Pages

Saturday, August 24, 2013

ယနေ့ ဆန္ဒထုတ်ဖော်မှုအပေါ် ဦးလူမင်း (မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ) ၏ သဘောထား

 
"အခု ဆန္ဒပြတယ်ဆိုတာ နိုင်ငံ သားတိုင်း လုပ်ခွင့်ရှိတဲ့ အခွင့်အရေး တစ်ခုအနေနဲ့လုပ်ကြတော့ ကျွန် တော်တို့အနေနဲ့ သဘောမတူစရာ မရှိ သလို ကန့်ကွက်စရာလည်း မရှိ ဘူး။ ဆန္ဒတကယ်ပြပြီဆိုရင် ကျွန်တော် တို့လည်း မှတ်တမ်းမှတ်ရာ ယူ ထားမယ်။

ပြီးတော့ ဆန္ဒပြတဲ့ရည် ရွယ်ချက်ကဘာလဲ နံပါတ်တစ် စဉ်းစား ပါမယ်။ ဘယ်လိုလူတွေက ပြတာလဲ ဆိုတာကိုလည်း သုံးသပ်ပါမယ်။ ပြီး ရင် ဥက္ကဌတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ် မယ်။ ပြီးရင် ကိုယ်နဲ့ ကိုယ့်အဖွဲ့ အစည်းကို ပြန်ပြီးသုံးသပ်မယ်။

ကျွန် တော်တို့ဘက်က ပြင်သင့်တာတွေ အကုန်ပြင်မယ်။ ဆင်ခြင် သင့်တာ တွေ အကုန်ဆင်ခြင်မယ်။ ဒါပေမဲ့ ရည်ရွယ်ချက်သည် လောကသား များကောင်းဖို့ဆိုတဲ့ ရည်ရွယ်ချက် ဖြစ်ရမယ်။ မှန်မှန်ကန်ကန်ဆန္ဒ ဖော် ထုတ်တယ်ဆိုရင် ဒီဆန္ဒကို ကျွန်တော်တို့အလေးအနက်ထားပါမယ်"
(မနက်ဖြန်တနင်္ဂနွေထုတ်ဝေမည့်ပေါ်ပြူလာဂျာနယ်မှ)

Popular Journal

မြေဈေးနှုန်းများ မြင့်မားမှုကြောင့် ရန်ကုန်-ဒလ တံတားစီမံကိန်း ရပ်နားလိုက်ရ

 
တောင်ကိုရီးယားနိုင်ငံက တည်ဆောက်ပေးမည့် ရန်ကုန်-ဒလ တံတား စီမံကိန်းကို ယခုအစိုးရ သက်တမ်းအတွင်း တည်ဆောက်တော့မည် မဟုတ်ကြောင်း၊ လက်ရှိ အစိုးရသက်တမ်း ကုန်ဆုံးမည့် ၂၀၁၅ခုနှစ်အတွင်း ယင်းစီမံကိန်းကို ရပ်နားလိုက်ခြင်းသည် စီမံကိန်းကြောင့် ဖြစ်ပေါ်လာသည့် မြေဈေးနှုန်းမြင့်မားမှုများကြောင့် ဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတရုံး၊ ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းက သြဂုတ် ၂၃ရက်နေ့က ပြုလုပ်သည့် နေပြည်တော် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်ဟု သိရသည်။
“စီမံကိန်းတစ်ခုလုပ်တော့မယ်ဆိုရင် မြန်မာ့မြေဈေးက မြင့်ပြီ။ ဒါကြောင့်မို့ ၂၀၁၅ခုနှစ်အထိ ယခုအစိုးရသက်တမ်းအတွင်း ဒလတံတား စီမံကိန်းကို ရပ်နားထားမယ်”ဟု ဦးစိုးသိန်းက ပြောသည်။

အဆိုပါ တံတား စီမံကိန်းကို ဇွန်လအတွင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီးနှင့် မြန်မာနိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးတို့အကြား နေပြည်တော်၌ တွေ့ဆုံစဉ် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု အပါအဝင် ယခုတံတား စီမံကိန်း ပြုလုပ်ပေးရန်အတွက် စီစဉ်ခဲ့ခြင်း ဖြစ်ပြီး တောင်ကိုရီးယား ဘဏ္ဍာရေး ဝန်ကြီး ကိုယ်တိုင် ဒလမြို့နယ်သို့ သွားရောက် လေ့လာပြီး ခြောက်လအတွင်း ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ် တည်ဆောက်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းတောင်ကိုရီးယား-မြန်မာ ချစ်ကြည်ရေး တံတားထိုးမည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သည့် နောက်ပိုင်း ဒလမြေဈေးသည် တစ်ရှိန်ထိုး မြင့်တက်ခဲ့ပြီး ယင်းတံတားထိုးမည့် စီမံကိန်းသည် ဒလမြို့နယ် ဒေသခံတို့၏ အိပ်မက်တစ်ခု ဖြစ်ခဲ့ကြောင်း ယင်းမြို့နယ်အတွင်းမှ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများက ပြောကြားသည်။

“အခုလို အစိုးရဘက်က တရားဝင် ပြောလိုက်ရင် ဒေသခံတွေတော့ အများကြီး နစ်နာပြီ။ မြေသာရှိပြီး သူတို့က တောင့်မခံနိုင်ဘူး။ ၂၀၁၅အထိဆိုရင် ကြာဦးမှာလေ။ စီမံကိန်းကတော့ ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒီပြောကြားမှုကြောင့် မြေဈေးတွေ ထိုးကျပြီး မြေဝယ်စုသူတွေ အကြိုက်ဖြစ်သွားမယ်”ဟု အိမ်ခြံမြေ လုပ်သက်နှစ် ၂၀ခန့်ရှိသူ မချိုက ပြောသည်။

လက်ရှိတွင် ယင်းတံတား စီမံကိန်းကြောင့် အခြေခံမြေဈေးနှုန်းသည် မြေတစ်ကွက်လျှင် သိန်း ၃၅၀အထိ ဈေးရှိသော်လည်း ဝယ်မည့်သူမရှိပဲ စီမံကိန်းရပ်နားသည့် သတင်းကြောင့် ပေ ၅၀ပတ်လည် မြေကွက်ဈေးနှုန်းများ သိန်း ၁၅၀အောက် ထိုးကျသွားနိုင်ကြောင်း၊ ဒလအိမ်ခြံမြေ အကျိုးဆောင် အသိုင်းအဝိုင်းက ခန့်မှန်းသည်။

ဒလမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက “ရပ်နားမယ်ဆိုတာ မကြားသေးဘူး။ သြဂုတ်လ ၂၁ရက်ကတောင် ဆာဗေးအဖွဲ့တွေ ကျွန်တော့်ဆီကို လာခဲ့သေးတယ်”ဟု ပြောသည်။ ကျန်စစ်သား ရပ်ကွက်မှ ဦးထွန်းလှကလည်း “ဦးလေးတို့က သမ္ဗာန်စီးရတဲ့ ဒုက္ခက မလွတ်သေး ဘူးပေါ့”ဟု သူ၏ အမြင်ကို ပြောပြသည်။ ]

ယခုဆိုင်းငံ့လိုက်သည့် တောင်ကိုရီးယား - မြန်မာ ချစ်ကြည်ရေး ရန်ကုန်မြစ်ဖြတ် ဒလတံတားသည် တံတားစီမံကိန်းအပြင် ဒလမြို့နယ် ဘက်ခြမ်း၌ တောင်ကိုရီးယား စက်မှုဇုန်တစ်ခုလည်း ပါဝင်မည့် အစီအစဉ်ဖြစ်ကြောင်း တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီး မြန်မာနိုင်ငံ ရောက်ရှိနေစဉ် အချိန်၌ ကိုရီးယားနိုင်ငံ သတင်းစာများတွင် ဖော်ပြခဲ့သည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရပါသည်။

Myanmar ICT

အစိုးရက မြေဈေး ထိန်းချုပ်တော့မည်

 
ရန်ကုန် ၊ သြဂုတ် ၂၃ ။           ။ ရန်ကုန် တိုင်းဒေသကြီးအတွင်းမြေဈေး ကြီးမြင့်မှုများအား ထိန်းချုပ်ရန် အတွက် အစိုးရက ပုံသေမြေဈေး နှုန်းသတ်မှတ်ပေးတော့မည်ဖြစ် ကြောင်း သိရသည်။ လက်ရှိပေါက်နေသည့် မြေ ဈေးကြီးမြင့်မှုများ အား ထိန်းချုပ် ရန် အစိုးရအဖွဲ့များနှင့်ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးမှစတင် ၍ တစ်ပေပတ်လည်မြေဈေးနှုန်း များအား သတ်မှတ်ပေးမည်ဖြစ်ကြောင်းကို နိုင်ငံတော်သမ္မတရုံးပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ဩဂုတ် ၂၃ရက်က နေပြည်တော် တွင်ပြု လုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ''မြန်မာနိုင်ငံမှာ မြေဈေး တွေကြီးနေတော့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေအတွက် အခက်အခဲ ဖြစ်နေတယ်။ မြေဈေးတွေကြီး နေတာကို အခွန်နည်းလမ်းများနဲ့ လဲထိန်းပြီး လုပ်ဆောင်ဖို့တွေရှိပါ တယ်။ တစ်ပေပတ်လည်ဈေးနှုန်း တွေကိုလဲ ပုံသေသတ်မှတ်ပေးဖို့လဲ ရှိတယ်''ဟုပြောသည်။ လက်ရှိအချိန်တွင် ရန်ကုန် မြို့ရှိအဓိကလမ်းများ၏ မြေဈေး များသည် တစ်ပေပတ်လည်လျှင် ၁ဝသိန်းနှင့် ၁၅သိန်းဝန်းကျင် ဈေးများပေါက်နေပြီး တောင်ဥက္က လာနှင့် သင်္ဃန်းကျွန်းမြို့နယ်များ ရှိမြေဈေးများသည်လည်း တစ် ပေပတ်လည်လျှင် တစ်သိန်းခွဲမှ လေးသိန်းဝန်းကျင်အထိ ဈေးများ ပေါက်နေကြောင်း သိရသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိ ယဝန်ကြီး ဒေါက်တာမောင်မောင် သိန်းက ''မြေဈေးတွေကြီးတာ တွေကိုထိန်းချုပ်ဖို့၊ ဒီလိုထိန်း ချုပ်တဲ့နေရာမှာလဲ တံဆိပ်ခေါင်း ခွန်တွေကို ကြပ်မတ်စွာဆောင် ရွက်ရမယ်''ဟု ပြောသည်။ မြန်မာနိုင်ငံ အိမ်ခြံမြေအ သင်းအတွင်းရေးမှူးဦးခင်မောင်အေး  က ''မဆလခေတ်တုန်းကတောင် ကုန်စည်ဈေးနှုန်းတွေကို တရားဝင် ထိန်းချုပ်ဖို့တွေတောင် မလုပ်နိုင် ခဲ့တာ အခုလိုမျိုး အိမ်ခြံမြေဈေး နှုန်းကို တရားဝင်ပုံသေသတ်မှတ် ဖို့ဆိုတာက မဖြစ်နိုင်ဘူး။ ဒီလို ပုံသေဈေးသတ်မှတ်ဖို့က မဖြစ် နိုင်ဘူး။ နိုင်ငံတကာမြေပေါက်ဈေး တွေနဲ့ သူတို့ဆီက နည်းပညာ တွေကိုလဲ လေ့လာမှအဆင်ပြေ မယ်''ဟု သုံးသပ်ပြောသည်။

သန်းနိုင်ဦး ၊ အောင်သူ (ဒေးဒရဲ)

Yangon Media Group

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်မှု အစီရင်ခံစာအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရန် ပူးပေါင်းကော်မတီ ဆုံးဖြတ်

 8.1.1
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ ပထမအကြိမ် အစည်းအဝေး ကျင်းပနေစဉ်
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ် တွေ့ရှိမှု အစီရင်ခံစာအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီ၏ သြဂုတ် ၂၃ ရက်က ပြုလုပ်သော ပထမအကြိမ် အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့သည်။
အဆိုပါ ပူးပေါင်းကော်မတီ အနေဖြင့် မြန်မာနိုင်ငံ၏ တည်တံ့ခိုင်မြဲမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ခေတ်စနစ်နှင့် လျော်ညီစွာ တည်ဆောက်နိုင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်လာရန်၊ တိုင်းရင်းသား မျိုးနွယ်စုများ အကြား အမျိုးသား စည်းလုံးညီညွတ်မှုကို တည်ဆောက်ခြင်းဖြင့် ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ဆိုသည်။
''ပူးပေါင်းကော်မတီရဲ့ သက်တမ်းကိုတော့ စတင်ဖွဲ့စည်းတဲ့ အချိန်ကနေ ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းပြီးတဲ့ အချိန်ထိ သတ်မှတ်ထားပါတယ်။ ပြည်သူတွေရဲ့ နိုင်ငံရေး ရင့်ကျတ်မှု အခြေအနေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု အခြေအနေ၊ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး အခြေအနေတို့ပေါ် မူတည်ပြီး လေ့လာသုံးသပ်သွားမှာ ဖြစ်ပါတယ်'' ဟု ဦးအေးမောက်က ပြောကြားသည်။
ထို့အပြင် ကော်မတီ အနေဖြင့် အငြင်းပွားဖွယ်ရာ ဖြစ်နိုင်သည့် ပြဋ္ဌာန်းချက်များထက် ပြည်သူအများ လိုလားသည့် ပြဋ္ဌာန်းချက်များကို ဦးစားပေး လေ့လာသုံးသပ်မည် ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါသော်လည်း လက်တွေ့ဆောင်ရွက်နိုင်ခြင်း မရှိသည့် ကိစ္စရပ်များကို လေ့လာဆန်းစစ် ဖော်ထုတ်ကာ ပြည်သူတို့၏ ယုံကြည်မှုကို ရရှိသည့် တရားစီရင်ရေးစနစ် ဖြစ်ပေါ်လာရေး စသည့်အချက်များကို လေ့လာသုံးသပ်မည် ဖြစ်ကြောင်း သိရသည်။
ဖွဲ့စည်းပုံ လေ့လာရာတွင် ပြဋ္ဌာန်းချက်များကို အစုအဖွဲ့များ ဖွဲ့စည်းကာ အပိုင်းလိုက်ခွဲ၍ လေ့လာသုံးသပ် ရမည်ဖြစ်ပြီး အစုအဖွဲ့အလိုက် လေ့လာတွေ့ရှိချက်များကို ပူးပေါင်းကော်မတီ၌ ပြန်လည်ဆွေးနွေး သုံးသပ်မှု ပြုလုပ်ကာ အများသဘော တူညီသည့် အစီရင်ခံစာအား အပိုင်းလိုက်ခွဲ၍ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည် ဖြစ်သည်။
အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၁၀၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌဦးနန္ဒကျော်စွာက ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးမြညိမ်းက လည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်နှင့် တွဲဖက်အတွင်းရေးမှူး အဖြစ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီက တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။
Eleven

