ယင်းအစီရင်ခံစာပါ သုံးသပ် အကြံပြုချက်များကို အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်က ဒီနေရာမှာ ဒီနေ့ ကျယ်ကျယ်ပြန့်ပြန့် တင်ပြထားတာ ရှိပါတယ်။ ဒီကိစ္စကို ပြည်ထောင်စု အစိုးရသက်သက်က ဆောင်ရွက်နိုင်ခြင်း မရှိဘဲနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အဖွဲ့များက ဖြေရှင်းဆောင်ရွက် ပေးရမှာ ဖြစ်တဲ့အတွက် ဒီနေ့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်ထဲမှာ ပြည်ထောင်စု အစိုးရ (အုပ်ချုပ်ရေး) နဲ့ ပြည်နယ်နဲ့တိုင်း အစိုးရ ဆိုသည်မှာ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး ကဏ္ဍများအတွက် ထည့်သွင်းဖော်ပြ ထားတာရှိပါတယ်'' ဟု ပြောကြားခဲ့သည်။
''မြေယာ မှုခင်းများဟာ နိုင်ငံတစ်ဝန်း ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်များ ဖြစ်ပါတယ်။ ထိုကိစ္စအတွက် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့များမှ ဖြေရှင်းဆောင်ရွက် ပေးရမှာ ဖြစ်ပါတယ်။ လိုအပ်ပါက လိုအပ်တဲ့ အချိန်မှာ တရားရုံး အဆင့်ဆင့်ကပင် ဆုံးဖြတ်ဆောင်ရွက် ပေးရမှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များသို့ လည်းကောင်း၊ ကော်မတီ၊ ကော်မရှင် အသီးသီးသို့ လည်းကောင်း၊ မြေယာကိစ္စနှင့် ပတ်သက်၍ တိုင်ကြားစာ၊ အသနားခံစာများ ရှိပါက ပြည်ထောင်စု အစိုးရမှတစ်ဆင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်များသို့ လွှဲပို့ပေးရန် လိုအပ်ကြောင်း တွေ့ရှိရပါတယ်။ ထိုမှုခင်း ကိစ္စရပ်များကို ပြည်ထောင်စု အစိုးရ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတို့မှ တာဝန်ယူ ဖြေရှင်းဆောင်ရွက်ရန်ကို ပြည်ထောင်စု လွှတ်တော်က ထပ်ဆင့်ပြီး သဘောတူညီဖို့ လိုအပ်ပါတယ်'' ဟု ဦးရွှေမန်းက ထည့်သွင်း ပြောကြားခဲ့သည်။ ထို့နောက် လယ်ယာမြေ ပြဿနာများကို ဖြေရှင်း၍ လုပ်ဆောင်ချက်များကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရန် အဆိုကို လွှတ်တော်က အတည်ပြုခဲ့သည်။
အုပ်ချုပ်ရေးပိုင်းနှင့် လွှတ်တော်တို့၏ ဦးတည်ချက်များသည် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကိုသာ ဦးတည်ကြောင်း၊ လွှတ်တော်မှ တိုက်တွန်းသော အဆိုများကို အုပ်ချုပ်ရေး အဖွဲ့က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၂၈ ပုဒ်မခွဲ (က) အရ လိုက်နာဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက သတင်းထောက်များကို သြဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

အီဂျစ်အကြမ်းဖက်မှု ၇၀ ကျော်ထပ်မံသေဆုံး

Supporters of Egypt's ousted President Mohammed Morsi march towards Old Cairo as they carry the coffin, covered with a national flag, of their colleague who was killed during Wednesday' clashes in Cairo, Egypt, Friday, Aug. 16, 2013. Gunfire rang out over a main Cairo overpass and police fired tear gas as clashes broke out after tens of thousands of Muslim Brotherhood supporters took to the streets Friday across Egypt in defiance of a military-imposed state of emergency following the country's bloodshed earlier this week. (AP Photo/Amr Nabil)
Photo-http://news.yahoo.com
 အီဂျစ်နိုင်ငံမှာ သေဆုံးမှုတွေရှိခဲ့တဲ့ အဓိကရုဏ်းတွေ အများအပြားဆက်တိုက်ဖြစ်ပွားခဲ့တာမို့ ဒေါသထွက်နေတဲ့လူထုဟာ နိုင်ငံတလွှား သောကြာနေ့
 နေ့လည်ဝတ်ပြုဆုတောင်းအပြီးမှာ လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒတွေပြခဲ့ကြပါတယ်။

သောကြာနေ့ ဖြစ်ပွားတဲ့ အဓိကရုဏ်းကနေ လူပေါင်း ၇၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ကျန်းမာရေးတာဝန်ခံတွေက ပြောကြားခဲ့ပြီး အများစုဟာ  ကိုင်ရိုမြို့တော် Ramses ရင်ပြင်တဝိုက်က ဖြစ်တယ်လို့ ဆိုပါတယ်။  တချို့သတင်းတွေမှာတော့ သေဆုံးသူအရေအတွက်  ဒီထက်ပိုများတယ်လို့ ပြောပါတယ်။  ဗလီဝတ်ကျောင်းတွေရဲ့  အပြင်ဘက်မှာ  ဒါဇင်နဲ့ချီတဲ့အလောင်းတွေ ချထားတာတွေ့ရပြီး  အဲဒီနေရာတွေကို ယာယီအလောင်းထားတဲ့ နေရာတွေအဖြစ် တွေ့နေရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဖြုတ်အချခံရတဲ့ သမ္မတမိုဟာမက်မော်စီနဲ့ မူဆလင်ညီအကိုတော်များအဖွဲ့ကို ထောက်ခံသူတွေက နိုင်ငံတော်အစိုးရရဲ့ အရေးပေါ်အခြေအနေ ထုတ်ပြန်ချက်ကိုအာခံပြီး ဒေါသနေ့ကျင်းပခဲ့တာကို  အကြမ်းဘက်နှိမ်နင်းရာက အဓိကရုဏ်းတွေ ထပ်ပြီးဖြစ်ပွားခဲ့တာဖြစ်ပါတယ်။  အီဂျစ်စစ်တပ်က လေယာဉ်သုံးပြီး ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တယ်လို့ မူဆလင်ညီအကိုတော်များအဖွဲ့က ပြောပါတယ်။

ဗွီဒီယိုတစ်ခုမှာတော့ မူဆလင်ညီအကိုတော်များအဖွဲ့ကို ထောက်ခံသူတွေကို  ဒေသခံတွေက ခဲတွေနဲ့ ပစ်ခတ်နေတာကိုတွေ့ရသလို အရပ်ဝတ်နဲ့ အီဂျစ်နိုင်ငံသားတွေ လမ်းမတွေပေါ်မှာ ပြေးလွှားရင်း တယောက်နဲ့ တယောက် ပစ်ခတ်နေတာတွေကိုပါ တွေ့ရပါတယ်။  Ramses ရင်ပြင်နားမှာ ရှိတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုရဲ့အဆောက်အဦးတွေ မီးလောင်နေတာကိုလည်း တွေ့ရပါတယ်။
ဒီမီး ဘယ်လို စတင်လောင်ကျွမ်းခဲ့တယ် ဆိုတာကို အခုထိ သဲသဲကွဲကွဲ မသိရသေးပါဘူး။

အီဂျစ်နိုင်ငံမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပေမယ့် ဆန္ဒပြသူတွေကို တွေ့နေရပါတယ်။  အီဂျစ်ကြားဖြတ်သမ္မတရုံးကတော့ စနေနေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ်လို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

Friday, August 16, 2013

» မြန်မာနဲ့ထိုင်းကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပြဌာန်းဖို့ ညှိနှိုင်း

ထိုင်းနိုင်ငံ ဟွာဟင်းမြို့က အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ ဆွေးနွေးပွဲ
 မြန်မာ နဲ့ ထိုင်း နှစ်နိုင်ငံကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် သတ်မှတ်ပြဌာန်းဖို့ မြန်မာဘက်က တင်ပြခဲ့တဲ့အပေါ် ထိုင်းဘက်က အားတက်သရောမရှိဘဲဖြစ်နေတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ ဟွာဟင်းမြို့က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲ အတွင်း ၊ ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ဌာနမှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ ထိုင်း မြန်မာ သံတမန်ဆက်ဆံရေး (၆၅) နှစ်မြောက်အထိမ်းအမှတ် အခမ်းအနားမှာ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က နှစ်နိုင်ငံကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် ကိုတင်ပြခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်ထိုင်းနိုင်ငံခြားရေး ၀န်ကြီး နဲ့ ဒုဝန်ကြီးချုပ် တာဝန် ပူးတွဲဆောင်ရွက်နေတဲ့ ဆူရာပေါင် က နှစ်နိုင်ငံ ဗီဇာ ကင်းလွတ်ခွင့်အတွက် တခြားဌာနတွေနဲ့ အသေးစိတ်ဆွေးနွေးဖို့ လို ကြောင်း၊ ယခုအခါ ထိုင်းအစိုးရ အနေနဲ့ မြန်မာနိုင်ငံကနေ တရားမ၀င်ခိုးဝင်လာသူတွေကိစ္စ အတွက် စိုးရိမ်ပူပန်နေရကြောင်း၊ အထူးသဖြင့် ရိုဟင်ဂျာတွေကို ထိုင်းနိုင်ငံက(၆)လအထိ လက်ခံထိန်းသိမ်းထားမယ် ဆိုပေမယ့် ယခုအခါ သတ်မှတ်ကာလ ကျော်လွန်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ နိုင်ငံသား စိစစ်ရေး ကိစ္စတွေ အမြန်ဆောင်ရွက်ဖို့ တိုက်တွန်း လိုက်ပါတယ်။

မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏ မောင်လွင်က ထိုင်းထိန်းသိမ်းရေးစခန်း နှစ်ခုမှာရှိတဲ့ ရိုဟင်ဂျာတွေထဲမှာ မြန်မာနိုင်ငံကလာသူ (၁၀) ရာနှုန်းပဲရှိပြီး၊ ကျန်တာတွေက ဘင်္ဂလားဒေ့ရှ်က လာသူတွေဖြစ်တယ်၊ သူတို့ဟာ မြန်မာစကားလည်းမတတ်၊ မြန်မာပြည် ဘယ်နေရာကလာတယ်ဆိုတဲ့ အထောက်အထားလည်း မရှိကြဘူးလို့ ပြောပါတယ်၊

ထိုင်းအနေနဲ့ကတော့ ရိုဟင်ဂျာတွေကို ဆက်လက် လက်ခံထားမှာမဟုတ်တော့ဘဲ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ကုလသမဂ္ဂ တို့နဲ့ ညှိနှုင်းပြီး၊ ဆိုင်ရာ နိုင်ငံတွေက ပြန်လက်ခံမလား၊ တတိယနိုင်ငံတွေက လက်ခံမလား ဆွေးနွေးမှာဖြစ်ပြီး၊ အစ္စလမ်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုလည်း ဘယ်လို ကူညီနိုင်မလဲ မေးမြန်းမယ်လို့ ဆူရာပေါင် ကပြောပါတယ်။

RFA Burmese

စစ်တပ်ကမြေသိမ်းသည့်ကိစ္စ လွှတ်တော်တွင် ပြောဆိုစဉ် တားမြစ်ခံရ


ပြည်ထောင်စုလွှတ်တော်တွင် စစ်တပ်ကမြေသိမ်းသဖြင့် ပြည်သူများ နစ်နာနေရကြောင်း ရခိုင်တိုင်းရင်းသား အမတ် တစ်ဦးက သြဂုတ် ၁၅ ရက်က ဆွေးနွေးနေစဉ် စစ်သားအမတ်တစ်ဦးက ထကန့်ကွက်လိုက်သဖြင့် စစ်တပ်နှင့် ပတ်သက်၍ ထပ်မပြောရန် လွှတ်တော်နာယက ဦးရွှေမန်းက တားမြစ်လိုက်သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူ မဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဦးဘရှိန်က ၎င်းတို့ပြည်နယ်ရှိ သံတွဲမြို့နယ် ဆီးဖြူကုန်း ရွာတွင် လယ် ၃၅ဧကကျော်ကို ခလရ-၅၅ တပ်ရင်းက သိမ်းဆည်းခဲ့ကာ ပိုင်ရှင်များကိုလျော်ကြေး တစ်ဧက တစ်သိန်းသာပေးပြီး စစ်တပ်ကမူ တစ်ဧကသိန်း ၆၀ မှ ၇၀ အထိယူကာ ပြန်ငှားထားသောကြောင့် မူလပိုင်ရှင်များ နစ်နာနေရသည်ဟု ဆွေးနွေးနေစဉ် တားမြစ်ခံရခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်သို့ ယခုလ ၁၃ ရက်က တင်ပြထားသော လယ်မြေနှင့်အခြားမြေများ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ အပိုင်း ၃နှင့် ပတ်သက်ပြီး ဆွေးနွေးရန် အမတ်၂၅ ဦးက စာရင်းပေးထားသည်။

ယင်းသို့ စာရင်းပေးထားသည့် အမတ်များအနက် တစ်ဦးဖြစ်သည့်ဦးဘရှိန်က ဆွေးနွေးသည်ကို ဗိုလ်မှူးချုပ် အဆင့်ရှိ စစ်သားအမတ်တစ်ဦးက ယခုဆွေးနွေးနေသည့် မြေသိမ်းအစီရင်ခံစာမှာ တပ်နှင့် မသက်ဆိုင်ဘဲ စိုက်ပျိုးမွေးမြူရေးအတွက် သိမ်းသည့်မြေနှင့် အစိုးရစီမံကိန်းများအတွက် သိမ်းသည့်မြေများကိစ္စ သာဖြစ်သဖြင့် စစ်တပ်ကို ဝေဖန်နေမည်ဆိုပါက ပြည်သူများ အထင်လွဲနိုင်သဖြင့် ရပ်တန့်ပေးရန် ကန့် ကွက်ကြောင်း လွှတ်တော်တွင် ပြောသည်။

ကန့်ကွက်သည့် စစ်သားအမတ်၏ အမည်မှာမူ ၎င်းကိုယ်တိုင် လွှတ်တော်တွင် ထ၍ကန့်ကွက်စဉ် ပြောဆိုခဲ့ခြင်း မရှိသလို ကန့်ကွက်ခံရသည့် အမတ်ဦးဘရှိန်ကို မဇ္ဈိမကမေးမြန်းရာတွင်လည်း သူမသိကြောင်း ပြောသည်။

စစ်သားအမတ်၏ ကန့်ကွက်မှုနှင့်ပတ်သက်၍ ဦးဘရှိန်က “ကလေးစကားနဲ့ ပြောရရင် အနာပေါ် တုတ်ကျတဲ့ သဘောပေါ့” ဟု မှတ်ချက်ပြုသည်။

ဦးရွှေမန်းက ကျောက်ဖြူအမတ် ဦးဘရှိန်ကို စစ်တပ်နှင့်ပတ်သက်ပြီး ဆွေးနွေးမှုကို ရပ်တန့်ရန် ပြောဆိုခဲ့သလို “တစ်ဖက်ကလည်း တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေးဆိုသလိုပဲ ဟိုတစ်ချိန် ဟိုတစ်ခါက တာဝန်ခံဆောင်ရွက်ခဲ့တဲ့ ပုဂ်္ဂိုလ်များ မနစ်နာစေရေးအတွက်လည်း ကြည့်ရမှာဖြစ်ပါတယ်။ ဟိုတစ်ချိန် ဟိုတစ်ခါမှာ လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်များဟာလည်း ဟိုတစ်ချိန် ဟိုတစ်ခါမှာရှိခဲ့တဲ့ အမိန့်တွေ ညွှန်ကြားချက်တွေအရ လုပ်ခဲ့တာဖြစ်ပါတယ်”ဟု လွှတ်တော်တွင် ပြောကြားခဲ့သေးသည်။

ထို့ပြင် ဦးရွှေမန်းက ၎င်းသည် ၁၉၉၇ ခုနှစ်နောက်ပိုင်း၌ ဖြစ်ပျက်ခဲ့သည့် ယခင် စစ်အစိုးရလက်ထက်က အဖြစ်အပျက်များကို ၇၅ ရာခိုင်နှုန်းအထိပင် သိရှိကြောင်းလည်း ဆက်ပြောခဲ့ကာ “ဟိုတစ်ချိန် ဟိုတစ်ခါ တုန်းက လူကြီးခေါင်းဆောင်ရဲ့ စေတနာ၊ ရည်ရွယ်ချက်၊ ဒါတွေကိုလည်း ကျွန်တော်သိပါတယ်။ ဒါပေမဲ့ အဲဒီ့အချိန် အဲဒီအခါက အကောင်အထည်ဖော်ခဲ့တဲ့ လူတွေရဲ့ စေတနာကိုလည်း အတော်အတန် ကျွန် တော်သိခဲ့တယ်။ အဲဒီနေရာမှာ လွဲတာတွေ၊ လိုတာတွေ မှားတာတွေ ရှိနိုင်ခဲ့ပါတယ်”ဟုလည်း သူက ဆက်ပြောခဲ့သည်။

ယခုအချိန်တွင် ထိုကိစ္စများကို အပြစ်တင်နေမည့်အစား ပြန်လည်ပြင်ဆင်ရန် နည်းလမ်းကိုသာ ကြံဆ သင့်သည်ဟု ဦးရွှေမန်းက အမတ်များကို ပြောကြားခဲ့သည်။ ထို့အတူ မြေသိမ်းသူများသည် အချိန်မီ ပြန်ပေးပါက ယခုလို ဝေဖန်မှုများ ရှိလာမည်မဟုတ်ကြောင်းလည်း ထောက်ပြခဲ့သေးသည်။

မြေပုံမဲဆန္ဒနယ်မှ အမတ်ဦးဖေသန်းကမူ ယင်းကဲ့သို့ လွှတ်တော်တွင် စစ်တပ်နှင့် ပတ်သက်၍ ဆွေးနွေးမှုကို စစ်သားအမတ်က ကန့်ကွက်ခြင်းသည် “သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိတယ်ဆိုပြီး မခံနိုင်ဖြစ်တာပေါ့။ မိဘတွေ လုပ်ခဲ့တဲ့ ကောင်းမွေ၊ ဆိုးမွေကို သားသမီးတွေက ခံရမှာပဲလေ”ဟု ဝေဖန် ပြောဆိုသည်။

စစ်သားအမတ်တစ်ဦးက စစ်တပ်က မြေသိမ်းသည့်ကိစ္စကို အရပ်သားအမတ်က ပြောဆိုစဉ် ယခုလို ကန့်ကွက်သော်လည်း ပြီးခဲ့သည့် ဇူလိုင်အတွင်းက ပြည်ထောင်စု လွှတ်တော်တွင် ဆက်သွယ်ရေး ဥပဒေကို တစ်ပိုဒ်ချင်းစီ အတည်ပြုနေစဉ် လွှတ်တော်နာယကက ဥပဒေကို သဘောတူ/မတူမေးသည်ကို စစ်သား အမတ်များက ပြန်မဖြေကြသောကြောင့် လွှတ်တော်ပြင်ပသို့ ထွက်ခွာရန်ပင် အမိန့်ချနိုင်ကြောင်း ထိုစဉ်က နာယက ဦးခင်အောင်မြင့်က သတိပေးခဲ့ရဖူးသည်။

မြန်မာနိုင်ငံ အနှံ့အပြားတွင် စစ်တပ်က သိမ်းဆည်းထားသည့် မြေပမာဏမှာ ဧက ၂၉၇,၀၀၀ ကျော်ရှိ သည်ဟု ဇူလိုင် ၁၆ ရက်က လွှတ်တော်တွင် ကာကွယ်ရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးဝေလွင်က ပြောကြားခဲ့သည်။

သို့သော် ထိုသို့ သိမ်းဆည်းထားသည့် မြေများအနက်မှ ၁၆ ပုံတစ်ပုံဖြစ်သည့် ဧက ၁၈,၃၀၀ ကျော်ကိုသာ ပြည်သူ့ ထံ ပြန်ပေးနိုင်မည်ဟု ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးဝေလွင်က လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။