ထားဝယ်-ထီးခီး ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်အချို့ကို KNU တပ်မဟာ-၄ တပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးပြီး ဖမ်းဆီးမှုများပြုလုပ်

 တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ်ခွဲနှင့် မေတ္တာမြို့နယ်ခွဲ ထိုင်း-မြန်မာနယ်စပ် ထီးခီးကုန်သွယ်ရေး စခန်းသို့ ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်အချို့ကို သြဂုတ် ၂၂ ရက် မွန်းလွဲပိုင်းတွင် KNU တပ်မဟာ-၄ တပ်ဖွဲ့ဝင်အချို့က တားဆီးစစ်ဆေးပြီး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ထားဝယ်ဒေသခံများက ပြောကြားသည်။
''ကျွန်တော်တို့ ယာဉ်လိုင်းက တစ်စီး၊ စွမ်းသစ်ယာဉ်လိုင်းက တစ်စီးကို သူတို့တားဆီး ခဲ့တယ်လို့ သိရပါတယ်။ ထားဝယ်ကို ထွက်လာတဲ့ ထီးခီးက ယာဉ်တွေမှာ ပါလာတဲ့ ခရီးသည်တွေရဲ့ မှတ်ပုံတင်တွေ၊ ကားလိုင်စင်တွေကိုသိမ်းပြီး ခဏရပ်ခိုင်း ထားတယ်လို့ ဆိုပါတယ်။ ပြီးတော့ ပြန်လွှတ် လိုက်ပါတယ်။ ခရီးသည်တွေဆီက ဘာမှမယူပါဘူး။ ထားဝယ်က အတက်ကားတွေ ကတော့ မေတ္တာမြို့မှာ ညအိပ်လိုက်ရပါတယ်။ မနက်ကျတော့ သိမ်းထားတဲ့ မှတ်ပုံတင်တွေနဲ့ လိုင်စင်တွေကို မေတ္တာရုံးမှာ ပြန်လာပေးခဲ့ပါတယ်။ တခြား ဘာမှမဖြစ်ပါဘူး'' ဟု ရွှေမင်းသမီး ယာဉ်လိုင်း၏ ထားဝယ်ဂိတ် တာဝန်ခံက သြဂုတ် ၂၃ ရက်တွင် ပြောကြားသည်။
အဆိုပါ ကိစ္စရပ်သည် KNU အမည်ခံပြီး ခရီးသည်များ ပို့ဆောင်ပေးနေသည့် လိုင်စင်မဲ့ယာဉ် တစ်စင်းကို သရက်ချောင်းမြို့တွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီးနောက် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုဖြစ်စဉ်သည် သရက်ချောင်းတွင် ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်နှင့် ဆက်စပ်မှု မရှိကြောင်း KNU တပ်မဟာ-၄ ၏ ထားဝယ်- မြိတ်ခရိုင် ဆက်ဆံရေးရုံးမှ တာဝန်ကျ အရာရှိတစ်ဦးက ပြောကြားသည်။
''အခုလို ကားတွေကို ရပ်ခိုင်းပြီး စစ်တာကတော့ ဒီလမ်းကြောင်းပေါ်မှာ သွားနေတဲ့ လိုင်းကားတွေက စည်းကမ်းမဲ့ မောင်းနေတာရယ်၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး သယ်ယူလာတာတွေ ရှိမှာစိုးလို့ စစ်ဆေးတဲ့ သဘောလောက်ပါပဲ။ ကျွန်တော်တို့က မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး သယ်ယူတာ လုံးဝလက်မခံပါဘူး။ သရက်ချောင်းဘက်မှာ KNU နဲ့ ဆက်နွယ်နေတဲ့ လိုင်စင်မဲ့ကားကို ဖမ်းလို့ အခုလို လုပ်တာလည်း မဟုတ်ပါဘူး။ အဲဒီကားက သရက်ချောင်းကို ရောက်နေတာ တစ်လလောက် ရှိပါပြီ။ အခြားကား တစ်စီးက အဲဒီကားကို တိုက်မိလို့ စစ်ဆေးရင်းနဲ့ လိုင်စင်မဲ့ကားဆိုပြီး မိခဲ့တာ ဖြစ်ပါတယ်။ တခြား ဘာပြဿနာမှ မရှိပါဘူး။ အေးဆေးပါပဲ'' ဟု KNU တပ်မဟာ-၄ ဆက်ဆံရေးရုံးမှာ တာဝန်ကျ အရာရှိက ပြောကြားသည်။
သြဂုတ် ၂၂ ရက်က ဖြစ်ခဲ့သော ဖြစ်စဉ်တွင် KNU တပ်မဟာ-၄ တပ်ဖွဲ့ဝင် အချို့က ခရီးသည်ယာဉ် အချို့ကို ဆင်ဖြူတိုင် ကျေးရွာအနီး၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အစိုးရနှင့် KNU မှ တာဝန်ရှိသူအချို့ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ဖမ်းဆီးခဲ့သော ခရီးသည် ယာဉ်များကို သြဂုတ် ၂၂ ရက် ည ၁၁ ခန့် အချိန်တွင် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောကြားခဲ့ပါသည်။
Eleven

Thursday, August 22, 2013

ဆရာကြီး ဒဂုန်တာရာ မိသားစုထံ သမ္မတဦးသိန်းစိန် ဝမ်းနည်းကြောင်း သဝဏ်လွှာပို့


 
 Thursday, August 22, 2013

ငြိမ်း ချမ်းရေး စာရေးဆရာကြီး ဒဂုန် တာရာ၏ မိသားစုထံ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပုဂ္ဂိုလ်ရေး ဝမ်းနည်းကြောင်းသဝဏ်လွှာ တစ်စောင်နှင့် ဆရာကြီး၏ဈာ ပနအတွက် ကူငွေ ကျပ်နှစ်သိန်း ကို သက်ဆိုင် ရာ ဒေသအာဏာ ပိုင်များမှတစ်ဆင့် ယနေ့ ညနေ ပိုင်းကပေးပို့ခဲ့ကြောင်း မိသားစု ဝင်တစ်ဦးက ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ပြောကြားသည်။

''အခုလေး တင်ပဲ စာအိတ် ဖွင့်ကြည့်လိုက်ပါတယ်။ သမ္မတ ကြီးထံက ဝမ်းနည်းကြောင်းသဝဏ် လွှာနဲ့ နာရေးကူငွေကျပ် နှစ်သိန်း ရယ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ရဲ့ နာရေးကူညီငွေ ကျပ် တစ်သိန်း ရယ်ကို လက်ခံရရှိပါတယ်''ဟု အ ဆိုပါ မိသားစု ဝင်ကပြောသည်။ ယနေ့ မွန်းလွဲ ၂ နာရီတွင် ဆရာကြီးဒဂုန်တာရာအား အောင် ပန်းမြို့ မင်းဂူသုသာန်တွင် မီး သင်္ဂြိုဟ်ခဲ့သည်။ ဈာပနအခမ်း အနားသို့ ကျော်ကြားသော နိုင်ငံ ရေးသမားများ၊ စာပေအနုပညာ ရှင်များနှင့် ဆရာကြီးကို ချစ်ခင် သော ပြည်သူများက လိုက်လံ ပို့ ဆောင်ခဲ့ကြောင်းသိရသည်။

မြဝန်းရံ

Yagon Media Group

ဆီးရီးယားကိစ္စ လုံခြုံရေးကောင်စီ အရေးပေါ်စည်းဝေး

ဆီးရီးယားနိုင်ငံမှာ ဓာတုလက်နက် အသုံးပြုမှုဟာ အဲ့ဒီမှာဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေ အများကြီး အရှိန်မြင့်လာစေမယ်၊ လူတွေကို ပြင်းပြင်းထန်ထန် အကျိုးသက်ရောက်မှုတွေ ဖြစ်စေလိမ့်မယ်လို့ ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ်က ပြောလိုက်ပါတယ်။

မစ္စတာ ဂျန် အလဆန် (Jan Eliasson) က ဆီးရီးယားအရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အရေးပေါ် အစည်းအဝေးအတွင်းမှာ အခုလို ပြောသွားတာဖြစ်ပါတယ်။

Damascus မြို့တော်နားမှာ အစိုးရတပ်ဖွဲ့တွေက ရာနဲ့ချီတဲ့ အရပ်သားတွေကို ဓာတုလက်နက်တွေ အသုံးပြုပြီး ဗုဒ္ဓဟူးနေ့က သတ်ပစ်ခဲ့တယ်လို့ အတိုက်အခံတွေက ပြောတဲ့ကိစ္စရပ်ကို တုံ့ပြန်တဲ့အနေနဲ့
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အရေးပေါ် အစည်းအဝေး ထိုင်နေပါတယ်။

ဗုဒ္ဓဟူးနေ့က သတ်ဖြတ်မှုဖြစ်ပွားခဲ့တဲ့ နေရာတွေကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေ သွားရောက်ခွင့်ပြုဖို့ အာရပ်အဖွဲ့ချုပ်နဲ့ အမေရိကန် အပါအဝင် အနောက်အင်အားကြီး နိုင်ငံတွေက ဆီးရီးယားအစိုးရကို တိုက်တွန်းနေပါတယ်။

သူပုန်ဘက်က ထိန်းချုပ်ထားတဲ့ Damascus မြို့တော် ဆင်ခြေဖုံးကို ဓာတုလက်နက် အသုံးပြုပြီး တိုက်ခိုက်ခဲ့တာ မဟုတ်ပါဘူးလို့ ဆီးရီးယားသမ္မတ ဘက်ရှာ အယ်လ် အာဆတ် (Bashar al-Assad) အစိုးရအဖွဲ့က ငြင်းဆိုနေတာ ပါ။

ဒီနှစ်အစောပိုင်းမှာ သူပုန်တွေဘက်က ဓာတုလက်နက် အသုံးပြုခဲ့တယ်လို့ အစိုးရက တိုင်ကြားလို့ ကုလသမဂ္ဂက လာရောက် စုံစမ်းမယ့်ကိစ္စကို လမ်းကြောင်းလွှဲဖို့အတွက် အတိုက်အခံဘက်က အခုလို ပြောနေတာလို့ သမ္မတ အာဆတ်ရဲ့ အစိုးရအဖွဲ့က စွပ်စွဲနေပါတယ်။ 
ဗွီအိုအေ (မြန်မာပိုင်း)

ဆီးရီးယားအစိုးရတပ် အဆိပ်ဓာတ်ငွေ့သုံး တိုက်ခိုက်


 ဆီးရီးယားနိုင်ငံ Damascus မြို့အနီးမှာ အစိုးရတပ်တွေက ထိုးစစ်ဆင်ရာမှာ ဓာတုလက်နက်တွေ အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၀၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဆီးရီးယားအရေး တက်ကြွလှုပ်ရှားသူတွေက စွပ်စွဲလိုက်ပါတယ်။ ဆီးရီးယားအစိုးရကတော့ ဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး ချက်ချင်းဆိုသလိုပဲ ငြင်းဆိုလိုက်ပါတယ်။

သမ္မတ အာဆတ် အစိုးရဆန့်ကျင်သူတွေကို အကြမ်းဖက်သမားတွေအဖြစ် ရည်ညွှန်းလေ့ရှိတဲ့ အစိုးရတပ်တွေကတော့ အဲဒီဒေသက အကြမ်းဖက်သမားတွေကို သုတ်သင်ခဲ့တယ်လို့ ပြောပါတယ်။
Slaughter: Syrian activists inspect the bodies of people they say were killed by nerve gas in Damascus

စစ်တပ်က Ghouta အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကို ရော့ကက်ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ရာမှာ အဆိပ်ဓာတ်ငွေ့ အသုံးပြုခဲ့တယ်ဆိုတဲ့ ဒေသတွင်း လှုပ်ရှားသူတွေရဲ့ အပြောကို ကိုးကားပြီး ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး အကဲခတ် အဖွဲ့က ပြောဆိုလိုက်တာပါ။ ဒေသခံ အတိုက်အခံ ပူးပေါင်းညှိနှိုင်းရေး ကော်မတီကလည်း ဓာတ်ငွေ့တွေသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့ ပြောဆိုလိုက်ပါတယ်။
A Syrian boy is comforted as waits to receive treatment at a makeshift hospital in the aftermath of the poison gas attack
အဲဒီဓာတုလက်နက်တွေ သုံးနေတယ်ဆိုတဲ့ ဒေသတွေကို ကုလစစ်ဆေးရေမှူးတွေကို သွားခွင့်ပြုဖို့ ဗြိတိန်နဲ့ အာရတ်အဖွဲ့ချုပ်က တိုက်တွန်းလိုက်ပါတယ်။ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး William Hague ဓာတုလက်နက်တွေ အသုံးပြုနေတယ်ဆိုတဲ့ သတင်းအပေါ် အတော်လေး စိုးရိမ်မကင်း ဖြစ်ရကြောင်းနဲ့ ဒီကိစ္စကို ကုလ လုံခြုံရေးကောင်စီကို တင်ပြမယ်လို့ ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ ဓာတုလက်နက် စစ်ဆေးရေးမှူးတွေဟာ ဆီးရီးယားအစိုးရနဲ့ သူပုန်တပ်ဖွဲ့တွေအကြား ဓာတုလက်နက် အသုံးပြုနေကြတယ်လို့ အပြန်အလှန် စွပ်စွဲနေကြတာတွေကို စစ်ဆေးဖို့ ဆီးရီးယားနိုင်ငံကို သီတင်း ၂ ပတ်ကြာခရီး ရောက်ရှိနေချိန်မှာ အခုလို အင်အားသုံး တိုက်ခိုက်နေတာနဲ့ တိုက်ဆိုင်နေတာလည်း ဖြစ်ပါတယ်။
Many women and children were among the dead. The area reportedly bombed is residential
သတင်း-ဗွီအိုအေ (မြန်မာပိုင်း)
http://lwintmgmg-worldnews.blogspot.com/2013/08/genocide-in-syria-as-1300-people.html

ရခိုင်ပြည်နယ် လုံခြုံရေးတိုးမြှင့်

 
အကြမ်းဖက်သမားတွေ ၀င်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းကြောင့် ရခိုင်ပြည်နယ်မှာ လုံခြုံရေး တင်းကျပ်ထားပြီး အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုးချထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရသူက ပြောပါတယ်။

ရှေးဟောင်းစေတီပုထိုး အဆောက်အဦးတွေရှိရာ မြောက်ဦးမြို့မှာတော့ စစ်တပ်က အဓိက လုံခြုံရေး ယူထားတယ်လို့ ဆိုပေမဲ့ ဘူးသီးတောင်မြို့မှာတော့ လုံခြုံရေး အင်အားက အနည်းငယ်သာ ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းတွေနဲ့ ဆက်စပ်ပြီး ပြည်ပအကြမ်းဖက် အဖွဲ့အစည်းတွေက အင်ဒိုနီးရှားနိုင်ငံက မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့တာနဲ့ အိန္ဒိယနိုင်ငံက ဗုဒ္ဓဂါယာမှာ ဗုံးခွဲတိုက်ခိုက်တာတွေ ဖြစ်ပေါ်ခဲ့တဲ့နောက်မှာ အခုလို လုံခြုံရေး တင်းကျပ်လာတာ ဖြစ်ပါတယ်။

လောလောဆယ် ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး တိုးမြှင့်လာရတဲ့ အခြေအနေကိုတော့ ရခိုင်ပြည်နယ် အစိုးရရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက အခုလို ပြောပါတယ်။

“လုံခြုံရေးတွေ နည်းနည်းတိုးချတယ်။ သတင်းတွေ ရထားတာလေးတွေ ရှိလို့ပေါ့လေ။ မောင်းတောပဲ အဓိကအားဖြင့် သတင်းရတာဖြစ်ပါတယ်။ သတင်းကတော့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဖို့အတွက် လူ ၄၊ ၅ ယောက်လောက် ၀င်တယ်လို့ သတင်းရတာပေါ့လေ။ အဲ့လိုသတင်းတွေ ပြင်မှာလည်း ဖြစ်ပေါ်ပါတယ်။ ပြင်မှာလည်း ဖြစ်ပေါ်တော့ လုံခြုံရေးအနေနဲ့ကတော့ကာ နည်းနည်း ပိုပြီးတော့ ဂရုစိုက်ပေးရတာပေါ့လေ။ ကျနော်တို့ အစိုးရအဖွဲ့ရုံးကတော့ ဒီမြောက်ပိုင်းက ရုံးတွေ၊ တံတားတွေ၊ နောက် ဘာသာရေး အဆောက်အဦးတွေ၊ သတိထားဖို့ ဆိုပြီးတော့ ဒါတော့ ကျနော်တို့ နှိုးဆော်ထားတာပေါ့လေ။”

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြောက်ဦးမြို့က လုံခြုံရေးအခြေအနေကိုတော့ ဒေသခံတယောက်က အခုလို ပြောပါတယ်။

“အဲ့ဒီမြောက်ဦးမြို့ပေါ်မှာ အထင်ကရ ဘုရားတွေပေါ့၊ နောက်ပြီးတော့ အထင်ကရ ဘုန်းတော်ကြီးကျောင်းတွေမှာ တပ်မတော် လုံခြုံရေးကတော့ အပြည့် ချထားတယ်ခင်ဗျ။ ပြီးတော့ မြို့ကို ၀င်လာတဲ့ တံတား၊ အဲ့ဒီတံတားကြီးမှာလည်း ကျနော်တို့ လုံခြုံရေး တပ်မတော်လုံခြုံရေးတွေကို အပြည့်ချထားတယ်ခင်ဗျ။ အဲ့ဒါတော့ သိတယ်ဗျ။ ကျနော်။ လုံခြုံရေးအခြေအနေကတော့ လုံလောက်မှု ရှိပါတယ်ခင်ဗျ။ တမြို့လုံးကို အကုန်လုံး ပြင်ထားတာ တွေ့ရတယ်ဗျ လုံခြုံရေး။”

အဓိကကတော့ ရှေးဟောင်းအဆောက်အဦးတွေကို ဗုံးခွဲ တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့် ဖြစ်တယ်လို့ မြောက်ဦးမြို့ခံက ဆက်ပြောပါတယ်။

“ကျနော်ကြားတာကတော့ ကျနော်တို့ ဒီ ယဉ်ကျေးမှုထွန်းကားတဲ့ ဒီမြောက်ဦးမှာ ရှေးဟောင်းဘုရားစေတီပုထိုး အမွေအနှစ်တွေကို တဘက်က ဘင်္ဂလာက ၀င်လာပြီးတော့ ဗုံးခွဲမယ်ဆိုတဲ့ အသံတွေတော့ ကျနော်တို့ ကြားတယ်ဗျ။ အဲ့ဒါကြောင့် ကျနော်တို့ လုံခြုံရေး အပြည့်ချထားရပါတယ် ဆိုတဲ့သတင်းကတော့ ကြားတယ်ဗျ အဲ့ဒါတော့။”

စစ်တွေမြို့မှာတော့ ရဲတပ်ဖွဲ့အင်အားကို အဓိကသုံးပြီး လုံခြုံရေး ချထားတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောပါတယ်။

“ဒီမှာလည်း လုံခြုံရေးတွေ တော်တော်များများတော့ တိုးမြှင့်ထားပါတယ်။ နေရာတိုင်းလိုလိုပါ။ အဓိကကျတဲ့ ဈေးကြီးတို့၊ ဘုရားရင်ပြင်တို့၊ အဲ့ဒီနေရာတွေမှာတော့ အများကြီးတော့ လုံခြုံရေးတွေတော့ တင်းတင်းကျပ်ကျပ် ချထားပါတယ်။ ကမ်းစပ်တွေမှာလည်း ရေကြောင်းရဲတွေ၊ လုံထိန်းတွေရော အဲ့လိုမျိုးတော့ ချထားပါတယ်။ အဓိကတော့ ဒီဘက်ကို al-Qaida နဲ့ အဆက်အသွယ်ရှိတဲ့ အကြမ်းဖက်အဖွဲ့တွေ ဒီဘက်ကို ၀င်နေတယ်ဆိုတဲ့ အဲ့လိုမျိုး သတင်းတွေ ထွက်နေတဲ့အတွက် ကြိုတင်ပြင်ဆင်အနေနဲ့ အဲ့လိုမျိုး ချထားတာလို့ အဲ့လိုမျိုး သုံးသပ်မိပါတယ်။”

ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒေသဘက် ဘူးသီးတောင်မြို့မှာ လုံခြုံရေး ချထားတဲ့ အခြေအနေကိုတော့ ဘူးသီးတောင်မြို့သား တယောက်က အခုလို ပြောပါတယ်။

“မြို့နယ် ထွေအုပ်ကတော့ ကျေးရွာတို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို သတိပေးထားတာရှိပါတယ်။ တခြားနိုင်ငံက အကြမ်းဖက်အုပ်စုတွေ ၀င်နေတယ်။ အချိန်မရွေး ဖောက်ခွဲနိုင်တယ်။ ထောင်တို့၊ ဌာနဆိုင်ရာတို့လို၊ လူစုလူဝေး ရှိတဲ့နေရာတို့လို အဲ့လိုနေရာမျိုးမှာ အမြဲတမ်းပေါက်ကွဲနိုင်တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို သတိပေးထားပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကတဆင့် ကျနော်တို့ ပြည်သူတွေကို အသိပေးပါတယ်။ မြို့ပေါ်မှာ ရဲအင်အားကလည်း သိပ်မရှိဘူး။ ရဲအင်အားကလည်း နည်းတယ်။ ဖြစ်လာရင်တော့ လုံခြုံရေးတွေက အားနည်းပါတယ်။”

ရခိုင်ပြည်နယ်အတွင်းမှာ အခုလို လုံခြုံရေးကို တိုးမြှင့်ထားတဲ့တချိန်တည်းမှာတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်က တခြား ပြည်နယ်နဲ့တိုင်းဒေသကြီးတွေကိုလည်း လုံခြုံရေးသတိရှိဖို့နဲ့ နယ်စပ်ဒေသတွေမှာ လက်နက်ခဲယမ်းနဲ့ တပ်ဖွဲ့ဝင်အင်အားတွေကို အသင့်ပြင်ဆင်ထားဖို့ ညွှန်ကြားထားကြောင်း ပြည်တွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဇူလိုင်လအတွင်းကတော့ အိန္ဒိယနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂါယာမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့နောက်မှာတော့ ရန်ကုန်မြို့က ရွှေတိဂုံစေတီ၊ မန္တလေးမြို့က မဟာမြတ်မုနိဘုရားကြီးနဲ့ ပုဂံက စေတီပုထိုးတွေမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားခဲ့ပါတယ်။

ကိုမိုးဇော် (ဗွီအိုအေ)

ဝါခေါင်လပြည့်နေ့တွင် တောင်ပြုန်းပွဲတော်၌ နတ်နန်းများသို့ လာရောက်ကြသူများ၊ နတ်ကသူများဖြင့် အထူးစည်ကား

 AA-22-8
ဝါခေါင်လပြည့်နေ့က တောင်ပြုန်းမင်းနှစ်ပါး နတ်နန်းအတွင်း နတ်ကနေသူများကို တွေ့ရစဉ်
ဝါခေါင်လပြည့်နေ့ တောင်ပြုန်းပွဲတော် နောက်ဆုံးနေ့တွင် နတ်နန်းများသို့ လာရောက်သူများ၊ နတ်ကသူများဖြင့် အထူးစည်ကားခဲ့ကြောင်း သတင်းရရှိသည်။ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အတွင်းရှိ တောင်ပြုန်းကျေးရွာတွင် ကျင်းပနေသည့် တောင်ပြုန်းပွဲတော် နောက်ဆုံးနေ့အဖြစ် ထိန်ခုတ်ပွဲကို မန္တလေးမြို့ အနီးဝန်းကျင်အပြင် နိုင်ငံအနှံ့အပြားမှ လာရောက်သူ များပြားခဲ့ပြီး အစည်းကားဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။
တောင်ပြုန်း ဆုတောင်းပြည့် ဘုရားပွဲတော်နှင့် မင်းနှစ်ပါးပွဲတော်ကို နှစ်စဉ်ဝါခေါင်လဆန်း ၁၀ ရက် (သြဂုတ် ၁၆) ရက်တွင် ညီလာခံသဘင် ကျင်းပခြင်း၊ လဆန်း ၁၁ ရက် (သြဂုတ် ၁၇) ရက်တွင် ချိုးရေးတော်သုံးပွဲတော် ကျင်းပခြင်း၊ လဆန်း ၁၄ ရက်( သြဂုတ် ၂၀) ရက်တွင် ယုန်ထိုးပွဲတော် ကျင်းပခြင်း၊ လပြည့်နေ့ (သြဂုတ် ၂၁) ရက်တွင် ထိန်ပင်ခုတ် ပွဲတော်များကို ကျင်းပလေ့ရှိကြောင်း သိရသည်။
ယင်ကဲ့သို့ ကျင်းပရာတွင် ပွဲတော်အစ ချိုးရေတော် သုံးသည့်ရက်နှင့် ပွဲတော်နောက်ဆုံးရက်ဖြစ်သည့် ထိန်ပင်ခုတ်ပွဲတော် ကျင်းပသည့်ရက်တွင် ရန်ကုန်၊ မန္တလေး မြို့ကြီးများအပြင် မြန်မာနိုင်ငံ ဒေသအသီးသီးမှ ပွဲတော်လာ ပရိသတ်များဖြင့် စည်ကားလေ့ရှိပြီး ကြားရက်များတွင် မန္တလေးမြို့ အနီးဝန်းကျင်နှင့် မြို့ပေါ်ရပ်ကွက်များမှ ပိုမိုသွားရောက် ဆင်နွှဲကြကြောင်း သိရသည်။
BB-22-8
တောင်ပြုန်းပွဲတော် နောက်ဆုံးနေ့တွင် လာရောက်ကြသူများနှင့် စည်ကားနေသည်ကို တွေ့ရစဉ်
"အခုလို တောင်ပြုန်းပွဲတော်ကို မန္တလေးမြို့ပေါ် ရပ်ကွက်တွေနဲ့ အနီးဝန်းကျင်မှာရှိတဲ့ ကျောက်ဆည်၊ စစ်ကိုင်း၊ မတ္တရာနယ်ဘက်က လာရောက်ကြတာ များတယ်။ ပွဲတော်ရဲ့ ဘယ်ရက်တွေက လူအရမ်းစည်ကားပြီး ကြိတ်ကြိတ်တိုးရတယ်ဆိုတာ သူတို့တွေက သိနေတော့ အခုလို ဘုရားဖူးကြ၊ မင်းနှစ်ပါးကို ပန်းတို့ပိုက်ဆံတို့ ဆက်ကြ၊ ပွဲဈေးတန်းလျှောက် အမှတ်တရ ပစ္စည်းနဲ့ မုန့်ဝယ်ပြီး ပြန်ကြတယ်။ ဒီနေ့ နောက်ဆုံးနေ့ဆိုတော့ လာရောက်သူ ပိုများပါတယ်" ဟု တောင်ပြုန်းပွဲတော်သို့ နှစ်စဉ်လာရောက်ကာ မလိုင်ကရေကရာ ရောင်းချသူ တစ်ဦးက ပြောကြားသည်။
"ပွဲတော်အစနဲ့ နောက်ဆုံးရက်က နှစ်စဉ်လိုလို လူစည်တတ်တော့ ကြားရက်မှာသွားပြီး ဘုရားဖူး၊ ပန်းဆက်ခဲ့တယ်။ ချိုးရေသုံးတဲ့ အစရက်မှာ လာတဲ့သူ အရမ်းများပြီး ကားလမ်းတွေပိတ်၊ လူတွေကျပ်လို့ နေ့မှာ နောက်ရက်ကျ ဒေသခံတွေ အဖွဲ့တွေနဲ့ ယာဉ်ထိန်းတချို့ အ၀င်လမ်းတွေမှာ လမ်းရှင်းပေးနေတာ တွေ့ရတယ်" ဟု မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အနောက်ဒေးဝန်း ရပ်ကွက်မှ ဦးအောင်ဆွေက ပြောကြားသည်။
ယနေ့နောက်ဆုံးနေ့အဖြစ် ကျင်းပသည့် ထိန်ခုတ်ပွဲကို ညနေပိုင်း အချိန်က ရိုးရာအတိုင်း အစဉ်အလာမပျက် ကျင်းပခဲ့ကြသည်။ ၀ါခေါင်လပြည့်ကျော် ၁ ရက်နေ့တွင် "ဆုတောင်းရဘုရား" ဆွမ်းတော်ကြီး လောင်းလှူပွဲနှင့် သံဃာတော်များကို ဆွမ်းဆန်စိမ်းနှင့် အခြားအလှူဖွယ် ပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြမည်ဖြစ်ကြောင်း သိရသည်။
တောင်ပြုန်းပွဲတော်တွင် ပျော်ပွဲရွှင်ပွဲများ အနေဖြင့် ရုပ်ရှင်ရုံ၊ ဗီဒီယိုရုံ၊ မျက်လှည့်ရုံများရှိပြီး ဖိုးချစ်ဇာတ်ပွဲ၊ ဟန်ဇာမိုးဝင်း ဇာတ်ပွဲများကို ၀ါခေါင်လဆန်း ၁၁ ရက်မှစ၍ လပြည့်ကျော် ၁ ရက်အထိ ကပြဖျော်ဖြေ သွားမည်ဖြစ်ကြောင်း သိရသည်။
Eleven