မင်းမင်း
Mizzima - News in Burmese

အီဂျစ်ဆန္ဒပြသူများ အစိုးရ အဆောက်အဦးများကို မီးတင်ရှို့

 
ဖြုတ်ချခံလိုက်ရတဲ့ အီဂျစ်သမ္မတ မိုဟာမက်ဒ် မော်စီကို ထောက်ခံသူတွေဟာ ဆန္ဒပြပွဲအသစ်တွေ လုပ်ခဲ့ကြပြီး တချို့ကဆိုရင် ကိုင်ရိုမြို့တော်က အစိုးရ အဆောက်အဦးတစ်ခုကို မီးတင်ရှို့ခဲ့ကြပါတယ်။ မူစလင်ညီအကိုတော်များ အဖွဲ့ကို ထောက်ခံသူ ရာပေါင်းများစွာဟာ Giza အရပ်က အစိုးရအဆောက်အဦးတွေကို ကြာသပတေးနေ့က ၀င်ရောက်တိုက်ခိုက်ပြီး ၀င်ပေါက်ကို မီးရှို့ ခဲ့ကြတယ်လို့ အီဂျစ်နိုင်ငံပိုင် ရုပ်သံသတင်းဌာနနဲ့ မျက်မြင်တွေက ပြောပါတယ်။

သီးခြားဖြစ်ရပ်တစ်ခုမှာတော့ အလက်ဇန်းဒရီးယားမြို့မှာ လူရာပေါင်းများစွာ ချီတက်ပြီး မစ္စတာမော်စီကို အာဏာပြန်ပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ကိုင်ရိုမြို့တော်က သပိတ်စခန်းတွေမှာ စုဝေးနေကြတဲ့ မစ္စတာမော်စီ ကို ထောက်ခံသူတွေကို ဗုဒ္ဓဟူးနေ့မှာ အီဂျစ်စစ်တပ် က နှိမ်နင်းဖြိုခွဲပြီး အလက်ဇန်းဒရီးယားနဲ့ ဆူးအက်ဇ်မြို့တွေမှာ တိုက်ခိုက် တာတွေဖြစ်ခဲ့ပြီး တဲ့နောက် ဆန္ဒပြပွဲနဲ့ ရုန်းရင်းဆန်ခတ်မှု အသစ်တွေ ထပ်ဖြစ်တာပါ။

မူစလင်ညီအကိုတော်များအဖွဲ့က ရိုက်ထားတဲ့ ဗွီဒီယိုတစ်ခုမှာ ကိုင်ရိုမြို့တော်က El Iman ဗလီကျောင်းမှာ အ၀တ်နဲ့ လိပ်ပတ် ထားတဲ့ ရာပေါင်းများစွာသော အလောင်းတွေကိုတွေ့ရပါတယ်။ ဗုဒ္ဓဟူးနေ့က အကြမ်းဖက် တိုက်ခိုက် မှုတွေကြောင့် လူ ၅၂၅ ယောက်ထက် မနည်း သေဆုံးပြီး ၃,၇၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အီဂျစ်ကျန်းမာရေး ၀န်ကြီးဌာန က ပြောပါတယ်။ မူစလင် ညီအကိုတော်များအဖွဲ့ကတော့ သေဆုံးသူ ၄,၅၀၀ ကျော်တယ်လို့ ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

လယ်ယာမြေသိမ်းဆည်းမှု စုံစမ်းရေးအစီရင်ခံစာ တတိယပိုင်း လွှတ်တော်မှာ ဆွေးနွေး

နိုင်ငံပိုင်စီမံကိန်းတွေ၊ အစိုးရဌာနဆိုင်ရာတွေက သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို လျော်ကြေးပေးဖို့နဲ့ တချို့လယ်ယာမြေတွေကို လယ်သမားတွေထံ ပြန်ပေးဖို့ပါရှိတဲ့ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာအပိုင်း (၃) ကို ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက ဆွေးနွေးခဲ့ပါတယ်။

ဒီနေ့ဆွေးနွေးခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေသိမ်းဆည်းမှု စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပြန်ပေးသင့်တဲ့ လယ်ယာမြေတွေကို ပြန်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

“စိုက်ပျိုးရေး၊ မွေးမြူရေး စီမံကိန်းများအတွက် မြေသိမ်းမှုကိစ္စရပ်များမှာ ဌာနဆိုင်ရာအဖွဲ့အစည်းတချို့နဲ့ ကုမ္ပဏီများ၊ ပုဂ္ဂုလိကများက နိုင်ငံတော်စီမံကိန်း အကြောင်းပြပြီးတော့မှ ၄င်းတို့ရဲ့ကိုယ်ကျိုးစီးပွားအတွက် လုပ်ပိုင်ခွင့် အခွင့်အာဏာနှင့် ဌာနဆိုင်ရာ အရှိန်အဝါသုံးပြီး သိမ်းယူခဲ့တဲ့အတွက် တောင်သူလယ်သမားများ မြေပြင်တွင် အမှန်တကယ် အလုပ်လုပ်ကိုင်နေတဲ့ မြေတချို့ကိုလည်း သိမ်းဆည်းရာမှာ ပါသွားတဲ့အတွက် နစ်နာမှုများရှိကြောင်း သိရှိရပါတယ်၊ စီမံကိန်းများကြောင့် သိမ်းဆည်းရာမှာပါသွားသော တောင်သူလယ်သမားများကို မူလလုပ်ပိုင်ခွင့်အရ ဧကများအတိုင်း ဥပဒေနဲ့အညီ တရားဝင်အမည်ပေါက်များဖြင့် စနစ်တကျ ပြန်လည်လုပ်ပိုင်ခွင့်ပေးသင့်ကြောင်း အကြံပြုချက်ဟာ အင်မတန်မှ ဓမ္မဓိဌာန်ကျတာကို တွေ့ရှိရတဲ့အတွက် ထောက်ခံတင်ပြအပ်ပါတယ်”

အဲဒီ အစီရင်ခံစာအပိုင်း( ၃ ) မှာ တရားဝင်စိုက်ပျိုးခွင့်ရပြီး အမှန်တကယ်လုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်တွေမှာ လူအုပ်စုနဲ့ မင်းမဲ့စရိုက်ဆန်ဆန် အဓမ္မအကြမ်းဖက် နှောင့်ယှက်ဖျက်ဆီးနေတာတွေကို တည်ဆဲဥပဒေနဲ့အညီ အစိုးရကအရေးယူပေးဖို့ကိုလည်း အစီရင်ခံစာက တိုက်တွန်းထားပါတယ်။

အစီရင်ခံစာကို ဆွေးနွေးဖို့ပြောထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦးရှိပေမယ့် ဒီနေ့မှာတော့ ၁၂ ဦးက ဆွေးနွေးခဲ့ပြီး မနက်ဖြန်မှာ ဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်။

ဒီအတောအတွင်း တစ်နိုင်ငံလုံးမှာ သိမ်းထားတဲ့ လယ်ယာမြေတွေကို တောင်သူတွေထံပြန်ပေးဖို့ ရည်ရွယ်ချက်နဲ့ ကချင်ပြည်နယ် လိုင်ဇာအထိ လမ်းလျှောက်သူလယ်သမား ၁၆ ယောက်ကို ရမည်းသင်းမြို့နယ် ရဲတပ်ဖွဲ့က ဒီကနေ့ တားဆီးခဲ့ပါတယ်။

တားဆီးခံရတာနဲ့ ပတ်သက်ပြီး အဲဒီအဖွဲ့ကို ဦးဆောင်သူ ဦးခင်ဇော်က RFA ကို အခုလို ပြောပါတယ်။
“ရမည်းသင်းမြို့နယ်အဝင် ကင်ပွန်းချုံကျေးရွာမှာ ကျနော်တို့စပြီးတော့ အတားခံရတာပါ၊ ရမည်းသင်းမြို့နယ်က မြို့နယ်ရဲမှူးရယ်၊ မြို့နယ်ရယကအဖွဲ့တွေရယ် အင်အား ၅ဝ ကျော်လောက် လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ကျနော်တို့ကို ပိတ်ဆို့တားဆီးတယ်၊ ကျနော်တို့ကို တားတဲ့အခါကျတော့ ကျနော်တို့က တရားဝင်ခွင့်ပြုချက်တင်ပြီးတော့မှ ထွက်လာခဲ့တာလို့ပြောတော့ သူတို့က တိုင်းချင်းမတူတဲ့အတွက် လက်ခံပေးလို့မရဘူးတဲ့၊ ကျနော်တို့ နေပြည်တော်မှာရှိတဲ့ လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းနဲ့ သွားဆွေးနွေးဖို့ အခုနေပြည်တော်ကိုပြည်လှည့်တယ်”

အဲဒီ လမ်းလျှောက်သူတွေဟာ မနေ့မနက်ပိုင်းက တောင်ငူမြို့ မင်းကြီးညိုရုပ်ထုရှေ့ကနေ စတင်ထွက်ခွာခဲ့တာလို့ ဆိုပါတယ်။ လမ်းတလျှောက် မြို့တစ်မြို့ရောက်တိုင်း နှစ်နာရီသာ လမ်းလျှောက်ခွင့်ရပြီး ကျန်ခရီးကို ကားနဲ့သာသွားခွင့်ပြုတယ်လို့ ဆိုပါတယ်။

လမ်းလျှောက်ချီတက်ကြတဲ့ အဖွဲ့ဝင်တွေကတော့ တောင်ငူ၊ အုတ်တွင်းနဲ့ ရေတာရှည်မြို့နယ်တွေက လယ်သမားတွေ ဖြစ်ပါတယ်။

RFA Burmese 

Thursday, August 15, 2013

ယုံကြည်မှုရှိမှ ဖယ်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ် မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ဆို

dassk-parliment-305
မေလ ၂၀ ရက်နေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်လာစဉ်
Photo: RFA/ Win Naung Toe

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး အတွက်  အဓိက လိုအပ်ချက်ကတော့ တိုင်းရင်းသား အားလုံး တစ်ဦးကိုတစ်ဦး  အပြန်အလှန်ယုံကြည်မှု နဲ့ လေးစားမှုရှိရေးဖြစ်တယ်လို့ ပြောကြားလိုက် ပါတယ်။
ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့ညနေပိုင်းက ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။
"အပြန်အလှန် လေးစားမူ ယုံကြည်မူရှိပြီဆိုရင် ပြည်ထောင်စုပုံစံတစ်ခု ဖော်ထုတ်ဖို့ဆိုတာ သိပ်ခက်ခက်ခဲခဲ မဟုတ်ပါဘူး၊ အရေးကြီးတာက တစ်ယောက်နဲ့တစ်ယောက် ယုံကြည်နိုင်ဖို့ လေးစားဖို့ အားလုံးက အတူလက်တွဲပြီးလုပ်ရင် လက်မတွဲတာထက် အများကြီးကောင်းတယ်ဆိုတာ နှလုံးသွင်းနိုင်ဖို့ပဲ၊ အဲဒီလို အခြေအနေ မဖြစ်သရွှေ့တော့ ခက်ခဲဦးမှာပဲ"
ဒါ့အပြင် ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ စာနယ်ဇင်းကောင်စီက တင်ပြတဲ့မူကြမ်းကို အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်ကနေ လိုအပ်သလို ပြောင်းလဲပြင်ဆင်ပြဌန်းမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က RFA ကိုပြောပါတယ်။

"အမျိုးသားလွှတ်တော်တင်တဲ့အခါ ပြင်သင့်တာကို ပြင်ဆင်ကြလိမ့်မယ်၊ ထောက်ခံသင့်တာကို ထောက်ခံ ကြလိမ့်မယ်၊ ပြောင်းသင့်တာကို ပြောင်းကြလိမ့်မယ်၊ အမျိုးသားလွှတ်တော်ပြီးတဲ့အခါ ပြည်ထောင်စုလွှတ်တော်ကို ပြန်သွားဦးမယ်လေ၊ ဒါသူ့အဆင့်နဲ့သူ ဆက်ပြီးတက်သွားမှာ"

တဆက်တည်းမှာပဲ စာရေးဆရာ မောင်ဝံသလို ဒီမိုကရေစီအရေး လိုလားဆောင်ရွက်သူတဦး ကွယ်လွန်သွားတိုင်း မိမိတို့ ရဲဘော်ရဲဘက်တွေအနေနဲ့ သူတို့ မျှော်လင့်ကြိုးပမ်းခဲ့ကြသလို ဒီမိုကရေစီအပြည့်အဝရရှိတာကို မမြင်မတွေ့လိုက်ကြရပဲ ဘဝဆုံးပါးသွားကြရတဲ့အတွက် ကြေကွဲဝမ်းနည်းမိရတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

အရပ်ဖက် လူ့အဖွဲ့အစည်း ခေါင်းဆောင်များ နဲ့ သောမတ်ကင်တားနား တွေ့ဆုံ

 quintana-kachin-75.JPG
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာသောမတ် ကင်တားနားဟာ အရပ်ဖက်လူ့ဖွဲ့ အစည်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး လက်ရှိလူ့အခွင့်အရေးအခြေအနေတွေ မေးမြန်းခဲ့ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) များအဖွဲ့ချုပ်၊ GW ခေါ် မျိုးဆက်သစ်လူငယ်အဖွဲ့၊ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်၊ ရှေ့နေများကွန်ရက်အပါအဝင် တိုင်းရင်းသား လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်မြို့ ကုလသမဂ္ဂရုံးချုပ် အဆောက်အဦမှာ မနေ့ညနေက လက်ခံတွေ့ဆုံခဲ့တာပါ။
အဲဒီတွေ့ဆုံပွဲမှာ (ဗကသ) များအွဲ့ချုပ် မုံရွာခရိုင်ဥက္ကဌ ကိုနွေဦးကိုက လက်ပံတောင်းတောင်က ကျောင်းသားတွေ အပါအဝင်၊ အခြားဒေသကကျောင်းသားတွေ တက်ကြွလှုပ်ရှားသူတွေ လူ့အခွင့်အရေးချိုးဖေါက်ခံနေရမှုကို ရှင်းလင်းပြောဆိုခဲ့တယ်လို့ ပြောပြပါတယ်။
RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
RFA

တောင်ကုတ်လူသတ်မှု သံသယဖြင့် ဖမ်းထားသူများကို ရုံးတင်တရားစွဲ

 
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ မနှစ်နှစ်လယ်ပိုင်းက ခရီးသည်တင်ကားပေါ်လိုက်ပါလာတဲ့ မွတ်စလင် ၁၀ ဦးကို ရိုက်နှက်သတ်ဖြတ်မှုဖြစ်စဉ်မှာ သံသယရှိသူ ၆ ဦးကို သံတွဲခရိုင်တရားရုံးမှာ လူသတ်မှုနဲ့ စွဲဆိုလိုက်ပါတယ်။

မနှစ်က တောင်ကုတ်မြို့ မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံရမှုမှာ ဦးဆောင်တယ်လို့ သံသယရှိသူ ၆ ဦးကို နေပြည်တော်က တိုက်ရိုက်ကွပ်ကဲမှုနဲ့ တောင်ကုတ်မြို့ကနေ ဇူလိုင် ၁၇ ရက်နေ့ညမှာ ဖမ်းဆီးပြီး သံတွဲထောင်အချုပ်မှာ စစ်ဆေးရာကနေ ရုံးတင်တရားစွဲဆိုလိုက်တာပါ။

ဒီအမှုကို နေပြည်တော်ကပဲ တိုက်ရိုက် တရားစွဲဆိုတာလို့ သံတွဲခရိုင်ရဲတပ်ဖွဲ့မှူးက ရှင်းပြပါတယ်။

“ဒါ နေပြည်တော် မှုခင်းတပ်ဖွဲ့ကနေ အမှုလက်ခံစစ်ဆေးတဲ့ အမှုပါခင်ဗျာ။ ဩဂုတ် ၁၃ ရက်နေ့မှာတော့ သူတို့ကို မူလစွဲဆိုတဲ့ လူသတ်မှုနဲ့ပဲ တရားစွဲပါတယ်။ သူတို့ကတော့ အားလုံး ခြောက်ယောက်ကို တရားစွဲသွားတယ်ပေါ့နော်။ ၁၃ ရက်နေ့ ရုံးထုတ်ပြီးတော့ ၂၆ ရက် ၈ လ ၂၀၁၃ နေ့မှာ ပထမရုံးချိန်း ဖြစ်ပါတယ်ခင်ဗျ။”

သံတွဲခရိုင်တရားရုံးမှာ ရုံးထုတ်တဲ့ တရားခွင်ကို မည်သူမဆိုလွတ်လပ်စွာ လာရောက်နားထောင်နိုင်တယ်လို့ ခရိုင်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

ဖမ်းဆီးတရားစွဲဆိုခံရသူ ၆ ဦးကတော့ ဘူတာရပ်ကွက်က ကိုလေးမောင် ခေါ် ကိုထွန်းနိုင်၊ ကန်ပိုင်ရပ်ကွက်က ကိုမောင်ပု၊ မီးစက်ကွက်သစ် (၁) ရပ်ကွက်က ကိုသိန်းရွေမောင်၊ ကန်ပိုင်ရပ်ကွက်က ဦးထွန်းကျော်၊ ကိုပေါက်စီ (ခေါ်) ကိုထွန်းမြင့် တို့ ဖြစ်ပါတယ်။ ကနဦးပိုင်းက ၁၅ ရက်နေ့မှာ ရုံးထုတ်မယ်လို့ကြားသိရပေမယ့် ၁၃ ရက်နေ့ကို ပြောင်းလဲစစ်ဆေးတာကြောင့် တရားခံတွေရဲ့ မိသားစုဝင်တွေ ရုံးတက်နားထောင်ခွင့် မရလိုက်ကြဘူးလို့ မြို့ခံတဦးက ပြောပါတယ်၊

တောင်ကုတ်လူသတ်မှုကို တရားစွဲမှုဟာ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ရာဇ၀တ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူအပြစ်ပေးဖို့ တောင်းဆိုနေတဲ့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို ရောက်ရှိပြီး နှစ်ရက်အကြာမှာ စွဲဆိုမှုဖြစ်ပါတယ်။

သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေကို မေးမြန်းရာမှာ သူ့ခရိုင်တွင်းကိစ္စဖြစ်ပေမယ့် ခရိုင်တာဝန်ရှိသူအပိုင်းက လုံခြုံရေးပိုင်းကိုသာ တာဝန်ယူပါတယ်လို့ ဖြေပါတယ်။

“ကျနော့်အပိုင်းကတော့ တရားရုံးနဲ့ ဒီ လုံခြုံရေးအပိုင်းကို ကျနော်တို့ ရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းပြီးတော့ လုပ်ပေးတယ်။”

မနှစ် ဇွန် ၃ ရက်နေ့က သံတွဲမြို့နယ်ကနေ ရန်ကုန်ကို သွားတဲ့ကားတစီးကို တောင်ကုတ်မြို့အရောက်မှာ ကားပေါ်ပါ မွတ်စလင် ၈ ဦးနဲ့ သံတွဲမြို့ခံ ၂ ဦးကို အမည်မသိ လူအုပ်စုတစုက တုတ်၊ ဓားတွေနဲ့ နေ့ခင်းကြောင်တောင် ရိုက်နှက် သတ်ဖြတ်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်မဖြစ်မီ မနက်ပိုင်းလောက်က ရခိုင်ပြည်နယ် ကျောက်နီမော်ကျေးရွာမှာ သတ်ဖြတ်ခံရတဲ့ ရခိုင် အမျိုးသမီးတဦးရဲ့ပုံတွေ တောင်ကုတ်မြို့မှာ ပျံ့နှံ့ခဲ့ပါတယ်။

ဒီအုပ်စုလိုက်သတ်ဖြတ်မှုဖြစ်အပြီးမှာတော့ ရခိုင်ပြည်နယ် နေရာအတော်များများမှာ နေအိမ်မီးရှို့မှုတွေနဲ့ သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အစိုးရက အရေးပေါ် အခြေအနေကြညာခဲ့ပါတယ်။

by ​အေး​နိုင်  (ဒီဗွီဘီ)

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထိုင်းနိုင်ငံသား တစ်ဦးထံမှ ကျည်ဆန်တောင့်များ ဖမ်းဆီးရမိ

Photo-www.flickr.com

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထိုင်းနိုင်ငံသို့ပြန်မည့် ထိုင်းနိုင်ငံသား တစ်ဦးထံမှ ကျည်ဆန်တောင့်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကျူးလွန်တဲ့သူကို အမှုဖွင့်ပြီး တရားရုံးကို အမြန်ဆုံး တင်ပို့စွဲဆိုနိုင်ဖို့ စစ်ဆေးနေတယ်။ ရဲလုပ်ငန်းတွေအရ ဒီကျည်ဆန်တွေကို ဘယ်က၀ယ်တယ်။ ဘယ်ကသယ်လာတယ်။ ဘာကြောင့် ယူလာတယ် ဆိုတာတွေကို စစ်ဆေးမေးမြန်းတဲ့ အခါမှာ သူ့ဘက်ကတော့ ဒီကျည်ဆန်တွေ ပါလာတယ် ဆိုတာတောင် မသိဘူးဆိုပြီးတော့ ဇွတ်ငြင်းနေပါတယ် . . . . .
သြဂုတ် ၁၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် လေကြောင်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ပထွက်ခွာသည့် ခရီးသည်များနှင့် အိတ်များကို Main X-ray စက်ဖြင့် စစ်ဆေးရှာဖွေနေစဉ် အမ်အေအိုင် လေကြောင်းလိုင်းဖြင့် ရန်ကုန်မှ ဘန်ကောက်သို့ လိုက်ပါစီးနင်းမည့် ခရီးသည် တစ်ဦးဖြစ်သူ Ms.Gomes Suraphanapa (၂၃) နှစ် ကိုင်ဆောင်သော လက်ဆွဲပစ္စည်းအ၀ါနှင့် အနီကြား စိန်ဂေဟာတံဆိပ်ပါ ဈေးဝယ်အိတ်အတွင်း ထိုင်းစာတန်းပါ ကြွတ်ကြွတ်အိတ် အဖြူရောင်ထဲတွင် PMC.38 SPL ခဲထိပ်ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊ AP. 04.38 SPL ခဲထိပ်ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊ Winchester.38 SPL ခဲထိပ်ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊ WW.38 SPL ခဲထိပ်ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊ RP.38 SPL ခဲထိပ်ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊ S&B. 38 Special ကြေးထိပ်ဖူးပါ စတီးကျည်ဆန် တစ်တောင့်၊ Winchester.38 SPL ခဲထိပ်ဖူးထိ ဖြတ်ထားသည့် စတီးကျည်ဆန် တစ်တောင့်၊ R.P 45 Auto ကြေးထိပ်ဖူးပါ ကြေးကျည်ခွံ နှစ်တောင့်၊ စုစုပေါင်း ကျည်ကိုးတောင့်တို့အား စစ်ဆေးတွေ့ရှိခဲ့၍ ၎င်းထံမှ သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
"ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ကျူးလွန်တဲ့သူကို အမှုဖွင့်ပြီး တရားရုံးကို အမြန်ဆုံး တင်ပို့စွဲဆိုနိုင်ဖို့ စစ်ဆေးနေတယ်။ ရဲလုပ်ငန်းတွေအရ ဒီကျည်ဆန်တွေကို ဘယ်က၀ယ်တယ်။ ဘယ်ကသယ်လာတယ်။ ဘာကြောင့် ယူလာတယ် ဆိုတာတွေကို စစ်ဆေးမေးမြန်းတဲ့ အခါမှာ သူ့ဘက်ကတော့ ဒီကျည်ဆန်တွေ ပါလာတယ် ဆိုတာတောင် မသိဘူးဆိုပြီးတော့ ဇွတ်ငြင်းနေပါတယ်" ဟု သြဂုတ် ၁၄ ရက် နံနက်ပိုင်းက မင်္ဂလာဒုံ မြို့မရဲစခန်းမှ တပ်ဖွဲ့မှူး ရဲမှူးအောင်သိမ်းဝင်းက ပြောကြားသည်။
ထိုသို့ လက်နက်ခဲယမ်းများ တရားမ၀င် လက်ဝယ်တွေ့ရှိသူ Ms.Gomes Suraphanapa အား မင်္ဂလာဒုံ ရဲစခန်းက (ပ)၅၀၅/၁၃ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့်ပြီး ၎င်းအားဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Wednesday, August 14, 2013

ဗဟိုဘဏ် ဒါရိုက်တာ အဖွဲ့ဝင် ၅ ဦး ခန့်အပ်



အမိန့်အပြည့်အစုံကို သမ္မတရုံး ၀က်ဆိုက်မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
  မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၃၄ / ၂၀၁၃ 
၁၃၇၅ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် (၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်) 
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၉ ပါ ပြဋ္ဌာန်းချက် အရ 
အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဒါရိုက်တာ အဖွဲ့ဝင်များအဖြစ် ခန့်အပ် တာဝန်ပေးလိုက်သည်- 
(၁) ဦးကြည်ရှိန် အဖွဲ့ဝင် 
(၂) ဦးမော်သန်း အဖွဲ့ဝင် 
(၃) ဦးကျော်မင်းထွန်း အဖွဲ့ဝင် 
(၄) ဦးသန်းအောင်ရင် အဖွဲ့ဝင် 
(၅) ဒေါက်တာလှမောင် အဖွဲ့ဝင် 
(ပုံ) သိန်းစိန်
 နိုင်ငံတော်သမ္မတ 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သမ္မတ ဦးသိန်းစိန်ရဲ့ သြဂုတ် ၁၄ ရက်နေ့ မိန့်ခွန်း


သမ္မတ ဦးသိန်းစိန်က ဒီကနေ့ သြဂုတ်လ ၁၄ ရက်နေ့မှာ မိန့်ခွန်းနာခံခြင်းနဲ့ ကတိသစ္စာ ပြုခြင်း အခမ်း အနား မှာ မိန့်ခွန်း တရပ်ပြောဆိုခဲ့ပြီး တိုက်ရိုက်လွှင့်ထုတ်တာဖြစ်ပါတယ်။ 

အစိုးရ ၀န်ကြီးသစ်တွေ ကတိသစ္စာ ပြုတဲ့ အခမ်းအနားမှာ အခုလို သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောခဲ့ တာဖြစ်ပါတယ်။ 
အားလုံးမင်္ဂလာအပေါင်းနဲ့ ပြည်စုံကြပါစေ
ဒီကနေ့ အခမ်းအနားဟာ အသစ်ခန့်အပ်တဲ့ ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီးများ ကတိသစ္စာ ခံယူတဲ့ အခမ်းအနားဖြစ်ပါတယ်။ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌများဟာလည်း ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီး အဆင့်များ ဖြစ်တဲ့အတွက် ဒီကနေ့အခမ်းအနားမှာ ပါဝင်ကြပါတယ်။
ကတိသစ္စာပြုရာမှာ အဓိကအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့၊ တည်ဆဲ ဥပဒေများ ကို လေးစားလိုက်နာဖို့နဲ့ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ဖို့ အတွက် ကတိကဝတ်ပြုခြင်း ဖြစ်ပါတယ်။ မင်းမှာသစ္စာ၊ လူမှာကတိ ဆိုတဲ့အတိုင်း အများရှေ့မှောက်မှာ မိမိတို့ပြုခဲ့ကြတဲ့ ကတိသစ္စာကို မကျိုး မပေါက်အောင် ထိန်းသိမ်း သွားကြဖို့လိုအပ်ပါတယ်။
ယခုလို ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီးတွေ ခန့်အပ်ခြင်းခံရတဲ့အတွက် မိမိအနေနဲ့ ဝမ်းသာဂုဏ်ယူ ပါကြောင်း ပြောကြားလိုပါတယ်။ 
မိမိတို့ရဲ့ အစိုးရအဖွဲ့အတွင်းမှာ လုပ်ဖော် ကိုင်ဘက်တွေ ယခုလို တိုးပွားလာတဲ့အတွက် မိမိတို့အစိုးရအဖွဲ့ရဲ့ လုပ်ငန်း တာဝန်တွေကို ပိုပြီး ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ မိမိတို့ရဲ့ ရိုးသားမှု၊ ကြိုးစားမှုတို့ကြောင့် ယခုကဲ့သို့ ဒုတိယဝန်ကြီးများအဖြစ် ခန့်အပ်ခံရခြင်း ဖြစ်ပါတယ်။ ရာထူးတိုးမြှင့် ခန့်အပ်ခြင်း ခံရခြင်းနှင့်အတူ တာဝန်တွေ ကိုလည်း တိုးမြှင့်ယူကြရမှာ ဖြစ်ပါတယ်။ တာဝန်ဆိုရာမှာ နိုင်ငံ့တာဝန်၊ မိမိတို့ ဝန်ကြီးဌာနရဲ့ တာဝန်တွေအပြင် တစ်ဦးချင်း လိုက်နာစောင့်ထိန်း ရမယ့် တာဝန်တွေ ဖြစ်ပါတယ်။

နိုင်ငံ့တာဝန်ဆိုရာမှာ ပြည်ထောင်စုကြီး ပြိုကွဲပျက်စီးမသွားအောင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲပြီး ပြည်ထောင်စုကြီး ဖရိုဖရဲဖြစ်မသွားရအောင်နဲ့ အချုပ်အခြာ အာဏာဆုံးရှုံးပြီး သူတစ်ပါးကျွန် ဖြစ်မသွားရအောင် ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ရမယ့် တာဝန်ဖြစ်ပါတယ်။ အမှန်တော့ ဒီတာဝန်တွေ ဟာ နိုင်ငံသားအားလုံး လိုက်နာစောင့်ထိန်း ကြရမယ့် အမျိုးသားရေးတာဝန်လည်း ဖြစ်ပါတယ်။
 မိမိတို့ ဝန်ကြီးဌာနရဲ့ တာဝန်ဆိုတာဟာ တကယ်တော့ နိုင်ငံတော်အစိုးရရဲ့ တာဝန် ဖြစ်ပါတယ်။ ဝန်ကြီးဌာန အသီးသီးဟာ နိုင်ငံတော်အစိုးရရဲ့ တာဝန်တွေကို ကဏ္ဍအလိုက် ခွဲဝေပြီး တာဝန်ပေးထားမှု အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေကြရခြင်း ဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရရဲ့ တာဝန်တွေကို ခွဲဝေတာဝန်ယူပြီး အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ဖို့ အတွက် နိုင်ငံတော်အစိုးရရဲ့ ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေနဲ့ မူဝါဒတွေကို ဦးစွာသိရှိထားဖို့ လိုအပ်ပါတယ်။ ဒီကနေ့ နိုင်ငံတော်ရဲ့ လူဦးရေဟာ အကြမ်းဖျင်းအားဖြင့် သန်း (၆၀) ခန့် ရှိပါတယ်။ လူတစ်ဦးချင်းစီရဲ့ ဆန္ဒတွေဟာ အမျိုးမျိုး ရှိကြမှာ ဖြစ်သော်လည်း တူညီတဲ့ဆန္ဒကို စုစည်းလိုက်ရင် အဓိကကျတဲ့ တူညီတဲ့ ဆန္ဒနှစ်ခုကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
အဲဒီဆန္ဒနှစ်ခုအနက် တစ်ခုကတော့ ကျွန်တော်တို့ ပြည်သူတွေဟာ ကျွန်တော်တို့ တိုင်းပြည်ကို တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးတဲ့တိုင်းပြည် ဖြစ်လိုကြပါတယ်။ ကျန်တဲ့ တစ်ခုကတော့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လိုကြပါတယ်။ ကျွန်တော်တို့ဟာ ပြည်သူရွေးချယ်တဲ့ အစိုးရ ဖြစ်တာနဲ့အညီ ပြည်သူရဲ့ ဆန္ဒဟာ ကျွန်တော်တို့ အစိုးရရဲ့ ရည်ရွယ်ချက်ဖြစ်ပြီး ဒီဆန္ဒတွေအောင်မြင်အောင် ဆောင် ရွက်ပေးရေးဟာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။
ကျွန်တော်တို့ ဘာတွေလုပ်ကြရလဲဆိုရင် တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးတဲ့ နိုင်ငံဖြစ်ဖို့အတွက် နိုင်ငံရေး တည်ငြိမ်အောင် လုပ်ရပါမယ်။ နှစ်ပေါင်း (၆၀) ကျော် ရှည်ကြာခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းအောင် ကြိုးပမ်းဆောင်ရွက်ရပါမယ်။
တစ်ချိန်တည်းမှာပဲ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတွေ စားဝတ်နေရေး တွေ အဆင်ပြေပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ဖို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အဆင့်အတန်းတွေ မြင့်မားလာစေဖို့နဲ့ တိုင်းပြည် ကြွယ်ဝချမ်းသာအောင် စီးပွားရေး မြှင့်တင်နိုင်ဖို့ လုပ်ငန်းတွေကို လုပ်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့အစိုးရ တက်လာလာချင်း နိုင်ငံရေးတည်ငြိမ်စေဖို့အတွက် ကျွန်တော်တို့ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ ပြည်သူအားလုံး ပါဝင်လာအောင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ ပါတီတွေ ထူထောင်နိုင်ခွင့်၊ အသင်းအဖွဲ့တွေ ဖွဲ့စည်းနိုင်ခွင့်၊ လွတ်လပ်စွာ ဟောပြောဆွေးနွေး ထုတ်ဖော်ခွင့်၊ စာပေလွတ်လပ်ခွင့် စတာတွေကို ဥပဒေများ ထုတ်ပြန်ပြီး ဆောင်ရွက်ခွင့်ပေးခဲ့တဲ့အပြင် အကျဉ်းသားပေါင်းများစွာကိုလည်း ဒီအခွင့်အရေးတွေ ရရှိအောင် လွှတ်ပေးခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ နှစ်ပေါင်းရှည်ကြာစွာ နာတာရှည်ရောဂါလို အမြစ်တွယ်နေတဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းအောင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆောင်ရွက်ရန် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါတယ်။ ငြိမ်းချမ်းရေးဆောင်ရွက်ရာမှာ အဆင့် (၃) ဆင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အဆင့်၊ ပြည်ထောင်စုအစိုးရအဆင့်နဲ့ လွှတ်တော်ကို တင်ပြပြီိး လွှတ်တော်က ဖွဲ့စည်းပေးမည့်အဖွဲ့ နဲ့ ဆွေးနွေးတဲ့ အဆင့်ဆိုပြီး သတ်မှတ်ဆောင်ရွက်ခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနဲ့ ပထမ ထိတွေ့နိုင်အောင်၊ ထိတွေ့တဲ့အဆင့်ကနေပြီး စကား ပြောနိုင်အောင်၊ စကားပြောကြည့်တဲ့ အဆင့်ကနေပြီး စားပွဲမှာထိုင်ပြီး ဆွေးနွေးနိုင်အောင် အဆင့်ဆင့်ကြိုးပမ်း ဆောင်ရွက်ရပါတယ်။
ဒီကနေ့ စားပွဲမှာ ထိတွေ့ဆွေးနွေးရာမှ တူညီတဲ့အချက်တွေကို လက်တွဲပူးပေါင်းလုပ်မယ်၊ မတူညီ တာတွေကို စားပွဲမှာပဲ တဖြည်းဖြည်း ညှိနှိုင်းဆွေးနွေးယူမယ် ဆိုတဲ့ နိုင်ငံရေး ပုံစံသစ် တစ်ရပ် ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ 
ယခုအခါမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၃) ဖွဲ့နဲ့ ပြည်ထောင်စုအစိုးရအဆင့်မှာ ထိတွေ့ဆွေးနွေး နိုင်ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဆိုင်း သွားခဲ့ပြီ ဖြစ်ပါတယ်။ မကြာမီမှာ တစ်နိုင်ငံလုံး ပတ်ခတ် တိုက် ခိုက်မှု ရပ်ဆိုင်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်တော့မှာ ဖြစ်ပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းရုံနဲ့ မပြီးသေးပါဘူး၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိဖို့ အတွက် လွှတ်တော်ကိုတင်ပြပြီး လွှတ်တော်က ဖွဲ့စည်းပေးတဲ့ အဖွဲ့အစည်းနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လုပ် ရဦးမှာ ဖြစ်ပါတယ်။ နှစ်နှစ်တာကာလအတွင်း ဒီအခြေအနေ အထိ ရောက်လာအောင် အခက်အခဲ အမျိုးမျိုးကြားက ကြိုးပမ်းဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။
ဒုတိယ ရည်မှန်းချက်ဖြစ်တဲ့ ပြည်သူတွေ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟိုကချုပ်ကိုင်တဲ့ စီးပွားရေးစနစ်အစား ယှဉ်ပြိုင်နိုင်ခွင့် ရှိတဲ့ ဈေးကွက်စီးပွားရေး စနစ်ကို ပြောင်းလဲ ဖော်ဆောင်ပေးခဲ့ ပါတယ်။ ပုံသေသတ်မှတ်ထားတဲ့ ငွေကြေးလဲလှယ်မှု စနစ်ကိုလည်း ဈေးကွက်အရ ဖြစ်ပေါ်နေတဲ့ ငွေကြေး လဲလှယ်မှု စနစ်သို့ ညင်သာစွာ ပြောင်းလဲပေးခဲ့ပါတယ်။ အတိုးနှုန်း လျော့ပေးမှုတွေ၊ လိုင်စင် လွတ်လပ် ခွင့်တွေ၊ ငွေကြေး မူဝါဒတွေ၊ ဘဏ်စနစ်တွေ စတဲ့ စီးပွားရေးရဲ့ အခြေခံလိုအပ်ချက်တွေကို ကနဦး 
ပြောင်းလဲပေး ခဲ့ပါတယ်။
နိုင်ငံလူဦးရေရဲ့ (၇၀) ရာနှုန်းခန့်ဟာ ကျေးလက်မှာနေထိုင်ကြပြီး ဆင်းရဲနွမ်းပါးမှုနှုန်း အများဆုံး ဟာ ကျေးလက်နေပြည်သူများ ဖြစ်ကြပါတယ်။ ဒါကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်း ပါးမှု လျှော့ချရေးလုပ်ငန်းကို ဦးစားပေးပြီး လုပ်ငန်းစဉ် (၈) ရပ် ချမှတ်ကာ အကောင်အထည်
ဖော် ဆောင်ရွက်နေပါတယ်။ 
ပိုမိုပြီး ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ အတွက် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ကို မွေးမြူရေး 
ရေလုပ်ငန်း နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနလို့ ပြောင်းလဲပြီး Focal Ministry တစ်ခု သတ်မှတ် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
တိုင်းပြည်ရဲ့ စီးပွားရေးကို မြှင့်တင်နိုင်ဖို့အတွက် မိမိတို့နိုင်ငံမှာ အခြေခံကောင်းတွေ ရှိပါတယ်။ သဘာဝ သယံဇာတတွေ ပေါကြွယ်ဝပါတယ်။ လုပ်သားတွေ ရှိပါတယ်။ ပတ်ဝန်းကျင်မှာ လူဦးရေများပြီး ကြီးမား တဲ့ ဈေးကွက်လည်း ရှိပါတယ်။ 
သို့သော်လည်း ကျွန်တော်တို့ လိုအပ်နေတာ အရင်းအနှီး၊ နည်းပညာနဲ့ လူသားအရင်းအမြစ်တို့ ဖြစ်ပါတယ်။ လိုအပ်တဲ့ အရင်းအနှီးနဲ့ နည်းပညာရဖို့အတွက် ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ရပါတယ်။ 
ပြည်ပ အရင်းအနှီးတွေ ဝင်ရောက်လာနိုင်ဖို့အတွက် နိုင်ငံတကာနဲ့ လိုက်လျောညီထွေ ဖြစ်တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ (Foreign Investment Law) ကို ရေးဆွဲ ပြဋ္ဌာန်းရပါတယ်။ တစ်ဖန် စီးပွားရေး ပိတ်ဆို့ထားမှုတွေ ဖယ်ရှားပေးနိုင်အောင် ကြိုးပမ်း ဆောင်ရွက် ရပါတယ်။ ကျွန်တော်တို့ရဲ့ ကုန်လွန်ခဲ့တဲ့ လပေါင်း (၃၀) ကာလ အတွင်း အရေးကြီးတဲ့ လုပ်ငန်းတွေကို မနားတမ်းဆောင်ရွက်ခဲ့ကြရတာ ဖြစ်ပါတယ်။
ယခုအခါ အခြေခံ စီးပွားရေးရဲ့ အဓိက လိုအပ်ချက်တွေကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် ပြည်ပက အထောက်အပံ့တွေ၊ အတိုးနှုန်း သက်သာတဲ့ ချေးငွေတွေ၊ နည်းပညာ အကူအညီတွေ တစ်ဖွဲဖွဲ ဝင်ရောက်လာနေပြီ ဖြစ်ပါတယ်။ 
လူ့စွမ်းအား အရင်းအမြစ်တွေကိုလည်း ကဏ္ဍစုံမှ မွေးမြူလေ့ကျင့်ပေးနေပြီ ဖြစ်ပါတယ်။ ပထမအဆင့် အနေနဲ့ ပြည်သူတွေ အလုပ်အကိုင်များများ ရနိုင်တဲ့ အခြေခံ အဆောက်အဦတွေ၊ စက်ရုံတွေ၊ စိုက်ခင်းကြီးတွေ၊ စက်မှုဇုန်တွေ ဖြစ်ပေါ်လာအောင် ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ 
တစ်ချိန်တည်းမှာပဲ တန်ဖိုးမြင့်တဲ့ ကုန်ပစ္စည်းတွေ၊ အရည်အသွေး ကောင်းတဲ့ ကုန်ပစ္စည်းတွေ ထုတ် လုပ်နိုင် ဖို့အတွက် ပုဂ္ဂလိကနဲ့ သမဝါယမကဏ္ဍတွေကို တိုးမြှင့်အားပေးပြီး SME တွေ များများပေါ်ပေါက် လာဖို့ တွန်းအားပေး ဆောင်ရွက် နေပါတယ်။
မိမိတို့ အစိုးရအနေနဲ့ ကျန်ရှိတဲ့ လပေါင်း (၃၀) အတွင်း ပြည်သူတွေ တိုက်ရိုက် အကျိုးခံစားလို တဲ့ ရေ
ကောင်းရေသန့် ရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ သွားလာမှု အဆင် ပြေစေရေး၊ အလုပ်အကိုင် ရရှိရေး လုပ်ငန်းတွေကို ဦးစားပေး  ဆောင်ရွက်ကြဖို့နဲ့ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ရမယ့် လုပ်ငန်းတွေကို အားသွန်ခွန်စိုက် တက်တက်ကြွကြွ မြန်မြန်ဆန်ဆန် ဝိုင်းလုပ်ကြဖို့ လိုအပ်ပါတယ်။
ဒီလုပ်ငန်းတွေဟာ ပြည်သူတွေရဲ့ ဆန္ဒ၊ ပြည်သူတွေရဲ့ မျှော်မှန်းချက်ဖြစ်ပြီး မိမိတို့ အစိုးရရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေ ဖြစ်တဲ့အတွက် ဒီလုပ်ငန်းတွေ အောင်မြင်အောင် အစိုးရ တစ်ဖွဲ့လုံး တက်ညီလက်ညီနဲ့ ဝိုင်းလုပ်ကြဖို့ ဖြစ်ပါတယ်။ အလုပ်လုပ်ကြတဲ့အခါ စေတနာ အလျောက် လုပ်မှားကိုင်မှား ဖြစ်တာကို ပြုပြင် ပြင်ဆင်ပေးနိုင်သော်လည်း ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနဲ့ အဂတိတရားတွေ ကင်းရှင်း
အောင် စောင့်ထိန်း သွားကြဖို့ သတိပေးပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
ဧရာဝတီ