မြိတ်မြို့သို့ ၀င်ရောက်လာနိုင်သော ဖောက်ခွဲရေးသမား သုံးဦး၏ပုံကို သက်ဆိုင်ရာက ထုတ်ပြန်

Z-22-8
မာမက် (ခ) သိန်းအောင်                 အာဇတ်                                     ယူနွတ် (ခ) လှမြင့်
မြိတ်မြို့သို့ ၀င်ရောက်လာနိုင်သော ဖောက်ခွဲရေးသမား သုံးဦး၏ပုံကို သက်ဆိုင်ရာက ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဖောက်ခွဲရေးသမားများ သတင်းကြောင့် မြို့အ၀င်အထွက် လမ်းကြောင်းများ အပါအ၀င် ပင်လယ်ပိုင်းရှိ ကျွန်းများနှင့် ကျေးရွာများအထိ စနစ်တကျ စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ယခုလလယ်ပိုင်းမှ စတင်ပြီး မြိတ်မြို့သို့ ဖောက်ခွဲရေးသမားသုံးဦး ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ ၀င်ရောက်လာနိုင်ကြောင်း သတင်းများ ရရှိခဲ့ရာ လုံခြုံရေး တိုးမြင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဖောက်ခွဲရေးသမားသုံးဦး ရောက်ရှိနေသည့် သတင်းမှာ ဓာတ်ပုံများနှင့်အတူ အာဏာပိုင်များထံသို့ ရောက်ရှိနေပြီး ရပ်ကွက်အလိုက်၊ ကျေးရွာများအလိုက် လုံခြုံရေး တိုးမြှင့်ခဲ့သလို လူဝင်လူထွက်များ သိရှိနိုင်ရန် ဧည့်စာရင်းများစစ်ခြင်း၊ မြို့အ၀င်ထွက်များတွင် စောင့်ကြည့်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
"ဖောက်ခွဲရေးသမား သုံးဦးကတော့ အခုထိ မမိသေးပါဘူး။ သတင်းတွေ အမျိုးမျိုး ထွက်နေပေမယ့် လုံခြုံရေးကိုတော့ စနစ်တကျ လုပ်ဆောင်နေပါတယ်။ ကျေးရွာနဲ့ ရပ်ကွက်တွေအလိုက် ဆယ်အိမ်စု၊ ရာအိမ်စုမှူးတွေအထိ အဆင့်ဆင့် စောင့်ကြည့်တဲ့ စနစ်နဲ့ လုပ်ဆောင်နေသလို ပင်လယ်ထဲက ကျွန်းတွေ၊ ဆိပ်ကမ်းအ၀င်အထွက်ကိုလည်း စောင့်ကြည့်စစ်ဆေးနေတယ်။ သတင်းရပြီးတာနဲ့ လုံခြုံရေးကို ယခင်ကထက် ထပ်တိုးထားပါတယ်။ သြဂုတ် ၁၇ နေ့ကစပြီး နေ့ရောညပါ လူတစ်ဦးချင်းအလိုက် ရှာပါတယ်။ ဆိုက်ကားတွေ ဆိုင်ကယ်တွေကို တစ်စီးချင်း ရှာပါတယ်။ ညပိုင်းဆိုရင် မြစ်ထဲမှာ လှေတွေနဲ့ ကင်းလှည့်စောင့်ကြည့် ပါတယ်။ ရွာတွေက လှေဆိပ်လေးတွေအထိ လိုက်စစ်နေပါတယ်။ လုံခြုံရေးနဲ့ ပတ်သက်ပြီး ထပ်တိုးထားတာပဲ ရှိပါတယ်။ ဘယ်နေ့ဘယ်ရက်အထိ ချမယ်ဆိုတာမျိုး မရှိပါဘူး။ ရက်အကန့်အသတ်မရှိ ဆောင်ရွက်မှာပါ" ဟု ကျွဲကူးတံတားတွင် တာဝန်ကျနေသူ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
သြဂုတ်လလယ်ပိုင်းတွင် ဖောက်ခွဲရေးသမားသုံးဦး ထိုင်းနိုင်ငံမှတစ်ဆင့် ပင်လယ်ရေကြောင်း ခရီးဖြင့် ၀င်ရောက်လာကြောင်း၊ ကော့သောင်-ဘုတ်ပြင်းဘက်မှ ရေလမ်းခရီးကို အသုံးပြုကာ ၀င်ရောက်လာခြင်းဖြစ်ကြောင်း သတင်းများ ရရှိပြီးနောက်ပိုင်း မြိတ်မြို့တွင် လုံခြုံရေး တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ရာမှ ထုတ်ပြန်သည့် ဖောက်ခွဲရေးသမား သုံးဦးမှာ မာမက် (ခ) သိန်းအောင်၊ အာဇတ်နှင့် ယူနွတ်တို့ဖြစ်ပြီး မာမက် (ခ) သိန်းအောင်မှာ ယခင် မြန်မာနိုင်ငံသားဖြစ်ပြီး ယခု ထိုင်းနိုင်ငံသားအဖြစ် ခံယူထားသူဖြစ်ကာ မြန်မာနိုင်ငံ၌ အသက် (၁၂) အထိ နေထိုင်ခဲ့ကြောင်း၊ အာဇတ်မှာ အင်ဒိုနီးရှားတွင် နေထိုင်ကာ နိုင်ငံသား စိစစ်ဆဲဖြစ်ကြောင်းနှင့် ယူနွတ် (ခ) လှမြင့်မှာ ရခိုင်ပြည်နယ် ဇာတိဖြစ်ကာ ယခုထိုင်းနိုင်ငံသား ခံယူထားကြောင်း သိရပြီး ၎င်းတို့ သုံးဦးစလုံးမှာ မြန်မာစကားကို ကောင်းမွန်စွာ ပြောဆိုနိုင်ကြောင်းလည်း သိရသည်။
ယင်းတို့နှင့် ပတ်သက်၍ ပြင်ပတွင် သတင်းမျိုးစုံ ထွက်ပေါ်နေသော်လည်း ၎င်းတို့အား ယခုအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။
Eleven Media Group

Wednesday, August 21, 2013

အီလက်ထရောနစ် ဥပဒေပြင်ဆင်ရေး ဆွေးနွေးဖို့ လွှတ်တော်သဘောတူ

utheinnyunt-305.jpg
သင်္ဃန်းကျွန်းမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အဆိုတင်သွင်းနေစဉ်
photo: Hluttaw Website

ဝဝ၄ ခုနှစ် နိုင်ငံတော် အေးချမ်းသာယာရေးနဲ ဖွံ့ဖြိုးရေးကောင်စီ နအဖ စစ်အစိုးရလက်ထက် က ပြဌာန်းခဲတဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင် ရွက်ရေး ဥပဒေအမှတ် ၅ /ဝဝ၄ ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ သင်္ဃကျွန်းမဲဆန္ဒနယ်က ဦးသိန်ညွန့်က တင်သွင်းခဲ့ရာမှာ လွှတ်တော်က ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။
အခု ဒီဥပဒကြမ်းကို ပြင်ဆင်တဲ့အပိုင်းနဲ့ ပတ်သက်လို့ အဆိုရှင် ဦးသိန်းညွန့်က ဥပဒေအခန်း(၁၂)မှာပါင် တဲ့ပြစ်မှုနဲ့ ပြစ်ဒဏ်တွေကို အဓိကထားပြီး ပြင်ထားတယ် လို့ RFA ကို အခုလိုပြောပါတယ် ။
"ပုဒ်မ ၃၃ မှာပါတဲ့ ပြဌာန်းချက်တွေဟာ အင်မတန်ကျယ်ပြန့်တယ်၊ တိုင်းရင်းသား စည်းလုံးခြင်းကို ထိခိုက်ရေး၊ ပြည်ထောင်စု ပြိုကွဲရေး နောက်ဘာညာအဲဒါတွေကို ကျနော်ကမဟုတ်ဘူး၊ အခြေခံဥပဒေမှာပေးထားတဲ့ ပုဒ် ၃၅၄ ကို အခြေခံပြီးတော့ အဲဒီဘောင်အတွင်းကျရင် နည်းဥပဒေနဲ့ ကင်းလွှတ်ခွင့်ရှိတယ်ဆိုတာကိုပြင်တယ်၊ နောက်ထောင်ဒဏ်တွေကို ကျနော်ပြင်ပစ်လိုက် တယ်၊ ထက်ဝက်နီးပါး၊ သုံးပုံတစ်ပုံနီးပါး အထူးသဖြင့် ငွေဒဏ်ကို တော်တော်များများသုံးခိုင်းပါတယ်"
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာန်ကြီးဌာန ဒုန်ကြီး ဦးသောင်းတင်ကလည်း အဆိုကို လွှတ်တော်က လက်ခံဆွေးနွေးသင့်ကြောင်း ထောက်ခံပြောဆိုသွားပါတယ် ။
ကိုယ်စားလှယ်ကြီး ဦးသိန်းညွန့် တင်ပြထားတဲ့ ထပ်မံဖြည့်စွက်ရန် အကြံပြုချက်မှာ နိုင်ငံတော်သမ္မတ၏ ကြိုတင်ခွင့်ပြုဆိုသည့်ကိစ္စရပ်မှာ ယခုဥပဒေနဲ့ ဆက်သွယ်တဲ့ကိစ္စရပ်များမှာ နည်းပညာနဲ့ ဆက်စပ်နေတဲ့ကိစ္စရပ်များဖြစ်သဖြင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ သဘောထားမှတ်ချက်ကို ကြိုတင်တောင်းခံမယ်ဆိုပြီးတော့ ပြင်ဆင်စဉ်းစားသင့်ပါကြောင်း တင်ပြအပ်ပါတယ်၊ ယခုတင်သွင်းတဲ့
 ပြင်ဆင်ချက်အဆိုဟာ ဥပဒေကြမ်းကော်မတီသို့လွှဲအပ်ပြီး လက်ခံဆွေးနွေးရန် လွှတ်တော် ကိုယ်စားလှယ်ကြီး ဦးသိန်းညွန့်အဆိုအား ကန့်ကွက်ရန်မရှိပါကြောင်း တင်ပြအပ်ပါတယ်”
ဒီဥပဒေကို ရုပ်သိမ်းပေးဖို့ဆိုပြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြီးခဲ့တဲ့ ဇန်နါရီလ (၂၉) ရက်နေ့ကကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်ခဲ့ဖူးပါတယ်။ ဒီဥပဒေဟာ အရင်စစ်အစိုးရလက်ထက်က အတိုက်အခံတွေကို အဓိကဖိနှိပ်ခဲ့တဲ့ ဥပဒေတစ်ရပ်ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပြင်ဆင်တဲ့ဥပဒေကြမ်းကို ဆွေးနွေးဖို့ ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ သဘောတူညီလိုက်တာနဲ့ ပတ်သက်လို့ RFA သတင်းထောက် မဇင်မာင်း စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
ဖွံ့ဖြိုးရေးကောင်စီ နအဖ စစ်အစိုးရလက်ထက် က ပြဌာန်းခဲတဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင် ရွက်ရေး ဥပဒေအမှတ် ၅
 