Tuesday, August 13, 2013

ခြောက်ရက်အတွင်း တတိယအကြိမ် ဝန်ကြီးများ ပြောင်းလဲ၊ ခန့်အပ် တာဝန်ပေး

ခြောက်ရက်အတွင်း တတိယအကြိမ်အဖြစ် ဝန်ကြီးများ ပြောင်းလဲခန့်အပ်တာဝန်ပေးမှုအဖြစ် သြဂုတ်လ ၁၃ ရက်တွင် ဒုဝန်ကြီးများကို သမ္မတ ဦးသိန်းစိန်က ခန့်အပ်တာဝန်ပေးလိုက်သည်။

ဝန်ကြီးများ ပြောင်းလဲခြင်း၊ ခန့်အပ်တာဝန်ပေးခြင်းတို့ကို သြဂုတ်လ ၇ ရက်၊ သြဂုတ်လ ၉ ရက်တို့တွင် ပြုလုပ်ခဲ့ပြီး သြဂုတ်လ ၁၃ ရက်တွင် ခြောက်ရက်အတွင်း တတိယအကြိမ်အဖြစ် ထပ်မံပြုလုပ်လိုက်ခြင်းဖြစ်သည်။

သြဂုတ်လ ၁၃ ရက် ဒုဝန်ကြီးများ ခန့်အပ်မှုတွင် ဦးတင်ဦးလွင်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒေါက်တာမြတ်ဦးကို မွေးမြူရေးနှင့် ရေလုပ်ငန်းနှင့်
 ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒေါ်လဲ့လဲ့သိန်းကို အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန အသီးသီး၏ ဒုဝန်ကြီးများအဖြစ် ခန့်အပ်လိုက်သည်။

အနီးစပ်ဆုံး ဝန်ကြီးပြောင်းလဲမှုပြုလုပ်ခြင်းကို သြဂုတ်လ ၉ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် ဝန်ကြီးများကို ပြောင်းလဲ တာဝန်ပေးလိုက်ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ် ဝန်ကြီးများ ပြောင်းလဲတာဝန်ပေးမှုတွင် ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီးအဖြစ် ဒေါက်အောင်ကျော်မင်းကို ခန့်အပ်လိုက်ပြီး ဦးမောင်စံရွှေကို စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးတို့အဖြစ် ခန့်အပ်သည်။ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီးစသည့် အခြားသော ဝန်ကြီး ခြောက်ဦးကိုလည်း ပြောင်းလဲတာဝန်ပေးခြင်းဖြစ်သည်။

သြဂုတ်လ ၇ ရက် ဝန်ကြီးများ ပြောင်းလဲ တာဝန်ပေးမှုတွင် ဦးဇင်ယော်ကို ပို့ဆောင်ရေးဒုဝန်ကြီး၊ ဦးမြင့်ဇော်ကို စွမ်းအင်ဒုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခြင်းဖြစ်သည်။

သမ္မတ ဦးသိန်းစိန်၏ နှနှစ်ခွဲသက်တမ်းကာလအတွင်း ဝန်ကြီးအရေအတွက် အများဆုံး ခန့်အပ် ပြောင်းလဲတာဝန်ပေးမှုအဖြစ် ဇူလိုင်လ ၂၅ ရက်က ပြုလုပ်ခဲ့သေးသည်။ စွမ်းအင်ဝန်ကြီး၊ စက်မှုဝန်ကြီး၊ နယ်စပ်ရေးရာ၊ ကျန်းမာရေး ဒုဝန်ကြီး၊ ပညာရေး ဒုဝန်ကြီး၊ ပြည်ထဲရေး ဒုဝန်ကြီး စသည့် ဌာနများအတွက် ဝန်ကြီးပေါင်း ၁၇ ဦးကို ပြောင်းလဲ၊ ခန့်အပ်တာဝန်ပေးခဲ့သည်။
မဇ္ဈိမသတင်းဌာန

မြန်မာသံရုံ ဗုံးခွဲဖို့ ငွေကြေးထောက်ပံ့သူလို့ ယူဆရသူကို ရဲတွေဖမ်းမိထား

 
အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် ဂျကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးကို ဗုံးခွဲဖို့အတွက် ငွေကြေးထောက်ပံ့မှုလုပ်တယ်လို့ ယူဆရသူကို အင်ဒိုနီးရှားရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

မြန်မာသံရုံးဗုံးခွဲဖို့ ကြိုး စား ရာ မှာ ငွေကြေး ထောက်ပံ့မှု လုပ်ခဲ့တယ်လို့ စွပ်စွဲခံရသူ Muhammad Syaiful Sabani ကို သောကြာနေ့က ရဲတွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး မကြာသေးခင်ကပဲ အဂ္ဂယာန ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ဗုံးပေါက်ကွဲမှုနဲ့ ဆက်နွယ်မှု ရှိမရှိဆိုတာကိုပါ စစ်ဆေးနေပါတယ်။

မြန်မာသံရုံး ဗုံးခွဲဖို့ ကြံစည်မှုနဲ့ အဂ္ဂယာနဘုရား ဗုံးပေါက်မှုတွေဟာ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ဘာသာရေး ပဋိပက္ခနဲ့ ဆက်နွယ်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ၊ မွတ်စလင်တွေ ဖိနှိပ်ခံရတာကို အစ္စလာမ်ဘာသာဝင် အများစု ဖြစ်ကြတဲ့ အင်ဒိုနီးရှားနိုင်ငံသား တချို့က မကျေမနပ် ဖြစ်နေကြတာဖြစ်ပါတယ်။

မြန်မာသံရုံးကို ဗုံးဖောက်ခွဲဖို့ ကြိုးစားခဲ့တဲ့ လူနှစ်ယောက်ကို အင်ဒိုနီးရှားရဲတွေက မေလတုန်းက ဖမ်းဆီးခဲ့တဲ့အပြင် အဖွဲ့ရဲ့ခေါင်းဆောင်တစ်ဦးနဲ့ ဗုံးပြုလုပ်သူကို နောက်ပိုင်းမှာ ဖမ်းဆီးခဲ့ပြီး ခုအခါမှာ ဖောက်ခွဲမှုအတွက် ရံပုံငွေရှာဖွေပေးသူလို့ ယူဆရသူကို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ခုဖမ်းဆီးခံရသူဟာ ငွေကြေးတွေ ရရှိဖို့ ရွှေဆိုင်တချို့မှာ ခိုးယူတာတွေ လုပ်နိုင်တယ်လို့ ရဲတွေက ခန့်မှန်းထားပါတယ်။

ABC Radio Australia

"၈၈၈၈စစ်အစိုးရ အတွင်းရေး” ဦးခင်ညွှန့်နှင့် အင်တာဗျူးမှာ ဘာတွေပြောခဲ့သလဲ"

 
ကျွန်တော်တို့ က အာဏာသိမ်းတာမျိုး မလုပ်ချင်ဘူးလေဗျာ။ ဗိုလ်ချုပ်မှူးကြီးစောမောင်လည်း အဲဒီအချိန်တုန်းက သူကအာဏာသိမ်းတာမျိုး မလိုလားဘူး။ သူက သဘောထားနူးညံ့တယ်ဗျ။ ကျွန်တော်တို့ နောက်ဆုံးသုံးယောက်စဉ်းစားတာတောင်မှ ဒီဟာကြီးကို ဘယ်လိုလုပ်ဖြေရှင်းရမှန်းမသိဘူး။ငါလည်း မဖြေရှင်းတတ်ဘူးကွတဲ့။ စစ်တပ်ကသေနတ်က ပြည်သူကြားထဲဘယ်ပစ်လို့ ဖြစ်မလဲကွတဲ့။ ငါတို့ ကလည်း တဖြည်းဖြည်းဆိုးဝါးလာတဲ့ anarchism၀င်လာတဲ့ဥစ္စာကိုထိန်းဖို့ သိမ်းဖို့ ကတို့ လည်းခက်တယ်ကွတဲ့။
ဒါကြောင့် အေဒီလမ်းသွားမယ်ဆိုပြီး ဒီလိုကိုးဗျ။ စစ်တပ်က ပစ်တယ်ခတ်တယ်ဆိုတာက အတင်းအဓမ္မ အကြမ်းပတမ်းနဲ့ အဲဒီအချိန်အခါတုန်းက မလုပ်ဘူးခင်ဗျ။တချို့ လည်း အဲဒီမှာ ထင်ကြေးပေးတာလည်း ပါချင်ပါမှာပေါ့ဗျာ။ အသေးစိတ်တော့ ကျွန်တော်လည်းမသိဘူးပေါ့။ ထောက်လှန်းရေးကဘယ်ရှိမလဲဗျာ။ကျွန်တော်တို့ ကသတင်း
အချက်အလက်နဲ့ လုပ်တာဘဲ။ ထောက်လှန်းရေးမှာ သေနတ်တောင်မရှိဘူး။ ကျွန်တော်တို့ မှာသေနတ်ဘယ်ရှိမလဲဗျ။ ဝေါ်ကီတော်ကီဘဲရှိတာဗျ။ လူပရိသတ်ထဲမှာဝေါ်ကီတော်ကီနဲ့ သွားပြီးသတင်းယူရတာ။ အန္တရာယ်လည်းကြီးပါတယ်။ ကျွန်တော်တို့ ကဘယ်လိုလုပ်အမိန့် ပေးလို့ ရမလဲဗျာ။ကျွန်တော်တို့ ကစစ်တပ်အကြီးအကဲမှမဟုတ်ဘဲ။
 ထောက်လှန်းရေးဆိုတာ ခိုင်းတာလုပ်တာဗျ။ မဟုတ်ဘူးလား။ သူတို့ ကထင်နေတာက အကုန်လုံးလျှောက်ပြီးတော့မှအကုန်လုံးအပေါ်မှာ စိုးမိုးလိမ့်မယ်လို့ ထင်တာ။ ဘယ်ဟုတ်မှာလဲဗျ။ ဘယ်စိုးမိုးလို့ ရမလဲ။ စစ်တပ်ကအစဉ်အလာနဲ့ နေတာဗျ။ ကျွန်တော်ကအဲဒီအချိန်မှာ ထောက်လှန်းရေးအကြီးအကဲဆိုပေမယ့် ကျွန်တော်က နံပတ်သရီးအဆင့်ဘဲရှိတယ်။ ကျွန်တော့်ကို န၀တက တာဝန်ပေးတဲ့အချိန်ပေါ့။၈၈ မှာ ကျွန်တော် အတွင်းရေးမှူး (၁)ဖြစ်တော့ကျွန်တော်ကနံပတ်သရီးအဆင့် ရှိတာ။ နံပတ်သရီးဆိုတာ နံပတ်ဝမ်း။ တူးကို ကျော်လွှားလို့ မရဘူးခင်ဗျ။ ထောက်လှန်းရေးဆိုပြီး ပစ်မှတ်ညွှန်နေတာကိုးဗျ။ ကျွန်တော်ကလည်း အဲဒါကိုမတုန့် ပြန်ချင်ဘူးဗျ။ ဘာကြောင့်လဲဆို အရူးနဲ့ လူကောင်းနဲ့ စကားပြောရင်လူကောင်းဘဲနစ်နာမှာပေါ့ဗျာ။ အရူးဘယ်နစ်နာမလဲဗျ။ မဟုတ်ဘူးလား။အခုအရူးချီးပန်းလိုလုပ်နေကြတာတွေဗျ။ အဓိကဆိုးဝါးသွားတာ နိုင်ငံရေးအကျဉ်းသားတွေပေါ်လာတာ။ ထောင်ကျတာ။ ထောင်ထဲမှာ သတ်တာ၊ဖြတ်တာ၊ သေတာတွေအားလုံးဟာ ထောက်လှန်းရေးလက်ချက်လို့ ။ ခင်ဗျားကို ကျွန်တော်ပြောမယ်နော်။ အဲဒီအချိန်တုန်းက စစ်အုပ်ချုပ်ရေးဗျ။ အခုအုပ်ချုပ်ရေးနဲ့ မတူဘူးဗျ။ အခုက ဒီမိုကရေစီခေတ်မှာမို့ ပြောပိုင်ခွင့်ရှိတာကိုးဗျ။ စစ်အုပ်ချုပ်ရေး ခေတ်မှာ ဘယ်သူပြောရဲသလဲ။ ပြောပိုင်ခွင့်မရှိဘူးဗျ။ သူ့ ဥပဒေနဲ့ သူဗျ။အဲဒီအချိန်တုန်းက ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေက ရှိတယ်ဗျ။ တည်ဆဲဥပဒေအနေနဲ့ လုပ်တာ။ ဟိုတစ်ချိန်တုန်းက တည်ဆဲဥပဒေကိုဖောက်ဖျက်ရင်ဖောက်ဖျက်တဲ့သူခံရတာဘဲ။ ကျွန်တော်လူကြီးတစ်ယောက်လုပ်ခဲ့တဲ့အချိန်မှာ ယခင်တုန်းက ကောင်းတာရော၊မကောင်းတာရော ပြန်ပြီးဖွင့်ချရမယ်ဆိုတာက လူကြီးရဲ့ အဂါ င်္ရပ်နဲ့ မညီဘူးဗျ။ အကုန်ဖွင့်ချမယ်ဆိုရင် ကျွန်တော်က ဖော်ကောင်ဘညွန့် လိုဖြစ်သွားမှာပေါ့။ဖော်ကောင်လုပ်မယ့်စရိုက်မျိုး ကျွန်တော့်မှာမရှိဘူး။ ပြီးခဲ့တာပြီးပြီ။ အတိတ်ကအတိတ်ကိုထားခဲ့မယ်။ ကောင်းတာဆိုးတာသည် အတိတ်မှာကျန်ခဲ့ပြီ။ဘုရားဟောတာနဲ့ အတူတူပေါ့ဗျာ။ နောက်ပြီး အနာဂတ်ကိုလည်း ဘာကြီး ဖြစ်ရမယ်၊ ညာကြီးဖြစ်ရမယ် မျှော်မှန်းချက်လည်းမရှိပါဘူး။ ပစ္စုပ္ပန်မှာဘာလုပ်သင့်သလဲ။ လောလောဆယ် ဘာဖြစ်သင့်သလဲ။ လုပ်သင့်တာလုပ်မယ်။ ဖြစ်သင့်တာဖြစ်ရမယ်။ ဒါဘဲ။ ကျွန်တော်ထင်တယ်။ တိုင်းပြည်အုပ်ချုပ်တဲ့အစိုးရဆိုတော့ ကောင်းရာကောင်းကျိုးလုပ်တာဘဲဗျ။ တိုင်းပြည်တည်ငြိမ်အေးချမ်းအောင်။ဘာဖြစ်လို့ လဲဆိုတော့ သူတာဝန်ရှိတာကိုးဗျ။ သူကြိုးစားလုပ်တာဘဲဗျ။ ဒါပေမယ့်အဲဒီမှာလူတွေမညီညွတ်ရင်တော့ ဘယ်လိုမှမအောင်မြင်နိုင်ဘူး။ - စည်းလုံးညီညွတ်မှု ရှိရမယ်။ ဦးကိုနင်းရင် ပဲ့ကထောင်၊ ပဲ့နင်းဦးထောင်ဆိုရင်တော့ တိုင်းပြည်က ဘယ်လိုမှမတိုးတက်ဘူး။ အခုအချိန်မှာ အချိန်ကောင်းဗျာ။ ဒီအချိန်မှာ လူတွေက ညီညွတ်နေရမယ်။ အခုကမဟုတ်ဘူးဗျ။ အပြစ်အနာအဆာတွေ လျှောက်ဖော်။ဟီးရိုးလုပ်နေကြတာကိုးဗျ။ ဟီးရိုးလုပ်နေကြတော့ တိုင်းပြည်တိုးတက်ဖို့ တော်တော်ခက်တယ်ဗျ။ အစိုးရလည်းခေါင်းနောက်။ သူလည်းပြဿနာပေါင်းအများကြီးဗျ။ အဲဒါတွေကို မနည်းဖြေရှင်းနေရတာဆိုတဲ့အခါကျတော့ အဲဒီကြားထဲမှာမှ ဟိုလူကဟိုဘက်ကနေထအော်လိုက်၊ ဒီလူကထအော်လိုက်။ဟိုဘက်ကအပုပ်ချလိုက်၊ ဒီဘက်ကအပုပ်ချလိုက်ဆိုရင် ခင်ဗျားဘယ်လိုလုပ်မလဲ။ဒီဟာတွေကို တစ်ယောက်နဲ့ တစ်ယောက် အပုပ်ချရမယ့်အစား အခုအချိန်မှာဒါအပုပ်ချရမယ့်အချိန်အခါမျိုးမဟုတ်ဘူး။ အားလုံးက၀ိုင်းလုပ်ရမယ်။တက်ညီလက်ညီနဲ့ လုပ်ရမယ်ဆိုတဲ့ စိတ်စေတနာရှိကြဖို့ လိုတယ်ဗျ။ အခုတော့မဟုတ်ဘူးဗျ။ ဟီးရိုးလုပ်ချင်တဲ့သူက များနေတာဗျ။ ခက်တယ်ဗျ။ ကျွန်တော်ကအဲဒီအထဲမှာမပါဘူး။ အခုလည်းအပုပ်ချရေးနေတာ ရေးပါလေ့စေ။ကျွန်တော်စောစောကပြောသလိုပေါ့။ အရူးနဲ့ လူကောင်း ဖက်ပြီးရန်ဖြစ်ရင်လူကောင်းဘဲနစ်နာမှာပေါ့ဗျာ။ အရူးကတော့ဘယ်သိမလဲ။ အရူးဘဲ။မဟုတ်ဘူးလား။ အခုလည်း ကျွန်တော့်ကိုရေးနေတာဘဲ။ အရူးနဲ့ ဖက်ပြီးရန်ဖြစ်ရင် ကျွန်တော်ပါအရူး ဖြစ်သွားမှာပေါ့။ မလုပ်ပါဘူး။ သူ့ ဘာသာသူ ပြောချင်တာပြော၊ရေးချင်တာရေး။ လက်ညောင်းရင်ရပ်သွားလိမ့်မယ်။ ကျွန်တော့်ကိုအပုပ်ချလည်းကိစ္စမရှိဘူး။ ကျွန်တော်အခုအချိန်မှာ ဘာသာရေးလုပ်မယ်။ ဒါဘဲ။ ကျွန်တော်နိုင်ငံရေးလုံးဝမလုပ်ဘူးဆိုတာ ခင်ဗျားကိုပြောပြီးပြီ။ ဘယ်သူလာဆွယ်ဆွယ်၊ ဘယ်သူက ကျွန်တော့်ကိုမှ လာပြီးတော့မှမှဆွဲဆောင်ဆွဲဆောင် ဘယ်တော့မှနိုင်ငံရေးမလုပ်ဘူး။ ခင်ဗျားတို့ ကြားတာက ကြားတာပေါ့ဗျာ။ ကျွန်တော်တို့ က လုံခြုံရေးလိုက်ရမယ်ဆိုရင် လုံခြုံရေးကိုလိုက်ရတယ်။ ဒေါ်စုနဲ့ ပက်သက်လို့ ကတော့ ကျွန်တော့်စိတ် ထဲမှာ ညီမလေးလိုဘဲ အမြဲတမ်းသဘောထားတယ်။ ဘယ်တော့မှ သူ့ အပေါ်အညှိုးအတေးလိုမျိုးရှိစရာအကြောင်းမဟုတ်ဘူးဗျာ။ နိုင်ငံရေးလုပ်တဲ့အခါ အယူအဆချင်းက တစ်ယောက်နဲ့ တစ်ယောက် တူချင်မှတူမှာပေါ့။ သူလည်းသူ့ အယူအဆနဲ့ သူလုပ်တယ်ဆိုတဲ့နေရာမှာ အဲဒီအချိန်အခါကတည်းကိုက ကျွန်တော်က ဒေါ်စုကို ညီမလိုဘဲသဘောထားတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ကမန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးလေ။ ကျွန်တော်တို့ တိုင်းပြည်မှာ ရှာမှရှားဘဲ။ နောက်ထပ်လည်းပေါ်စရာအကြောင်းမရှိပါဘူး။ သူ့ သမီးကိုးဗျ။အဲဒါတော့ အလေးထားတယ်။ ဒီမယ် အဲဒီအချိန်တုန်းက တည်ဆဲဥပဒေအရ ခိုင်းခဲ့တဲ့အချိန်မှာ အဲဒီအချိန်မှာတာဝန်မရှိဘူး။ အခုဒီမိုကရေစီခေတ်အခါမှာ အပြစ်တွေဖော်တယ်ဆိုရင်လည်း ကျွန်တော်ကတာဝန်ပေးလို့ လုပ်ခဲ့ရတာလေဗျ။ ကျွန်တော့်သဘောနဲ့ ကျွန်တော်လုပ်ခဲ့တာ တစ်ခုမှမရှိပါဘူး။ တာဝန်အရလုပ်ခဲ့တာ။ ထောက်လှန်းရေးဆိုတာ ခေါ်စစ်ရတယ်။ ထောင်ချရတယ်လေဗျာ။ သူက ခေါ်စစ်ပြီးထောင်ချရတာဘဲဗျ။ခေါ်စစ်ပြီးတော့ အပြစ်မရှိရင် ပြန်လွှတ်လိုက်တာပေါ့။ အပြစ်ရှိတဲ့လူဆိုရင်ထောင်ချရတာပေါ့ဗျာ။ ဒါကတာဝန်ဗျ။ ကိုယ့်စိတ်သဘောနဲ့ ကိုယ် လုပ်လို့ မရဘူးဗျ။ နောက်စစ်ကြောတယ်ဆိုတာလည်း စစ်ကြောတဲ့သူတွေမှာ သူတို့  procedure ရှိတယ်ဗျ။ procedure အရ လုပ်တာဗျ။ ကျွန်တော်ကဘယ်သူ့ ကိုဘယ်လိုစစ်လိုက်ဟေ့လို့  ကျွန်တော်ပြောပိုင်ခွင့်မရှိဘူး။ ပြောလည်း မပြောဘူး။ ပြောတဲ့အစဉ်အလာလည်းမရှိဘူး။ စစ်ကြောရေးမှာလည်းစစ်ကြောရေး procedure ရှိတယ်။ စစ်ကြောခံရသူအနေအထားကိုကြည့်ပြီးတော့ အမျိုးမျိုးပြောင်းပေးသွားရတာမျိုးရှိတယ်။ ဒါက procedure တွေဗျ။ဒါပေမယ့် တချို့ ကတော့ မဟုတ်တာတွေ လျှောက်ပြောတာပေါ့ဗျာ။ မြေကြီးထဲ မြှုပ်တယ်။ လည်ပင်းဖော်ထားတယ်။ ဂျစ်ကားနဲ့ ဖြတ်တယ်ဆိုတာ ဒါမဟုတ်တာတွေပေါ့ဗျာ။ အဲဒါတွေက ဟုတ်မှမဟုတ်ဘဲဗျ။ အဓိပ္ပာယ်မရှိတာတွေဗျ။ ဒါကဥပဒေတွေရှိတယ်လေ။သူ့ ဥပဒေကြောင်းနဲ့ အညီသွားကြတာဗျ။ကျွန်တော့်ကိုလာတင်ပြတာမဟုတ်ဘူး။ ဥပဒေအရာရှိတွေရှိတယ်လေ။ အပေါ်ကလည်း ဘယ်လောက်ချလိုက်ဟေ့ဆိုတာမရှိပါဘူး။ ဥပဒေထဲပါတယ်လေ။ဘာကျူးလွန်ရင် ဘယ်လောက်ပြစ်ဒဏ်ချရမယ်လဲဆိုတာ။ သူ့ ဥပဒေရှိတယ်။ လုံးဝအဆက်အသွယ်မရှိတော့ဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တင် မဟုတ်ပါဘူး။အောက်က အခုတာဝန်ယူလုပ်နေတဲ့သူတွေလည်း အဆက်အသွယ်မရှိပါဘူး။ လက်ရှိလုပ်နေတဲ့ဝန်ကြီးအဖွဲ့ တွေနဲ့ လည်း အဆက်အသွယ်မရှိဘူး။ပြည်ခိုင်ဖြိုးနဲ့ လည်း အဆက်အသွယ်မရှိဘူး။ ကျွန်တော်လွတ်ခါစတုန်းကကိုအောင်သောင်းနဲ့ ကိုသိန်းဇော်တို့ နှစ်ယောက်လာကြတယ်။ သမ္မတကလွှတ်လိုက်လို့ ပါတဲ့။ အဲဒါက သမ္မတက ကျွန်တော့်တပည့်တွေကိုထိန်းပါဆိုတာ ပြောတာ။ ကျွန်တော့်တပည့်တွေ ကျွန်တော်ထိန်းရမှာပေါ့ဗျာလို့ ။ ဘာမှမဖြစ်စေရပါဘူး။ ကျွန်တော်တာဝန်ယူပါတယ်လို့ ။ အဲဒီနောက်ပိုင်း အဆက်အသွယ် အဆက်အစပ်မရှိတော့ဘူး။ (လျှပ်တပြက်ဂျာနယ် အတွဲ ၄ အမှတ် ၄၃ တွင် ပါရှိသော “၈၈၈၈ စစ်အစိုးရအတွင်းရေး” အင်တာဗျူးမှ ထုတ်နုတ်ဖော်ပြပါသည်။ မေးမြန်းသူမှာ မြတ်ခိုင်ဖြစ်ပြီး ဖြေကြားသူမှာ ခင်ညွန့် ဖြစ်သည်။ ပုံကို အဆိုပါဂျာနယ် မျက်နှာဖုံးမှ) - 
ဒေါင်းမာန်ဟုန်  မှကူးယူဖော်ပြသည်။

အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရေး ကော်မတီဝင်များ ၀န်ကြီးဌာနအတွင်း စတင်ရွေးချယ်

နည်းဆုံး အခကြေးငွေ နည်းဥပဒေအရ အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပေးမည့် ကော်မတီဝင်များကို သက်ဆိုင်ရာ ၀န်ကြီးဌာနအတွင်း စတင်ရွေးချယ် နေပြီဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။
''အခုဝန်ကြီးဌာနမှာ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပေးရေး ကော်မတီမှာ ပါဝင်မယ့် ကိုယ်စားလှယ်တွေကို စတင်ရွေးချယ်နေပါပြီ။ ကော်မတီ ဖွဲ့ပြီးသွားရင်တော့ ကွင်းဆင်းလေ့လာမှုတွေ ပြုလုပ်ပြီး သက်ဆိုင်ရာ အလုပ်အကိုင် အမျိုးအစားအလိုက်၊ ကျွမ်းကျင်မှုအလိုက် အနိမ့်ဆုံး လုပ်ခလစာတွေကို သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်တဲ့ နေရာမှာ ဒေသတစ်ခုနဲ့တစ်ခု၊ အလုပ်အကိုင် အမျိုးအစား တစ်ခုနဲ့တစ်ခု အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်တွေ တူညီမှာ မဟုတ်ပါဘူး'' ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဥပဒေအကြံပေး ဦးသက်နိုင်ဦးက ဆိုသည်။
အနည်းဆုံး အခကြေးငွေ နည်းဥပဒေတွင် အမျိုးသားအဆင့် ကော်မတီဖွဲ့စည်းခြင်း၊ ပြည်ထောင်စု နယ်မြေကော်မတီ၊ အထူးစီးပွားရေးဇုန် ကော်မတီ၊ တိုင်းဒေသကြီးပြည်နယ် ကော်မတီများ ဖွဲ့စည်းရေးတို့ ပါဝင်ကြောင်း သိရသည်။
အနည်းဆုံး အခကြေးငွေကို နိုင်ငံတစ်ဝန်းလုံး အတွက်သော် လည်းကောင်း၊ ပြည်ထောင်စု နယ်မြေအတွက် သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက် သော်လည်းကောင်း၊ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ၀န်ဆောင်မှု လုပ်ငန်းအတွက် သော်လည်းကောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အမျိုးအစားအလိုက် သော်လည်းကောင်း၊ အနည်းဆုံး အခကြေးငွေကိစ္စ သတ်မှတ်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကော်မတီအသီးသီးမှ တင်ပြလာသည့် သတ်မှတ်သင့်သည့် အနည်းဆုံး အခကြေးငွေ နှုန်းထားများကို အများပြည်သူ သိရှိနိုင်ရန်နှင့် ကန့်ကွက်လိုက ကန့်ကွက်နိုင်ရန် အနည်းဆုံး ရက်ပေါင်း ၆၀ အတွင်း ထုတ်ပြန်ကြေညာ သွားမည်ဟု သိရသည်။
Eleven

ကမ္ဘောဒီးယား ရွေးကောက်ပွဲရလဒ် အတိုက်အခံပယ်ချ

ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း တိုင်းပြည်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာတဲ့ လက်ရှိ အာဏာရပါတီ အနိုင်ရသွားတဲ့အကြောင်း ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်ကို အတိုက်အခံပါတီက ပယ်ချလိုက်ပါတယ်။

ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့တယ်လို့ သူတို့ဘက်က စွဲချက်တင်ထားတဲ့အပေါ် အစိုးရဘက်က ဖြေရှင်းပေးခြင်း မရှိတဲ့အတွက် အခုထွက်လာတဲ့ ပဏာမ ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်ဘူးလို့ ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေးပါတီ CNRP က တနင်္လာနေ့မှာ ပြောပါတယ်။

ဇူလိုင်လ ၂၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း အမတ်နေရာ အများစုကို အနိုင်ရခဲ့တယ်လို့ ပြောနေတဲ့ CNRP ပါတီက ကုလသမဂ္ဂ ပါဝင်တဲ့ သီးခြား စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အစိုးရဘက်က လက်မခံဘူးဆိုရင် သူတို့ပါတီအနေနဲ့ လူထု ချီတက်ပွဲ ကျင်းပပြီး ကန့်ကွက်သွားမယ်လို့ ဆိုပါတယ်။
ကမ္ဘောဒီးယားနိုင်ငံက ပြည်နယ်အများစုမှာ ၀န်ကြီးချုပ် ဟွန်ဆန် ဦးဆောင်တဲ့ ကမ္ဘောဒီးယား ပြည်သူ့ပါတီ CPP က မသိမသာ အသာစီးရပြီး နိုင်သွားတယ်လို့ အမျိုးသားရွေးကောက်ပွဲ ကော်မရှင်က တနင်္လာနေ့မှာ ပြောပါတယ်။

CPP ပါတီက လွှတ်တော်အမတ်နေရာ ၆၈ နေရာနဲ့ CNRP က ၅၅ နေရာ အသီးသီး အနိုင်ရခဲ့တယ်လို့ အစောပိုင်းမှာ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ စာရင်းအတိုင်း တထပ်ထဲ ဖြစ်နေတာကြောင့် လက်ရှိ အာဏာရပါတီအနေနဲ့ အရင် ရထားတဲ့ အမတ်နေရာတွေထဲက ၂၂ နေရာ လက်လွတ် ဆုံးရှုံးသွားတာလည်း ဖြစ်ပါတယ်။
VOA

အီဂျစ်သမ္မတဟောင်းမော်စီ ချုပ်ရက်သက်တမ်းတိုး

အီဂျစ်နိုင်ငံမှာ နိုင်ငံရေး ပဋိပက္ခတွေ ပိုပြီးနက်ရှိုင်းသွားစေခဲ့တဲ့ စစ်တပ်က ပြီးခဲ့တဲ့လတုန်းက ရာထူးကနေ ဖယ်ရှားလိုက်တဲ့ သမ္မတဟောင်း မိုဟာမက်မော်စီ (Mohamed Morsi) ကို  စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ကြားဖြတ်အစိုးရက ထိန်းသိမ်းထားတာကို ဆက်ပြီး ရက်တိုးလိုက်ပါတယ်။

၂၀၁၁ ခုနှစ် အီဂျစ်တော်လှန်ရေးကာလအတွင်း ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမက်စ်က မစ္စတာ မော်စီနဲ့ တခြား အစ္စလာမ်ဝါဒီတွေကို ထောင်ဖောက် ထွက်ပြေးနိုင်အောင် ကူညီခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး ဖို့အတွက် အီဂျစ်တရားရေးဌာနက မစ္စတာ မော်စီကို နောက်ထပ် ၁၅ ရက်တိုး ထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။

မစ္စတာ မော်စီကို သမ္မတရာထူးကနေ ဖယ်ရှားခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ ကတည်းကစပြီး အီဂျစ် အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

အစ္စလာမ်ဝါဒီ အများစု ပါဝင်တဲ့ မစ္စတာ မော်စီကို ထောက်ခံသူတွေကတော့ ကိုင်ရိုမြို့မှာ ဆန္ဒပြစခန်း ၂ ခုဖွင့်ပြီး မစ္စတာ မော်စီကို ရာထူးပြန်လည် အပ်နှင်းဖို့ တလကျော်ကြာ ဆန္ဒပြနေကြပါတယ်။ ကြားဖြတ်အစိုးရ အရာရှိတွေက ဆန္ဒပြသပိတ်စခန်းတွေကို ဖြိုခွဲမယ်လို့ သတိပေးထားပေမဲ့၊ တနင်္လာနေ့ ညနေပိုင်း အထိတော့ ဖြိုခွင်းတာတွေ လုပ်တာ မတွေ့ရသေးပါဘူး။ 
ဗွီအိုအေ (မြန်မာပိုင်း)

Monday, August 12, 2013

တရားစီရင်ရေးတွင် အုပ်ချုပ်ရေးပိုင်း ၀င်စွက်မှုများရှိ

 
မြန်မာပြည်ရဲ့ တရားစီရင်ရေးမှာ အုပ်ချုပ်ရေးရဲ့ ၀င်ရောက်စွက်မှုတွေ ရှိနေတဲ့အပြင် ဥပဒေတချို့ရဲ့ အားနည်းချက်ကြောင့် ပြည်သူတွေ နစ်နာနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော်ကို တင်သွင်းတဲ့ အစီရင်ခံစာထဲမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ မြေယာအငြင်းပွားမှုတွေ၊ ရာဇ၀တ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားတာပါ။ရဲတွေက ရာဇ၀တ်မှုကျူးလွန်တဲ့ တရားခံတွေကို တိတိကျကျ မဖော်ထုတ်နိုင်ခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို မျက်ကွယ်ပြုထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တရားရုံးမှာ အမှုလိုက်ရှေ့နေတွေကလည်း ကျင့်ဝတ်၊ ဥပဒေနဲ့အညီ လုပ်ကိုင်ဖို့ လိုအပ်နေခြင်း၊  မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးတွေဟာ ရပ်ကွက်အုပ်ချုပ်ရေး ဥပဒေကို ချိုးဖောက်ပြီး ရက်ကွက် အုပ်ချုပ်ရေးမှူးတွေကို ပြည်သူလူထုရဲ့ဆန္ဒကို ဆန့်ကျင်ပြီး ရွေးချယ်နေကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကလည်း လောင်းကစားမှုတွေကို မသိကျိုးကျွန် ပြုထားကြောင်း စသဖြင့် ဖော်ပြထားပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလလို့ ဗဟိုက လမ်းညွှန်ပြောကြားနေပေမယ့် အဆင့်ဆင့်သော အုပ်ချုပ်ရေးပိုင်းမှာ အကျင့်ဟောင်းတွေ၊ အကျင့်ပျက်ခြစားတာတွေ မပျောက်မပျက် ဆက်ရှိနေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီနေ့တင်သွင်းခဲ့တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီအဖွဲ့ဝင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် လွှတ်တော်အမတ် ဒေါ်ခင်စောဝေနဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။


by ကို​ထွေး​(ဒီဗွီဘီ)

မီဒီယာဥပဒေ ပြန်ကြားရေးဝန်ကြီးနဲ့ ဆွေးနွေးပေမဲ့ ပြေလည်မှုမရ

Park Royal ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ပြောကြားနေစဉ် (၁၂ သြဂုတ် ၂၀၁၃)
Park Royal ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ပြောကြားနေစဉ် (၁၂ သြဂုတ် ၂၀၁၃)
အခြေအတင်ဖြစ်နေရတဲ့ မြန်မာနိုင်ငံက သတင်းမီဒီယာ ဥပဒေကြမ်းနဲ့ပတ်သက်လို့ မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ စာနယ်ဇင်းသမားတွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ ကြပေမဲ့ တိတိကျကျ ပြေလည်မှု တစုံတရာတော့ မရခဲ့ကြပါဘူး။

ဒီ့အတွက်လည်း ဆက်လက်ပြီးတော့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်သွား မှာဖြစ်တဲ့အကြောင်း ပြန်ကြားရေးဝန်ကြီးက ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကိုတော့ Park Royal ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တက်ရောက်သတင်းယူခဲ့တဲ့ ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ခဲ့ပါတယ်။

စာနယ်ဇင်းကောင်စီ ယာယီ နဲ့ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကြား မီဒီယာဥပဒေကြမ်းနဲ့ ပတ်သက်လို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါ
တယ်။ တွေ့ဆုံမှုတွေအပြီး ရန်ကုန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အငြင်းပွားမှုတွေ ဖြစ်နေတဲ့ စာနယ်ဇင်းကောင်စီနဲ့ ပြန်ကြားရေးဝန်ကြီးဌာန တို့ တွေ့ဆုံမှုအပြီး ဆက်လက် ဆွေးနွေးဖို့ကိစ္စတွေ ရှိနေသေးတယ်ဆိုတဲ့ အကြောင်း ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည် က ပြောပါတယ်။

“ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ အခု ဒီကနေ့ လုပ်တဲ့ အစည်းအဝေးဟာ CDivisive ဖြစ်နေတဲ့ ကွဲလွဲနေတဲ့ Idea တွေကို ပြန်စုစည်းတဲ့ အစည်းအဝေးပါပဲ။ ကျနော်တို့မှာ မတူကွဲပြားတဲ့ သဘောထားလေးတွေရှိပါ တယ်။ ဒါဟာ အလွန်ကောင်းမွန်တဲ့ တန်ဖိုးရှိတဲ့ အယူအဆ အသစ်တွေ ပေါ်ထွန်း လာစေမယ့် ပိုမိုပြီးတော့ တန်ဖိုးရှိတဲ့ ရလဒ် ပေါ်ပေါက်လာစေဖို့ အကြောင်းတရားတွေ ဖြစ်ပါတယ်။”

စာနယ်ဇင်းကောင်စီနဲ့ တွေ့ဆုံမှုတွေ လုပ်အပြီးမှာ ပြန်ကြားရေးဝန်ကြီးဌာန က မြန်မာ့မီဒီယာ ပုံစံကို လူမှုတာဝန်သိ မီဒီယာ ပုံစံမျိုးဖြစ်အောင် ပြောင်းလဲဖို့ လုပ်ဆောင်နေတယ် ဆိုပြီးတော့ ပြောခဲ့ပါသေးတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာ့မီဒီယာ ပုံစံကို လူမှုတာဝန်သိ မီဒီယာကိစ္စ အဖြစ် ပြောင်းလဲနေတဲ့အပေါ်မှာတော့ သတင်းမီဒီယာကောင်စီအနေနဲ့ လက်ခံမယ်၊ လက်မခံဘူးဆိုတာကိုတော့ သတင်းမီဒီယာကောင်စီဝင်တွေနဲ့ ညှိနှိုင်းပြီးမှ ပြောနိုင်မယ်လို့ စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေ က ပြောပါတယ်။

“ဒီနေ့ပြောတဲ့ ဒီနေ့ဆွေးနွေးတဲ့ Social Responsibility ပတ်သက်ပြီးတော့ ကျနော်တို့က ချက်ချင်း အကြောင်းမပြန်ဘူး။ ပြီးတော့မှ ကျနော်တို့ Press Council Meeting သပ်သပ်လုပ်ပြီးတော့မှ ကျနော်တို့က သူတို့ကို အကြောင်းပြန်မယ်။”

အရင်က အငြင်းပွားစရာတွေနဲ့ အခြေအနေ တင်းမာခဲ့တဲ့ ပြန်ကြားရေးက ရေးဆွဲ တဲ့ ပုံနှိပ်ရေးနဲ့ ထုတ်ဝေးရေး ဥပဒေ မူကြမ်းကိုရော၊ သတင်းမီဒီယာဥပဒေ မူကြမ်းကိစ္စကိုရော ပြန်ပြီး ညှိနှိုင်းသွားမယ်လို့ ဦးအောင်ကြည်က ဗွီအိုအေရဲ့ သီးခြားမေးမြန်းမှုမှာ ပြန်လည် ဖြေကြားခဲ့ပါတယ်။

“ဒါ Democracy Practice မှာ ဒီလို မတူကွဲပြားမှုကို ကျနော်တို့က တန်ဖိုးထားရမယ်။ နောက် လူတိုင်းမှာ ဟုတ်လား ကွဲပြားခြားနားတဲ့ သဘောထားတွေ ရှိပိုင်ခွင့်ရှိတယ်။ Divisive Idea အဖြစ် ကွဲလွဲပိုင်ခွင့် ရှိပါတယ်။ အဲ့တော့ အဲ့ဒီ Idea တွေက ဒါ ဒုတိယ၀န်ကြီးအနေနဲ့ ရှင်းပြခဲ့ပြီး ဖြစ်ပါတယ်။ အခု ကျနော်တို့ ဒီမှာ ဒီနေ့ ပြန်ဆွေးနွေးလိုက်တဲ့အခါမှာ ကွဲပြားခြားနားမှုတွေအားလုံးကို ခုန ကျနော် ဆွေးနွေးခဲ့တဲ့ Compromising Process နဲ့ ကျနော်တို့ဟာ ဟုတ်လား ပြန်လည်ပြီးတော့မှ ပေါင်းစုမယ်။
ပေါင်းစုပြီးတော့မှ ဆွေးနွေးကြမယ်။ စဉ်းစားကြမယ်။ သူ့ဘက်က လျှော့ပေးစရာ ရှိတာလည်း လျှော့ပေးမယ်။ ကိုယ့်ဘက်က လျှော့ပေးစရာ ရှိတာလည်း လျှော့ပေးမယ်။”

အခုလို နှစ်ဘက် တွေ့ဆုံမှုတွေ ရှိခဲ့ပေမဲ့ ကျေနပ်လောက်တဲ့ သဘောတူညီမှု တစုံတရာတော့ မရရှိခဲ့ဘူးလို့ စာနယ်ဇင်းကောင်စီ ပြောခွင့်ရှိသူ ဦးသီဟစော က ပြောပါတယ်။

“ဒီနေ့ အစည်းအဝေးမတိုင်ခင် စီစဉ်ထားတာက နိုင်ငံရေးပါတီတခုမှာရှိတဲ့ ရွေးချယ်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တင်မယ်ဆိုပြီးတော့ စီစဉ်ထားတယ်။ ပြန်ကြားရေးက နဂိုက မတင်သေးဘူးလို့ ပြောထားတာကိုး။ ဒါပေမဲ့ ဒီနေ့ ပြောတဲ့အခါမှာ အဲ့ဒီကိစ္စ အသေးစိတ်ကို လုံးဝ မပြောကြဘူး။ ဆိုတော့ အဲ့ဒီ စာနယ်ဇင်းကောင်စီရဲ့ နဂို စဉ်းစားထားပြီးသား လွှတ်တော်မှာရှိတဲ့ အမတ်တွေနဲ့ ပြောထားပြီးသား ကိစ္စနဲ့ပဲ ဆက်တင်မလား။ ပြန်ကြားရေးက တာဝန်ယူမလားဆိုတဲ့ အဖြေ ဒီနေ့ မထွက်ခဲ့ပါဘူး။”

ပြန်ကြားရေး ၀န်ကြီးဌာနဘက်က ပြန်လည် ညှိနှိုင်းမှုတွေ လုပ်ခဲ့ပေမဲ့ ဘယ်အတိုင်းအတာထိ ဖြေရှင်းနိုင်မယ်ဆိုတာကိုတော့ မသိနိုင်ဘူလို့ ဦးသီဟစော က ပြောပါတယ်။

သတင်းမီဒီယာသမားတွေ အကြီးအကျယ် ကန့်ကွက်မှုတွေ ရှိနေတဲ့ ဒီပုံနှိပ်ရေးနဲ့ ထုတ်ဝေရေး ဥပဒေမူကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာနက ပြည်သူ့လွှတ်တော်ကို တင်ပြခဲ့ပြီးတော့ ပြည်သူ့လွှတ်တော်ကနေ ကန့်ကွက်သူမရှိ အတည်ပြုခဲ့တဲ့အတွက် အခုဆိုရင် ဒီဥပဒေဟာ အမျိုးသားလွှတ်တော်ကို ရောက်ရှိသွားပြီဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ အငြင်းပွားစရာတွေ ဖြစ်လာတဲ့ ဒီဥပဒေကို စာနယ်ဇင်းကောင်စီက ကန့်ကွက်လာတဲ့အတွက် မနက်ဖြန် သြဂုတ်လ ၁၃ ရက်နေ့မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သတင်းမီဒီယာကောင်စီက တာဝန်ရှိသူတွေ နေပြည်တော်မှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။

စာနယ်ဇင်းကောင်စီကို နိုင်ငံတော်သမ္မတအမိန့်နဲ့ တရားဝင် ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပြီးတော့ စာနယ်ဇင်းကောင်စီအမည်ကို သတင်းမီဒီယာ ကောင်စီအဖြစ်နဲ့ မြန်မာစာနယ်ဇင်း လောကသားတွေက အမည်ပြောင်းလဲထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအနေနဲ့ သူတို့ရေးဆွဲထားတဲ့ သတင်းမီဒီယာ ဥပဒေ မူကြမ်းကို ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် က လွှတ်တော်ကို ပြန်ကြားရေးက ကိုယ်စားပြုပြီး တင်ပြမပေးနိုင်ဘူးလို့ တရားဝင် ပြောလိုက်တဲ့အတွက် လွှတ်တော် ၂ ရပ်က လွှတ်တော် ကိုယ်စားလှယ်တွေကတဆင့် ဒီဥပဒေကြမ်းကို တင်ပြဖို့ ကြိုးစားနေတာ ဖြစ်တဲ့အကြောင်း ဇူလိုင်လ ၂၈ ရက်နေ့တုန်းက ရန်ကုန်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ စာနယ်ဇင်းကောင်စီ ပြောရေးဆိုခွင့် ရှိသူတွေက ပြောဆိုခဲ့ပါတယ်။

အမေရိကန် ဖလော်ရီဒါတွင် ပန်းကန်ပြားပျံများ တွေ့ (သတင်းနှင့် ဗွီဒီယို)

 
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ်တွင် UFO ဟုခေါ်သည့် ပန်းကန်ပြားပျံများ
 တွေ့ရှိ ကြောင်း သတင်းများ ထွက်ပေါ် ပြီးနောက် ပြည်တွင်း၌ ရုတ်ရုတ်သဲသဲ ဖြစ်နေကြကြောင်း ABC သတင်းတွင် ဖော်ပြထားသည်။

အသက် ၃၂ နှစ်အရွယ်ရှိ မရဲဒစ်ဟော့ကာဒေး ဆိုသူသည် ဖလော်ရီဒါ ကမ်းခြေ မီးပြတိုက် အနီးတွင် သူမ၏ ခွေးနှင့်အတူ လမ်းလျှောက်နေ စဉ် ကောင်းကင်၌ ထူးဆန်းသည့် အလင်းရောင်များနှင့်အ...တူ ပန်းကန်ပြားပျံ ကို တွေ့ရှိရသဖြင့် ဗီဒီယို ရိုက်ကူးကာ အမျိုးသား UFO လေ့လာရေး အဖွဲ့သို့ ထိုဗီဒီယို မှတ်တမ်းကို ပေးပို့ခဲ့သည်။

ထိုဌာနက ဒါရိုက်တာဖြစ်သူ ပီတာဒါဗင်ပို့က ထိုမှတ်တမ်းကို လက်ခံ စစ်ဆေးကြည့်ပြီး သြဂုတ်လ ၇ ရက်နေ့က လွှတ်တင်ခဲ့သည့် Delta IV ဆိုသည့် ဒုံးပျံကြောင့် တိမ်သားတွင် အရောင်တောက်ကာ တိမ်ကို ပန်းကန်ပြားပျံအဖြစ် ယူဆခြင်း ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း ဖလော်ရီဒါသား ၁၄ ဦး လောက်ထံမှ ရရှိခဲ့သော ဗီဒီယို မှတ်တမ်းများနှင့် ပတ်သက်၍မူ အသေးစိတ် ထုတ်ပြန်ခြင်း မရှိပေ။

The Voice Weekly



UFO Sightings Best UFO Sightings Of July 2013 Top 5 Special Report

၂၀၁၄ မယ်စကြ၀ဠာပြိုင်ပွဲ မြန်မာဝင်ပြိုင်မည်

 
ရန်ကုန်-
၂၀၁၄ ခုနှစ်တွင် ကျင်းပမည့် မယ်စကြ၀ဠာပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု မယ်တစ်ဦး စေလွှတ်ယှဉ်ပြိုင်ရန် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ မယ်စကြ၀ဠာရွေးချယ်ရေးအဖွဲ့နှင့် သဘောတူညီမှုရထားပြီးဖြစ်ကြောင်း နယူးယောက်မြို့ကို ရောက်ရှိနေသည့် စီစဉ်သူ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ဒေါ်စိုးယုဝေက ပြောကြားသည်။

မယ်စကြ၀ဠာပြိုင်ပွဲ စေလွှတ်ရန် မြန်မာနိုင်ငံအဆင့် မယ်စကြ၀ဠာမြန်မာကို ပြည်တွင်းတွင် ပြိုင်ပွဲလုပ်ပြီး အသေအချာ ရွေးချယ်သွားမည်ဖြစ်ပြီး၊ အထူးသဖြင့် မြန်မာဆန်သောရုပ်ရည် နှင့် အရပ် ၅ ပေ ၆ လက်မရှိသူကိုသာ ရွေးချယ်သွားပြီး မြန်မာပြည်အဆင့်တွင် ပြိုင်ပွဲဝင်များ မက်လောက်စရာ ထိုက်ထိုက်တန်တန် ဆုချီးမြှင့်သွားရန် စီစဉ်ထားကြောင်း ဒေါ်စိုးယုဝေက ရှင်းပြသည်။ ...

၁၉၅၂ ခုနှစ်ကတည်းက စတင်ခဲ့သော မယ်စကြ၀ဠာသည် ကမ္ဘာတွင် အမြင့်ဆုံး အလှမယ်ရွေးချယ်ပွဲဖြစ်ပြီး သန်းကြွယ်သူဌေးကြီး ဒေါ်နယ်လ်ထရမ့်က ထိုပြိုင်ပွဲကို ပံ့ပိုးကူညီထားသည်။

မြန်မာနိုင်ငံတွင် တော်လှန်ရေးအစိုးရမတိုင်မီက ရှန်ဟဲမယ်၊ မေရီမြင့် စသော မြန်မာမယ်အချို့ ပြည်ပသို့ထွက်၍ မယ်ပြိုင်ပွဲဝင်ခဲ့မှုများ ရှိပါသည်။ တော်လှန်ရေးအစိုးရလက်ထက်တွင် မယ်ပြိုင်ပွဲများ မကျင်းပခဲ့သော်လည်း စစ်အစိုးရလက်ထက်တွင် လက်ပြတ်အင်္ကျီပုံစံများဖြင့် မယ်ပြိုင်ပွဲများကို ပြန်လည်ကျင်းပလာခဲ့သည်။ မယ်စကြ၀ဠာ စသော မယ်ပြိုင်ပွဲများမှာ ရက်ရှည်ကြာစွာ အဆင့်အမျိုးမျိုးနှင့် ပြိုင်ရသော ပြိုင်ပွဲများဖြစ်ပြီး ရေကူးဝတ်စုံနှင့် သီးသန့်ပြိုင်ရသော ယှဉ်ပြိုင်မှုလည်း ပါဝင်ပါသည်။

၂၀၁၂ တွင် ဂျပန်နိုင်ငံ၌ ကျင်းပသော Miss International ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု နန်းခင်ဇေယျာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာပရိသတ်အားပေးမှုဖြင့် Miss Internet ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ Miss International ပြိုင်ပွဲကို မြန်မာနိုင်ငံအနေနှင့် ၁၉၆၁ ခုနှစ်တွင် နောက်ဆုံးဝင်ပြိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော် ကြာပြီးမှ ၂၀၁၂ ခုနှစ်တွင် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
MNN

ရှစ်လေးလုံးမှသည်ချစ်လေးလုံးဆီသို့ ဦးတည်ချီတက်ကြပါဟုဆရာတော် အရှင်ဆန္ဒာဓိကမှမိန့်ကြား

 0
၈.၈.၂၀၁၃
ရက်နေ့တွင် ကျင်းပသောရှစ်လေးလုံးဒီမိုကရေ စီအရေးတော်ပုံငွေရတုအခမ်းအ နားသို့ဆရာတော်အရှင်ဆန္ဒာဇိက ကြွရောက်ပြီးနောက်ရှစ်လေးလုံး ငွေရတုမှသည်ချစ်လေးလုံးဆီသို့ ဦးတည်ချီတက်ကြရန်မြန်မာပြည် သူပြည်သားအားလုံးအတွက်မေတ္တာ တရားရှေ့ထား၍မိန့်ကြားခဲ့ သည်။
အဆိုပါမိန့်ကြားမှုနှင့်ပတ် သက်၍Hot Newsသို့ရှင်းလင်း မိန့်ကြားရာတွင် ““ရှစ်လေးလုံးဒီမို ကရေစီအရေးတော်ပုံငွေရတုအ ခမ်းအနားရဲ့အမှတ်တရစကားကို ပြောချင်တာကတော့““ရှစ်လေးလုံး မှသည်ချစ်လေးလုံးဆီသို့ဦးတည်  ချီတက်ကြပါစို့”” လို့ပြောချင်ပါတယ်၊ ချစ်လေးလုံးဆိုတာကတော့မေတ္တာ ချစ်၊ဂရုဏာချစ်၊မုဒိတာချစ်၊ဥပေ က္ခာချစ်လို့ခေါ်တဲ့အချစ်လေးမျိုး ဗြမ္မစိုရ်အချစ်ပေါ့လေ၊ဗြမ္မစိုရ်တရား လေးပါးကိုပြောတာပါဘဲ၊
မေတ္တာချစ်ဆိုတာကတော့ လူသားအချင်းချင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့စိတ်ဓာတ်၊တစ်  ဖက်သားကိုကူညီပေးတဲ့စိတ်ဓာတ် ပေါ့နော်၊အဲဒါမေတ္တာချစ်ပေါ့၊ဂရု ဏာချစ်ဆိုတာကတော့ကိုယ့် ကြောင့်လည်းသူတစ်ပါးဆင်းရဲဒုက္ခ ရောက်အောင်မလုပ်ဘူး၊
သူတစ်ပါး အခြားသူတွေကြောင့်ပဲဖြစ်ဖြစ်၊သူ့ ဟာသူပဲဖြစ်ဖြစ်ဆင်းရဲဒုက္ခရောက် နေတာကိုတွေ့ရင်လည်းဘဲဒုက္ခက နေလွတ်မြောက်အောင်ကယ်တင်
 ပေးတဲ့စိတ်ဓာတ်၊အဲဒါကိုဂရုဏာ ချစ်လို့ခေါ်တာပေါ့၊ဂရုဏာတရား နဲ့သတ္တ၀ါတွေကိုချစ်တာ၊လူသား တွေကိုချစ်တာပေါ့နော်၊မုဒိတာချစ် ဆိုတာကတော့တစ်ဖက်သားပြည့် စုံနေတယ်အဆင်ပြေတယ်ဆိုရင် ၀မ်းမြောက်ဝမ်းသာဖြစ်တယ်မနာ လိုဝန်တိုတဲ့စိတ်မဖြစ်ဘူး၊မနာလို  တဲ့စိတ်ဖြစ်တယ်ဆိုရင်တော့သူရဲ့ ပြည့်စုံမှုကိုဖျက်ဆီးကြမှာပေါ့နော်၊ အဲဒီလိုဖျက်ဆီးကြရင်တိုင်းပြည် မတိုးတက်နိုင်ဘူး၊အဲဒီတော့တစ် ဖက်သားရဲ့ပြည့်စုံမှု၊အဆင်ပြေမှု၊ အောင်မြင်ကျော်ကြားမှုအများရဲ့ ထောက်ခံမှုတွေအပေါ်မှာဝမ်း
 မြောက်ဝမ်းသာနဲ့မုဒိတာပွားနိုင်တဲ့ စိတ်ဓာတ်လည်းအရေးကြီးတယ်၊ စီးပွားရေးနယ်ပယ်ရော၊အားလုံး နယ်ပယ်တိုင်းပေါ့နော်၊ဥပေက္ခာ ချစ်ဆိုတာကတော့လူကိုလူလိုဘဲ မြင်တယ်၊ကိုယ့်အပေါ်မှာမကောင်း တာတွေ၊ကိုယ့်ကိုဒုက္ခပေးတာတွေ ခွင့်လွတ်ပြီးတော့မှလိုအပ်ချက်ရှိ တဲ့သူကိုအခုလိုပဲမြင်ပြီးတော့သူ့ ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးတဲ့ စိတ်ဓာတ်ပေါ့တစ်ဖက်သားရဲ့ကိုယ့် အပေါ်မကောင်းတဲ့အချက်အလက် တွေ၊အပြစ်အာနသာမကတွေကို ခွင့်လွတ်နိုင်တာတွေကိုဥပက္ခာလို့ ခေါ်တာပါဘဲ၊ကိုယ့်အပေါ်မှမဟုတ် ဘူး၊အခြားလူတွေအပေါ်မှာရော၊ အများအပေါ်မှာရောမကောင်း တာတွေသိကိုသိနေပေမယ့်လည်း ခွင့်လွတ်နိုင်တာကိုဥပေက္ခာလို့ခေါ် တာပါဘဲ၊အဲဒါကိုဥပေက္ခာချစ်လို့ ခေါ်တာပေါ့။
အဲဒါတွေဖြစ်တဲ့မေတ္တာချစ်၊ ဂရုဏာချစ်၊မုဒိတာချစ်ဥပေက္ခာချစ်၊ ချစ်လေးလုံးလို့ခေါ်တာပေါ့၊ရှစ် လေးလုံးနေ့မှာချစ်လေးလုံးကိုလက် ကိုင်တားလိုက်မယ်ဆိုရင်တော့သူ တစ်ဦးချင်းရဲ့ဘ၀ရော၊တိုင်းပြည်  တစ်ခုလုံးရောတိုးတက်သွားနိုင်ပါ တယ်””ဟုမြန်မာနိုင်ငံနှင့်ပြည်သူ ပြည်သားများတိုးတက်ရေးအတွက် မေတ္တာတရားကိုအခြေခံထား၍ ဆရာတော်မှဖော်ညွှန်းမိန့်ကြားခဲ့ သည်။ထို့အပြင်လက်ရှိလျှောက် လှမ်းနေသောနိုင်ငံရေးလမ်းကြောင်း အပေါ်သဘောထားအမြင်အတွက် မိန့်ကြားရာတွင်အဓိကကတော့ နိုင်ငံရေးလမ်းကြောင်းမှာလျှောက် လှမ်းကြဘဲနေရာမှာဦးဆောင် လျှောက်လှမ်းနေကြတဲ့သူတွေရော၊ နောက်ကလိုက်တဲ့သူတွေရော၊တိုင်း သူပြည်သားတွေအားလုံးတစ်ဦး ချင်းတစ်ယောက်ချင်းမေတ္တာတရား ကိုလက်ကိုင်ထားမယ်ဆိုရင်တော့ ဦးတည်လျှောက်လှမ်းနေတဲ့ဒီမိုက ရေစီနိုင်ငံတော်ကြီးအမြန်ဆုံးဖြစ် ပေါ်လာမှာပါဘဲ၊အဓိကကတော့
 မေတ္တာတရားပါဘဲ၊အထူးသဖြင့် အုပ်ချုပ်တဲ့သူတွေကမေတ္တာတရား ပိုကြီးမားဖို့လိုတာပေါ့နော်၊အဲဒီ တော့အရာရာကိုမေတ္တာနဲ့ပဲကြံစည် မယ်၊မေတ္တာနဲ့ပဲပြောဆိုမယ်၊မေတ်္တာ နဲ့ပဲပြုလုပ်မယ်၊တိုင်းပြည်ရဲ့အရေး အရာကိစ္စမှန်သမျှကိုမေတ္တာတရား အရင်းခံပြီးတော့စီမံခန့်ခွဲမယ်ဆို ရင်တော့ဦးဇင်းတို့တိုင်းပြည်တိုး တက်သွားမှာအမှန်ပါဘဲဟုဆရာ တော်ကအမှတ်တရစကားကိုရှင်း လင်းမိန့်ကြားသွားခဲ့သည်။
မိုးမြင့်ဆွေ http://www.hotnewsweekly.com