RFA
 
 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အား ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာရေးသားသူ Mr.Tomas Ojea Quintana မှ လာရောက်တွေ့ဆုံ


 ရန်ကုန်၊ သြဂုတ် ၂၀

၂ဝ-၈-၂ဝ၁၃ ရက်နေ့ ၁၉၄၅ မှ ၂ဝ၂ဝအချိန်ထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့
ဌာနချုပ်၊ ဧည့်ခန်းမ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ရဲချုပ် ဇော်ဝင်းအား
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ ရေးသားသူ
Mr.Tomas Ojea Quintana မှ လာရောက်တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ
ညွန်ကြားရေးမှူးချုပ် ဦးတင်မြင့်၊ အကျဉ်းဦးစီးဌာနမှ ညွန်ကြားရေးမှူး
ဦးကျော်ညွန့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲလေ့ကျင့်ရေးအရာရှိချုပ်၊ ရဲမှူးချုပ်
ဝင်းခေါင်၊ ရဲထောက်ချုပ်၊ ရဲမှူးချုပ် သိန်းဦးနှင့် ရဲအရာရှိကြီးများ
တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် Mr.Tomas Ojea Quintana ၏ခရီးစဉ်နှင့်စပ်လျဉ်း၍
လုံခြုံရေးဆိုင်ရာကိစ္စရပ်များအားဆွးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

(ရဲဇာနည် facebook

Tuesday, August 20, 2013

ကင်တာနာကို ဦးသိန်းစိန် လက်ခံတွေ့ဆုံဖို့ လုံးဝ မရှိဟု ဆို

 
မြန်မာနိုင်ငံကို ရောက်နေတဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းရေးမှူး မစ္စတာ သောမတ် အိုဟေး ကင်တာနာကို သမ္မတ ဦးသိန်စိန်အနေနဲ့ လုံးဝ ( လုံးဝ) တွေ့ဆုံရန် အစီအစဉ် မရှိဘူးလို့ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ဖေ့စ်ဘုတ်ကတဆင့် အသိပေးလာပါတယ်။ 
နိုင်ငံတော်သမ္မတကြီးနဲ့ မစ္စတာ ကင်တားနား တွေ့ဆုံဖို့ ရှိသလားလို့ သတင်းဌာနတွေက ဆက်သွယ်
မေးမြန်းလာကြပါတယ်။

သမ္မတကြီးအနေနဲ့ ကင်တားနားကို လက်ခံတွေ့ဆုံဖို့ အစီအစဉ် လုံးဝ ( လုံးဝ) မရှိကြောင်း အသိပေး တင်ပြအပ်ပါတယ်။


မစ္စတာ ကင်တာနာအနေနဲ့ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်ပြီး သက်ဆိုင် ရာ မြန်မာအစိုးရနဲ့ တာဝန်ရှိသူတွေကို အကြံပြု တင်ပြသွားဖို့ ရှိတယ်လို့ သူ့ခရီးစဉ်အတွင်းမှာလည်း  မကြာ ခဏ ပြောခဲ့ပါတယ်။ 

မစ္စတာ ကင်တာနာကို ယမန်နေ့ညကလည်း မတည်ငြိမ်မှုများဖြစ်ပွားခဲ့ရာ မိတ္ထီလာမြို့မှာ မြို့ခံတချို့က သူ့ရဲ့ အစီရင်ခံစာ မမျှမတဖြစ်တယ်ဆိုပြီး ကန့်ကွက်ဆန္ဒပြမှုတွေလည်း  လုပ်ဆောင်ခဲ့ကြပါသေးတယ်။ 
ကင်တာနာဟာ နောက်ထပ်မတည်ငြိမ်မှုဖြစ်ပွားခဲ့ရာ  လားရှိုးမြို့ကိုလည်း သွားရောက်ခဲ့ပါသေးတယ်။ 


အလားတူ စစ်တွေမှာတုန်းကလည်း ကင်တာနာကို ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ခဲ့ကြပါသေးတယ်။ အဲဒီတုန်း က ကင်တာနာက မြန်မာနိုင်ငံမှာ ဆန္ဒပြခွင့်ရတာ ကောင်းတဲ့ လက္ခဏာဖြစ်တယ် လို့ ပြောခဲ့ပါ တယ်။  
အဲဒီနောက် ကချင်ပြည်နယ် ခရီးစဉ်အတွင်း KIA ဋ္ဌာနချုပ် လိုင်ဇာကို သွားခွင့်မရခဲ့ပါဘူး။ ချင်းပြည်နယ် ခရီးစဉ်တော့ သွားခဲ့ပြီး ဒေသခံတွေ၊  ဘာသာရေး ခေါင်းဆောင်တွေနဲ့လည်း တွေ့ခဲ့ပါသေးတယ်။ 

ကင်တာနာရဲ့ အခု ၁၀ ရက်တာ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ် သက် လို့ တွေ့ရှိချက်တွေကို  လာမယ့် ကုလသမဂ္ဂအထွေထွေ ညီလာခံကို တင်သွင်းသွားမှာလည်းဖြစ်ပါ တယ်။

  ဧရာဝတီ

ကျောင်းသားခေါင်းဆောင် ၃ ဦးကျောင်းတက်ခွင့် ပြန်လည်ရရှိ

 
နိုင်ငံရေး လှုပ်ရှားမှုနဲ့ ဖမ်းဆီးခံရပြီး ကျောင်းတက်ခွင့် ပိတ်ပင်ခံထားရတဲ့ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်က ကိုဒီငြိမ်းလင်း၊ ကိုရဲမြတ်ဟိန်းနဲ့ ရန်ကုန်စီးပွားရေး တက္ကသိုလ်က ကိုဇင်လင်းအောင်တို့ ကို သက်ဆိုင်ရာက ကျောင်းပြန်လည် တက်ရောက်ခွင့် ပြုလိုက်ပြီလို့ သိရပါတယ်။
အခုလို ကျောင်းပြန်တက်ခွင့်ရရှိတာနဲ့ ပတ်သက်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်တဲ့ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်က ကိုဒီငြိမ်းလင်းက RFA ကို ခုလိုပြောပါတယ်။

"ပထမအဆင့်မှာ သူတို့ဘက်က ကျောင်းထဲမှာ အသင်းဖွဲ့စည်းတာတွေ ဖွဲ့စည်းခွင့်မပေးထားတော့ ကျွန်တော်တို့ဘက်က ကျောင်းမတက်ရင် နေပလေ့စေ ။လက်မှတ်မထိုးဘူး။အဲတော့မှ အဲအချက်တွေကို ပြန်ဖြုတ်တယ်။ပြီးမှ သူတို့ဘက်က ကျောင်းစည်းကမ်းတွေနဲ့ ပက်သက်ပြီး သဘောတူပြီး လက်ခံခဲ့တာပါ။။ကျွန်တော်တို့ကို နဂိုတက်နေကျ မေဂျာအတိုင်း နေ့ကျောင်းသား အဖြစ် ကျောင်းတက်ခွင့်ပေးလိုက်ပြီ။ကျွန်တော်တို့ရဲဘော်တွေ အများကြီးကျန်ပါသေးတယ်။ဒီလူတွေ ကျောင်းတက်ခွင့်ရဖို့လည်း ကျွန်တော်တို့ ကြိုးစားပြီး ဆောင်ရွက်ရဦးမှာပါ"

သူတို့ ၃ ဦး ကျောင်းပြန်လည်တက်ရောက်ခွင့် ရရှိ သွားကြပြီ ဖြစ်ပေမယ့် ရန်ကုန် စီးပွားရေး တက္ကသိုလ်က ကျောင်းသား သမဂ္ဂ ဥက္ကဌ ကိုစည်သူမောင်ကတော့ ကျောင်းတက်ခွင့် မရသေးဘူးလို့ ပြောပါတယ်။

သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခိုင်မြဲနဲ့ စီးပွားရေးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာလှကြည်တို့က ကိုဒီငြိမ်းလင်း၊ ကိုရဲမြတ်ဟိန်းနဲ့ ကိုဇင်လင်းအောင်တို့ ၃ ဦးကိုဒီကနေ့ ခေါ်ယူတွေ့ဆုံပြီး ကျောင်းပြန်လည် တက်ရောက်ခွင့်ပြုခဲ့ကြောင်း ပြောခဲ့တာပါ။
ဒေါင်းမာန်ဟုန်

ရိုဟင်ဂျာတွေကို တာလီဘန်တွေက သင်တန်းပေးနေတယ်လို့ သတင်းထွက်

ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ် ရခိုင်ပြည်နယ် မြို့အတော် များများမှာ လုံခြုံရေးတွေ ချထား

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ အပါအဝင် ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှား နိုင်ငံက မွတ်ဆလင်တွေကို တာလီဘန်တွေက မြန်မာနိုင်ငံတွင်းက နေရာ အတိအကျ မဖေါ်ပြထားတဲ့ နေရာမှာ စစ်ရေး လေ့ကျင့်ပေးနေတယ် ဆိုတဲ့ အကြောင်း Asia News International (ANI) သတင်းကို ကိုးကားပြီး bd24.com ဘင်္ဂလားဒေ့ရှ် အင်တာနက် စာမျက်နှာမှာ ဓါတ်ပုံနဲ့ တကွ ရေးသား ဖေါ်ပြထားပါတယ်။

ဒါပေမယ့် ဒီသတင်းတွေနဲ့ ပတ်သက်လို့တော့ သီးခြား အတည်ပြုချက် မရသေးပါဘူး။

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ နိုင်ငံတွေက စစ်သွေးကြွ စခန်းတွေမှာ ကိုယ်တိုင် သွားရောက် သတင်းယူခဲ့ဖူးတဲ့ ဘီဘီစီ တောင်အာရှရေးရာ ဌာန အယ်ဒီတာ Anbarasan Ethirajan ကတော့ RSO တို့လို ရိုဟင်ဂျာ အဖွဲ့တွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှာရော နယ်စပ်တလျှောက်မှာရော လေ့ကျင့် သင်တန်း ပေးတယ် ဆိုတာ ဖြစ်နိုင်ချေ ရှိကြောင်းနဲ့ အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ ရိုဟင်ဂျာတွေ ပေါင်းတယ် ဆိုတဲ့ သတင်းတွေကို အိန္ဒိယ ထောက်လှမ်းရေး က ရခဲ့ပေမယ့် တခါမှ လက်ဆုပ်လက်ကိုင် မပြနိုင်သေးကြောင်း ပြောပါတယ်။

ဖမ်းဆီး ရမိတဲ့ အစ္စလာမ် စစ်သွေးကြွ အဖွဲ့ဝင်တွေထဲမှာ ရိုဟင်ဂျာတွေ မတွေ့ရသေးတဲ့ အတွက် ဒီကိစ္စကို အတည်ပြုနိုင်ဖို့ ခက်ခဲလှကြောင်း၊ ဒါပေမယ့်လည်း ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို အမြောက်အမြား ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာတွေကို သူတို့ရဲ့ မကြေနပ်ချက် ခံစားချက်တွေကို အခြေခံပြီး ပါကစ္စတန် အခြေစိုက် Lashkar-e-Taiyaba တို့လို အဖွဲ့တွေက သိမ်းသွင်း ခဲ့တာတွေတော့ ရှိခဲ့ကြောင်း သူက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ် ရခိုင်ပြည်နယ်က စစ်တွေ၊ မောင်တောနဲ့ ဘူးသီးတောင် အပါအဝင် မြို့အတော်များများမှာ အစ္စလာမစ် အစွန်းရောက် တွေက ဗုံးခွဲတိုက်ခိုက်မှုတွေ ရှိလာနိုင်တယ် ဆိုတဲ့ သတင်းတွေကြောင့် လုံခြုံရေးတွေ ချထားတာ တွေ့ရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

စစ်သွေးကြွ တိုက်ခိုက်မှုကြောင့် အီဂျစ်ရဲ ၂၄ ဦးသေဆုံး

 
ဆီနိုင်းကျွန်းဆွယ်မှာ ရဲတပ်ဖွဲ့ဝင် ၂၄ ယောက်ထက်မနည်းကို လက်နက်ကိုင်တွေက သတ်ပစ်ခဲ့ပါတယ်။ သမ္မတ မိုဟာမက် မော်စီ ကို စစ်တပ်က ပြီးခဲ့တဲ့လမှာ အာဏာသိမ်းယူပြီး ဖြုတ်ချလိုက်ပြီးကတည်းက အဲဒီဒေသမှာ တိုက်ပွဲတွေ အရှိန်မြှင့် ဖြစ်နေခဲ့တာပါ။

ဂါဇာကမ်းမြောင်ဒေသနဲ့ နယ်စပ်တလျှောက် ရာဖာမြို့နားမှာ ရဲတပ်ဖွဲ့ဝင်တွေပါလာတဲ့ ဘတ်စ်ကားတွေကို တနင်္လာနေ့ အစောပိုင်းမှာ လက်နက်ကိုင်တွေက ခြုံခိုတိုက်ခိုက်ခဲ့တာပါ။

အီဂျစ်သမ္မတဟောင်း ဟော်စနီ မူဘာရက်ရဲ့ ရှေ့နေတစ်ဦးဖြစ်သူက သူ့ရဲ့အမှုသည်ဟာ မကြာခင် ပြန်လွတ်လာတော့မယ်လို့ တနင်္လာနေ့မှာပဲ ပြောလိုက်ပါတယ်။

မစ္စတာ မူဘာရက်နဲ့ သူ့ရဲ့သားတွေဟာ သမ္မတနန်းတော်တွေအတွက် ငွေတွေကို အလွဲသုံးစား လုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေကနေ ပေါ်ပေါက်လာတဲ့ အကျင့်ပျက် ခြစားမှုဆိုင်ရာ စွဲချက်တွေကနေ မစ္စတာ မူဘာရက် ကင်းရှင်းကြောင်း အီဂျစ်တရားရုံးတခုက ဆုံးဖြတ်လိုက်တယ်လို့ ရှေ့နေ Fareed el-Deeb က ပြောတာပါ။

ဒီအပြောကို သက်ဆိုင်ရာ တရားရေး တာဝန်ရှိသူတွေဆီကနေ အတည်ပြုချက်တော့ ချက်ခြင်းမရသေးပါဘူး။ ဒါပေမဲ့လည်း မစ္စတာ မူဘာရက်ဟာ နောက်ထပ်စွဲချက်တစ်ခုနဲ့ ဆက်ပြီး အထိန်းသိမ်းခံနေရဦးမယ်လို့ တရားရေးဆိုင်ရာ သတင်းရင်းမြစ်တွေကို ကိုးကားပြီး AFP သတင်းဌာနက ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

“ တောင်သူလယ်သမားများ၏အသံကို စုစည်းခြင်း အခမ်းအနား ဖွင့်လှစ်”








၁၉-၈-၂၀၁၃ (တနင်္လာနေ့)၊ ၂၀-၈-၂၀၁၃ (အင်္ဂါနေ့)အထိ
နှစ်ရက်တိုင်တိုင်ကျင်းပမည့် ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့အစည်း) လယ်ယာစီးပွားနှင့် တောင်သူ
လယ်သမားရေးရာကော်မတီမှ လယ်သမားအသံ (VOICE OF
FARMER) (တောင်သူလယ်သမားများ၏အသံကို စုစည်းခြင်း)
အခမ်းအနားအားယနေ့နံနက် ၉း၀၀နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၊
မြန်မာနိုင်ငံတနံတလျားမှ တောင်သူလယ်သမားကိုယ်စားလှယ်
၃၀၀ကျော်တက်ရောက်လာကြသည်။ အခမ်းအနား၌ ၈၈-မျိုးဆက်
ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်၊
ကိုထွန်းမြင့်အောင်(လယ်ယာစီးပွားနှင့် တောင်သူလယ်သမားရေးရာ)
တို့မှ အဖွင့်အမှာစကားများပြောကြားခဲ့ကြသည်။

ကျင်းပရခြင်း ရည်ရွယ်ချက်

၁။ တောင်သူလယ်သမားများ၏ နစ်နာဆုံးရှုံးမှုများ၊ လိုအပ်ချက်များနှင့်
ဆန္ဒသဘောထားအစစ်အမှန်များကို ဖေါ်ထုတ်စုစည်းနိုင်ရန်။

၂။ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် တောင်သူလယ်သမားများ၏
အသံကို လေးစားစွာနားထောင်ပြီး တောင်သူ လယ်သမားများ ရင်ဆိုင်
ကြုံတွေ့နေရသည့် အခက်အခဲများ၊ လက်ငင်းပြဿနာများကို အချိန်
မဆိုင်းဘဲ ဝိုင်းဝန်းကူညီဖြေရှင်းပေးနိုင်ရန်။

၃။ တောင်သူလယ်သမားများ၏လူမှုဘဝ တိုးတက်မြင့်မားရေးနှင့်အတူ
နိုင်ငံတော်၏ လယ်ယာစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်
မှန်ကန်ကောင်းမွန်သည့် မူဝါဒများ၊ တရားမျှတသည့် ဥပဒေ၊
နည်းဥပဒေများ ပြဋ္ဌာန်း ကျင့်သုံးလာစေရန်။

ဆွေးနွေးမည့် ခေါင်းစဉ်များ

(၁) လယ်ယာမြေ မတရားသိမ်းဆည်းခံရမှုများ
(၂) လယ်ယာလုပ်ငန်းဆိုင်ရာ အခက်အခဲများနှင့် ပြဿနာများ
(၃) ဒေသဆိုင်ရာအာဏာပိုင် အဆင့်ဆင့်၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြဿနာများ
(၄) နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ၊ စီမံကိန်းများနှင့် ပတ်သက်သောပြဿနာများ
(၅) လယ်ယာမြေဥပဒေနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဆိုင်ရာဥပဒေ၊
နည်းဥပဒေများနှင့် ပတ်သက်သော ပြဿနာများ
(၆) တောင်သူလယ်သမားသမဂ္ဂများ၏ အခန်းကဏ္ဍ

- လယ်ယာစီးပွားနှင့် တောင်သူလယ်သမားရေးရာကော်မတီ

သတင်းနှင့်ဓာတ်ပုံ-
The 88 Generation Peace and Open Society

စစ်တပ်၏ နေမှု၊ စားမှု အတွက် နိုင်ငံတော်မှ တရားဝင်ပေးထားသည့် လစာနှင့်သာ ရပ်တည်သင့်ပြီး လယ်ယာမြေ သိမ်းယူခြင်းမျိုး မပြုလုပ်သင့်ဟု ဦးမင်းကိုနိုင် ပြောကြား

photo-The 88 Generation Peace and Open Society

စစ်တပ်၏ နေမှု၊ စားမှုအတွက် နိုင်ငံတော်မှ တရားဝင် ပေးထားသည့် လစာနှင့်သာ ရပ်တည်သင့်ပြီး လယ်ယာမြေ သိမ်းယူမှုများ မပြုလုပ်သင့်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က ပြောကြားသည်။
သြဂုတ် ၁၉ ရက်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း မြို့နယ်ရှိ ဓမ္မပီယ ကျောင်းတိုက်တွင် ပြုလုပ်သော တောင်သူ လယ်သမားများ၏ အသံစုစည်းခြင်း ဆွေးနွေးပွဲအတွင်း စစ်တပ်မှ သိမ်းယူထားသော လယ်ယာမြေများနှင့် ပတ်သက်၍ ပြဿနာများ ရှိနေသည့်အပေါ် မေးမြန်းခြင်းကို ဖြေကြားရာတွင် ၎င်းက ယင်းကဲ့သို့ ထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ယခင်စစ်အစိုးရ လက်ထက်က စစ်တပ်မှ လယ်ယာမြေ သိမ်းယူမှု အမြောက်အမြား ရှိခဲ့ပြီး ယခုအခါ ယင်းလယ်ယာမြေ အချို့ပေါ်တွင် တောင်သူ လယ်သမားများက ထွန်တုံး တိုက်ပွဲများ ဆင်နွှဲနေသည့်အပေါ် ယင်းကဲ့သို့ လုပ်ဆောင်ခြင်းမှာ မည်သည့်အယူအဆ၊ မည်သည့်ဝါဒပင်ဖြစ်စေ ကောင်းသည့် အလားအလာ မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် ပြဿနာ ရှိသည်ဟု ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က ဇူလိုင် ၁၆ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း သတင်းထောက်များအား ပြောကြားထားသည်။
''အုပ်ချုပ်ရေး အနေနဲ့လည်း စဉ်းစားရမှာက သူတို့ကတော့ ဘယ်အဖွဲ့ အစည်းမို့လို့၊ ဘယ်လက်နက် ကိုင်ထားလို့ သူများထက် အခွင့်အရေး သာတယ်။ ငါတို့မပေးရင် မရဘူး ဆိုတာတော့ ဘယ်ဖြစ်မလဲ။ ဓားမဦးချ လုပ်လာတယ်။ မိဘတွေ လက်ထက်ကတည်းက အစဉ်အဆက် လုပ်လာတယ်။ ကျွန်တော်မေးမယ်။ စစ်တပ်ရဲ့ နေမှုစားမှုက ဘာကြောင့် သူများလယ်တွေ သိမ်းပြီးမှ နေလို့စားလို့ရတဲ့ ဘ၀မျိုး ရောက်သွားတာလဲ။ ဒါရိုးရိုးလေးပဲလေ။ နိုင်ငံတော်က တရားဝင် ပေးထားတဲ့ လစာနဲ့ပဲ ရှင်းနေရမယ်'' ဟု ဦးမင်းကိုနိုင်က ဆိုသည်။

လက်ရှိ လယ်ယာမြေ သိမ်းဆည်းခံရမှုများနှင့် ပတ်သက်၍ ဒေသတစ်ခုချင်းစီ ဖြစ်ပျက်သည့် အကြောင်းအရာဟု ဆိုခြင်းထက် ပြည်ထောင်စုကြီး တစ်ခုလုံး နစ်နာဆုံးရှုံးနေသည် ဆိုခြင်းကို ပေါ်လွင်အောင် ပြရမည် ဖြစ်ကြောင်း၊ လယ်သမားများ၏ လှုပ်ရှားပုံများကအစ ပြည်လုံးကျွတ် လှုပ်ရှားမှု ဖြစ်ရမည် ဖြစ်ကြောင်း၊ သို့မှသာ အမျိုးသားရေးဆိုင်ရာ အကျပ်အတည်း ဆိုသည်ကို ၀န်ခံကြရတော့မည် ဖြစ်ကြောင်းလည်း ဦးမင်းကိုနိုင်က ပြောကြားသည်။
''သိမ်းထားတဲ့ အဖွဲ့အစည်းတွေ၊ တာဝန်ရှိတဲ့ သူတွေရဲ့ ဖြေရှင်းပုံ ဖြေရှင်းနည်းတွေက လူတွေရဲ့ အတွေးအခေါ် စိတ်နေသဘောထားတွေက အခုအချိန်ထိ မပြောင်းလဲနိုင်သေးတာ တွေ့ရတယ်။ ဒီမိုကရေစီလို့ သဘောတူ ၀န်ခံပြီးသွားပြီဆိုရင် နံပါတ် (၁) ပွင့်လင်းမြင်သာမှု ရှိရမယ်။ နောက်တစ်ခုက သူတို့ရဲ့ သဘောထား ဆန္ဒတွေကို ဖော်ထုတ်ပြသခွင့် ရှိကိုရှိရမယ်။ အဲဒါအပေါ်မှာမှ ပြဿနာကို ဖြေရှင်းတဲ့ နေရာမှာ ညှိနှိုင်းတာတွေလာမယ်။ နောက် ဥပဒေကြောင်းအရ လာမယ်။ အခုဟာက အမှန်တရားကို ဖော်ထုတ်ခွင့်တောင်မှ မရှိတော့သယောင်၊ နောက်တစ်ခုက အဲဒါတွေကို ဖော်ထုတ်ပြသခွင့် မရှိတော့ဘူးဆိုရင် ဆိုလိုတာက လူတွေက ဘယ်အဖွဲ့အစည်း၊ ဘယ်လက်နက်ကိုင်ကိုမှ ကြောက်နေကြမှာ မဟုတ်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရင်ဆိုင်ခဲ့ပြီးပြီ၊ ဖြတ်သန်းခဲ့ပြီးပြီ။ ထိပ်တိုက်တွေ့မယ် ဆိုတာမျိုးက မကောင်းသော်လည်း နောက်ဆုံးကျတော့ ဒီတစ်နည်းပဲရှိလို့ အင်အားသုံးရတယ် ဆိုတာမျိုးတော့ ကျွန်တော်တို့ လက်ခံလို့မရဘူး'' ဟု ဦးမင်းကိုနိုင်က ပြောကြားသည်။
သြဂုတ် ၁၅ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ အပိုင်း (၃) နှင့် စပ်လျဉ်း၍ ဆွေးနွေးစဉ် တပ်သိမ်းမြေ ကိစ္စများ အကြိမ်ကြိမ် ထည့်သွင်း ဆွေးနွေးမှုအပေါ် တပ်မတော်နှင့် ပြည်သူကြား သွေးခွဲသည့် သဘောမျိုး သက်ရောက်နေ၍ ဆွေးနွေးမှုကို ကန့်ကွက်ပေးရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ကန့်ကွက်ခဲ့သည်။
Eleven

ပန်ဝါဒေသ မျှော်ဂျောင် ကျေးရွာတွင် ပြည်သူ့စစ်၊ တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ မျော်ဂျောင် ကျေးရွာတွင် ဒေသခံပြည်သူ့စစ်၊ ခမရ (၅၂၁) နှင့် ကေအိုင်အေတို့ သြဂုတ် ၁၇ ရက် နံနက်ပိုင်းက နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု သတင်းရရှိသည်။
ဖြစ်ပွားရသည့် အကြောင်းရင်းကို ပြည်သူ့စစ်နှင့် ကေအိုင်အေ ပြန်ကြားရေးရုံးသို့ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း အကြောင်း ပြန်ကြားခြင်း မရှိပေ။
ကေအိုင်အေ စစ်ဘက်ဆိုင်ရာ အရာရှိ တစ်ဦးက ''ကျွန်တော်တို့ စခန်းကို ပြည်သူ့စစ်နဲ့ ခမရ (၅၂၁) တို့ လာတိုက်တာပါ။ မနက် ၇ နာရီကနေ မွန်းလွဲ ၁ နာရီအထိ ကြာတယ်။ ကေအိုင်အေဘက်က အကျအဆုံး မရှိပေမယ့် ပြည်သူ့စစ်တစ်ဦး၊ စစ်သားတစ်ဦးကျတယ်။ အခုတော့ သက်ဆိုင်ရာနဲ့ ညှိနှိုင်းထားလို့ ဘာမှ မဖြစ်တော့ဘူး'' ဟု ဆိုသည်။
၎င်းကိစ္စနှင့် ပတ်သက်ပြီး ပြည်သူ့စစ်နှင့် နီးစပ်သူ အမည်မဖော်လိုသူ ပန်ဝါဒေသခံ တစ်ဦးက ''အရင်ကတည်းက အဲဒီနေရာတွေမှာ ကေအိုင်အေ မရှိဘူး။ ၂၀၁၂ ခုနှစ် မတ် ၂၆ ရက် ကတည်းက ၀င်လာတော့ ဒေသက သိပ်ဒုက္ခ ရောက်လာတယ်။ ရွာခံတွေက ဒုက္ခသည်တွေ ဖြစ်လာတယ်။ သမ္မတဆီကိုလည်း စာတင်ထား ကြတာပဲ။ NDAK စိုးမိုးမှု အောက်မှာရှိတဲ့ ရွာတွေမှာ ကေအိုင်အေက ဆက်နေရာ ယူထားရင် တိုက်ပွဲတွေက ဖြစ်နေဦးမှာပဲ။ အဲဒီလမ်းကြောင်းက တရုတ်ပြည်ထဲ ကိုဝင်ပြီး လိုင်ဇာကို ၀င်တာပါ။ စားပွဲဝိုင်းမှာ ပြောတဲ့စကားနဲ့တော့ မကိုက်ဘူး။ စစ်သား စုဆောင်းရေး လုပ်တယ်။ တပ်ရင်းအသစ်တွေ ဆောက်တယ်ဆိုတော့ စဉ်းစားကြည့်ပေါ့'' ဟု The Daily Eleven သို့ ပြောသည်။
ဦးဇခုန်တိန့်ယိန်းက ၎င်းကိစ္စနှင့် ပတ်သက်၍ NDAK နယ်မြေများတွင် ခြေကုပ်ယူထားသော ကေအိုင်အေ တပ်ရင်းများ ပြန်လည် နောက်ဆုတ်ပေးရန်နှင့် အခြား အကြောင်းအရာများကို ယခုလ ၆ ရက်က ကေအိုင်အေ အရာရှိများကို ထုတ်ပြန်ချက် တစ်စောင် ပေးပို့ခဲ့သည်ဟု သိရသည်။
Eleven