သမ္မတ ဦးသိန်းစိန်၏ ဖွံ့ဖြိုးရေးအတွက် လမ်းပြမြေပုံ အချက် ၇ ချက် ထုတ်ပြန်

 
သက်တမ်း တစ်ဝက်ကျိုးသွားပြီဖြစ်သော သမ္မတ ဦးသိန်းစိန်က ကျန်ရှိနေသေးသည့် သူ့အစိုးရသက်တမ်း လ ၃၀ အတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းငန်းများ လုပ်ဆောင်ရန် လမ်းပြမြေပုံအဖြစ် အချက် ၇ ချက်ကို လမ်းညွှန်လိုက်ပြီး ထို လမ်းညွှန်ချက်များကို သြဂုတ်လ ၁၂ ရက် သမ္မတရုံး အင်တာနက် စာမ...ျက်နှာတွင် ဖေါ်ပြထားသည်။

သမ္မတ ဦးသိန်းစိန်က ဝန်ကြီးများ ပြည်နယ်နှင့်တိုင်း ပြည်နယ်ဝန်ကြီးများ ဒုတိယဝန်ကြီးများနှင့် သြဂုတ်လ ၉ ရက်ကတွေ့ဆုံရာတွင် ဖွံ့ဖြိုးရေးအတွက် လမ်းညွှန်ချက် ၇ ချက်ကို ချပြလိုက်ပြီး သူ့အစိုးရ ကျန်ရှိသက်တမ်း လ ၃၀ အတွင်း အပြီးပြတ်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအဖြစ် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

လျှပ်စစ်မီး ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် လျှပ်စစ်မီးအပြည့်အဝရရှိရေး စီမံဆောင်ရွက်ရန် ညွှန်ကြားထားပြီး တိုင်းနှင့် ပြည်နယ်အသီးသီးတွင်လည်း လျှပ်စစ်တိုးမြှင့်သုံးစွဲနိုင်ရန် သူ၏ အစိုးရအဖွဲ့ဝင်များကို သမ္မတက ညွှန်ကြားထားသည်။ သောက်သုံးရေ ကိုလည်း ရန်ကုန်နှင့် မန္တလေးမြို့များအပြင် တိုင်းနှင့်ပြည်နယ်အသီးသီးတွင်လည်း ဖူလုံစွာ ရရှိနိုင်အောင် စီမံရန် ညွှန်ကြားသည်။

စိုက်ပျိုးရေး ကဏ္ဍအတွက်မူ မျိုးစေ့လိုအပ်ချက်များ လုံလောက်စွာ ထုတ်လုပ်နိုင်ရန်၊ အရင်းအနှီးလိုအပ်လျက်ရှိသည့် တောင်သူများအတွက် လိုအပ်ချက်များ ဖြည့်စည်းဆောင်ရွက်ရန်ကိုလည်း ညွှန်ကြားထားသည်။ အလုပ်အကိုင်ရရှိရေးအတွက်တွင် စက်မှုဇုံများ၊ အသေးစားအလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်ရန်၊ အထူးစီးပွားရေး လုပ်ငန်းဇုန်များ အကောင်အထည်ဖေါ်ရန်ပါဝင်သည်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ဆောင်ရွက်ရန်နှင် ငွေကြေးလုပ်ငန်းအတွက်မူ ဘဏ်လုပ်ငန်းများ တိုးတက်ရန်၊ အသေးစား ချေးငွေလုပ်ငန်းများ ဖွံ့ဖြိုးရန်တို့ကို ညွှန်ကြားထားသည်။ နောက်ဆုံး လမ်းညွှန်ချက်ဖြစ်သော အချက် ၇ လမ်းညွှန်ချက်မှာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု သိသာစွာ တိုးတက်အောင်လုပ်ဆောင်ရန် တို့ကို သူ၏ အစိုးရအဖွဲ့ဝင်များသို့ သမ္မတက ညွှန်ကြားထားသည်။

သြဂုတ်လ ၉ ရက်က အစိုးရအဖွဲ့ဝင်များ တွေ့ဆုံရာတွင် သမ္မတ ဦးသိန်းစိန်က သူဦးဆောင်သည့် အစိုးရ သက်တမ်း လပေါင်း ၃၀ အတွင်း အစိုးရအဖွဲ့ဝင်များ၏ စီမံခန့်ခွဲမှု အားနည်းချက်များ၊ အုပ်ချုပ်မှု စွမ်းဆောင်ရည် အားနည်းမှု၊ အဂတိလိုက်စားခြင်းတို့ကို ထောက်ပြပြောဆိုထားသည်။

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် သူကိုယ်တိုင် ဦးဆောင်လုပ်ကိုင်တော့မည်ဟုလည်း သမ္မတက ပြောဆိုသွားသည်။ "ဒီနေ့ကစပြီး နိုင်ငံတော်အဆင့် ပြုပြင် ပြောင်းလဲရေး ဦးဆောင်ကော်မတီကို သီးခြားဖွဲ့စည်းပြီး ကျွန်တော်ကိုယ်တိုင် ဦးဆောင်အာရုံစိုက် လမ်းညွှန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု သမ္မတက ပြောသည်။

မဇ္ဈိမသတင်းဌာန

ကျောင်းသားများ မတရား သတ်ဖြတ်ခံခဲ့ရသည့် ပါဂျောင်အရေးးနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့၍ ဆောင်ရွက်လျက်ရှိကြောင်း ABSDF ဒုဥက္ကဋ္ဌ ပြောကြား

 8.11.19
သြဂုတ် ၁၁ ရက်တွင် ပြုလုပ်ခဲ့သည့် ABSDF သတင်းစာ ရှင်းလင်းပွဲအား တွေ့ရစဉ်
 ကျောင်းသားများ မတရား သတ်ဖြတ်ခံခဲ့ရသည့် မြောက်ပိုင်း ပါဂျောင်ကိစ္စနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့၍ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ဒုဥက္ကဋ္ဌ ဦးမျိုးဝင်းက သြဂုတ် ၁၁ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။
ကျောင်းသားများ မတရား အသတ်ခံရမှုနှင့် စပ်လျဉ်း၍ ကော်မရှင်တစ်ရပ် ဖွဲ့စည်းထားကြောင်း၊ လက်ရှိတွင် ကော်မရှင်အနေဖြင့် ယင်းကိစ္စတွင် ပါဝင်ပတ်သက်ခဲ့သော အဖွဲ့ဝင် ၁၀၀ ဦးအနက် အဖွဲ့ဝင် ၃၄ ဦးကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ပြီး ဖြစ်ကြောင်းနှင့် ယခုနှစ် ကုန်ပိုင်းတွင် အစီရင်ခံစာ ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း ၎င်းက သတင်းထောက်များ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
''ကော်မရှင် အစီရင်ခံစာကို အတတ်နိုင်ဆုံး မြန်နိုင်သမျှ မြန်အောင် ဆောင်ရွက်နေပါတယ်။ လက်ရှိမှာ သေဆုံးသွားတဲ့ ကျောင်းသားရဲဘော်တွေရဲ့ မိဘတွေဆီကို တရားဝင် တောင်းပန်စာတွေ ပို့ထားပြီး ဖြစ်ပါတယ်'' ဟု ဦးမျိုးဝင်းက ပြောကြားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး ABSDF သည် ရှစ်လေးလုံး ငွေရတု အခမ်းအနား တက်ရောက်ရန်နှင့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အတွက် ရန်ကုန်မြို့သို့ လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး (ABSDF) အနေဖြင့် လက်နက်ကိုင်အဖွဲ့မှ နိုင်ငံရေးပါတီ၊ လူမှုအဖွဲ့အစည်းသို့ အသွင်ကူးပြောင်းမည် မဟုတ်ကြောင်း ဥက္ကဋ္ဌရဲဘော်သံခဲက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို နိုဝင်ဘာလအတွင်း ကျင်းပမည်ဖြစ်ကြောင်း ABSDF ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Eleven http://www.news-eleven.com/

စာရေး ဆရာ၊သတင်းစာ ဆရာ မောင်ဝံသ ကွယ်လွန် အနိစ္စရောက်

 journalists-association-b305
ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ စာရေးဆရာ၊
သတင်းစာဆရာ မောင်ဝံသ (အသက်၆၈-နှစ်)ဟာ ရန်ကုန်မြို့ ၀ိတိုရိယဆေးရုံမှာ အဆုတ်ကင်ဆာ ရောဂါအတွက် ဆေးဝါးကုသမှုခံယူရင်း ဒီကနေ့ မနက် ၆နာရီ ၁၅မိနစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

ဆရာမောင်ဝံသရဲ့ နောက်ဆုံးအခြေအနေတွေကို သမီးဖြစ်သူ မလတ်လတ်စိုးက အခုလို ပြောပြပါတယ်။
"ဦးနှောက်ထဲမှာ အကျိတ်နှစ်ခု ပျံ့နေတယ်။ဆရာမတွေက မတွေးရဘူး။စာမရေးရဘူးလို့ပြောထားတယ်။ဒါပေမယ့် ရှစ်လေးလုံးအတွက်ကို လက်ရေး အေဖိုး ရှစ်မျက်နှာနဲ့ ရေးသွားပါတယ်။အဲဒီဥစ္စာကို ပြည်သူ့ခေတ်ဂျာနယ် အမှတ် ၁၅၇ ပြောချင်လွန်းလို့ ကဏ္ဍမှာ ထည့်ထားပါတယ်။ဒါဖေဖေ့ နောက်ဆုံးဆောင်းပါးပါ
သတင်းစာဆရာ မောင်ဝံသဟာ ပြည်သူ့ခေတ်ဂျာနယ်ကို ၂၀၁၀ ခုနှစ်က စတင်ထုတ်ဝေပြီး အတိုင်ပင်ခံအယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)ရဲ့ ဥက္ကဌ၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ရဲ့ ဒုတိယဥက္ကဌအဖြစ်လည်းတာဝန်ထမ်းခဲ့သလို ၂၀၁၁၊ ၂၀၁၂ ခုနှစ်တွေအတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၁၁ ခုနှစ်အတွက် အမျိုးသားသတင်းဆု ကော်မတီ ဥက္ကဋ္ဌအဖြစ်လဲ တာဝန်ယူခဲ့ပါတယ်။
၁၉၇၃ ခုနှစ်မှာ ဒေါက်တာဟင်နရီ ကစ်ဆင်းဂျား နိုင်ငံရေး အတ္ထုပ္ပတ်္တိ စာအုပ်အပါအ၀င် စာပေသက်တမ်းအတွင်း ၂၀၁၂ ခုနှစ်အထိ စာအုပ်ပေါင်း ၆၂ အုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။

ဒါ့အပြင် လောလောဆယ်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ကူညီထောက်ပံ့ပေးနေတဲ့ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းမှာလည်း ဘဏ္ဍာထိန်းအဖြစ် တာဝန်ယူနေသူတစ်ဦးဖြစ်ပါတယ်။

ဆရာမောင်ဝံသ ရေးခဲ့သည့် စာအုပ်များ...

၂၀၁၁ ဇွန်လအထိ မောင်ဝံသ ရေးသားထုတ်ဝေပြီး စာအုပ်များ
၁။ ကစ်ဆင်းဂျား (အတ္ထုပ္ပတ်္တိ) ၁၉၇၃၊၁၉၇၃၊၁၉၇၄
၂။ မိုရှေဒါယန် (အတ္ထုပ္ပတ်္တိ) ၁၉၇၄၊၁၉၇၆၊၂၀၀၂
၃။ နစ်ဆင် (အတ္ထုပ္ပတ်္တိ) ၁၉၇၄
၎။ အာယန်းဒေး (သို့) ချီလီပြည်မှကြယ်နီ (အတ္ထုပ္ပတ်္တိ) ၁၉၇၅
၅။ အီဂျစ်သမ္မတဆဒတ် (အတ္ထုပ္ပတ်္တိ) ၁၉၇၅၊၁၉၇၇
၆။ သမ္မတကတော်၏ ဘ၀ခရီး (အတ္ထုပ္ပတ်္တိ) ၁၉၇၆၊၂၀၀၄
၇။ မာရှယ်တီတိုး (အတ္ထုပ္ပတ်္တိ) ၁၉၇၇၊၁၉၈၀၊၂၀၀၇
၈။ မြန်မာချစ်သော မောင့်ဘက်တန် (အတ္ထုပ္ပတ်္တိ) ၁၉၇၈၊၂၀၀၃၊၂၀၀၇
၉။ ခရူးရှက် (အတ္ထုပ္ပတ်္တိ) ၁၉၇၉
၁၀။ ကစ်ဆင်းဂျား၏ အိမ်ဖြူတော်နှစ်များ ၁၉၈၁၊၂၀၀၃
၁၁။ မိုးမမြင်မြေမမြင် (ဘာသာပြန်) ၁၉၈၁၊၂၀၀၂
၁၂။ ခေတ်ပြိုင် ကမ္ဘာ့ရေးရာ အဘိဓာန် ၁၉၈၂
၁၃။ ကစ်ဆင်းဂျား၏ ကသောင်းကနင်းများ ၁၉၈၃၊၂၀၀၃
၁၄။ စတီးဝဲလ်နှင့် မြန်မာပြည်စစ်မျက်နှာ ၁၉၈၄၊၂၀၀၃
၁၅။ ရှေ့နေကြီး ပယ်ရီမေဆင်နှင့် ခွေးအူသံအမှု၊
၁၆။ - နှင့် ခုနစ်လွှာပျိုဖြူအမှု၊
၁၇။ - နှင့် တေလေမအမှု၊
၁၈။ - နှင့် လျှို့ဝှက်သော စာရေးဆရာမအမှု၊
၁၉။ - နှင့် သေနတ်ကိုင်သော ကလေးအမှု၊
၂၀။ - နှင့် ကတ်္တီပါလက်သည်းအမှု၊
၂၁။ - နှင့် စားပွဲထိုးမကလေးအမှု၊
၂၂။ - နှင့် ခြေရာပျောက်သက်သေအမှု၊
၂၃။ - နှင့် ကချေသည်အမှု၊
၂၄။ - နှင့် ဆေးလိပ်သည်မလေးအမှု၊
၂၅။ - နှင့် အစားထိုးမျက်နှာအမှု၊
၂၆။ - နှင့် လက်နှိပ်စက် စာရေးမအမှု၊
၂၇။ - နှင့် နှစ်ခြမ်းကွဲအိမ်ကြီးအမှု၊
၂၈။ - နှင့် အမွေခံသမီးအမှု၊
၂၉။ - နှင့် အိုင်အိုယူ လူသတ်မှု၊
၃၀။ - နှင့် လင်ကွာမလေး အမှု၊ (၁၉၇၉-၁၉၉၃)
၃၁။ အရှင်ဇနကာဘိဝံသ၏ သာသနာရေး မျှော်မှန်းချက်များ ၁၉၉၃
၃၂။ ကြယ်များဆီသို့ (အာကာသသိပ္ပံဥာဏ်စမ်းပဟေဠိ) ၂၀၀၂
၃၃။ ဒုတိယအတွေး (အတွေးအမြင်ဆောင်းပါးများ) ၂၀၀၃
၃၄။ ကမ္ဘာ့ထိပ်တန်းနိုင်ငံများ၏ နိုင်ငံရေး၊ စိးပွားရေး မြင်ကွင်းကျယ် ၂၀၀၃
၃၅။ ဂလိုဘယ်လိုက်ဇေးရှင်း သဲတရှပ်ရှပ် ၂၀၀၃
၃၆။ နိုင်ငံတကာအတွေး နိုင်ငံတကာအမြင် ၂၀၀၃
၃၇။ သတင်းစာပညာ သဘောတရားနှင့်လက်တွေ့ ၂၀၀၅
၃၈။ မှတ်ဖွယ်သုတ ၂၀၀၅
၃၉။ မှတ်ဖွယ်သုတ-၂ ၂၀၀၆
၄၀။ ဖူကူးယာမ သိုးမလေးဒေါ်လီ အီဒီအာမင်နှင့် မျက်မှောက် ကမ္ဘာ့ရေးရာ ၂၀၀၅
၄၁။ နိုင်ငံခြားသွား စီးပွားရေးလုပ်မည်ဆိုလျှင် ၂၀၀၆
၄၂။ အတ္ထုပ္ပတ်္တိအဘိဓာန် ၂၀၀၇
၄၃။ သူတို့ဆီက စာမြည်းများ ၂၀၀၇
၄၄။ ဂလိုဘယ်လိုက်ဇေးရှင်း ဒုတိယလှိုင်း ၂၀၀၇
၄၅။ မည်သို့သော လူဖြစ်ရမည်နည်း ၂၀၀၇
၄၆။ ဝေါမြို့က မိဝိုင်းသို့ ၂၀၀၇
၄၇။ အမေရိကန်နိုင်ငံနှင့် ယနေ့ကမ္ဘာ၊ ယုံကြည်မှု ပြန်လည်တည်ဆောက်ခြင်း ၂၀၀၈
၄၈။ သတင်းဋီကာ ၂၀၀၈
၄၉။ ကမ္ဘာ့စီးပွားရေးဇာတ်ခုံပေါ်က ပုံရိပ်များ ၂၀၀၈
၅၀။ မိတ်ဆွေတိုးပွားရေး ၂၀၀၉
၅၁။ မှတ်ဖွယ်သုတ-၃ ၂၀၀၉
၅၂။ အရင်းရှင်စနစ်၏အနာဂတ်နှင့် ကမ္ဘာ့ရှေ့ရေး ၂၀၀၉
၅၃။ ပါဝါအပျော့နှင့် ကျားလေးကောင် ၂၀၀၉
၅၄။ နိုင်ငံကြီးသားများရဲ့ အက်တိကက် ၂၀၀၉
၅၅။ မာဂရက်သက်ချာ (နိုင်ငံရေး အတ္ထုပ္ပတ်္တိ) ၂၀၁၀
၅၆။ ရှာမှ ရှားတဲ့နိုင်ငံရေးသမား ၂၀၁၀
၅၇။ ပစ်တိုင်းထောင် နိုင်ငံရေးသမား တိန့်ရှောင်ဖိန် ၂၀၁၀
၅၈။ ဝေါမြို့က လာခဲ့တယ် ၂၀၁၀
၅၉။ နိုင်ငံရေး စာကိုးစကားကိုး ၂၀၁၁
၆၀။ ခေတ်မီ နိုင်ငံရေးဝေါဟာရ အဘိဓာန် ၂၀၁၁
၆၁။ နိုင်ငံရေးစာရေးဆရာ တွမ်ပိန်း ၂၀၁၁
၆၂။ ကမ္ဘာ့သမိုင်းမှတ်တိုင်များနှင့် ကမ္ဘာ့သတင်းထူးများမှတ်တမ်း ၂၀၁၂
ပြည်သူ့ခေတ်မှ ကူးယူဖော်ပြသည်.