ဘယ်လာရုစ်နိုင်ငံရောက် မော်ဒယ် ခင်ဝင့်ဝါ ၏ ပုံရိပ်များ(ဓာတ်ပုံ-ရုပ်သံ)



















            Miss Supranational 2013" Press Conference Video      ==============================
  မြန်မာနိုင်ငံကိုယ်စားပြုဝင်ပြိုင်သော Khin Wint Wah ကို မိနစ် 09:30မှာတွေ့ရမှာပါ။

မော်ဒယ် ခင်ဝင့်ဝါ၏ Facebook စာမျက်နှာများ
၁  https://www.facebook.com/KhinWintWah.Myanmar
၂  https://www.facebook.com/misssupranationalmyanmar?ref=stream
၃  https://www.facebook.com/khinwint.wah.73

Monday, August 19, 2013

သံဃာများ အခမ်းအနားလုပ်လျှင် ခွင့်ပြုချက်ကြိုယူရမည်


ရန်ကုန်- ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘုန်းတော်ကြီးကျောင်း နှင့် အခြားနေရာများတွင် အခမ်းအနားပြုလုပ်မည့် ရဟန်း၊ သံဃာတော်များအနေဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံ အကြောင်းကြားရန်နှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း၏ ခွင့်ပြုချက်ရယူရန် အသိပေးထားကြောင်း သတင်းရရှိသည်။

ယခုရက်ပိုင်းများတွင် ဗုဒ္ဓ ဘာသာရဟန်းအဖွဲ့အစည်းများ အခမ်းအနားများ ပြုလုပ်ရာ၌ ပိုမိုစိစစ်တင်းကျပ်မှုများရှိလာပြီး ဟိုတယ်နှင့်ခန်းမများ ငှား ရမ်းရာတွင် ငြင်းပယ်မှုများရှိလာကြောင်း သံဃာတော်များထံမှ သိရသည်။

“ရဟန်းတော်တွေနဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေအနေနဲ့ ဘာပွဲပဲဖြစ်ဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို အကြောင်းကြားဖို့နဲ့ အာဏာပိုင်အဖွဲ့အစည်းတွေဆီက ခွင့်ပြုချက်ယူဖို့ ပြောထားတယ်။ ခုရက်ပိုင်း အပြင်ကဟိုတယ်နဲ့ ခန်းမတွေငှားရင် ဘုန်းကြီးပွဲဆို လက်မခံဘူးပြောတယ်။ အခုလုပ်မယ့် ပွဲတစ်ပွဲတောင် နားလည်မှုယူပြီး လုပ်ထားရတယ်”ဟု ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ခုမှ သံဃာတော်တစ်ပါးက မိန့်သည်။

သြဂုတ်လ ၈ ရက်မှစ၍ ဟိုတယ်၊ ခန်းမများတွင် ဟောပြောပွဲနှင့် အခမ်းအနားများ ပြုလုပ်ပါက နှစ်ပတ် ကြိုတင်ခွင့်ပြုချက်ရယူရန် သက်ဆိုင်ရာက အမိန့်ထုတ်ပြန်ထားပြီး အရပ်ဘက်အဖွဲ့အစည်းများ၏ ဝေဖန်မှုများ ထွက်ပေါ်နေသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှအမိန့်ဖြင့် အခမ်းအနားများ၊ ဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများကို ခွင့်ပြုချက်ယူရန် သတ်မှတ်လိုက်ခြင်းသည် ပြည်တွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများနှင့် သံဃာအဖွဲ့အစည်းများအပေါ် သက်ရောက်မှုရှိလာသည်။
7Day News
 

“Burmese Python” ခေါ်ကချင် တိုင်းရင်းသား အောင်လအင်န်ဆန်း စနေနေ့က အမေရိကန် လက်ဝှေ့ထိုးသတ်ပွဲတခုမှာ နိုင်ပွဲရ(သတင်း၊ဓာတ်ပုံနှင့်ရုပ်သံ)

“Burmese Python” လို့ ထင်ရှားတဲ့ ကချင် တိုင်းရင်းသား အောင်လအင်န်ဆန်း စနေနေ့က အမေရိကန် လက်ဝှေ့ထိုးသတ်ပွဲတခုမှာ နိုင်ပွဲရလိုက်ပြန်ပါပြီ။ 

 


 သူ့ပြိုင်ဘက်ကတော့ Shedrick Goodridge ဖြစ်တယ်လို့ ဧရာဝတီ သတင်းတပုဒ်မှာ ရေးထားပါတယ်။
နာမည်ပြောင်က Chocolate Thunder ဖြစ်ပါတယ်။ ချောကလက်ရောင်မိုးကြိုး လို့ ဘာသာပြန်နိုင်မယ် ထင်ပါတယ်။
ထိုးသတ်ကြတဲ့နေရာကတော့ နယူးဂျာစီပြည်နယ် အက်တလန်တစ်မြို့မှာပါ။ အောင်မြင်မှုရဖို့ ဘုရားသခင်က ကြည့်ရှုစောင်မခဲ့လို့ ကျေးဇူးတင်ကြောင်း သူ့ Facebook မှာ ရေးထားပါတယ် တဲ့။
မိတ်ဆွေတွေ၊ မိသားစု၊ ပရိသတ်တွေကိုလည်း သူ့ကို အားပေးလို့ ကျေးဇူးတင်ကြောင်း ရေးထားပါတယ်။

ဧရာဝတီ 














Kachin Daily News

ဇွန်လအတွင်းက ပျောက်ဆုံးသွားသောယာဉ်အား တိုက်ကြီးမြို့နယ် ဖူးကြီးလမ်း၌ ပြန်လည်တွေ့ရှိ



 
 ရန်ကုန်၊ သြဂုတ် ၁၉

သစ်ထုတ်လုပ်ရေး(မြန်မာ့သစ်လုပ်ငန်း)၊ လက်ထောက်မန်နေဂျာ ဦညီညီထွေးသည် သစ်ထုတ်လုပ်ရေးဌာနပိုင် မော်တော်ယာဉ် ၁ခ/---- ၊ ကိုရိုလာဗင်အဖြူရောင်ယာဉ်မှာ ၈.၆.၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန်တွင်
ပုဇွန်တောင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ဗိုလ်မြတ်ထွန်းလမ်း ၊
အ.ထ.က (၄)ကျောင်းရှေ့တွင် ရပ်တန့်ထားခဲ့စဉ် ၂၂၁၅ အချိန်ခန့်တွင်
ပျောက်ဆုံးနေကြောင်းသိရှိရသဖြင့် စုံစမ်းအရေးယူပေးပါရန်တိုင်တန်းခဲ့၍ ပုဇွန်တောင်မြို့မရဲစခန်း (ပ)၁၁၆/၂၀၁၃၊ ပြည်သူပိုင်ပစ္စည်းကာကွယ်
စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁) ဖြင့်အမှုဖွင့်စုံစမ်းရှာဖွေခဲ့ပါသည်။

အမှုမှပျောက်ဆုံးယာဉ်အား စုံစမ်းရှာဖွေနေစဉ် ၁၇.၈.၂၀၁၃ ရက်နေ့
၀၆၃၀ အချိန်ခန့်တွင် တိုက်ကြီးမြို့နယ်၊ တိုးဂိတ်အလွန် ဖေါင်ကြီး-
ပဲခူးလမ်းမှဖူးကြီးသို့သွားသည့်လမ်းတွင် ရှေ့နောက်နံပါတ်ပြားမပါရှိဘဲ ရပ်ထားသည်ကိုပြန်လည်တွေ့ရှိခဲ့ပါသည်။

အဆိုပါ ယာဉ်ခိုးယူခံရမှုမှ တရားခံအားစုံစမ်းဖော်ထုတ်ရမိရေး ဆောင်ရွက်
လျက်ရှိကြောင်းသတင်းရရှိပါသည်။

ရဲဇာနည် 

ရွှေပြည်သာစက်မှုဇုံရှိ M.W.D.C မှ ရခိုင် အမျိုးသမီး အလုပ်သမား ၄၉ ဦး အလုပ်မှ ထုတ်ပယ်ခံရ

 DSCN0378
ရွှေပြည်သာစက်မှုဇုံရှိ Myanmar Winery & Distillery Co, Ltd တွင် လုပ်ကိုင်နေသော ရခိုင် အမျိုးသမီး အလုပ်သမား ၄၉ ဦး အလုပ်မှ ထုတ်ပယ်ခံရသည်ဟု သတင်း ရရှိသည်။
အလုပ်မှ ထုတ်ခံရခြင်းမှာ အဆိုပါ စက်ရုံတွင် အလုပ်လုပ်နေသော မဖြူဖြူစိုး အသက်(၁၇) ၏ အသုဘကို ခွင့်မရဘဲ လိုက်ပို့သဖြင့် ဖြစ်သည်ဟု သိရသည်။
မဖြူဖြူစိုးသည် ယခုလ ၁၁ရက်နေ့က  ရုတ်တရက် သေဆုံးသွားခဲ့သည်။ ၁၅ ရက်နေ့တွင် သဂြိုလ်မည့် မဖြူဖြူစိုး၏ နာရေးအား လိုက်ပို့ရန် တစ်ရက်ကြိုတင်ပြီး နေ့တစ်ဝက်ခန့် ခွင့်ပေးရန် သြဂတ်စ်လ ၁၃ ရက်နေ့က ခွင်တိုင်ကြားရာ စက်ရုံမှ လက်မခံခဲ့ဟု ဆိုသည်။
သို့သော်လည်း  စက်ရုံ အလုပ်သမားများမှာ ထိုနာရေးအား ကိုယ်အသိဖြင့်ကိုယ် လိုက်ပါ ပို့ဆောင်ပေးခဲ့ကြပြီး နောက်တစ်နေ့  သြဂတ်စ်လ ၁၆ ရက်နေ့ စက်ရုံသို့ အလုပ်ဆင်းရာ စက်ရုံက အလုပ်ဆင်းခွင့် မပေးခဲ့ကြောင်း ရခိုင်အမျိုးသမီး အလုပ်သမားများက နိရဉ္စရာသို့ ပြောသည်။
“ ကျွန်မတို့ကို စက်ရုံက  အလုပ်က ထုတ်ပယ်ထားတာကို မသိရှိတဲ့ အတွက် သြဂတ်စ်လ (၁၆) ရက်နေ့က အလုပ်ဆင်းဖို့ စက်ရုံကို သွားပါတယ်။ စက်ရုံကိုရောက်မှ ကျွန်မတို့  အသုဘ လိုက်ပို့တဲ့ အလုပ်သမ ၄၉ ဦးကို အလုပ်က ထုတ်ပယ်ထားတာကို သိရပါတယ်” ဟု အလုပ်မှ ထုတ်ပယ် ခံထားရသူ မချိုချိုဝင်းက ပြောသည်။
နိရဉ္စရာ

မန်းတွင် ကျပ်သိန်း ၁၅၀ကျော်တန် ကျောက်မျက်ပစ္စည်း ခိုးယူခဲ့သူ တရုတ်နိုင်ငံသား တစ်ဦးကို ဖမ်းမိ

ကျောက်မျက်ရတနာ ပစ္စည်း အရောင်း ဆိုင်တစ်ဆိုင်မှ ကျပ်သိန်း ၁၅၀ကျော် တန်ဖိုးရှိ ကျောက်မျက်ရတနာ ပစ္စည်းများကို ယခင်လအတွင်းက ခိုးယူခဲ့သူ တရုတ် နိုင်ငံသားနှစ်ဦး အနက် မှ တစ်ဦးအား သြဂုတ် ၁၅ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ ကြောင်း မန္တလေးတိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ ပြီးခဲ့သည့်ဇူလိုင်လ ၂၆ရက်နေ့တွင်မန္တလေး ၇၃လမ်းပေါ်ရှိ အောင်သပြေကျောက်မျက်ရတနာအရောင်း ဆိုင်သို့တရုတ်လူမျိုးနှစ်ဦး ရောက်ရှိ လာပြီး ပတ္တမြား အပွင့်ထဲမှ အရည်ကောင်းဝယ်ယူကြည့်ရှု့လိုကြောင်း ပြော သဖြင့် ဆိုင်မှ ပြသရာ ၄င်းတို့မှ ပစ္စည်းများကို ကြည့်ရှု့ပြီး ပြန်လည်ထွက်ခွာသွားရာ ၃မီနစ်ခန့်အကြာဆိုင်ရှင်ဒေါ် သင်းသင်းနိုင်မှ ပြသခဲ့သည့် ပစ္စည်းများအား ပြည်လည်စစ်ဆေးရာ နီလာစိန်ပတ်လက်စွပ်တစ်ကွင်း၊ ကျောက်စိမ်း စွဲသီးတစ်ခု ပျောက်ဆုံး နေကြောင်း သိရသဖြင့် အဆိုပါ တရုတ်လူမျိုးနှစ်ဦးအား အရေးယူပေးပါရန် နယ်မြေ ရဲစခန်းအမှတ်(၃)တွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

ယခုလ ၁၅ရက်နေ့တွင် ခိုးယူ တိမ်းရှောင်နေသော တရုတ်အမျိုးသားအဖွဲ့သည် အိုကေ ကျောက်မျက်ရတနာ အရောင်းဆိုင်တွင် ရောက်ရှိနေကြောင်း သတင်းအရ နယ်မြေရဲစခန်းမှ တာဝန်ရှိ သူများက
သက်သေခံများနှင့်အတူ သွားရောက်ခဲ့ပြီး စခန်းသို့ ခေါ်ဆောက်ကာ တရုတ်ဘာသာပြန်နှင့် အတူ သက်သေများ ရှေ့မှောက်တွင် စစ်ဆေးခဲ့ပြီး ၄င်းတို့ ၃ဦးအနက် JIANG CHANG QING ပတ်စ်ပို့အမှတ်-G60201903 အသက် ၄၃နှစ် ၊ စိုက်ပျိုးရေးလုပ်၊ ချန်ရှားမြို့နယ်၊ ဟူနန်ပြည်နယ်၊ တရုတ်နိုင်ငံနေသူသည် ကျောက်မျက်ရတနာ ပစ္စည်း များ ခိုးယူခဲ့ကြောင်း ၀န်ခံခဲ့ပြီး ခိုးယူစဉ်၎င်းနှင့်ပါသူ တရုတ် လူ မျိုး လောင် စစ်၊ ရှိန်းကျင့်မြို့၊ နေသူသည် တရုတ်နိုင်ငံတွင်ကျန်ရစ်ခဲ့ကြောင်း ခိုးယူခဲ့သော သက်သေခံပစ္စည်း များအား မကာအိုမြို့တွင် တရုတ်ငွေ(၁၀၀၀၀)ဖြင့် ပြန်လည် ထုခွဲရောင်းချခဲ့ကြောင်း
ရဲမှတ်တမ်းများ တွင်ဖော် ပြထားသည်။

ကျန်တရုတ် အမျိုးသားနှစ်ဦးမှာ အမှုနှင့်သက်ဆိုင်ခြင်း မရှိသောကြောင့် နယ်မြေရဲစခန်းအမှတ် ၃ မှ ပြန်လည်လွှတ်ပေးခဲ့သည်။

ထို့ကြောင့် JIANG CHANG QING ပတ်စ်ပို့အမှတ်-G60201903 အသက် ၄၃နှစ၊ စိုက်ပျိုးရေးလုပ်၊ ချန်ရှားမြို့နယ်၊ ဟူနန်ပြည်နယ်၊ တရုတ်နိုင်ငံနေ သူအား (ပ) ၃၀၁/၂၀၁၃၊ ပုဒ်မ ၃၈၀ဖြင့်အမှုဖွင့်အရေး ယူထားပြီး တရုတ်နိုင်ငံတွင်ကျန်ရစ်ခဲ့သူအား နှစ်နိုင်ငံမှ တာဝန်ရှိသူများ ပူပေါင်း အရေးယူနိုင်ရန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဖိုးလပြည့်
Popular Myanmar News Journal

မြန်မာ နယ်ခြားစောင့်တပ်နှင့် RSO တို့ တိုက်ပွဲဖြစ်ပွား

 
ဘင်္ဂလား မြန်မာနယ်စပ် တွင် လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့က RSO အဖွဲ့နှင့် မြန်မာနယ်ခြားစောင့် တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။ တိုက်ပွဲ ဖြစ်ပွားသည့်နေရာမှာ မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ် မိုင်တိုင်အမှတ် ၅၄ နှင့် ၅၅ အနီး မြန်မာဘက် အမှတ် (၁) နယ်မြေတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလီသတင်းစာ samakal.net (ချောမော့ကာလ်) သတင်းစာတွင် ဖော်ပြသည်။

တိုက်ပွဲမှာ ဗုဒ္ဓဟူးနေ့ ည ၉ နာရီမှ ကြားသားပတေးနေ့ နေ့လည်ပိုင်းအထိ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သတင်း တွင် ရေးသားသည်။ နတ်ကျောက်ဆိုးရီးမြို့နယ် အုပ်ချုပ်ရေးမှူး ရော်ချီးအာဟာမတ်နှင့် ပန်းချောင်း အုပ်စု အကြီးအကဲဖြစ်သူ (ဟေရ်မာန်) မောင်နုကလည်း မြန်မာနယ်စပ်တွင် သေနတ်ပစ်ခံသံများ ညလုံးပေါက် ကြားရကြောင်း ပြောဆို သည်ဟု သတင်းတွင် ဖော်ပြသည်။ ယင်းတိုက်ပွဲတွင် အသေအပျောက်နှင့် ဒဏ်ရာရရှိသည့်အခြေအနေကို ဖော်ပြထားမှုမရှိပေ။ တိုက်ပွဲ ဖြစ်ပွားနေစဉ် နတ်ကျောက်ဆိုးရီမြို့နယ် ပန်းချောင်းဒေသခံများမှ သေနတ်ပစ်ခတ်သံများကို ညလုံး ပေါက်ကြားနေရပြီး RSO အဖွဲ့တွင် အာဖဂန်အခြေစိုက် အကြမ်းဖက်အဖွဲ့မှ အဖွဲ့ဝင် တချို့ပါဝင်ကြောင်း သတင်းတွင် ရေးသားဖေါ်ပြသည်။ RSO ( Rohingya Solidarity Organization) အဖွဲ့မှာ နတ်ကျောက်ဆိုးရီမြို့နယ် ၀ါချာ့ခါလီချောင်းအ၀တွင် သင်တန်းစခန်းတစ်ခု ဖွင့်လှစ်ထားပြီး လူပေါင်း ၁၅၀ ခန့်ရှိကြောင်းလည်း ရေးသားဖော်ပြသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သတ်ပြီး နတ်ကျောက်ဆိုးရီးမြို့မှ ရဲအရာရှိ ကာမရူးလ်ဟာဆန်းက ဘင်္ဂလားနယ်စပ် တွင် တစုံတရာဖြစ်ပွားမှုမရှိသော်လည်း မြန်မာနယ်စပ်တွင် ပစ်ခတ်သံများကြားရကြောင်း အထက်အရာ ရှိဖြစ်သူ မိုဟာမတ် ရော်ဖိရ်ကို သတင်းပို့ခဲ့ကြောင်း သတင်းက ဆိုသည်။ နတ်ကျောက်ဆိုးရီအခြေစိုက် ဘင်္ဂလာနယ်ခြားစောင့်တပ်မှ အရာရှိ တစ်ဦးကလည်း သေနတ်ပစ်ခံများကြားရကြောင်း အတည်ပြု ပြောကြားကြောင်း သတင်းတွင် ဖော်ပြသည်။
နိရဉ္စရာ

ရန်သူမရှိ မိတ်ဆွေသာရှိခဲ့သူ စာရေးဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ရှာပြီ

 
မြန်မာနိုင်ငံ၏ အသက်အကြီးဆုံး စာရေးဆရာတစ်ဦးလည်းဖြစ် မြန်မာ့စာပေလောကတွင် ထင်ရှားသူတစ်ဦးလည်းဖြစ်၊ ၁၉၅၃ ခုနှစ် သြစတြီးယားနိုင်ငံ ဗီယင်နာ၌ ''ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ'' အစည်းအဝေး တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေး ချစ်မြတ်နိုးသူတစ်ဦးဖြစ်သူ ဆရာကြီး ဒဂုန်တာရာသည် သြဂုတ်လ ၁၉ ရက်မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် အောင်ပန်းမြို့နေအိမ်တွင် ကွယ်လွန် သွားရှာပြီဟု ဆရာကြီး၏ တူမဖြစ်သူ စာရေးဆရာမ သင်းမြစန္ဒီ ကပြောသည်။

အသက် ၉၅ နှစ်တွင် ကွယ်လွန်ခဲ့သူ ဆရာကြီးသည် ရန်သူမရှိ မိတ်ဆွေရှိ၊ မုန်းသူမရှိ ချစ်သူရှိ ဟူသည့် မူဝါဒ စကားလုံးများကို ကိုင်ဆွဲကာ တိုင်းရင်းသားများနှင့် မြန်မာအစိုးရတို့ကြား ငြိမ်းချမ်းရေး အမြန်ရလိုသည့် ဆန္ဒရှိခဲ့သူတစ်ဦးလည်းဖြစ်သည်။

ဆရာကြီးသည် ရုပ်ပုံလွှာစာအုပ်ဖြင့် မြန်မာ့သမိုင်းတွင် ထင်ရှားသူများအကြောင်းကို ရေးသားခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းကို အောင်ဆန်း သို့မဟုတ် အရိုင်း ဟူသည့် အသုံးအနှုန်းဖြင့် သုံးနှုန်းရေးဖွဲ့ခဲ့သူဖြစ်သည်။

မဇ္ဈိမနှင့် ဆရာကြီး၏ ၂၀၁၁ ခုနှစ် အင်တာဗျူးတစ်ခုတွင် ဗိုလ်ချုပ်ကို အရိုင်း ဟူသည့် အသုံးအနှုန်း သုံူးနှုန်းခဲ့ခြင်းနှင့်ပတ်သက်၍ "ကိုအောင်ဆန်းရဲ့ ရိုးသားမှုကို ကျနော်က ရေးခဲ့တာ အရိုင်းဆိုတာ၊ စကားလုံးက ရှာမရတော့ အရိုင်းတပ်လိုက်တာ" ဟု ပြောဆိုခဲ့သည်။

ဆရာကြီးသည် သူမကွယ်လွန်ခင် မြန်မာ့ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ သူ၏ ဆန္ဒကိုလည်း မဇ္ဈိမနှင့် အင်တာဗျူးတွင် "ငြိမ်းချမ်းရေးအောင်ပါစေလို့ ဆုတောင်းချင်တယ်။ ငြိမ်းချမ်းရေးအကြောင်းကို တတ်နိုင်သမျှ အသံလွှင့်ပေးကြပါ။ လူတွေလည်း သတိရရင် ငြိမ်းချမ်းရေးအကြောင်း တွေးကြ။ အသက်ကြီးတဲ့အထိ လုပ်ကြရမှာပဲ။ နောက်တခုက အစိုးရကလည်း ဗိုလ်သိန်းစိန်ပြောသလို ကောင်းမွန်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရဖြစ်ရင် ငြိမ်းချမ်းရေးက ရကို ရရမယ်။ လူငယ်တွေကိုလည်း အားကိုးတယ်ဗျာ" ဟု ဆန္ဒပြုခဲ့သူဖြစ်သည်။

မဇ္ဈိမသတင်းဌာန

အကြွေးကဒ်စနစ်အောင်မြင်ဖို့ ငါးနှစ်အထိ အချိန်ယူရမည်

 
ငွေစက္ကူ အဓိက သုံးစွဲနေတဲ့ မြန်မာနိုင်ငံမှာ အကြွေးကဒ် စနစ် အပြည့်အ၀ ထူထောင်နိုင်ဖို့ သုံးနှစ်ကနေ ငါးနှစ် အထိ အချိန်ယူရလိမ့်မယ်လို့ Visa International အကြွေးကဒ် ကုမ္ပဏီ ကပြောပါတယ်။
Visa ဟာ မြန်မာနိုင်ငံကို မနှစ်က စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး၊အကြွေးကဒ်စနစ်ဆိုင်ရာ အခြေခံ အုတ်မြစ်ချတဲ့ လုပ်ငန်းနဲ့၊ မြန်မာ ငွေကြေးလုပ်ငန်းတွေကို လေ့ကျင့်ပေးတဲ့အလုပ်တွေ အတွက် တစ်နှစ် လောက် အချိန်ယူခဲ့ရတယ်လို့ ဆိုပါတယ်။
အခုအခါ Visa ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ဘဏ် (၈) ခု နဲ့ ချိတ်ဆက်ဆောင်ရွက်နေပြီး၊ အဲဒီထဲက ဘဏ် (၄ ) ခု မှာ Visa အကြွေးကဒ်၊ ဘဏ်ကဒ်တွေကိုသုံးပြီး ATM ငွေထုတ်စက် တွေကနေ ငွေထုတ်ယူနိုင်ပြီလို့ သိရပါတယ်။
ကျန်တဲ့ ဘဏ် (၄) ခုမှာလည်း ဒီနှစ်အတွင်း ငွေထုတ်နိုင်အောင် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ Visa ကဒ် လိုင်စင်ရထားပြီး ဘဏ် (၄) ခုမှာ လောလောဆယ် ငွေထုတ်စက် (၁၀၀) ၀န်းကျင် တပ်ဆင်ပေးထားပြီး ၊ လာမယ့်သုံးနှစ်ကနေ ငါးနှစ်အတွင်း နယ်တွေမှာပါ အကြွေးကဒ်တွေ အသုံးပြုနိုင်တော့မယ်အပြင်၊အင်တာနက်ကတဆင့်လည်း ဈေးဝယ်နိုင်တော့မယ်လို့ ပြောပါတယ်။
အဲဒီအချိန်မှာ နော်ဝေး Telenor နဲ့ ကာတာ Ooredoo တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီတွေ ရဲ့ ၀န်ဆောင်မှုတွေနဲ့ အီလက်ထရောနစ် ငွေပေးငွေယူ ကွန်ရက် စနစ် ကြီးထွားကျယ်ပြန့်လာမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။