ABSDF နဲ့ အစိုးရ ပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူညီချက်များ

ABSDF ဥက္ကဋ္ဌ ရဲဘော် သံခဲနဲ့ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းတို့ ပြည်နယ်အဆင့် အပစ်ရပ် လက်မှတ်ထိုးစဉ်က မြင်ကွင်း၊ ဓာတ်ပုံ- Nyo Ohn Myint
 ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးက မွေးဖွားပေးခဲ့တဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဟာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့က ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေး အချက် ၁၂ ချက်ကို လက်မှတ်ရေးထိုးလိုက်ကြ ပါပြီ။
အဆိုပါ ၁၂ ချက်နဲ့ပတ်သက်ပြီး "ABSDF ဖက်က လက်မှတ်ထိုးတာက ၈ ယောက်ပါ။ အသိသက်သေတွေ ကတော့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ကိုမြအေး၊ ပြီးတော့ ဦေးအားသာအောင်နဲ့ နောက်ထပ် UNA  တဦး တို့ပါ" လို့ ABSDF ကိုယ်စားလှယ် တဦးဖြစ်သူ မိဆူးပွင့်က ဧရာဝတီကို ပြောပါတယ်။

တချိန်က ABSDF ဥက္ကဋ္ဌဟောင်းတဦးဖြစ်သူ မြန်မာနိုင်ရောက် ဦးမိုးသီးဇွန်က အခုလို ABSDF နဲ့ မြန်မာ အစိုးရ တို့ကြား အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စု အဆင့် လက်မှတ် ရေးထိုး လိုက်ပြီး ဖြစ်ပေမယ့် နိုင်ငံရေးအရ ဆွေးနွေးမှုတွေ ဆက်လုပ်ရမယ်လို့ ပြောပါတယ်။ 


"အပစ် ရပ်ထားပြိးရင် နစ်ဦးနစ်ဖက် ကတိက၀တ်တွေကို စောင့် ထိမ်းကြဖို့ နဲ့ နိင်ငံရေးအရ အဖြေ ရှာကြ ဖို့ လိုတယ် ငြိမ်းချမ်းရေးအရတော့ အပြစ်ခတ်ရပ်ဆဲရေးဟာ ဖြစ်စဉ်တခု လိုအပ်ပါတယ်" လို့ သူက ဧရာဝတီ ကို  ပြောပါတယ်။

မြန်မာအစိုးရနဲ့ ABSDF တို့ ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်  အပြည့်အစုံကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။



ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး 

ပြန်လည်ထူထောင်ရေး ဗဟိုဌာန၊ ရန်ကုန်မြို့ တွင် ကျင်းပပြုလုပ်သည့် ပထမ အကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှ သဘောတူညီချက်များ 
 ရက်စွဲ၊ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၀ ရက် 
 နေရာ၊ ရန်ကုန်မြို့ 

၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး 
ပြန်လည်ထူ ထောင်ရေး လုပ်ငန်းဗဟိုဌာန၊ ရန်ကုန်မြို့၌ ကျင်းပသည့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ တွင် နှစ်ဖက် ဆွေးနွေးပြီး အောက်ဖော်ပြပါ အချက်များကို သဘောတူကြသည်။ 

(က) တနိုင်ငံလုံး အတိုင်းအတာဆောင်သော အပစ်အခတ်ရပ်စဲရေးကို နှစ်ဖက်စလုံးမှ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန်။ 

(ခ) အပစ်အခတ် ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် လွတ်လပ်သည့် လေ့လာ
စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရန် မူအားဖြင့် သဘောတူရန်။ 

(ဂ) နိုင်ငံရေးအင်အားစုများ၊ ပါတီအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအား တိုင်းပြည်၏ နိုင်ငံရေးဖြစ်စဉ်တွင် ဂုဏ်သိက္ခာရှိစွာ ပါဝင်နိုင်ရေးအတွက် တရားဝင် ဖိတ်ခေါ်သွားရန်။ 

(ယ) နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ မှ စိစစ်ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားရန်။ 

(င) မကဒတမှ အဆိုပြုသော ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆွေးနွေးသွားရန်။ 

(စ) မကဒတ၏ နိုင်ငံရေးဆွေးနွေးပွဲရလဒ်များ၊ နိုင်ငံရေးသဘောထားများနှင့် လုပ်ငန်းစဉ်များ ကို ပြည်သူ လူထု၊ နိုင်ငံရေးပါတီများ၊ လူထုအခြေပြု အဖွဲ့အစည်းများဖြင့် ဥပဒေနှင့်အညီ လွတ်လပ်စွာ ဆွေးနွေး ဖလှယ်ခွင့်၊ အစည်းအဝေး ကျင်းပခွင့်ရှိရန်။ 

(ဆ) မကဒတအား မတရားအသင်းအဖြစ် သတ်မှတ်ထားရှိမှုကို ပယ်ဖျက်ပေးနိုင်ရေးအတွက် ဆက် လက် ဆွေးနွေးသွားရန်။ 

(ဇ) အမည်မည်း (Black List) စာရင်းတွင် ထည့်သွင်းခံထားရသည့် မကဒတ တပ်ဖွဲ့ဝင်နှင့် အဖွဲ့ဝင်များကို ပယ်ဖျက်ပေးရန်နှင့် တရားစွဲဆိုခြင်း ခံထားရသော မကဒတ တပ်ဖွဲ့ဝင်နှင့် အဖွဲ့ဝင်များအား ဥပဒေနှင့်အညီ ပယ်ဖျက်ပေးရေး ဆက်လက်ဆွေးနွေးသွားရန်။ 

(ဈ) ပြည်တွင်းပြည်ပအခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs)၊ လူမှုအထောက်အကူပြု အဖွဲ့အစည်းများ (CBOs) များနှင့် တည်ဆဲဥပဒေနှင့်အညီ ဆက်စပ်ဆောင်ရွက်ခွင့်ရှိရန်။ 

(ည) သတင်းဌာနများ၊ မီဒီယာများနှင့် လွတ်လပ်စွာ ထိတွေ့ဆောင်ရွက်ခွင့်ရှိရန်။ (ဋ) ပြည်တွင်း ငြိမ်းချမ်း
ရေးနှင့် အပစ်အခတ်ရပ်စဲရေး ကိစ္စရပ်များ အပါအ၀င် နှစ်ဖက်ဆက်သွယ်ရေး လမ်းကြောင်းများ အဆင်ပြေချောမွေ့စေရေးအတွက် မကဒတ မှ တင်ပြထားသည့် အောက်ပါ ဆက်ဆံရေးရုံးများကို ဖွင့်လှစ်နိုင်ရေးအတွက် ဆက်လက်ညှိနှိုင်းသွားရန် - 

(၁) ကလေး 
(၂) ဘုရားသုံးဆူ 
(၃) မူဆယ် 
(၄) လွိုင်ကော် 

(ဌ) နှစ်ဘက်တပ်များ လိုက်နာရမည့် စည်းကမ်းချက်များ (Code of Conduct) ရေးဆွဲရေးကို မူအားဖြင့် သဘောတူပြီး ဆက်လက်ညှိနှိုင်းရေးဆွဲရန်။ 

(ဍ) ဒုတိယအကြိမ်ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း နှစ်ဖက်ညှိနှိုင်း၍ ရက်သတ်မှတ်သွားရန်။ 

၂။ အထက်ပါ အချက်များအား အောက်ပါအသိသက်သေများ ရှေ့မှောက်တွင် နှစ်ဦးနှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးကြပါသည်။ 

အထက်ပါအတိုင်း အချက၁၂ ချက်ကို အသိသက်သေတွေရှေ့မှာ ပြည်ထောင်စု အဆင့် လက်မှတ်ရေး ထိုးလိုက်ကြတာပါ။ 

အိမ့်သံစဉ် ~ဧရာဝတီ

မင်းဓမ္မပန်းဥယျာဉ်တွင်ဖြစ်ပွားခဲ့သောဖြိုခွင်းမှု နိုင်ငံတော်သမ္မတထံတင်ပြမည်





ရန်ကုန်၊သြဂုတ်၁၁
မင်းဓမ္မပန်းဥယျာဉ်တွင်သြဂုတ်၃ရက်နေ့ကဖြစ်ပွားခဲ့သောအင်အားသုံးဖြိုခွင်းမှုနှင့်ပတ်သတ်ပြီးအမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဌဦးသိန်းညွန့်က ပါတီမှအချက်(၂)ဖြင့်နိုင်ငံတော်သမ္မတထံတင်ပြအကူညီပေးသွားမည်ဟုပြောသည်။ပါတီအနေနဲ့သူတို့တင်ပြတဲ့အချက်အလက်ပေါ်မူတည်ပြီးနိုင်ငံတော်သမ္မတကြီးဆီကိုတင်ပြမယ်။်သမ္မတကြီးထင်ထားတာထက်အောက်ခြေမှာကွဲလွဲနေတယ်ဆိုတာတင်ပြပေးမယ်ဟု၎င်းကဆိုသည်။ဆက်လက်ပြီး၎င်းကလွတ်တော်တွင်တိုင်ကြားစာကော်မတီတွင်ပါဝင်သည့်အတွက်မင်းဓမ္မပန်းဥယျာဉ်မှပြည်သူများတိုင်ကြားလာပါက စည်ပင်အရာရှိများနှင့်အရိုက်ခံရသည့်ပြည်သူများဘယ်သူများသည်မှန်သည်ကိုကွင်းဆင်းစစ်ဆေးသွားမည်ဟုဆိုသည်။ရန်ကုန်မြို့ရှိအမျိုးသားဒီမိုကရေစီပါတီသစ်တွင်သြဂုတ်၁၁ရက်တွင်ပြုလုပ်သော မင်းဓမ္မပန်းဥယျာဉ်သတင်းစာရှင်းလင်းပွဲတွင်ဦးသိန်းညွန့်ကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မင်းဓမ္မပန်းဥယျာဉ်ပြသာနာတွင် စည်ပင်နှင့် ပန်းဥယျာဉ်ပိုင်ရှင်တို့ အပြန်အလှန်တရားစွဲဆိုထားကြောင်းသိရသည်။
သတင်း -စိုင်းလမင်း(Popular Myanmar News Journal)

VIDEO-Kamayut MediaTv
Kamayut MediaTv
မင်းဓမ္မပန်းကွင်းထဲက ဆိုင်ခန်းပိုင်ရှင်တွေ အပေါ် စည်ပင် ပန်းဥယျာဉ်ဌာနက သြဂုတ် ၂ရက်နေ့မှာ အင်အားသုံး အကြမ်းဖက် တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က မင်းမဲ့စရိုက်နဲ့ ပြဿနာတွေကို မဖြေရှင်းဖို့ သြဂုတ်လ ၁၁ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

မြန်မာသံရုံးဗုံးခွဲဖို့ကြံစည်သူ ၂ ဦး အင်ဒိုနီးရှားရဲကဖမ်း

 
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ မြန်မာသံရုံးကို မေလတုန်းက ဗုံးခွဲရန်ကြံစည်မှုမှာ ပါဝင် ပတ်သက်တယ်လို့ သံသယရှိသူ ၂ ယောက်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း တနင်္ဂနွေနေ့ထုတ် Jakarta Globe သတင်းစာမှာ ဖော်ပြလိုက်ပါတယ်။

Yogyakarta မြို့လယ် Garuda Inn ဟိုတယ် ကားတွေရပ်နားတဲ့ကွင်းမှာ အီပူး ခေါ် မူဟာမက် စာအိဖူလ် စာဘာနီဝှို ကို သောကြာနေ့က ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ အီပူးလ်ဟာ ကိုရမ်ကျမ်းစာ ရွတ်တဲ့အဖွဲ့ရဲ့ဘဏ္ဍာရေးမှူးဖြစ်ပြီး ဂျားဗားအနောက်ပိုင်း Mount Salak မှာလည်း စစ်သင်တန်း တက်ဖူးသူဖြစ်တယ် လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ သူ့ရဲ့ အပေါင်းအပါ ရိုဟာဒီ ဆိုသူကိုလည်း ဖမ်းဆီးထားပြီး အင်ဒိုနီးရှားနိုင်ငံတွင်း ဗုဒ္ဓဘာသာတွေနဲ့ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ မေလတုန်းက ကြံစည်ခဲ့ကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အီပူးလ်ရဲ့ နောက်ထပ်အပေါင်းအပါဖြစ်သူ ဘာယု ဒွီ အာဒီယန်တို ဆိုသူကိုလည်း လူသိပ်မသိတဲ့ အကြမ်းဖက် ကွန်ယက်တွေနဲ့ ဆက်နွယ်နေ တယ်လို့ သံသယရှိတဲ့အတွက် ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

ဗုဒ္ဓဘာသာ အများစုနေထိုင်ရာ မြန်မာပြည်မှာ မူဆလင် ရိုဟင်ဂျာတွေကို အကြမ်းဖက် ဖိနှိပ်နေတယ်လို့ စွပ်စွဲပြီး လက်စားချေတဲ့အနေနဲ့ ဂျကာတာမြို့ရှိ မြန်မာသံရုံးကို အစွန်းရောက် အကြမ်းဖက်အဖွဲ့က ဗုံးခွဲဖို့ ကြံစည်ခဲ့ကြတာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

Sunday, August 11, 2013

အဆင့်-၃ တိုင်ဖွန်းမုန်တိုင်း UTOL ဖိလစ်ပိုင်သို့ဝင်ရောက်တိုက်ခတ်မည်


Storm Tracker Map
GFS ကွန်ပျူတာ မော်ဒယ်မှ ကြိုတင် ပုံဖေါ်ခန့်မှန်းချက် အရ သြဂုတ်လ ၁ဝ ရက် မြန်မာစံတော်ချိန် ၂၄း၃ဝ နာရီတွင် အဆင့်-၁ တိုင်ဖွန်းမုန်တိုင်း-UTOL (ဗဟိုလေတိုက်နှုန်း 70 knots) သည် အဆင့် -၂ တိုင်ဖွန်းမုန်တိုင်းအဆင့် (ဗဟိုလေတိုက်နှုန်း – 90 knots)သို့ လည်းကောင်း၊ သြဂုတ်လ ၁၁ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီတွင် တွင် အဆင့်-၃ တိုင်ဖွန်းမုန်တိုင်း(ဗဟိုလေတိုက်နှုန်း 100 knots)သို့ လည်းကောင်း အင်အားကောင်းလာမည်ဖြစ်ပြီး တစ်ချိန်တည်းတွင် တောင်တရုတ်ပင်လယ်ပြင် တောင်ပိုင်း၌ ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းဆဲလ် INVEST 97W သည် တိုင်ဖွန်းမုန်တိုင်း အရှိန်ဖြင့် အနောက်ဘက်(ဗီယက်နန်ကမ်းခြေဘက်သို့) ရွေ့လျားမည်ဖြစ်ကြောင်း တွေ့ရပါသည်။ (ပုံ-၁)
JTWC မှ ထုတ်ပြန်သည့် သတိပေးချက် အမှတ် – ၇ တွင် တိုင်ဖွန်းမုန်တိုင်း UTOL ၏ ဗဟိုသည် လေတိုက်နှုန်း 105 knots – gust-130 knots(တစ်နာရီ မိုင် ၁၂ဝ မှ ၁၅ဝ နှုန်းအထိ) လေပြင်းများတိုက်ခတ်ပြီး ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်ကမ်းခြေအား မနီလာမြို့ အရှေ့မြောက်ဘက် မိုင် ၁၃ဝ ခန့်အကွာမှ ဖြတ်ကျော်၍ ကုန်းတွင်းသို့ ဝင်ရောက်ကာ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျား၍ သြဂုတ်လ ၁၂ ရက်၊ တင်္နလာနေ့ မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီတွင် တောင်တရုတ်ပင်လယ်အတွင်းသို့ စတင်ရောက်ရှိမည်ဟု ခန့်မှန်းထားပါသည်။
တောင်တရုတ်ပင်လယ်သို့ စတင်ရောက်ရှိချိန်၌ မုန်တိုင်းဗဟိုတွင် လေတိုက်နှုန်း 80 knots – gust 100 knots (တစ်နာရီ မိုင် ၉ဝ မှ မိုင် ၁၁ဝ အထိရှိနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။ မုန်တိုင်းသည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး တရုတ်တောင်ဘက် ကမ်းခြေအား ဟိုင်နန်ကျွန်းမြောက်ဘက်မှ ကပ်၍ သြဂုတ်လ ၁၄ ရက်(ဗုဒ္ဓဟူးနေ့) မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီမတိုင်မီ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။ ဤ ဒုတိယအကြိမ် ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်စဉ် လေတိုက်နှုန်း 75 knots – gust 90 knots (တစ်နာရီ ၈၅ မိုင်မှ မိုင် ၁ဝဝ)ဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း သိရပါသည်။http://blog.mmweather.com
=================================================
http://typhoonstormwatch2012.blogspot.com/ မှ ခန့်မှန်းချက်။
Typhoon Utor, 11w rapidly intensifies in the Philippine Sea. It should make landfall over the Philippines in the early by late August 11. 

It has a 40% chance of becoming a Category 4 typhoon,
and although it will weaken a bit after it's landfall over the Philippines, it should reintensify in the South China Sea to category 2 or 3 strength.
Afterwards it should make landfall over Guandong province as a category 2 typhoon, however the JTWC puts it's landfall at western Guandong, while the JMA currently puts it's landfall over Macao.

Typhoon Utor 11w live Info:
Maxiumum 1-minute sustained winds : 175km/h, gusting to 205km/h
Central pressure : 955hpa
Movement speed : 20km/h west, northwest
Location in coordinates :14.1°N 127.5°E
Storm Strength : Category 2

Typhoon Utor 11w JTWC 5 day forecast Track
(For multi-agency forecast tracks, click here) 


Typhoon Utor 11w live visible / infrared satellite loop


Typhoon Utor live RGB enhanced visible / infrared satellite loop


Typhoon Utor 11w live infrared only satellite loop


Typhoon Utor 11w live microwave satellite loop


Typhoon Utor 11w live infrared / microwave satellite loop


▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Tropical Depression / Disturbance Invest 97w is spinning up in the South China Sea, and is forecast move northwest before becoming stationary, and possibly be absorbed into Typhoon Utor. However, it has a 70% chance of intensifying into a Tropical 
Storm before it gets weakened or absorbed into Utor.

Tropical Depression / disturbance invest 97w live visible / infrared satellite loop

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
10AUG-2430MST